Thursday, June 14, 2007

ရာဇ၀င်တွင်ကျန်ရစ်မဲ့..သူရဲကောင်းဖြစ်ချင်ရင်..

လက်ရည်မတူတဲ့..အားနွဲ့ သူကို..
စိန်ခေါ်ကာပြိုင်ပွဲ..မင်းဒါးခုတ်ပွဲနွဲရဲတယ်လား..
တကယ်လို့ များ..မတော်တဆ..မင်းနိုင်ခဲ့ရင်များတောင်
မင်းနံမည်ကြီးက..အသုံးမကျ..ရှက်ဖို့ ကောင်းလှတယ်.

ပြိုင်ဖက်ဆိုတာ..လက်ရည်တူခါမှ..
ယှဉ်ကြည့်လို့ ကောင်း..
တယောက်နဲ့ တယောက်..ကျားချောင်းချောင်း..
တကဲ့…ပွဲကြီးမှ..ပွဲကောင်း

မြင်းပေါ်ကပြုတ်ခါကျ..ဒါးပြန်ရှာမရသေးတဲ့ ပြိုင်ဖက်ကို.
မြင်းပေါ်ကအသေခုတ်ထိုး..အသေသတ်ရိုးထုံးစံမရှိ..
ကောက်ကျစ်စွာအငိုက်ထိုးအသေသတ်မိလို့ ..
မင်းဘာအမြတ်..ရမှာလဲ..
ပွဲကြည့်သူတွေရဲ့ ..မျက်စိထဲများ..
မင်းအနိုင်ပွဲရမယ်ထင်သလား..
မြင်ကြမယ်..မင်းကို.ဒီလို..
မြေခွေးအသည်းနဲ့ ကောက်ကျစ်တဲ့..၀ံ့ပုလွေအို..

မင်းဟာ..အတောင်နှစ်ဆယ်ဝတ်တဲ့ယောက်ျား
ယောက်ျား.. ယောက်ျားချင်းသာယှဉ်ပြိုင်..
မြင့်မြတ်သောနှလုံးသား..တည်ကြည်မှုထားတတ်ရမယ်။
ရိုးသားစွာယှဉ်ပြိုင်..သစ္စာခိုင်ပါစေ။
ခြင်္သေ့လိုရဲရင့်..ရာဇ၀င်မှာ..ဂုဏ်တင့်စေနိုင်မှာ

ပြိုင်သူကို..ဒါးကောက်ဖို့ အချိန်ပေး..
နောက်တရေး..နောက်တချီ်ပွဲ.
ရင်ဆိုင်..ဆက်နွဲကြစို့ လား..
ပြိုင်ပွဲဆိုတာ..ဟာ..
အရှုံးနဲ့ အနိုင်နှစ်မျိုးဘဲသာရှိ..
မနိုင်ရင်..အရှုံး.. မရှုံးရင်..အနိုင်
ဇွဲကိုသာခိုင်ခိုင်ထား..
ရဲရင့်တည်ကြည်ရက်သား..ရှုံးခဲ့ရင်များတောင်..
မညှိုးနွမ်းတဲ့..ဂုဏ်သိက္ခာ..
တောက်ပြောင်ဆဲမင်းသတ္တိ..
ထင်ရှားတဲ့မင်းနံမည်..
ကျော်ကြားမဲ့မင်းသစ္စာ
အနှစ်ရာတောင်တွေ…ကျော်ကာသွားလည်း..
ရှိနေတယ်..ရာဇ၀င်ထဲမှာ..
မင်းဟာ..တကဲ့လူစွမ်းကောင်း…မဟာ..

မသဒ္ဓါ (၆။၁၃။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */