Saturday, January 19, 2008

ဆက်သွယ်ရေးဒေသ၊ ပြင်ပ ရောက်သည့်တိုင်


ဘယ်နိုင်ငံကဘဲ၊
မြန်မာပြည် ဖုန်းဆက်ဆက်
လူကြီးမင်း၏ မိတ်ဆွေ.အမြဲတစေ
ဆက်သွယ်ရေးဒေသ အပြင်ထွက်.
မီဒီယာ အပြင် မထွက်အောင်
တိုင်းပြည်ကို ခြင်ထောင်ချ လျှက်
ရွှေမြန်မာသည်.ကမ္ဘာပေါ်
လွတ်လပ်မှု အကင်းဆုံး ဆုတံဆိပ်ရလျှက်။
ဒါ နအဖရဲ့ လုပ်ချက်။
နိုင်ငံဟာ တံတွေးခွက်ထဲ ပက်လက်။

လူကြီးမင်း တို့ ရယ်၊
မရှက်ကြတော့ဘူးလား။
ဒီလူတွေနဲ့  ရှေ့ လမ်း ဘယ်လိုဆက်သွား
ခလေးတွေရယ်။။ လူကြီးတွေက သနားတယ်။
ဒီ လူယုတ်တွေ ဘေးဖယ်မှ ဖြစ်တော့မယ်။

ငြိမ်းချမ်းရေးသယ်လာမဲ့ ၊ ကုလ ကိုယ်စားလှယ်..
သူ့ ပြည်တော်ဝင်ဖို့ အရေး
အမျိုးမျိုး မဟုတ်တယုတ် ဆင်ခြေပေး။
သတင်းစာထဲ၊ လူ တွဲ လမ်းလျှောက်ပြ
အများတွေများ သနားကြမလားလို့ 
ပြည်သူတွေ မေတ္တာစူး
ရဟန်းတွေ ပရိတ်တော်စူး
မသနားနိုင်ဘူး ကိုယ်လူ
မင်းကတော့  သေလူ။

ဂန်ဘာရီ နဲ့ မတွေ့ ရဲ
ဒေါ်စုကြည်နဲ့ မတွေ့ ရဲ
သတ္တိစွမ်းရည်။ ဗျတ္တိလုံ့ လ နည်းပါးသူ
ဒါနဲ့ များ မတန်မရာ
နံပါတ် ၀မ်းနေရာ လိုချင်သူ။
မတန်ရင်..သူများဆီလွှဲ
မလွှဲချင်ရင်
လုပ်ပေးတော့၊ တွေ့ ဆုံဆွေးနွေးပွဲ
အသေခံချရင်လည်း..ပြည်သူ့ က သွေးရဲ
ပစ်မိန့် မပေးဘဲနေကြည့်
တပြည်လုံး လမ်းပေါ်ထွက်လာမှာစောင့်ကြည့်
နအဖ ကို ပြည်သူဒီလောက်မေတ္တာရှိတာ.

ခုတော့လူယုတ်အကြံ
စလောင်း ပိတ်ရန်.
အင်တာနက် ပိတ်ရန်
တယ်လီဖုန်း အသံတိတ်ရန်.
မဂ္ဂဇင်းတိုက် ချိပ်ပိတ်ရန်။
လျှပ်စစ် မီးမှိတ်ရန်။
ရေဒီယိုလှိုင်း များလိုက်ဖျက်ရန်။
ပြူးတူးပြဲတဲ ကြောက်ကန်ကန်။
တွေ့ သမျှလူ၊ သူတို့ ရဲ့ရန်သူ။

မျိုးချစ်စိတ် ဇာတိမာန်တွေ ဆိုတာ.
ရေလိုဘဲ ဘယ် ဖြတ်မရ.
ဆီလိုဘဲ အပေါက်ရှာ ထွက်ကြ။
ဘယ်လောက် ပိတ်ပိတ်။
ဘယ်လောက် နှိပ်နှိပ်။
မီဒီယာရဲ့ လှိုင်းတန်ပိုး..
၂၀၀၈ မှာ..နအဖကိုလွှမ်းမိုးမယ်။
ပြည်သူ့ တိုက်ပွဲ ဆိုတာ
နောက်ဆုံးမှာအမြဲနိုင်တယ်။
အာဏာရှင်ရဲ့ နိဂုံး.
အမြဲ မိုက်ဇာတ်နဲ့ သာဆုံးတယ်။

မသဒ္ဓါ ( ၁။၁၈။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */