Wednesday, January 9, 2008

ရွေပြည်မှာ.နေခြည်သာစေဖို့ 


ရွှေ ပြည်ကြီးကို။ မတရားဒါးမိုး
ရွှေတွေခိုးနေတဲ့ ရွှေအမျိုး.
ယင်ချော်လဲ ဆံပင်မဲမဲ
နုပျိုအောင် ဆေးဆိုးမြဲ
ရွှေဘိုးတော်ကြီးရဲ့၊ မျောက်မူးလဲ ။ရွှေဥကလေးနဲရွှေရွှေ မြေးတော်ရွှေတွေ စားပြီး၊ရွှေချေးတော် ပါဖို့ 
အဖါးကောင်းရှာတဲ့၊ ပါမောက္ခချုပ်
စပါယ်ရှယ် အိမ်သာဆောက်လုပ်။

ရွှေကမုတ်နဲ့ ၊ အီးအီး ယိုရွှေတစ်သျူးနဲ့ ၊ အီးအီးကုန်း။

ပညာတတ်၊ စစ်တက္ကသိုလ်ဆင်း ဗိုလ်က
အရေးမပါ တဲ့ မျိုးမစစ်။
သွားလေရာ၊ လာလေရာရာ၊
သက်တော်စောင့်ရမတဲ့
သူအီးအီးပါ၊ အပြင်ကစောင့်ရမတဲ့
တရားရှိလိုက်တဲ့ ဒီနိုင်ငံ
အမလေး.. ဘာအမျိုးကများမွေးထား
တော်ဝင်ဘရူနိုင်း၊ စော်ဘွား တောင် ငိုသွားရမယ်။
ဗမာပြည်က၊ ကျွဲကျောင်းသားမြေးက
တယ်ပြီး ဆင်ဖင်ခေါင်းကျယ်။

ဘာတွေလဲ၊ အရပ်ကတို့ 
ဗမာပြေကို ဒီတိုင်းလက်ပိုက်ကြည့်နေမလား။
ပညာတတ်များ၊ အမျိုးမြတ်များ
အမျိုးယုတ် အောက်ခစား
မင်းမြေးမများ.မင်းသွေးဆက်များ၊
လူယုတ်တွေ ခြေတော်တင်စော်ကားမှာ။
ပါချုပ် အဆင့် တတ်တဲ့ Ph.D ပညာ..
ရွှေမြေးရဲ့ အီးအီးကုန်းစရာ၊
စက္ကူလည်ရှာရမတဲ့လား.

အဆင့်မြင့် စစ်ပညာသင်ထား.
နိုင်ငံခြားပြန် စစ်ဗိုလ်များ
နယ်ချဲ့များရန်က ကာကွယ်ရန်။
အမျိုးယုတ်မြေး. ဆောင်ကြာမြိုင်ဝင်ရေး။
ကြာခြည်ယံအ၀၊ မ၀မချင်း
အိပ်ဖန်စောင့်ပေးရန်မဟုတ်။

သမားတော်များ..ရောဂါရှိသူကို ကုစား
ဆင်းရဲချမ်းသာမဆို၊
မျက်နှာကြီးငယ်မဆို၊ ကုသပေးရန်၊
ဘုရင်ယုတ်နောက်။
ဆေးအိပ်ဆွဲလိုက်သူ၊ မူမမှန်။
သမားရာထူးနဲ့ ၊ သူမတန်၊

ဝတ်လုံ၊ ရှေ့ နေ တရားသူကြီး။
မှန်ကန်ရာ၊ တရားစီရင်နည်း။
ဥပဒေပုဒ်မ ပုဒ်ထီး။
မသုံးတာကြာ..မေ့ကုန်ပါရော့။

ကျောင်းဆရာ၊ ဆရာမများ၊
ကျောင်းသင်ခန်းအစား
ထောက်ခံပွဲမှာ ပုဝါစုံချ.
ဆင်တူ ပုဆိုး၊ တိုက်ပုံကျကျနန
မကြိုက်ခေါင်းငြိတ်၊ ကြိုက်ခေါင်းငြိတ်။
ပုတ်သင်ညို ၊ ရာထူးလိုချင် ခေါင်းလေးငြိမ့်။
သင်ထားတဲ့စာ၊ မသုံးလိုက်ရဘဲ
သေရင်ခေါင်းထဲသာ၊ လိုက်ပါရုံ
ဆရာသမားဂုဏ်၊
ကြံ့ဖွတ်ရဲ့ စာမျက်နှာပေါ်က မင်းဓါတ်ပုံ။

သစ်တောအရာရှိ၊ နှားစေးနေကြ၏။
သစ်ပင်ခုတ်လေ၊ တောပြုန်းစေ
တောအုပ်မရှိ။ ဥတုမရှိ၊
မိုးမနေ။ ရေမနေ။
လွင်တီးခေါင်ကန္တာလမ်း။ စမ်းကလည်းခြောက်။
ပူပြင်းတောက်။
ဖုန်းဆိုးလုံးလုံး။ တောင်ကတုံးတွေ။
တောလုံးပျောက်ဆုံး၊ .တောနေ သတ္တ၀ါတွေ မျိုးပြုန်း
သဘာ၀၀န်းကျင်။ ထိမ်းသိမ်းနိုင်ဖို့ မမြင်။

ရှေးဟောင်းအမွေ။ စေတီပေါတဲ့ အမိမြေ.
အနုပညာတွေ ထိမ်းသိမ်းမဲ့၊
ခိုးထုတ်ဖို့ ဘဲကြည့်နေကြ
သမိုင်းအမွေ. စာပေအနှစ်။
စာကြည့်တိုက်တွေ။ လေလံပစ်။
ခလေးကစားကွင်းတွေ၊ ဟော်တယ်ဖြစ်။
အစိုးရရုံးခန်းတွေက အနှိပ်ခန်းဖြစ်။
ဘယ်သူမှ မတားမြစ်နိုင်ကြတော့ဘုးလား.

တပြည်လုံးကမိန်းမ။
ပြည်တန်ဆာမတွေ ဖြစ်ကုန်တော့မယ်။
အဲဒီအလုပ်မလုပ်နိုင်ရင် နိုင်ငံခြားထွက်။
စင်္ကာပူမှာ ဗမာ၊ အိမ်ဖေါ်ဈေးကွက်သွက်။
တက္ကသိုလ် ပညာ၊ အိမ်ဖေါ်လုပ်ရန်မဟုတ်ပါ။
တပြည်လုံးခြစား။
အာဏာနဲ့ ပြ ၊ ခိုးခံရတဲ့ ပညာများ
ဖေါက်စားခံရတဲ့၊ ဦးဏှောက်များ
စစ်အစိုးရရဲ့ ၊ စံနစ်တကျသွေးခွဲ ပညာများ
တက်လူများရယ်။ နားလည်ကြပါ။
မပြောင်းနိုင်ရင် ၊ မတော်လှန်နိုင်ရင်.
နောင်အနှစ် (၂၀)မှာ၊ ဗမာတပြည်လုံး ဖာ။
တနိုင်ငံလုံး မှာ AIDS ရောဂါ။
မျိုးဆက်ကို..မသေသင့်ပါ.။
အားလုံး ၀ိုင်းဝန်းဆောင်ရွက်ကြပါ။

အင်ဂျင်နီယာများ. မင်းကြိုက်ခစား..
မြစ်ကူးတံတား၊ ရေလည်တိုင်ကျွံကျ။
အမှန်တွေ မပြောရဲကြတာ..တပြည်လုံးနစ်နာ။
ဆုံးရှုံးရ ပြည့်သူဘဏ္ဍာ။
ဒါတွေသာ..စံနစ်တကျစီစစ်
ဒို့ နိုင်ငံ စင်္ကာပူလိုဖြစ်နေပြီ၊

ဒီလိုနဲ့  မိုးကြီးချုပ်တော့မလား.
ဇာတိမာန် ကလေး..ရေးရေးလေးဘဲရှိရှိ။
ဝံသာနု စိတ်ကလေး..သေးသေးလေးဘဲရှိရှိ။
အားလုံး ပါဝင်ပြသ၊
ဒို့ ဗမာပြည်..ပြန်လည်အဖတ်ရအောင်
လာပါ..အားလုံး နိုင်သလောက် ဒို့ စွမ်းဆောင်
အရေးတော်ပုံ.အောင်ကြရအောင်။

မသဒ္ဓွ့ါ (၁။၈။၂၀၀၈)

3 comments:

ညီအကိုများ said...

very nice poem..my sis....
a mhan t yar dway bar byarr....

ko nay(YNP)

Goldie Shwe said...

Thank you, Sis,

For this mirror image of our country. Is it really true that our DSA officials are waiting right ouside the little toilet of the grandson of the number one ? Instead of fighting and defending the country from the rapists and robbers ?

Naychiu

Thadar (မသဒ္ဓါ ) said...

သက်တော်စောင့်ရာထူးဆိုတာ..တော်တန်လူမရပါဘူး.အထူးသဖြင့် ဒီလောက်လူမုန်းများတဲ့အမျိုး လူတောထဲ သွားနေတဲ့ ကိစ္စ ပါမောက္ခချုပ် ကိုယ်တိုင် နောက်က လိုက်နေရပါတယ်ဆိုမှ သာမန်စစ်သား တယောက် ၂ယောက် ကို သက်တော်စောင့်လုပ်ခိုင်းပါ့မလား၊ အနည်း ဆုံး ဗိုလ် အဆင့် ဗိုလ်ကြီးအဆင့်လောက် မှမရှိ ရင် သူုအမျိုး စိတ်ချ လွှတ်ရပါမလား.၊.သမီးက အချစ်..မြေး အနစ် ပါ။ ဒီလူတွေ က တကယ်ဦးဏှောက် မရှိ တာပါ. နွားနဲ့ မီးထွန်းတာ ဘဲ ကြည့် ။ ကျမလည်း. အစ က မယုံဘူး ဒီလောက်တုန်းတဲ့လူရှိပါ့မလားလို့၊ တကယ် ဘဲ ပြောမယုံ ကြူံမှသိတယ်။ ဒိအတိုင်းငူံခံရင်..နောင် နှစ်၂၀.. လူတွေ အားလုံး မိုးခါးရေ သောက်ပြီး ကောင်းတာ တွေပါ အားလူံးပျက်ကူန်မှာ။ စာရိတ္တ မဏ္ဍိုင် ပျက်ရင်.. နောက် မျိုးဆက်..၃ ..၄ ဆက်ပြန်ပြင်ဖို့ မလွယ်တော့ပါ။ အဲဒီ စာရိတ္တ မဏ္ဍိုင် ပျက်အောင် ပညာရေး မဏ္ဍိုင် ကို အရင်ချိုးချခဲ့တယ်။ လူတွေပညာမတတ်အောင် ဆင်းရဲပြီး အချိန်မလပ်. ဒူက္ခ သုက္ခ ရောက် ကြအောင် လုပ်လေ ငတ်ပြီး ပညာမတတ်လေ။..ပညာမတတ်လေ..သူတို့ လုပ်ချင်ရာ လုပိ၇ လွယ်လေ။ နောက်ဆုံး မုံ့ လုံးနဲ့ စက္ကူကပ်တာပါဘဲ။ တိုင်းပြည်ကို မယုံကြည်နိုင်စရာ ပျက်အောင် ဖျက်ခဲ့ပါတယ်

 
/* EOT ----------------------------------------- */