Saturday, June 30, 2007

ကျောက်ဆောင်ထဲပေါက်တဲ့.. ပန်းလေးတပင်..

မနာလိုသူပြောကြစမ်းပစေ..ဂရုစိုက်စရာလား..
မြက်ခင်းပြင်ထဲ..မြက်ပင်ပေါက်တာ..ဘာအရေးလဲ
အဟာရ..ရေရ ရင်.အပင်လှတာပေါ့
ကိုယ့်ဘက်ကိုယ်ယက်ကာလေ..မျက်နှာလိုက်ခဲ့
ပတ်ဝန်းကျင်..ရေတောင်မြှောက်တာ..တရားမှမတရားဘဲ..

ကဲ့ရဲ့အတင်းဆိုမေးငေါ့နေ..သူတို့ မှမစွမ်းဘဲ
မာကျောတဲ့.ကျောက်သားပြင်ထဲ..အမြစ်ပေါက်ခဲ့ပြီ..
အဟာရနဲ့  ရေမရလည်း အားအင်မလျှော့ခဲ့
ဇွဲ ခိုင်မာ.အင်အားစုကာ.ရုန်းကန်ရင်းနဲ့ 
စိမ်းလန်းသစ်..အောင်လံထူအောင်..သူကြိုးစားမြဲ

ကျောက်သားစိုင်..ဘယ်လောက်ခိုင်လည်း တနေ့ တော့ကွဲ..
နူးညံ့တဲ့..သစ်ပင်အမြစ်ကို..ဘယ်သူခံနိုင်မလဲ..
ငြိမ်းချမ်းမှု ကို…လက်နက်အားက..မယှဉ်နိုင်ရဲ
အဖြူရောင်..အနီရောင်ဆို တာ..အမြဲကွဲပြားဆဲ...

အဓိက လက်နက်များက..လူအားမဟုတ်ဘူး
စိတ်ဓါတ်နဲ့ ဇွဲလုံလ ဟာ..အဓိကသော့ချက်..
တကယ်ဆို..တပြည်လုံးက..ချစ်ခင်ကြမြဲ..
သူဟာလေ..ကျောက်ဆောင်ဖျက်မဲ့..ပန်းပင်လေးတပင်..

မသဒ္ဓါ (၆။၃၀ ။၂၀၀၇)
လေးစားရပါသောဒေါ်အောင်ဆန်းစုကြည်အတွက်..

အပြည့်အစုံသို့ 

အမေ့ရဲ့ သားမိုက်..တိုင်းပြည်အတွက်တော့.မျိုးချစ် အာဇာနည်..

ကျွန်တော်..ပျော်ဖူးတယ်..ဘ၀ရဲ့ခရီးသည်…
ကျွန်တော်..ငိုဖူးတယ်..အမေ့အိမ်..အဝေးမယ်…
ကျွန်တော်..ဆိုဖူးတယ်..ရင်တွင်းသီချင်းသည်…
ကျွန်တော်..နွှဲဖူးတယ်..အမှန်တရားစစ်သည်…
ကျွန်တော်..မြတ်နိုးတယ်..ငြိမ်းချမ်းရေးကို..

(အဖြူရောင်..ချိုးဌက်တွေ..ကောင်းကင်ထက်မှာ..
ပျော်ရွှင်..ကြည်နူးတာ.၀မ်းမြောက် တတ်သူ..
အမိမြေ…ဝေးကွာ.လည်း..အမြဲသတိရနေ..
အမေ..မတွေ့ ရတာ..နှစ် ၂၀ နီးပြီ..
ကြာရှည်..ခွဲခဲ့တာ…စိတ်မရှိနဲ့နော်...
အမေ ရဲ့အဝေးမှာ..မနေချင်လည်းနေ..
တနေ့နေ့ အောင်မြင်ချိန် ပြန်လာခဲ့မယ်.)

ကျွန်တော်..ဇွဲမာန်နဲ့ ကျောင်းသားရဲဘော်..
ကျွန်တော်. ရဲရင့်သော..မျိုးချစ်လူငယ်..
ကျွန်တော် .လမ်းပြတဲ့ အနာဂတ်အလင်းရောင်
ကျွန်တော်..အမိမြေအတွက်အသက်စွန့် ဇာနည်…
ကျွန်တော် သေထိတိုင်ဦးမညွတ်မဲ့ သူ....

( စာအံသံ....ကလေးလေးတွေ ကျောင်းခန်းထဲမှာ..
ပျော်ရွှင်..ကြည်နူးတာ.ချမ်းမြေ့ တတ်သူ..
ရွှေပြည်တော်..မျှော်တိုင်းလေ..နီးရက်ဝေးနေ....
အမေ..အမေ့အတွက်တော့ ဒီသားမိုက်မောင်..
အာဇာနည်..တိုင်းပြည်အတွက်..ခွပ်ဒေါင်းကလေးတကောင်...
ဘုရားရှစ်ခိုးတဲ့အခါ ကြုံရင် အမျှ ဝေ..
ခွင့်လွှတ်ပါ..ဒီ..သားလေးမောင်..)

မသဒ္ဓါ (၆။၃၀ ။၂၀၀၇)
၈၈၈၈ ကျောင်းသားများ သို့ ဂုဏ် ပြု ပါသည်။ ဘယ်တော့မှ ပြန်မတွေ့ နိုင် တော့ သော မမ ၏ သူငယ်ချင်း များ။ မမ ၏ ကျောင်း ခေါ်ချိန် စာအုပ် ထဲမှ ထာဝရ ပျောက်ဆုံး သွားခဲ့ သော.ခလေးငယ် အ မည် ကလေးများ။ အ ပြစ် မဲ့ မျက်နှာ ကလေး များ၊၊ ဖြူစင် သောအပြုံးရှင် ကလေးများ နှင့် မမတို့အောက်နှစ် တန်းမှ..ခလေးငယ် လေး များ။ မမတခါမျှ မသိဘူး။ မမြင် ဘူး။ မသိဘူး ခဲ့ သောခလေး ငယ်များ ။တော်လှန် ရေး တွင် ကျဆုံး ကြ သူ များ အားလုံးအား ဗမာ ပြည် သူများ နှင့် အမိအဖ များ၏ ကိုယ်စား မသဒ္ဓါ မှ အမျှ ဝေ ပါ သည်၊

အမျှ .. အမျှ.. အမျှ..ပါ ..သားတို့..သမီးတို့ ရေ..အားလုံး ကောင်းရာ သူဂတိ လား ကြ ပါစေ။

အပြည့်အစုံသို့ 

Friday, June 29, 2007

ဒို့ များရဲ့..ချောတိုင်တက်ပွဲ

နေခြည်ပြာနုနုအောက်..
မြေပြင်မှာမတ်မတ်ပေါက်နေတဲ့ ၀ါးဘိုးဝါး
အပေါ်ဆုံးထိပ်ဖျားကအောင်လံ
မြှူသလို..ကလူသလိုလို..
ဝေယံထဲမှာ..၀ဲပျံ ကျီစား
ချောတိုင်တက်ကြမလား..မောင်ရို့ တဲ့.ခေါ်နေ။

အမဲဆီတရွှဲ ရွှဲ..နေရောင်ထဲမှာ
အရည် ပျော်..ပြောင်တလက်လက်..
တက်ရတော့..အတော် ခက်မဲ့ပုံ
အဖု အဆစ်..ပြောင်ကာချော..
ဖယောင်းသားပကတိနဲ့..မြစိမ်းသားဝါး
အင်း..တွယ်တက်ဖို့ .လွယ်မယ်များထင်သလား

ဗမာသား ရဲ့အား..မလွယ်တာများ ကိုပိုမက်မောဆုံး
စည်းလုံးခြင်းသည်သာ..ဒို့ ခွန်အား..
ယှဉ်ပြိုင်ခြင်းသည်သာ..အဓိကထား..
လာလေ..ဒို့ ကြိုးစား..
ချောတိုင်တက်ရဲကြ..သလားဟေ့..

သန်စွမ်းတဲ့..ဒူးများနဲ့ ..ကြံ့ခိုင်သူ..
အောက်ဆုံးမှာနေရာယူ..
ခန္ဓာပေါ့ ပါးသူ..အသေးဆုံးလေးက.
အထက်ဖျားကိုတွယ်တက်လှဲ့ ..
လူမှန်နေရာ..မှန်နဲ့ ..တာဝန်ခွဲ..
ဒို့ လုပ်ရဲဖို့ဘဲလိုတယ်.
ကိုယ်အသိစိတ်ဓါတ်နဲ့ကိုယ်ရပ်.
အောင်လံဟာ..ဒီ ပြိုင်ပွဲရလာဒ်..
အားလုံးဟာ..မခိုကပ်.ဖို့ ဘဲလိုတယ်.

နေရောင်ကြဲကြဲ…ကြိုးစားတဲ့ဇွဲ..
တဆင့်စီညီညီတက်..အပေါ်ဖက်ရောက်အောင်..
ဒို့ တတွေ..ချောတိုင်တက်ကြတဲ့မောင်။

အောက်ဆုံးလုရေ..တောင့်ကာထား.
အပေါ်မှာ.အောင်လံနားနီးနေပြီ..
ချောတိုင်ကိုမခါရမ်းစေနဲ့ ..
တိုင်လှုပ်နေ..အမဲဆီတွေပိုကာကျ..
အောက်ချေတိုင်ချောကျိနေရ..
ရှောကနဲပြုတ်ကျစေမယ်..
အပေါ်ဆုံးကညီလေးရေ..ကြိုးစားထား..ကြိုးစားထား
အမလေး..လက်တဖျား..အောင်လံထိလုနီးခါမှ.
ဟန်ချက်လွတ်ပြုတ်ခါကျ..
တပြုံလုံးမြေပေါ်လဲကျ..
ပထမတခါ..ဒို့ ဟန်သိပ်မကျ။

အားမလျှော့ကြနဲ့ မောင်ရို့ ..တခါ နဲ့ အမြဲမနိုင်..
ဇွဲသာ.ခိုင်ခိုင်ထား..အထာကိုရှာဖွေကြည့်..
အတွေ့ အကြုံရဲ့အသိ..
အရှုံးနောက်မှာအမြဲ အနိုင်ရှိတယ်..
နောက်တခါ..ဒို့ နိုင်..နိုင်ပါတယ်.
လာ..တက်ကြစို့ ..နောက်တချီ..

မလျှော့တဲ့ဒို့ ဗမာ့ဇွဲ..အားခဲထပ်ပြိုင်တဲ့လူသား..
မြင့်မြတ်တဲ့.သည်းခံအား..
နောက်ဆုံးမှာ..အောင်လံချူသွားခဲ့
စည်းရုံးမှု ရဲ့ စွမ်းအင်..လောက ကို အလှဆင်ရဲ့

မောပန်းတဲ့..သက်ပြင်းကြား..
အားလုံးအပြိုင်အဆိုင်ရီမောပြီ..
ကျေးဇူးတင်ပါသည်..ညီငယ်များ..
ဒို့ အားလုံးရဲ့..မျှစားရမဲ့..ဆုလာဒ်
ကြိုးစားရခြင်းရဲ့..ရလာဒ်.တွေ..
ဒို့ အားလုံးချောတိုင်တက်ကြတဲ့..ဗမာတွေ..ညီကြပါစေ..
ဟေ..လာ..မောင်တို ရဲ့…၀ါး

မသဒ္ဓါ (၆။၂၉။၂၀၀၇)

အပြည့်အစုံသို့ 

Monday, June 25, 2007

သွေးစွန်းနေတဲ့..ခွပ်ဒေါင်းအလံ

၁၉၆၂။ဇူလိုင်လရဲ့ (ရ) ရက်..မနက်ခင်း
သစ်ပုတ်ပင်..အရင်းနားမှာ..
ရှက်နေရှာမျက်နှာပေး..သူကလေးကအဖြေပေးခဲ့တယ်..
ကိုယ့်ကိုသူချစ်တယ်။

ဖိုးကျိုင်းဒုတ်ကလေးက..ကျနော်..
ပျော်လိုက်ရတဲ့….ဖြစ်ချင်း။
တက္ကသီလာက..ရက်များ..
ပညာစုံရင်..ကြင်ယာကလည်းအသင့်..
အမေ့အတွက် ချွေးမလေး..အလိမ္မာ
သားကလေးရှာခဲ့ ပြီ..အမေ၀မ်းသာ

အပျော်များနဲ့ နှစ်ဦးသား..အတူတူ..ဟိုဒီလမ်းသလား
စုံတွဲအသစ်ဘ၀..ကျနော်ကြွားပြချင်ပေမဲ့.
သူမ ကလေ..သမဂ္ဂ.သပိတ်မှောက် ကျောင်းသူ..
ဒီညနေမှာ..သပိတ်မှောက်..ဂျူတီယူ..
ဒေါင်း အလံကိုင် ရမဲ့သူ..

အိုကေ..အိုကေ..
ကျနော်လေ..အချစ်နဲ့ တွဲ..ငရဲတောင်သွားရဲမှ..
ဒီမိုကရေစီရမဲ့..သပိတ်ပွဲ..ဘာမလိုက်ရဲ စရာရှိတုန်း..
ဒီိ..ရ ရက်မနက်ဘဲ..ကျနော်သမဂ္ဂ ထဲ ၀င်ခဲ့တယ်..

ချစ်သူလေးကခွပ်ဒေါင်း..အလံကိုကိုင်..
ကျနော်ကသူု့ ဘေးအနား..
ချစ်သူများရဲ့..ပထမဦးဆုံးနေ့ 
တသက် ကိုယ်မမေ့..

လက်ပါးစေ စစ်သား..သင် မသနား
လူအုပ် ကြားထည်း..မျက်ရည်ယိုဗုံးနဲ့ တား
မိုးချုန်းမတတ်..တလစပ်..စက်သေနတ်နဲ့မွှေ
ယမ်းငွေ့ မှုန်တွေကြား..မှောင်မဲမဲ..မလင်းတလင်း
ယဲ့ ယဲ့ကလေးလွင့်နေတဲ့ ဒေါင်းလေးရဲ့အလံ..
အချစ်ကလေးရဲ့အားမာန်..

ကျည်ဆန်ရာ ဇာပေါက် များ.
ခွပ်ဒေါင်းအလံပေါ်နားမှာ..
အလံတိုင်ကိုမြဲမြံဆုတ်..သူ့ဇွဲ.မဖြုတ်ပေမဲ့..
ဒေါင်းအလံလေးမှာ စွန်းတင် ခဲ့ပြီ သူ့ သွေးစက်
စီးကျနေတဲ့..သူ့ ရဲ့ သွေးကွက်..
ကျနော့အသည်း ပျက်တဲ့ည။

ယမ်းငွေ့ မှုန်တိ မှုန် မွှား..စစ်သား တွေရဲ့ ကြား..
အရုပ်ကြိုးပြတ်သူမ အား..ကျနော် ပွေ့ ချီကာ ပြေးခဲ့
အေးချမ်းတဲ့..သမဂ္ဂ အဆောက်အဦမှာ.ခိုလှုံယူ
ဒို့ တတွေ..သေလည်းအတူ..ရှင်လည်းအတူ.

ဖျော့တော့တော့.သူ့ .မျက်နှာကလေး..
တဖြေးဖြေး ဆုတ်လာတဲ့သွေးတွေ..
ကျနော်လေ..အံကြိတ်ကာတင်း...ခံပြင်းပေမဲ့.
ကယ်သူမဲ့..ကုသမဲ့ အဖြစ်..သူ့ ကိုရေတိမ်မှာမနစ်စေလို...
အေးစက်စပြု လက် ကလေးများ ကိုဆုတ်ကိုင်.
” နေကောင်းသွားမှာပါအချစ်ကလေး”
မရဲတရဲလေးသာ..အားပေးနေရ..
ဒီတောင်က..မကျော်နိုင်တာသိနေခဲ့
ကျနော့ရဲ့ရင်ထဲက....မျော်လင့်ချက်..တိမ်တိုက်များပြို

၈ ရက်နေ့ရဲ့မနက်ခင်း..၂ နာရီ
နောက်ဆုံးအချိန်နားရောက်လာတဲ့.သူ့ အသက်ကလေး
ဖြေးလာတဲ့အသက်ရှုသံ..နှေးနှေးလေး
ဆံစလေးကိုပွတ်သက်ရင်း.သူမကြား အောင်ကျနော် ကြိတ်ခါ ငို
သူတောင်းတဲ့..နောက်ဆုံးဆန္ဒက..ခွပ်ဒေါင်းအလံ
ရင်မှာပိုက်..သေချင်လိုက်ပါဘိလို့ပြောတဲ့ ခဏ.
သွေးတောင်မခြောက်သေးတဲ့ဒေါင်းအလံကိုသူဆုတ်..
” အရေးတော်ပုံအောင်ရမည် ” လို့ သူအားထုတ်ရွတ်..
ဇီဝိန်ချုပ်ခဲ့ပြီ။.. ကျနော်ရင်ခွင်ပေါ်..
တက္ကသိုလ်မြေ ရဲ့ အပေါ် ကြွေပြီ..ပန်းလေးကံ့ကော်..

ထိုစဉ်ခဏ..အသံဆိုးကြီး `“အုံး `“ ဆို မြည်ကာ ပွင့်.
လွင့် လာတဲ့..အုတ်ကျိုးအကြေစ..ကျနော့ ခန္ဓာလည်း..ကြေမွ
နေ၀င်းအစိုးရက.သမဂ္ဂကို ဗုံးခွဲခဲ့တဲ့ အာရုဏ် မိုးသောက်စ
အရှင်လတ်လတ်သေကြေကြတဲ့..ကျောင်းသား..ရာကျော်ရှိတဲ့ သမဂ္ဂ
မီးလောင်ပြာကျခဲ့ လည်း…
သေအောင်မသတ်နိုင်တဲ့…ကျောင်းသားရဲ့ ဇာတိမာန်များ..
ကျနော်တို့ များ ရာဇ၀င်ထည်းမှာ..ချန်ထားခဲ့
ခေတ်အဆက်ဆက်.တယောက်တလက်..
ကျောင်းသားရဲ့လက်နဲ့..အရေးတော်ပုံ..အောင်ပါစေ။

မသဒ္ဓါ (၆။၂၄။၂၀၀၇)
(ဤ ကဗျာဖြင့်..မြန်မာအမျိုးသမီး ခေတ်အဆက်ဆက်..သပိတ်မှောက်ကျောင်းသူများကို..ဂုဏ်ပြုပါသည်.ယခုလက်ရှိ..မခင်မင်းဇော်အား..ရည်ရွယ်ခံစားထားပါသည်။ အရေးတော်ပုံအောင်ပါစေ ညီမလေးရေ)

အပြည့်အစုံသို့ 

Friday, June 22, 2007

အိုးမည်းအသုတ်ခံထားရသော..ကြက်ကလေးများသို့ 

ငါ့ညီပြောင်ဝင်း..မောင်သစ်ဆင်းငယ်.
သတိတမာန်..ဥာဏ်ကိုမြေကတုတ်..
မင်းကိုင်ဆုတ်လော့.
အမှန်တရား၏..လှပခြင်း..
အလင်းရောင်ထင်းထင်းထဲမှာ..မင်းလာရှာဖွေပါ.

မင်းဟာလေ..ဒို့ သွေးသား.
တပြားထဲကလာတဲ့..ဇမ္ဗူရစ်ရွှေစင်
မြန်မာပြည်ကလာ..မြန်မာစကားပြော.
မြန်မာပြည်သူရဲ့..သွေး..
မင်းမျက်နှာပေါ်အိုးမည်းရေးရေး..မသူတော်တွေသုတ်ခဲ့ပေး
တစိမ်းစိတ်ကလေး..မ၀င်စေလို..

မင်းရဲ့ဇာတိမာန်..မင်းရဲ့သတ္တိ..ပြည်သူအပေါ်ကိုကြည့်
မေတ္တာရှိတာ..ဒို့ တတွေယုံကြည်တယ်.
မြန်မာမြေကို ကာကွယ်ပေးမဲ့ တပ်မတော်သား
ဒို့ ပြည်သူအများယုံကြည်. လေးစားပါရဲ့.
မင်းလည်းလေ..ပြည့်သူဘဏ္ဍာကိုစား
ကျောရင်သားရယ်မခွဲခြား..ကိုယ်ချင်းစာစိတ်ကလေးထား..
ဒို့ ပြည့်သူ့ နင်းပြားများကို။

လေမုန်တိုင်းထဲ..ကွဲပြားခဲ့တဲ့..ကျေးသားညီနောင်.
တသွေးထည်းကလာသော်ငြား..အရောင်ကွဲပြားခဲ့တဲ့ပတ်ဝန်းကျင်.
ဒါဟာ ပြဿနာ..မမြည်တွင်ပါဘူး.
ညှိ နှိုင်းတိုင်ပင်..ဒို့ အနာဂတ်ကို..အသစ်ပြင်နိုင်ပါတယ်..

မသူတော်တွေက..မင်း အာရုံတွေကိုမှိုင်းငွေ့ ချ..
အိုးမည်းသုတ်ထားခဲ့ ရတာလေးနဲ့ 
ဒို့ တတွေ....သေသည်ထိ..အရှုံးမပေးခွပ်..
အသက်တွေပေးစွန့် စရာ..လိုသလား ညီငယ်..။

မင်းလည်းဗမာ.. ဒို့ လည်းဗမာ..
အသွေးအသားအတူတူ..ဇာတ်တူအချင်းချင်း
အပျော်ရွှင်ကြိုက်တတ်တဲ့လူသား..
ဗြဟ္မာဇိုရ်..တရားများနဲ့လူသား
မင်းစဉ်းစားပေးပါ..ညီငယ်..

ရန်ဖြစ်ကြဖို့ မလို..
အသေခံခွပ်ကြဖို့ မလို..
ပေါင်းစုဖို့ ဘဲလို..
ညီညွတ်ကြဖို့ ဘဲလို..
ဒို့ တတွေဟာ..တပင်ထဲကသီးခဲ့တဲ့..သစ်သီးများ.
မြန်မာမြေပေါ်ကြီးပြင်းခဲ့သူ..
စည်းလုံးညီညွတ်ရေးနဲ့ အနာဂတ်ပြည်ထောင်စုကိုထူ..
ဒို့ အားလုံး..မြန်မာပြည်သူ.
မြန်မာမြေပေါ် မွေးဖွားခဲ့တဲ့. ဒီမြန်မာလူ..

မသဒ္ဓါ (၆။၂၁။၂၀၀၇)

အပြည့်အစုံသို့ 

Sunday, June 17, 2007

မြန်မာပြည်ရဲ့ ..အနာဂတ်နိမိတ်ပုံ

ဧရာမြစ်ခြေနဲ့ ..တူရင်းတောင်စွယ်ကျွန်း
ဗုဒ္ဓ ဘာသာရောင်ဝါထွန်းလင်းပေစွ..
မုဆိုးမပေလျှင်..ဘုရားတကာမ။..
တခါက..ပေါက္ကံပြည် ကြီးမှာ.
သာပြောဝေဆာ..ဒို့ ပြည်မြန်မာ.

၁၆ ရာစုရဲ့ ဘုရင့်နောင်..လက်ရုံးတန်ခိုးလျှမ်းလျှမ်းတောက်..
စုစည်းအင်အားပြည့်ဝ..အိမ်နီးနားဘုရင်များကမထိရဲကြ
ကိုယ်ထီးနဲ့ ကြဌာန်း..စည်းစိမ်နန်းနဲ့ 
ကျက်သရေဝေဖြာ ဒို့ ပြည်မြန်မာ

လက်ျာတောင်ကျွန်းနမိတ်ထွန်း..သယံဇာတကြွယ်ပေါ
ပညာမငယ်..မျိုးဇာတိဂုဏ်ထည်ထည်
ကောက်ပဲသီးနှံ..စပါးဆန်ရေ..ပိုလျံကြွယ်ဝ
အာရှရဲ့..စပါးကျီ..ဒို့ ရဲ့ မြန်မာပြည်..

အဘေးလက်ထက်က မြန်မာ.. အဘိုးလက်ထက်က မြန်မာ
အဖိုးလက်ထက်က မြန်မာ… အဖေ့လက်ထက်က မြန်မာ
ကျမလက်ထက်က မြန်မာ.. ဒို့ သမီးလက်ထက်ရဲ့ မြန်မာ
ဒို့  မြေးလက်ထက်ရဲ့ မြန်မာ.. .. ဒို့ မြစ်လက်ထက်ကျ မြန်မာ..
ဘာတွေများကွာခြားပါလိမ့်..
မျိုးဆက်ဆိုတာ..တဆင့်ထက် တဆင့်
မြင့်သထက်ကာပိုမြင့်..မြှင့်တင်နိုင်ခါမှ..ဒို့ တာဝန်ကျေ..
ဆန်းစစ်ကြပါစို့ လေ..ဒို့ ဟာဘယ်အဆင့်ရဲ့မိဘတွေ..

အနှစ် (၆၀) ကျော်ကျွန်ဘ၀..ဖြစ်..
မဆလ (၂၆)နှစ်..နွံတောထဲ..ညစ်..
အခု(၁၉)နှစ်ကြာ..မစင်တွင်းထဲ..နစ်..
၁၉၈၈..ကစ..ဆွမ်းခံရင်းဌက်သင့်သူများ
ဘေးသင့်ခဲ့ရတဲ့..စာသင်ခန်းထဲက.ယုန်ဖြူကလေးများ
ပြေးနိုင်တဲ့သုတွေ..လွတ်ကြမဟေ့..
ခံချတဲ့လူတွေ..များစွာအသက်စွန့် 
အိမ်ထည်းပုန်းနေသူများလည်း..အစာရေငတ်မွတ်..
အာဏာရလက်မရွံ့ များက..အောင်လံကိုကြမ်းကြုတ်စွာနဲ့ ဆွတ်..
တစတစနဲ့ ..ဒိုင်းနမိုက်မီးစ.လို.တိုတိုလာနေတဲ့..မြန်မာ့နိုင်ငံရေး
ဘယ်သူ..ရင်မလေးဘဲနေပါမယ်။

ဘာလုပ်ကြမလဲ..ဘာလုပ်ရမလဲ..
တွေးနေတောနေဆဲ…အမာခံတွေလည်းတဖြုတ်ဖြုတ်မြေပေါ်ကြွေ..
မဆိုင်သူ..ဆွေမျိုးတွေလည်း..အပြစ်မဲ့ထောင်ကျခံနေရနေ..
ဆိုးဝါးယုတ်မာခဲ့..လူမဆန်..ဖက်စစ်အစိုးရရေ..
ငါတယောက်မပါလှ..ဘာမှမဖြစ်ဘူးကွမင်းကတွေးတော..
အသက်နှမြောတတ်ရင်..အမှောင်ထည်းနောက်ထပ်အနှစ်၅၀
မင်းမြေးတွေလက်ထက်ကျ..ပိုငတ်မယ်

မုတ်ကောင်ရဲ့မျက်ရည်နဲ့ ..ပုလဲဖြစ်လာတာဟာ..သဘာဝ..
မြန်မာပြည်သားအားလုံးရဲ့မျက်ရည်တွေက စိန်ဖြစ်သွားတာဟန်မကျ..
သတ္တိရှိကြစမ်းပါ..
နိုင်ရာ..တယောက်တလက်..သဲလေးဘဲ..တပွင့်..နှမ်းလေးဘဲ..တလုံး..
စုရုံးရင်..ဒို့ တွေအနိုင်ရ..စည်းရုံးရင် ဒို့ တွေအောင်မြင်မှုရ
အသိတရားနဲ့ ပါဝင်ကြ..လက်မတို့ ပါရစေနဲ့ ကိုယ်လူ..
မင်းအနာဂတ်ကိုမင်းပြင်..မင်းဇာတိမာန်နဲ့ ငြမ်းကိုဆင်..
မင်းမြန်မာကိုချစ်ရင်.. မင်းမြန်မာဆိုရင်..

သစ်တောတွေပြုန်းလို့ ..မိုးလေ၀သကိုသတ်..
မိုးခေါင်ရေကြီးတော့..စပါးဆန်ရေတွေ..ပြတ်
ဌက်တုတ်ကွေးတွေမိ..အစာရေစာငတ်..
AIDS နဲ့ TB လက်ချက်ကြောင့်..ဗမာမျိုးတဖြေးဖြေးပြတ်.
အမျိုးကောင်းသမီးလေးတွေ..ညညအပြင်ထွက်..ရေလိုက်ခပ်
စာသင်ခန်းမဲ့..ခလေးလေးတွေ..ပညာရှေ့ ရေးကလည်းငတ်
အဓမ္မလုပ်အားပေးတွေလည်း..ကိုယ့်ထမင်းကိုယ်စား..အငတ်ငတ်အပြတ်ပြတ်
အစိုးရလခစားများ..ကျပ်ပြေးမှာ..မိသားစုတကွဲတပြားနဲ့ ဆိုက်တဲ့ကပ်.
ကျောင်းပြီးတဲ့..ခလေးတွေ..အလုပ်ရရေးအနာဂတ်ကလဲအသက်ရှုကျပ်..
ဘုရားပေါ်..၀တ်ပြုဆုတောင်းရုံကလေးနဲ့ …ထောင်ထဲမှာထည့်သော့ခတ်..
ဒီနိုင်ငံမှာ..ဘာသမာသမတ်..ရှိတာကျန်သေးပါသလဲ..

လွန်ခဲ့တဲ့ အနှစ်၅၀ ကသိပ္ပံမောင်ဝက..ဒီလိုတွေးတော..
ဆရာစောကျောင်းထဲကခလေးတွေ..ဘယ်လိုစာတွေတတ်
တိုင်းပြည်အတွက်ဘယ်လိုရပ်.မလည်း။
ဒို့ လည်းအခု..သူလိုတွေးတောဖို့ အချိန်တန်
ဒို့လက်ထက်က..ဆရာစောထက်ဆိုးတဲ့ကျောင်း..
နောင်အနှစ်(၅၀)..ဒို့ အနာဂတ်ကောင်းပါ့မလားကွယ်.

ကျန်စစ်သားမင်းကသတ္တိရှိရှိ..သူ့ ဂတိကိုပြည်သူ့ အားပေး.
ရွှေစည်းခုံကျောက်စာပေါ်တွင်…ကဗျည်းရေးတင်.
ချစ်ခင်သူနဲ့ ကွဲတဲ့ပြည်သူ့ မျက်ရည်..သုတ်ပေးလိုတဲ့မင်းကြီး
ညာလက်နဲ့ပေးမဲ့အစားအစာ.. ၀ဲလက်နဲ့ ကပေးမှာဝတ်တန်ဆာ..
ရင်ဝယ်ပိုက်သား…နွေးထွေးစွာပြုစုစောင့်ရှောက်..
ပုဂံပြည်ကြီးလျှန်းလျှန်းတောက်ခဲ့ဘူးတယ်..

ကျန်စစ်သား..ဘုရင့်နောင်..အလောင်းဘုရားတို့သာ..
ယနေ့တိုင်သက်ရှိထင်ရှားရှိ..
ဒို့ ခေတ်ဗမာပြည်ကိုလက်ပိုက်ကြည့်ကြမလား။
သေချာတယ်..အသည်းနာ..သူတို့ ဗမာဖြစ်ခဲ့ဘူးတာ..

ဒီလိုပုံနဲ့..မိုးက စုန်းစုန်းချုပ်..
လာဘ်စားဖို့ ဘဲကြည့်..စိန်ရဖို့ ဘဲသိ..
တဘို့ ထဲဘဲကြည့် …တိုင်းပြည်ရဲ့ ထရံတောင်ခွါရောင်းဖို့ ဘဲသိ..
အမျိုးချစ်သည့်ကြောင်း..ထပ်တလဲလဲဆို..
အပြောထက်မပိုတဲ့..လူကြီးမင်းတစ်စုလက်ချက်ကြောင့်
တိုင်းပြည်လည်းပျောက်..ရေမြေတွေလည်းရှိသမျှခြောက်..
ဘုရင့်နောင်စုထားသမျှမြန်မာ့မြေသား.
ကမ္ဘာ့မြေပုံထည်းက..တစစကြွေကျ..
ပြည်ကြီးအင်ပါယာလက်ထဲကျ..
နောင်အနှစ်၁၀၀မှာ..မြန်မာဆိုတဲ့လူမျိုး..
ပြတိုက်ထည်းမှာကဗျည်းထိုး..လူအရိုးဘဲကျန်တော့မယ်။

(မသဒ္ဓါ) ၆။၁၆။၂၀၀၇

အပြည့်အစုံသို့ 

Saturday, June 16, 2007

အာဇာနည်အမျိုးပေမို့ …မညှိုးခဲ့ရှိန်တေဇာ..


မျိုးရိုးရှိန်တေဇော…ထွန်းလင်း..ပြောင်ပေသည်..
အဖဗိုလ်အောင်ဆန်းနဲ့..ဘိုးလရောင်သွေးသည်..
အနီရောင်..ဗမာ့သွေးကြောင့် တန်ခိုးကျော်ကြားပြီ..
ကုမ္မာရီ..မြန်မာမတို့ ..လေးစားဂုဏ်ယူသည်။
ဘာမထီ..သတ္တိဇွဲ.အပြည့် မိန်းမအာဇာနည်။
အောင်ဆန်းစုကြည်.. အောင်ဆန်းစုကြည်..
တက်ရောင်နီ..နေ၀န်းလို…အရှေ့ ဖျားကောင်းကင်ဆီ..
မြန်မာပြည်..အမှောင်ခွင်းလို့ ..သူလွတ်အောင်ကြံစည်.
ထူးမြတ်..ကျက်သရေစုံညီ..
အသက်ရာကျော်..ရှည်ပါစေ။

ဝတ်ရည်ဥ..ပန်းကလေးလို..လှပပါပေသည်.
ဒါးသွားထက်..ဇာတိသွေးက..ထွန်းလင်း.ပြောင်လက်သည်။
ခိုင်မာသောခံယူချက်က..ကျောက်သားစိုင်မယိုင်ပြီ။

ခွပ်ဒေါင်းရဲ့.ကျက်သရေ…
အောင်ဆန်းစုကြည်..
မြန်ပြည်တလွား..ချစ်လေးစားယုံကြည်
အောင်ဆန်းစုကြည်.. အောင်ဆန်းစုကြည်..
မြန်မာ့အရေးကာကွယ်ပေးတဲ့..ချစ်သောအာဇာနည်..
ဒီမွေးနေ့ မှအတည်..ဆုတောင်းလိုက်ရသည်..
ဗမာပြည်လို..လွတ်မြောက်နိုင်ပါစေ။

(မသဒ္ဓါ) ၆။၅။၂၀၀၇
ဒေါ်အောင်ဆန်းစုကြည်၏ (၆၂)နှစ်မြောက်မွေးနေ့ မင်္ဂလာအတွက်..

အပြည့်အစုံသို့ 

ငြိမ်းချမ်းရေး..အို..မိခင်..


အိမ်အပြင်ဖက်မှာ..ဌက်ကလေးတို့ တတွေ..
ပျော်ရွင်စွာ..ပျံသန်း..လွတ်လပ်လို့ နေ

အင်းယားရေပြင်မှာ ..ငါးကလေးတို့ တွေ..
ပျော်ရွင်စွာ..ကူးခတ်လာ..လွတ်လပ်လို့ နေ

အမှောင်အိမ်ထဲမှာ..သူတယောက်ထည်း…
အဖေါ်ကွဲ..အထီးကျန်လို့ နေ..
ကိုယ်ကြေကွဲစွာ..နားလည်းစာနာ..ဂုဏ်ပြုလိုက်ပါရစေ။
ငြိမ်းချမ်းရေး.မိခင်. မေစု ရေ..
သတ္တိမြဲ..စိတ်ဓါတ်အားမာန်..အောင်လံမလှဲချေ.
ဒို့ အားလုံးသိပ်ချစ်တာ..ယုံကြည်နားလည်..
မွေးနေ့ လည်းရောက်ခဲ့ပြီ..
အမှောင်တွေလွတ်အောင်. ဒို့ အားလုံးဆုတောင်းနေ..
အမေရယ်..လွတ်မြောက်ပါစေ။

နိုင်ငံအတွက်ဆို.မျိုးသုံးဆက်တိုင်..အသက်သွေးချွေး.စတေးခဲ့.အမေ.
ကြင်လင်သားနဲ့..သားများအဝေးမှာ.နိုင်ငံအတွက်ကို.စွန့်စားတဲ့အမေ..
တာဝန်များကို..ကျေပြွန်တဲ့နေရာ.လူသေရင်တောင်.နံမယ်တော့ဘယ်မသေ
အာဇာနည်.အမေ.ဇာမဏီ.အမေ.

ငြိမ်းချမ်းရေးမိခင်..ကမ္ဘာကျော်ခဲ့ပြီ..
လက်နက်မဲ့မိခင်…စံတင်ထိုက်သည်.
လွတ်လပ်မဲ့မြန်မာပြည်.ရောင်နီထွန်းစေဖို့ ရည်.
သူ..ပေးဆပ်ခဲ့ပါပြီ.အမှောင်.ရက်များက.ဒီမျက်ရည်

လေးစားလို့ ကဗျည်းတင်..ရာဇ၀င်သစ်ဆီ..
ငြိမ်းချမ်းရေးမိခင်…သူမော်ကွန်းတင်
လင်းလက်မဲ့နေ့ ရက်တွေ..အနာဂတ်များဆီ..
ဆုတောင်းလိုက်ပါသည်..
အမှောင်..ရက်များတို့ ကုန်ပါစေ.

မသဒ္ဓါ (၆။၅။၂၀၀၇)
ဒေါ်အောင်ဆန်းစုကြည်၏ (၆၂)နှစ်မြောက်မွေးနေ့မင်္ဂလာအားဂုဏ်ပြုမှတ်တမ်း တင်ပါသည်။
လွတ်မြောက်ပါစေ..ချစ်သော..မိခင်”

အပြည့်အစုံသို့ 

ကဗျာ နဲ့  မသဒ္ဓါ


ကဗျာ ရဲ့ အားမာန်၊ သဒ္ဓါ ရဲ့ အားမာန်
အားအပြည့်သန်စွာနဲ့  မာန်အပြည့်ချီတက်။
ကဗျာ ရဲ့ အမှန်တရား၊ သဒ္ဓါ ရဲ့ အမှန်တရား
ဟန်ဆောင်စကားမပါ မှန်ကန်စွာပြောဆိုထား။

ကဗျာ ရဲ့ ရည်မှန်းချက်၊ သဒ္ဓါ ရဲ့ ရည်မှန်းချက်
ခေတ်အဆက်ဆက် အတွက် တိုင်းပြည်အတွက်။

ကဗျာ ရဲ့ ချွေးသွေး၊ သဒ္ဓါ ရဲ့ ချွေးသွေး
လူတန်းစားမရွေး.. ပေးဆပ်ဖို့ ဝန်မလေး။

ကဗျာ ရဲ့ အချစ်၊ သဒ္ဓါ ရဲ့ အချစ်၊
အဟောင်းအသစ်မရှိ.. ကဗျာချစ်သူများအတွက်ဖြစ်။

ကဗျာ ရဲ့ အသက်၊ သဒ္ဓါ ရဲ့ အသက်
ထာဝရအများအတွက် ဆက်ကာဆက်

ကဗျာ နဲ့ သဒ္ဓါ၊ သဒ္ဓါ နဲ့ ကဗျာ
ကဗျာ သဒ္ဓါ၊ သဒ္ဓါ ကဗျာ ခွဲကာ မရတဲ့
ဘ၀အဖေါ်မွန် ဖြစ်စေ၊ တည်စေသော်ဝ်။

နစ်နေမန်း(၆။၁၅။၂၀၀၇)

ကဗျာမမအားကဗျာဖြင့်ဂုဏ်ပြုအားပေးမှုကြောင့်..
မောင်လေးနစ်နေမန်း အားကျေးဇုးအထုးတင်ရှိပါကြောင်း။
( မမသဒ္ဓါ)

အပြည့်အစုံသို့ 

Thursday, June 14, 2007

ရာဇ၀င်တွင်ကျန်ရစ်မဲ့..သူရဲကောင်းဖြစ်ချင်ရင်..

လက်ရည်မတူတဲ့..အားနွဲ့ သူကို..
စိန်ခေါ်ကာပြိုင်ပွဲ..မင်းဒါးခုတ်ပွဲနွဲရဲတယ်လား..
တကယ်လို့ များ..မတော်တဆ..မင်းနိုင်ခဲ့ရင်များတောင်
မင်းနံမည်ကြီးက..အသုံးမကျ..ရှက်ဖို့ ကောင်းလှတယ်.

ပြိုင်ဖက်ဆိုတာ..လက်ရည်တူခါမှ..
ယှဉ်ကြည့်လို့ ကောင်း..
တယောက်နဲ့ တယောက်..ကျားချောင်းချောင်း..
တကဲ့…ပွဲကြီးမှ..ပွဲကောင်း

မြင်းပေါ်ကပြုတ်ခါကျ..ဒါးပြန်ရှာမရသေးတဲ့ ပြိုင်ဖက်ကို.
မြင်းပေါ်ကအသေခုတ်ထိုး..အသေသတ်ရိုးထုံးစံမရှိ..
ကောက်ကျစ်စွာအငိုက်ထိုးအသေသတ်မိလို့ ..
မင်းဘာအမြတ်..ရမှာလဲ..
ပွဲကြည့်သူတွေရဲ့ ..မျက်စိထဲများ..
မင်းအနိုင်ပွဲရမယ်ထင်သလား..
မြင်ကြမယ်..မင်းကို.ဒီလို..
မြေခွေးအသည်းနဲ့ ကောက်ကျစ်တဲ့..၀ံ့ပုလွေအို..

မင်းဟာ..အတောင်နှစ်ဆယ်ဝတ်တဲ့ယောက်ျား
ယောက်ျား.. ယောက်ျားချင်းသာယှဉ်ပြိုင်..
မြင့်မြတ်သောနှလုံးသား..တည်ကြည်မှုထားတတ်ရမယ်။
ရိုးသားစွာယှဉ်ပြိုင်..သစ္စာခိုင်ပါစေ။
ခြင်္သေ့လိုရဲရင့်..ရာဇ၀င်မှာ..ဂုဏ်တင့်စေနိုင်မှာ

ပြိုင်သူကို..ဒါးကောက်ဖို့ အချိန်ပေး..
နောက်တရေး..နောက်တချီ်ပွဲ.
ရင်ဆိုင်..ဆက်နွဲကြစို့ လား..
ပြိုင်ပွဲဆိုတာ..ဟာ..
အရှုံးနဲ့ အနိုင်နှစ်မျိုးဘဲသာရှိ..
မနိုင်ရင်..အရှုံး.. မရှုံးရင်..အနိုင်
ဇွဲကိုသာခိုင်ခိုင်ထား..
ရဲရင့်တည်ကြည်ရက်သား..ရှုံးခဲ့ရင်များတောင်..
မညှိုးနွမ်းတဲ့..ဂုဏ်သိက္ခာ..
တောက်ပြောင်ဆဲမင်းသတ္တိ..
ထင်ရှားတဲ့မင်းနံမည်..
ကျော်ကြားမဲ့မင်းသစ္စာ
အနှစ်ရာတောင်တွေ…ကျော်ကာသွားလည်း..
ရှိနေတယ်..ရာဇ၀င်ထဲမှာ..
မင်းဟာ..တကဲ့လူစွမ်းကောင်း…မဟာ..

မသဒ္ဓါ (၆။၁၃။၂၀၀၇)

အပြည့်အစုံသို့ 

Monday, June 11, 2007

အချက်ပြခဲ့တဲ့..ဦးပေါ်ဦးရဲ့..လူသေလက်ပလာ။ ဖျက်ရမဲ့..မင်းနံမည်ထက်က..အမဲစက်တစ်ရာ..

ဒီမှာ....လူကြီးမင်း..
ရာဇ၀င်ထဲ..ကျန်ရစ်မဲ့..မင်းရဲ့စာမျက်နှာ..
ဘယ်လောက်များ..ဖြုစင်နေပါသလဲ..
အမဲရောင်မှဲ့ စက်ပျောက်များ..ထင်ထားတဲ့မင်းရဲ့..နံမည်..
တခြားဘယ်သူမှ..ဖျက်နိုင်မယ်မဟုတ်..
မင်းဖာသာမင်းဘဲ..ဖျက်မှရမှာ။

အခေါင်းတလားဘေးကထွက်နေတဲ့သူ့ လက်များ..
ဦးပေါ်ဦးက သေတဲ့အခါပြသခဲ့..
သင်္ခါရရဲ့..အမြဲမှန်တဲ့တရား..
သေသွားတဲ့..အခါ.. ဘာများမှ..ကိုယ်နဲ့ မပါ..
လက်ချည်းသက်သက်မဲ့..ပလာ

သင်..လူ့ လောကထည်းဝင်လာစ..
ဘာများမှမပါခဲ့ရသလို..
သင်..လူလောကကနေ..အပြင်ထွက်..
ဘာတွေ..သယ်ပြီးထွက်နိုင်မလဲ..
စည်းစိမ်..ဥစ္စာ..မိန်းမ..အာဏာလက်နက်..
ဘာတွေက..အစွမ်းထက်ဦးမလဲ..
မေတ္တာရဲ့ဆူးချက်..သစ္စာရဲ့ထိုးနှက်ချက်..
မစင်ကြယ်တဲ့ကုသိုလ်..အရောင်ညိုနေတဲ့သီလ..
သေခါမှ..မင်းသိမယ်။

သေလို့ မီးထဲလောင်ပျက်..မင်းခန္ဓာကြွေသက်တောင်..
ကြော်ကြားဆဲ..မင်းဂုဏ်ပုဒ်..ကျန်နေမြဲ.. သင့်နံမည်…
အမဲရောင်စက်ရာချီတွေ..စွန်းထင်းရှိနေဆဲ
ဒို့ မြန်မာ့ရာဇ၀င်ထဲမှာ..

သံဝေဂရစရာ..တရားသတိရပါ..
အချိန်ရှိသေးခိုက်..ပြုပြင်လိုက်ဖို့ ရာ
အချိန်က..မနှောင်းသေးပါ.
မင်းနံမည်ပေါ်ကအမဲစက်တစ်ရာ..
သားမြေးများအထိ..မညစ်ပေစေရာ
ခု..ဖျက်ပစ်ခဲ့စမ်းပါ။

စေတနာမှန်မှန်…ပြန်ကြိုးစားပြင်ဆင်လျှင်..
ပန်းများအသွင်မွေးပျံ့ စရာ..မင်းရဲ့နံမည်မှာသန့် ဖြူစင်..
နတ်လူ သာဓုလည်း ခေါ်စေချင်ရင်....
ကြိုးစားလို့ ဖျက်ပါ..သင်
အမဲစက်တစ်ရာစွန်းပေထင်..
အသင်.လူကြီးမင်းရဲ့ညစ်နွမ်းလှတဲ့မဟာရာဇ၀င်....

မသဒ္ဓါ (၆။၁၂။၂၀၀၇) ..( လူကြီးမင်း..များသို့ )

အပြည့်အစုံသို့ 

Sunday, June 10, 2007

မျောက်ပွဲ

ဌက်ပျောသီးလေးရမ်းကာပြ..
ကြိမ်ကလေးရွှမ်းကနဲချပြရုံနဲ့ 
ရှေ့ ပြန် နောက်ပြန်..
ဂျွမ်းသဒါလန်အောင်ထိုးကာပြ
ဝိုင်းထဲကမျောက်ငယ်..
သူ့ မျက်လုံးလေး..တလည်လည်။

လက်ဖ၀ါးလေးနဲ့  အလှုခံစား
သွားဖွေးဖွေးဖြီးထား..
တကဲ့ပြုံးလား..မချိပြုံးလား..
ဘာများဘဲဖြစ်နေ..ဖြစ်နေ..
မျောက်ဆရာက..
အနောက်ကနေပိုက်ဆံသိမ်း..
လောဘကို…မထိန်းနိုင်..

မျောက်ဆရာရဲ့..ကြိမ်ဒဏ်ချက်..
မျောက်ကလေးအတွက်..ခါးသက်ပေမဲ့..
ခါးပေါ်ကသံကြိုး..သူဖြုတ်ရေးကမနိုင်..
မျောက်ကလေး ချောင်ကွယ်မှာမှိုင်..

လွတ်လပ်ရေးရဲ့..အရသာ..
မလွတ်လပ်မှသာ..ပိုမိုသိရ
တောဂနိုင်ထဲက..ဌက်ပျောသီး..ပိုအဖီးကြီးပေမဲ့
ထောင်ချောက်ထဲကမျောက်ငယ်..လွတ်ရေးကမလွယ်

အများသူငါ..သြဘာပေးရေး..
မျက်နှာချိုသွေးလေးနဲ့ ..မျောက်ငယ်.
အစွမ်းရှိသမျှ..လုပ်ပြရမဲ့မျောက်ငယ်..သနားစရာရယ်မို့ ..
ကြိုးဆွဲတဲ့ .. မျောက်ဆရာ..
လူတွေမသထာပေမဲ့..
မျောက်ကလေး..အသက်ဆက်ဖို့ ..အရေး
လူတွေက..အသပြာပေးခဲ့တယ်..
သာဓုခေါ်လှဲ့ ပါ….မျောက်ကလေး ငယ်ငယ်..

မသဒ္ဓါ

အပြည့်အစုံသို့ 

Saturday, June 9, 2007

စိတ်ကြိုက်..မင်းရွေးချယ်ခွင့်ရှိသည်။

ဂါရဝေါစ..နိဝါတောစ..
ရိုသေထိုက်သူကိုရိုသေကြ..
တမနက်..တစက္ကန့် ထဲဘဲအသက်ကြီးကြီး..
ရိုသေစွာ.ဦးတင်ခိုက်ကြ
ဗမာ့ဓလေ့အစဉ်အလာ..
မိဘ၀တ်.. သားသမီးဝတ်
ဆရာ့ဝတ်.. တပည့်ဝတ်..
ကြီးသူဝတ်..ငယ်သူဝတ်
ဒီဝတ္တရားတွေ..ဂုဏ်အင်ပြည့်မှ..
ဦးချကန်တော့ခံထိုက်စွာ..နားလည်ပါ.

ငါဆိုတဲ့အတ္တ..ငါဘာဟဲ့တဲ့ကွ..
တ၀င့်ဝင့်ထောင်လွားသူ..ဒီလူဘာကောင်မှမဟုတ်
ခွေးသေကောင်ပုပ်သာဖြစ်တယ်

ပြည့်ရေအိုးဟာ..ဘောင်ဘင်မခတ်..
အခွံဘဲရှိသည့်သင်္ကြန်အမြောက်.
ဟန်လုပ်ချောက်ရုံဘဲရမယ်.
သူတပါးကိုလိမ်ညာတာအလွယ်လေး..
ကိုယ့်ကိုကိုယ်လိမ်နိုင်ရေးက..ခက်တယ်.
မင်းဘယ်သူဘဲ..မင်းသေချာစမ်းစစ်..
အသက်နံပါတ်အရစ်တက်တိုင်း..လူဖြစ်တာမဟုတ်
အသက်ဘဲကြီး..ခန္ဓာဘဲအချိန်စီး..
မင့်နှလုံးသားကအချိန်မစီးရင်..
အများရဲ့တံတွေးခွက်..ပက်လက်ပက်လက်..
မင်းဘ၀ရှက်ဖို့ ကောင်းတယ်.

ကင်းနိုင်ရင်..ကင်းကင်း..ရှင်းရှင်းလေးနေ
ဂုတ်သွေးစုတ် နှမ်းဖြူး..ဒါဆရာမခံထိုက်ဘူးမောင်..
ဝေးရဲရင်ဝေးဝေးသာသွား
သံပုံးတီးရွာမနှင်ခင်..
နီးချင်ရင်..မင်းအတ္တကိုပြန်ပြင်
ဘယ်လောက်..မင်းမှာ မိဘ၀တ်.ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ သားသမီးဝတ်.ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ ဆရာ့ဝတ်..ပြည့်ပြီးပြီလဲ။
ဘယ်လောက်..မင်းမှာ တပည့်ဝတ်..ပြည့်ပြီးပြီလဲ။
ကြီးသူဝတ်..ငယ်သူဝတ်..လင့်ဝတ်..မယားဝတ်..ပြည့်ပြီးပြီလား
သို့ လော.. သို့ လော စဉ်းစား
စည်းဝိုင်းထဲဝင်ချင်လည်းဝင်.. စည်းအပြင်ထွက်ချင်လည်းထွက်..
စည်းကြောင်းအပေါ်ဘက်မှာတော့မရပ်နေနဲ့..သူငယ်ချင်း။

မသဒ္ဓါ (၆။၈။၂၀၀၇)

အပြည့်အစုံသို့ 

Friday, June 8, 2007

နောက်ပြန်မဆွဲနဲ့.ရှေ့ ဆက်လျှောက်.

ဟေ့..ရှင်ပြုတုန်းကဆောင်းခဲ့တဲ့…ရွှေထီး
မင်းလာလာပြီး..ညည်းမနေနဲ့..သူငယ်ချင်း
ပြီးဆုံးသွားတဲ့အရာ…ဘယ်တော့မှပြန်မလာ..
ပစ္စုပ္ပန်သာ..မင်းနံဘေးမှာ..
ကြည်လင်အောင်မျက်စိဖွင့်.. ပြန်လည်ဆန်းစစ်
တကယ်ဆို…အခု မင်းဘယ်သူဘယ်ဝါ
မင်းဘယ်ဆီမှာ..

ဟေ့..ကောင်းခြင်းရဲ့..အရာ..လက်များကြားကစီးကျပျောက်ဆုံး
ဂုဏ်မာန နဲ့ အလှ..ဘယ်အရာကမှမမြဲဘူး
အလှဆိုတာ..အရေပြားပါးပါးအောက်..လက်တစ်ထောက်သာသာ
ဇရာရောက်လာရင်..အားလုံးအရည်ပျော်ဆင်း..
ဟန်ဆောင်ခြင်းဟာ..အပြစ်ကြီးတယ်။

အတိတ်ဆိုတာ..မင်းနောက်ကလိုက်နေတဲ့အရိပ်ကလေး
မင်းလက်ရှိဘ၀လေးနဲ့ဘာမှမဆိုင်
လမ်းဆုံမှာထိုင်ငေး..ရတက်မအေးနေနဲ ..သူငယ်ချင်း
အရှေ့ ဆီသာဆက်လျှောက်..ပန်းတိုင်ရောက်ခရီးနှင်..
ကောင်းချင်ရင်ကောင်းတာလုပ်..အနာဂတ်အတွက်..သရုပ်..
ဆေးစက်ကျရာ..အရုပ်ဖော်..မင်းဟာ..ပန်းချီကျော်

ဘယ်တုန်းက..ငါဘယ်သူဘယ်ဝါ..ဘယ်အရာ..
ငါဘယ်ကလာ..ဘာညာ..ဘာညာ.
လာလာပြောမနေနဲ့ . ..သူငယ်ချင်း
ဒို့ အားလူံးဟာအတူတူ..သံသရာတွေထဲကလူ
မာနအခွံခွါချ..အတ္တကိုဖယ်
လူကိုလူဘဲ..ကြည့်တတ်တဲ့တခဏ
မင်းအမှောင်ဘ၀က..လွတ်မြောက်ပြီ။..
မသဒ္ဓါ (၆။၇။၂၀၀၇)

အပြည့်အစုံသို့ 

မီးကိုငြိမ်းသတ်မဲ့…ရေ..

တရှုးမူးထိုးနဲ့ ..နာကြင်အခံခက်..
မျက်လုံးများကို…စုံလုံးကန်းနိုင်စေ
ဒေါသဆိုတဲ့..မီးတွေ..

အာသာတတ်မက်..လိုချင်ဆန္ဒအတွက်..
စေတနာကွယ်ဖုံး..မေတ္တာကိုသုန်းစေ
လောဘဆိုတဲ့..မီးတွေ

တုန်ရီခန္ဓာ..အမှောင်ပိတ်ဖုံး
စိတ်နှလုံးများ…ကိုကြွမ်းလောင်နိုင်စေ
မောဟရဲ့…..မီးတွေ..

ရင်မှာဒိတ်ဒိတ်.. သွေးကြောထဲပူလောင်
ဆားငံရည်..သောက်မပြေနိုင်အောင်
ရာဂရဲ့..မီးတွေ

လူသားတွေဘ၀ထဲ..လောင်တညီးညီးနဲ့ မီးများ.
နေဆယ်စင်းထက်အရှိန်ပြင်း..
အသိဥာဏ်များကို..အရည်ပျော်
ကြင်နာ..စာနာခြင်းများကိုပြာကျအသွင်ပြောင်း
နိဂုံးချုပ်မှာ..အသဲနှလုံးမဲ့သူအဖြစ်..
ဝဋ်ဘ၀နွံတွေကြား..နစ်မြုပ်ခဲ့ရပြီ။

အေးမြမဲ့ရေစင်စက်..ဘ၀အတွက်အကြွေးဆပ်ဖို့ ရှာဖွေ..
ဘယ်မှာလဲ…ရေ..

တွေ့ ခဲ့ပြီ..အခုလေ..
မေတ္တာ....ဆိုတဲ့ရေစင်အေးတွေ..
သစ္စာ ဆိုတဲ့ရေစင်အေးတွေ.
ဂရုဏာ...ဆိုတဲ့ရေစင်အေးတွေ
မုဒိတာ...ဆိုတဲ့ရေစင်အေးတွေ.
ခန္တီစ...ဆိုတဲ့ရေစင်အေးတွေ.
လောကရဲ့..
အမှန်ကိုသိမြင်..ဓမ္မ၏ ရိပ်ဝါသအောက်..အလင်းရောက်ခဲ့ရပြီ။
အရှင့်၏ဆိုဆုံးမမှုတရားအောက်..မိုက်မှားခဲ့ဘူးသူတယောက်၏
ကျောက်သားပကတိနှလုံးသားအစဉ်..ပိုးကြိုးမျှင်ကဲ့သို့ ပျော့ပြောင်းခဲ့
ဘ၀သစ်စခဲ့ရပြီ..

ကျေးဇူးပါ..ဗုဒ္ဓအရှင်..

မသဒ္ဓါ (၆။၇။၂၀၀၇)

အပြည့်အစုံသို့ 

Saturday, June 2, 2007

ကြီးမြင့်လှတဲ့လူ့ စွမ်းအား..ထူးမြတ်ဂုဏ်ရှိမြန်ပြည်သားများ

လူ…
ကမ္ဘာမြေအနှံ..ဖြန့် ကျက်ကြသူ..

ပင်လယ်ပြင်..ထဲသွားသွား..
တောင်စဉ်တံတိုင်းများကြား..
သမုဒ် ရေပြင်..ကြမ်းပြင်ထိနား
ဝေဟင်တိမ်မိုး..ထိပ်ဖျား..
အာကာသထဲ..လပေါ်သွား..
ရေပြင်ရှားပါးကန္တာရ
နေရောင်နည်းပါးဝင်ရိုးစွန်းအစ
ဘယ်ဆီရောက်ရောက်..လက်မလျှော့ကြ
ခန္ဒာကိုယ်အား..စိတ်ဓါတ်..မော်..
တီထွင်ဥာဏ်အားအသုံးချ တော်..
လူသာပဓါန..အရေးကြီးနေ..
ဘယ်ဆီဘယ်ကမ်းအရေးမကြီးပေ
မြန်မာပြည်သား..ဒို့ များတတွေ..
ကံခေလွင့်စင်..ဝေးခဲ့အမိမြေ..
တောင်တွေကျော်သွား..ကမ္ဘာ့အနှံ့ ရောက်စေ..
သာကီနွယ်ဘွား..ဒို့ ဇွဲမလျှော့ချေ။
ဘယ်နေရာရွေးရွေး…
အမြစ်ကျခိုင်မာစေ
ကောင်းမြတ်မျိုးစေ့..ပေါက်ခဲ့.. ဒီအပင်သည်
စိမ်းရွက်လွင်လွင်..အောင်လံချီ..

မသဒ္ဓါ (၆။၁။၂၀၀၇)
(ဘယ်နေရာရောက်ရောက်..မညံ့သောမြန်မာများသို့ )

အပြည့်အစုံသို့ 

Friday, June 1, 2007

အဟောင်းကိုချည်း..မချစ်နဲ့ 



ပြက္ခဒိန်ဆိုတာ..တစ်နှစ်ကို..တစ်ခါပြောင်း
နှစ်ဟောင်းဆိုတာ..နောက်ကျန်ရစ်တယ်..

သစ်ပင်ဆိုတာ..ရာသီ..တစ်ရာသီပြောင်း
ယော်ရွက်ဟောင်းတွေ…ပြုတ်ကြွေကျတယ်..

နာရီဆိုတဲ့ စက်ယန္တယား..တချက်ချက်နဲ့ခြောက်ခြား
လောကတရားရဲ့ မပြောင်းလဲခြင်းဟာ..
ပြောင်းလဲခြင်းသာဖြစ်တယ်.

တစ်စက္ကန့် ကတစ်နာရီ..
တစ်နာရီ ကတစ်လ
တရစ်ရစ်..တင်လာတဲ့ အချိန်များ
အသစ်အသစ်များလည်း..ဇရာထောင်း
အဟောင်းတွေ..ဖြစ်လာနေ
အချိန်တွေလည်းရွေ့ လျား...
လူအမျိုးမျိုးလည်းလောကထဲ ၀င်ထွက်သွား
အဟောင်းချည်းဖက်တွယ်ထား..
အတ္တတွေမများကြစမ်းနဲ့ ..
အသစ်များရဲ့ဆန်းသစ်.လတ်ဆတ်မှု..
ဂရုပြုကြိုဆိုစေချင်..
သဘာဝ..ခြားရဟတ်.လှည့်ပတ်ပြောင်းစဉ်..
ဒီနေ့ ရဲ့အသစ်..မနက်ဖြန်ကျအဟောင်း
လောကရဲ့နိယာမ..စေ့စပ်စွာသုံးသပ်တတ်ရင်..
တက်မိုးသောက်..လင်းရောင်နီနဲ့ အမှီ..
သစ်ဆန်းမှု..ကာရံညီညီလိုက်ရအောင်..
အဟောင်းနဲ့ နောက်ပြန်ဆွဲ..မင်းစိတ်မရဲခဲ့လည်း
မနက်ဖြန်ရဲ့ အင်အား..အနာဂတ်ကိုဆက်သွားကြရအောင်
အသစ်တွေကိုလည်းဆောင်ပါနော်..

အပြည့်အစုံသို့ 

လောကရဲ့ နိယာမ….ပြန်လှန်သုံးသပ်မှု ဒဿန

သေခြင်းတရားရဲ့ဧည့်သည်..
အချိန်မရွေး အလည်ရောက်..
တံခါးမခေါက်..အတင်းဝင်..
အနီးဆုံးမှာပင်..
နေခြင်း ရဲ့လောကဓံ ..
အချိန်မရွေး ကုန်လွန်ပျောက်
တရားနောက်အပြေးနှင်..
မမြဲခြင်းသာအစဉ်..

တွေဝေခြင်းရဲ့ မိစ္ဆာငယ်..
အချိန်မရွေး ပူးဝင်ရောက်
လှည့်ဖျားကောက်ကျစ်ရင်..
ဒဿနဆုံးကွယ်ပျောက်တဲ့ ရင်..

စိတ်ထားကို..ရိုးသားစေ..
ခွန်အားကိုနိုးကြားစေ..
ကံတရားကို တိုးပွါးစေ
အမှန်တရားနှင့် အကျိုးများစေ..

ဆန့် နေသောလက်များကွေးမသွားခင်..တခဏ
ဘ၀တွင်..ဘာတွေမှမမြဲ..
ကိုယ်ချသောမျိုးစေ့..
ကိုယ်ဘဲရိတ်သိမ်းရလေ့ ထုံးစံရှိ
အကောင်းဆုံးတွေကို..တွေးကွယ်..
အတ္တဟောင်းတွေကို..စတေးမယ်
မာနဟောင်းများကို…ဘေးဖယ်.
ယုံကြည်ပြောင်းလဲပါ..အတွေးနယ်..
မင်း..ဘ၀လမ်းကြောင်းကို..ရွေးချယ်..

မသဒ္ဓါ ( ၅။၃၁။၂၀၀၇)



အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */