Tuesday, June 30, 2009

အမြင့်တက်ခြင်း၏ ဝီရ ရသ

A man full of courage is also full of faith.
ယုံကြည်မှု ပြည့်ဝသူသာ ရဲရင့်
ဘဝမှာ စွန့် စား ဝံ့တယ်.

လှိုင်းကြီးသော်လည်း လှေအောက်..
တောင်ကြီးသော်လည်း ဖ၀ါးအောက်..
ပုဇွန်ဆိတ်ငယ်ငယ် ပင်လယ်ကိုကူးနိုင်တယ်။.
ပက်ကျိနုနုနယ်နယ်.သစ်ပင်ထိပ်ထိတက်နိုင်တယ်။
ပင့်ကူ ငယ်ငယ်.. ဂူခေါင်မိုးပေါ်တက်နိုင်တယ်။
ကြောက်တတ်ရင်လွဲ..ရဲသော်မင်းဖြစ်..
ဒါကြောင့် ကျနော် အမြင့်တက်ဖြစ်တယ်။
ကျနော်က ဗြိတိန်နိုင်ငံသား
အမြင့်တက်သမား Mike Robertson
မြန်မာလူမျိုးကို ချစ်မြတ်နိုးသူ

ကြောက်ရွံ့ ဆုတ်သူ အရှုံးကိုဝယ်သူ
စွန့် ရဲမှသာထာဝရ ရှင်သန်နိုင်မည့်သူ
ခေါင်းငုံခံသူ လူသေနဲ့ ဘ၀မခြား
စိတ်ခွန်အားသည်..ခန္ဓာ၏ ရှေ့ သွား
ဇွဲလုံလ ကိုးစားရှိ.
ကောင်းကင်က ကြယ်ကိုခူးနိုင်၏။
လောကမှာ ဘာမှ မဖြစ်နိုင်တာမရှိဖူး။

အမြင့် တက်ဖူးကြပါသလား.
လေပြင်း ထန်ထန်တိုက်..
ယိမ်းလိုက်တဲ့ ခန္ဓာ..တုန်ခါတဲ့ ဒူးများ
ကျွန်တော် မကြောက်တတ်ဖူး ထင်ပါသလား။
လူဆိုတာ..သေမှာ ကြောက်တာပါဘဲ
အမြင့်တက်ရင်..ဒူးတုန်ချင်ကြတာဘဲ။
အောက်ငုံ့ ကြည့်လိုက်ရင်..အသည်းအူတုန်မြဲ
ကျနော်လည်း လူထဲက လူသား
ပုထုစဉ်သား ဘဲဗျာ။

အရေးကြီးဆုံး အရာက..
လူသားရဲ့ စိတ်စွမ်းပကား
လူလုပ်ထားတဲ့ အဆောက်အဦ တွေ
ဘယ်လောက် မြင့်မြင့်.
ဘယ်လောက် စွင့်စွင့်
ဘယ်လောက်ဘဲ မတ်မတ်
များပစေလေ ဘယ်နှစ်ထပ်
ကြိုးနဲ့  ကရိယာမလို..
စိတ်အင်အားဘဲ လိုတယ်။
ကြိုးစားတက်ရင် ပန်းတိုင်ရောက်တယ်။
ဇွဲဝီရိယသာ..ပဓါနဖြစ်တယ်။
ဒီ ပုံပမာ ကျနော်သက်သေပြတယ်။

အစ ရှိရင် အဆုံးရှိရမယ်
အရှုံးရှိဖူးရင်..အနိုင်ရှိရမယ်။
ရှင်ခြင်းနဲ့သေခြင်း ဆိုတာ
ဘ၀မှာ စိမ်ခေါ်ခြင်းမျှသာ.
စွန့် ရဲသူသာအောင်မြင်ရာ

ချောမွတ်တဲ့ နံရံကြား
သေးငယ်သော အထစ်အဖုများရှိတယ်။
ကွဲအက်ရာကလေးတွေ ရှိတယ်။
ကုတ်တွယ်စရာ..ဖွေရှာတွေ့ နိုင်ပါတယ်။

ဥာဏ်ဝီရိယ ကျိုးကုတ်ခွန်အား
လက်ချောင်းရဲ့ ဆုတ်အား..
ခန္ဓာကိုယ်က ထုတ်တဲ့အား
တဆင့်ချင်း ကြိုးစား.
ဦးနှောက်နဲ့ စဉ်းစား
ခြေချောင်းကလေးများရဲ့ ကုတ်အား..
ဟော..တဆင့်တက်သွားပြီ..
တစ်ထပ်ထက်တစ်ထပ် အမြင့်ထက်ဆီ။
စိတ်သမာဓိအား မြဲမြံ့သောလက်များ
မှန်မှန်သာ ကြိုးစား၊ သက်လုံကောင်း မရပ်မနား.
ယောက်ျားဟေ့ ယောက်ျား..
ပြင်သစ် အီဖဲမျှော်စင်နဲ့ ..
Lloyd’s of London အဆောက်အဦ
ကျနော် တွယ်တက်ပြပါတယ်။
အားမငယ်နဲ့ မြန်မာ..
ကြိုးစားကြပါ..အောင်နိုင်ရာ။
တိုက်ရဲရင်..ရရမဲ့ FREE BURMA
ပန်းတိုင်ဟာ..ကျနော်တို့  အနားမှာရှိတယ်။

မသဒ္ဓါ ( ၆။၂၉။၂၀၀၉)
ဂုဏ်ပြုလေးစားမိပါသည်။

သူ့ရဲ့အကြောင်း အသေးစိတ်
ဗြိတိန်အမြင့်တက်သမား ရဲ့ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန်(Lloyd’s of London) အာမခံ ကုမ္ပဏီကြီး ရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး မြန်မာ နိုင်ငံအတွက် စွန့် စားဆန္ဒပြခဲ့တာပါ။
အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊ ထောက်ကူပြုပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအ ပြည့် ဟန်ကျကျဝတ်ဆင်ပြီးတွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (Mike Robertson) ဖြစ်ပါတယ်။
Mike Robertson climbs the Lloyds building in the City of London, June 18th 2009. It was a protest against Lloyds of London's continuing financial involvement with the Burma generals.


MIKE ROBERTSON CLIMBS EIFFEL TOWER IN NOVMBER 2007 TO PROTEST TOTAL'S ACTIONS IN BURMA. HE ALMOST MADE IT TO THE TOP! A FILM BY NICOLETTA FAGIOLO
အီဖဲမျှော်စင်ကို တွယ်တက်စဉ်ကပါ

ဗြိတိန်အမြင့်တက်သမား မြန်မာ့အရေး စွန့်စား ဆန္ဒပြ
19 June 2009
ဗြိတိန်နိုင်ငံသား အမြင့်တက်သမားတဦးဟာ လန်ဒန်မြို့က လွိုက်ဒ်စ် အော့ဖ် လန်ဒန် (Lloyd’s of London) အာမခံကုမ္ပဏီကြီးရှိတဲ့ အဆောက်အဦးကို တွယ်တက်ပြီး “Leave Burma” “မြန်မာနိုင်ငံက ထွက်” လို့ အဓိပ္ပာယ်ရတဲ့ စာတမ်းကြီးကို ချိတ်ဆွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် အခုလိုလုပ်ခဲ့တဲ့အဲဒီအမြင့်တက်သမားကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထား ပါတယ်။
အထပ် ၁၄ ထပ်ရှိပြီး အမြင့်ပေ ၁၉၀ နီးပါးရှိတဲ့ အဆောက်အဦးကြီးကို ကြိုးမပါ၊ ထောက်ကူပြု ပစ္စည်းမပါဘဲ အနောက်တိုင်းဝတ်စုံအပြည့် ဟန်ကျကျဝတ်ဆင်ပြီးတွယ်တက်ခဲ့သူကတော့ အသက် ၄၇ နှစ်အရွယ် မိုက်ခ် ရောဘတ်ဆန် (MikeRobertson) ပါ။ ဘာ့ကြောင့် အခုလိုလုပ်တယ်ဆိုတာကို သူက ပြောပြရာမှာ…
“လွိုက်ဒ်စ်ကုမ္ပဏီဟာ မြန်မာလူထုအပေါ်မှာ တာဝန်ရှိတာမို့ ကျနော် ဒါကို ရိုးရိုးလေးလုပ်တာပါ။ ဒါ့အပြင် ဒီကနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့လည်း ဖြစ်နေတဲ့အခါကြတော့ နောက်ထပ် အကြောင်းရင်းတခု ဖြစ်သွားတာပေါ့ဗျာ။”
ဗြိတိန်နိုင်ငံမှာ အထပ်မြင့် အဆောက်အဦးတွေ အများကြီးရှိတဲ့ထဲကမှ ဘာ့ကြောင့်လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ ဒီအဆောက်အဦးကိုမှ ရွေးရတာပါလဲ၊ မိုက်ခ်ရဲ့အဖြေကတော့ဒီအဆောက်အဦးထဲမှာ မြန်မာစစ်အစိုးရနဲ့ ငွေကြေးပတ်သက်တာတွေ အများကြီးရှိနေလို့ပါတဲ့။
“အဲဒီ လွိုက်ဒ်စ်ကုမ္ပဏီရှိတဲ့ အဆောက်အဦးထဲမှာ မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ဘဏ္ဍာငွေကြေးကိစ္စ ဆက်ဆံတာ တွေ အများကြီး ရှိနေပါတယ်။ သူတို့က အရေးမကြီးသယောင် လျှော့ပြီးပြောနေပေမယ့် ငွေကြေးကိစ္စတွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်သက်နေကြတာပါ။ ဒီ ဗြိတိန်မှာက အမေရိကန်နဲ့မတူဘဲ ဘဏ္ဍာငွေ စီးဆင်းမှုဆိုင်ရာ ပိတ်ဆို့အရေးယူထားတာတွေ မရှိဘူးလေ။ အာမခံတွေ ရောင်းခွင့်ပြုထားပြီး
မြန်မာစစ်အစိုးရရဲ့ လေကြောင်းလိုင်းတွေနဲ့ သင်္ဘောလုပ်ငန်းတွေကို အထောက်အပံ့ပြုနေပါတယ်။”
လွိုက်ဒ်စ်ကုမ္ပဏီဟာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံက လေကြောင်းလိုင်းတွေ၊ သင်္ဘောလုပ်ငန်းတွေကို အာမခံထားတဲ့နေရာမှာ ပတ်သက်လုပ်ဆောင်ပေးနေတဲ့အတွက် မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန် တိုက်ခိုက်တာကို ခံနေရတဲ့ ကုမ္ပဏီပါ။
အခုလို တက်ခဲ့တဲ့အတွက် မိုက်ခ်ကို လန်ဒန်ရဲက ဖမ်းဆီးပြီး အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးမှု၊ ခွင့်ပြု ချက်မရဘဲ ပိုင်နက်ကျူးကျော်မှုနဲ့ စွဲချက်တင်ထားပြီးအမှုရင်ဆိုင်နေရပါတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရပေမယ့်လည်း မိုက်ခ်ကတော့ နောင်တ မရဘဲ သူ လုပ်သင့်တာကို လုပ်ခဲ့တာပါလို့ ပြောပါတယ်။
မိုက်ခ် ရောဘတ်ဆန်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ပြင်သစ်နိုင်ငံကကမ္ဘာကျော် အီဖယ်လ် မျှော်စင်ကြီးကို တက်ရောက်ခဲ့သေးပြီး မြန်မာနိုင်ငံမှာပြင်သစ်ပိုင် တိုတယ်လ်ရေနံကုမ္ပဏီရဲ့ စီးပွားရေး ပတ်သက်နေတာကို လူအများသိပြီးရှုတ်ချပြစ်တင်လာအောင် လုပ်ဆောင်ခဲ့ပါသေးတယ်။

အပြည့်အစုံသို့ 

Monday, June 29, 2009

ရင်နှင့်အမျှ ကျေးဇူးတင်ရပါသည်။


နီးရာသွေးချင်း..ခင်ရာဆွေမျိုး..
နှလုံးသွေးတူ..စိတ်ထားဖြူရင်..
ရင်ခုန်သံတူသူ
ဒို့ အားလုံး အတူတူ..

ဒို့ မွေးတဲ့ ဥကျင်းမှာ..
သူတို့  မပေါက်ခဲ့ပါဖူး..
ဒို့  သောက်တဲ့ မြစ်ဧရာ
သူတို့ မသောက်ခဲ့ပါဖူး..
ဒို့ စိုက်တဲ့ စပါး
သူတို့ မစားခဲ့ပါဖူး..
ဒို့ ရဲ့မြေတလက်မ
သူတို့ ခြေမချခဲ့ကြပါဖူး..
မြန်မာမြေရဲ့ အကျိုးကျေးဇူး
ဒို့ တွေ လို သူတို့ မခံစား..
မစံစားဖူးပါဖူး
မြန်မာ့ သယံဇာတများ
သွားရည်တမြားမြားမကျခဲ့ပါဖူး။

ဒါပေမဲ့..
အမှန်တရား ပျောက်နေတဲ့ မြန်မာ..
အပြုံးတွေ ပျောက်နေတဲ့ မြန်မာ
စစ်သားထုရဲ့ မုဒိန်းကျင့်ခံနေရတဲ့ မြန်မာ
တရားဥပဒေပျောက် အမှောင်ထဲက မြန်မာ
လူလူချင်းမစာထောက် ဘီလူးတွေအောက်က မြန်မာ
မွေးရာပါလူ့ အခွင့်အရေး အငွေ့ ပျံခြောက်နေတဲ့ မြန်မာ..
ပြည်သူရဲ့ ဂုတ်သွေးကို စစ်တပ်က သောက်နေတဲ့ အခါ
သိုးငယ်ကိုအပြစ်ဖွဲ့ ရေကြည့်နှောက်နေတဲ့ အခါ
လုယက်စော်ကား..လူမျိုးပြုန်းအမြစ်ဖြုတ်နေတဲ့အခါ
လူသားဆန်သူများ..ဂရုဏာရှိသူများ
အားနည်းသူဘက်က ရပ်ကြတယ်..

ရင်နှင့်အမျှ ကိုယ်ချင်းစာ
တတ်နိုင်သမျှ ထွေးကူတဲ့ သူတို့ ရဲ့မေတ္တာ
ဘာမှ ကိုယ်ကျိုးမပါဖူး..
ဘာမှ အဆိုးမြင်ဝါဒီ မဟုတ်ဖူး..
ဘာမှ နယ်ချဲ့မှ မဟုတ်ဖူး..

သူတို့ ဟာ
လှပတဲ့ မြန်မာ့ ရေမြေတောတောင်နဲ့ ..
အပြစ်မဲ့ကလေးတွေ..ရယ်သံတွေ
လေပြေအမြူးမှာ ကြားချင်တယ်။
ဖေါ်ရွေတဲ့ မြန်မာ..
ဧည့်ဝတ်ကျေပြွန်တာ.
ဧည်သည်အဖြစ်လာ ခံစားချင်သေးတယ်။
သန်းပေါင်းများစွာသောပြည်သူ..
စစ်သား(၅) သိန်း ဖနောင့်အောက်က
လွတ်မြောက်တာမြင်လိုခဲ့တယ်။
ရဟန်းသံဃာ မေတ္တာ ဘာဝနာ
ဗုဒ္ဓရောင်ဝါ..အေးမြစွာ
ထွန်းလင်း စေချင်သေးတယ်။
ပျော်ရွှင်ကျမ်းမာ..ငြိမ်းချမ်းစွာ..
စစ်မက်ကင်းတရားမျှတ..
မြန်မာပြည်ကမ္ဘာတည်စေချင်သေးတယ်။

သူတို ဟာ အသားရောင်မျိုးစုံ.
ယုံကြည်ရာ ဘာသာမျိုးစုံ
နေထိုင်ရာ နေရာမျိုးစုံ
ကျင်လည်ရာ အသက်မွေးမျိုးစုံ..
အရွယ်မျိုးစုံ အသိအမြင်မျိုးစုံ
ပြောဆိုရာ..စကားမျိုးစုံ.
သို့ သော် မြန်မာမြေကို..
သူတို့ ချစ်တာ ဖြူစင်တာအမှန်
ဒို့ ယုံကြည်တယ်။

နိုဘယ်ဆု ရွေးချယ်သူများအဖွဲ့ ။
ဒေါ်အောင်ဆန်းစုကြည်အား ဆုတံဆိပ်ချီးမြှင့်သူများအဖွဲ့ 
နိုင်ငံတကာမှ မြန်မာနိုင်ငံအား
လွတ်မြောက်ရေးအတွက် ကြိုးစားပေးသူများအဖွဲ့ 
လူသားချင်းစာနာ လူစိတ် ငွေအား.စေတနာဖြင့်
ထောက်ပံ့နေသူများအဖွဲ့ .
ဒက်စမွန်တူးတူးနဲ့ “၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”
Dalai Lama. Betty Williams နှင့်
http://www.nobelwomensinitiative.org/
Prime Minister Gordon Brown နှင့်
64 for suu.org
နဲ့ ထောက်ခံသူများ
Burma VJ ဖန်တီးရှင်များ
Laura Bush, Hillary Clinton
နှင့် Madeleine Albright
Amnesty International, Red Cross, WHO, FAO,
အခြားသော NGO အဖွဲ့များ
အဆိုတော် U2 က Bono , Paul McCartney,
Black Eyed Peas, KT Tunstall R.E.M, Drumer Swiss Chris,
Jane Birkin , “Unplayed Piano” Damien Rice & Lisa Hannigan

သရုပ်ဆောင် Jim Carrey, Yoko Ono, George Clooney,
Brad Pitt, Sylvester Stallone
နှင့်
Burma: It Can't Wait Celebrity Campaign အဖွဲ့ သားများ
စွန့် စားအမြင့်တက်သမား Climber Mike Robertson,
ခြေပလာလျှောက်သူ Ewen Hardie,
ကဗျာဆရာ Jeffrey Hellman,
Burma Campaign USA နဲ့ UK အဖွဲ့ သား
မြန်မာblog တွေ ကြား သတင်းပေးတဲ့ Happy
အမည် ရှိသော်လည်း ကျမ မသိ
များပြားလှသော..နိုင်ငံခြားသား
အမှန်တရားကို မြတ်နိုးကြသူ..
မြန်မာကို ကူညီကြသူ..
ကျမ တို့ ဂုဏ်ယူ..
မှတ်တမ်းတင်ယူခဲ့ပါတယ်။။

ကမ္ဘာ့ အ၀ှမ်းမှ မြန်မာ့ချစ်ဆွေများသို့ 
နှလုံးသားနှင့်အမျှ မျှော်လင့်ပါသည်။
တနေ့ နေ့ တစ်ချိန်ချိန်..
"လွတ်မြောက်တဲ့ မြန်မာမြေရဲ့အလှ..
သင်လာကြည့်ရန် ဖိတ်ခေါ်ပါရစေ။"


သင်တို့ ၏ ချွေး..သင်တို့ ၏သွေး.
သင်တို့ ၏ မေတ္တာ..သင်တို့ ၏ဂရုဏာ..
ထားခဲ့သော စေတနာ
မေ့မရ မှတ်ကျောက်တင်..
ထားခဲ့မဲ့ မြန်မာရဲ့ သမိုင်းပန္နက်တင်..
ကျေးဇူးဥပကာရ အထူးတင်။

မသဒ္ဓါ ( ၆။၂၈။၂၀၀၉)
မြန်မာ့ အရေး လှုပ်ရှားပေးကြသူ နိုင်ငံခြားသား များ (သို့ မဟုတ်) သွေးချင်းမနီးသော ဆွေမျိုးများသို့  ကျေးဇူး တင်လွှာ

အပြည့်အစုံသို့ 

Thursday, June 25, 2009

ချောအိသိမ်းရဲ့ အနုပညာအား စားသုံးခြင်း။

အနုပညာ.ဆိုသည်။
တင်ပြပုံ အမျိုးမျိုး
အရောင်၏ ဖော်ပြမှု
စုတ်ချက်၏ ရဲရင့်မှု
ပုံရိပ်၏ ရင်ခုန်သံ
စကားလုံးများရဲ့ ငိုကြွေးသံ
စာရွက်ပေါ်က တောက်ခေါက်သံ
ကျိမ်စာ ဆိုဆဲ..ပန်းချီကားတစ်ချပ်.
ချောအိသိမ်းရဲ့ လင်္ကာတစ်ရပ်။

နံရံထက်က ပန်းချီ..
ရွှေဝါရောင်၏ ၀ီရရသ
အပြစ်မဲ့သူ များ၏ဘဝ
အာဏာရှင်၏ အာဃာတ
အကြမ်းဖက်သမား ရက်စက်သမျှ
အနပညာသမား၏ မာန
ရင်ဘတ်နဲ့ အမျှ ခံစားကြည့်ပါ။

သံဃာ့ မေတ္တာတရား. လမ်း
ဟစ်ကြွေးလက်ခုတ် သြဘာကမ်း
မိုးရေပေါက်ကြား မှာ..
သောနုထိုရ် လုံထိန်းရဲ့..
မှတ်တမ်းတင်ဒုတ်ရွေ့ လျှားမှု
အလဲလဲ အပြိုပြို လူတစ်စု
ကြည့်သူရင်မှာ တစစ်စစ်နာ။

ဗျုံး ဆို..
လူအုပ်ထဲဝင်တဲ့ တည့်တည့်ကျည်ဆံ
လွင့်သွားတဲ့ကြယ်.
ကြွေသွားတဲ့ ပန်း..
နွမ်းသွားတဲ့ဝိညာဉ်
ဒို့ ခေတ်ရဲ့ ရာဇ၀င်ကြမ်း။
သွေးလမ်းနဲ့ဘဲ စခဲ့တာ
ရက်စက်တာ ဒီ စစ်တပ်ပေါ့။

အရိုးခေါင်းများကဋ္ဋေကဋ္ဋာ
သွေးစက် စွန်းထင်း..
နာကြင်ခြင်းများနဲ့လက်များ..
ဆာလောင် မွတ်သိပ်..
မုန်တိုင်းအောက်က..
အကူအညီမဲ့လက်များ..
သားအိမ်ထဲက မထွက်ကတည်းက..
ထောင်ကျနေတဲ့ မြန်မာ့ ကလေးငယ်..
သားအိမ်နံရံက ကနေလွတ်လည်း.
ထောင်နံရံထဲ အလုံပိတ်မြှုပ်နှံခံနေရဆဲ။

အရှက်ကွဲ အကျိုးနည်း..
အမျိုးသမီးများ နှုတ်ပိတ်ခံရ..
မုဒိမ်းသမားများသွေးစုတ်သမျှ..
လိင်ကျွန်..လူပြန်ပေး..
ကျွန် ကုန်သွယ်ရေး
လူသတ်ရမ်းကား..
ပန်းခြွေတဲ့ ဘီလူးများ..
တရားဥပဒေရဲ့ အထက်ဖျား
သူတို့ ကလွဲ ဘယ်သူမှရှိမနေဖူး။

Performance art (သို့ မဟုတ်)
လက်ဖျားမှ..ကဗျာ..
မျက်နှာပေါ်က..စာ.
ခန္ဓာကိုယ်ရွေ လျှားမှု အလင်္ကာ
ဆင်မယဉ်သာ၏ ခြေလှမ်း..
အားလုံးသည် အနုပညာ..
နှလုံးသားနဲ့  စားသုံးပါ။
ပူပုံပန်းနဲ့  ဆံပင်နောက်တွဲ
ပင်နီအကျီ င်္နဲ့  ချိတ်ထမီ..
မြန်မာ အမျိုးသမီးထုသို့  ကိုယ်စားပြုသည်။

အနီရောင် မျက်နှာပိုးစည်းက
အမှောင်လမ်းထဲ အလင်းသုန်းည..
အိမ်မက်ထဲတောင် လမ်းပျောက်ခဲ့ဘ၀..
မြန်မာ မိန်းမသားထု ကိုစာနာတဲ့သူ
အမေသည်သာလျှင်
ကျမတို့ ၏ အလင်းရှင်..

အနီရောင်၏ နီရဲခြင်း .
အမည်းရောင်၏ ၀မ်းနည်းမှု
အ၀ါရောင်၏ တက်ကြွမှု..
အားလုံး မျှော်လင့်ရာ..
နေခြည်သာမဲ့ နိုင်ငံတစ်ခု။
ုငြိမ်းချမ်းရေးသို့ အခြေပြုမယ်။

အ၀ါရောင် နှင်းဆီ..
ပန်းလို နူးညံ့ငြား ဆူးများ နဲ့ တိုက်မည်။
ရဲစွမ်းရောင်ခြည်..နေုခြည်ထွေး..
ရရမဲ့ လွတ်လပ်ရေး.
တနေ့ မှ အမေ့ရင်ခွင်မှာ ပြန်ထွေးထားမယ်။

ငြိမ်သက်သော အမျိုးသမီးများ၏ အသံ
ခုတော့ ကမ္ဘာပေါ်လျှံခဲ့ပြီ။
ဘယ်လို နှိပ်စက်စက်..
ဘယ်လို ရက်စက်ရက်စက်..
အောင်ဆန်းမျိုးဆက်တို့ ရဲ့ သွေးစက်..
မြန်မာမြေပေါ်စွန်းထင်းလျှက်..
အသက်ခန္ဓာကြွေ..စတေးသက်သေ
မတရား အကျဉ်းကျခဲ့တဲ့ အမေ

တနေ့ နေ့ တချိန်ချိန်..
ပြာပုံပေါ်က ပြန်နိုးထမဲ့ ဖီးနစ်ရဲ့ အသက်..
ရာဇ၀င်ထဲက မီးဌက်။

အပြာရောင်၏ မိုးသားတနေ့ များမှာ..
မြန်မာပြည်မိုးသောက်.. အာရုံဦးရောက်ပြီ။
(၆၄) နှစ်သော မွေးနေ့ လွန်မြောက်
အမေနဲ့  ကျမတို့ အတူတူ..
သွေးချင်းဆက်ယူ နိုင်ငံသစ်ကို ထူမယ်..
အမေရယ်..
တယောက်ထဲမို့  အားမငယ်။

အမေသည် ဒေါ်အောင်ဆန်းစုကြည်.
အမေသည် အမိမြန်မာပြည်.
မွေးနေ့ မှသည် သက်တော် ရာကျော်ရှည်ပါစေ။

မသဒ္ဓါ ( ၆။၂၄။၂၀၀၉)

အမျိုးသမီးအနုပညာရှင် မချောအိသိမ်းရဲ့ Performance art အားဓါတ်ပုံ များမှ တဆင့် ခံစားထားပါသည်။ အပြင်မှာ တခါမှ မမြင်ဖူးပါ။ တွေ့ဖူးချင်ပါသည်။ သူမ၏ ရည်ရွယ်တင်ပြမှုအား ကျမ၏ အနုပညာ အာရုံခံစားမှု မှားယွင်းပါက..ကျမ၏ ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။
ရှားပါးသော မြန်မာ အမျိုးသမီး Performance art ပညာရှင် ညီမလေးအတွက် အထူး ဂုဏ်ယူပါကြောင်း…
အစအဆုံးကြည့်လိုက..http://arzarni.blogspot.com/2009/06/happy-64th-birthday-event-for-daw-aung.html

အပြည့်အစုံသို့ 

Wednesday, June 24, 2009

အဖေ့ ကို ခု ချက်ခြင်းလွှတ်ပေး.....

ဧည့်သည် အိမ်လာ.. သောက်စရာ ကမ်းတယ်.
မင်္ဂလာဆောင်လာရင်.. ပန်းကမ်းတယ်..
အလှူကို လာရင် လက်ဖက်ကမ်းတယ်။
အသုဘပို့ ရင် ယပ်တောင်ကမ်းတယ်။
မြန်မာဓလေ့ အစဉ်အလာ..
ဖေါ်ရွေခင်မင်တာ..ရိုးရာ မဟုတ်ဖူးလား..

ကျမ အဖေ..အင်းစိန်ထောင်ရှေ့ 
ဒေါ်အောင်ဆန်းကြည်ကို သတိတရ
ဝမ်းနည်းတဲ့သမှု အမှတ်တရ
အမဲရောင် ဖဲပြားတစ်စ.
ကမ်းမိတာကြောင့် အဖမ်းခံရ.
အိမ်ပြန်မလာရတာ ကြာပြီ။
အဖေ့ကို ကျမတို့ လွမ်းသည်။

ကျမ အဖေက
လူဆိုး..သူခိုးမဟုတ်ဖူး
ရိုးရိုးကုတ်ကုတ်..
တမင်း လက်သုတ်ရောင်းတဲ့သူ
အိမ်နောက်ဖေးက ထမီရုတ်နေကျ..
ဆေးသမားလူထွက် စွမ်းအားရှင်လို
တနပ်စားနဲ့  ဘုန်းကြီိးကို မရိုက်ဖူး

ကျမတို့  မိသားတစ်စု
ရှိမဲ့စုမဲ့ နဲ့  အမေ ထမင်းဆိုင်..
ဖွင့်ပိုင်ခွင့် မရှိဖူး ပိတ်ရမယ်..
အဖေက ဒို့ အရေးအော်ဖူး လို့ တဲ့..
ဒါဆို လမ်းထိပ်က ယောက်ျား တအုံးအုံးနဲ့ 
အနှိပ်သည်ဆိုင် ကတော့
စစ်ဗိုလ်ကတော် အန်တီကြီးဖွင့်တဲ့ဆိုင်။
သူကတော့ လိုင်စင်ရှိတယ်တဲ့။
အမေ ကျ ဘာလို့ မရှိရတာလည်း။
လူလူချင်း ဘာကွာသလည်း။
သမီးတို့ လည်း မြန်မာဘဲလေ။

သတင်းစာထဲ နာမည်မဲမဲကြီးနဲ့ 
ဗိုက်ဖောင်း အဆီပွ.. စစ်ဗိုလ် ရွှေဘဘတို့ ရေ
သမီးတို့ ဘဝ
ထမင်းရည်တောင် ၀ယ်မသောက်နိုင်ကြပါဖူး။
မုန့် ပဲသားရည်စာဆိုတာ..
ဖြူလားမဲလား မမြင်ဖူးပါဖူး

ကလေး တပြုံတမ ဆာလောင် ငိုယိုတဲ့ အခါ
အမေ မျက်ရည်ကျ. ဝေနေတာ မီးသောက
ရနှစ်သမီး ကျမ ကြည့်ရက်ပါ့မလား..
ကျမ ဘာကူပေးနိုင်မလည်း
အရွယ်နဲ့မမျှအောင် စဉ်းစားဖူးပါတယ်။

ဆိုးလိုက်တဲ့ ဘ၀. ကျမတို့ ခေတ်ကျမှငတ်တယ်။
ကလေးတွေ အနာဂတ်ဆုံး
တဖြေးဖြေး လုံးပါးပါးနေတယ်။
ပညာမရှိ ဘာလုပ်စားရမလဲ။
အလုပ်မရှိ အစာမရှိ ကျန်းမာရေးမရှိ..
လိင်ကျွန်များပြား AIDS ထိ
ကျမတို့  ဘဘအရွယ်အထိ
ဘယ်နှစ်ယောက် ရှင်ကျန်မလဲ။
တွေးကြည့်ကြပါ ဘဘရယ်..

ကျမ တို့ လူဖြစ်မှဘဲ
ပြတ်လိုက်တဲ့ လျှပ်စစ်။ တစက်စက်ကျတဲ့ ဘုံဘိုင်ရေ။
သန့် သလားတော့မမေးနဲ့ ဒါ ရွှံ့ နှစ်ရေ
ဗိုက်ပူနံကား..ဖောင်းပွပွနဲ့ 
သံကောင်အပြည့်နဲ့  ကျမတို့  ၀မ်းဗိုက်တွေ..

လောင်လိုက်တဲ့မီး..ကြီးလိုက်တဲ့ရေ။
တိုက်လိုက်တဲ့လေ။ ပြုန်းနေတဲ့တော
ဖောက်ပြန်တဲ့ ရာသီ..နအဖ မင်းကျင့်တရားနဲ့ အညီ။
ဒါ ကျမနေတဲ့ မြန်မာပြည်။

သိမ်းလိုက်တဲ့ လယ်။
ဆောက်လိုက်တဲ့ဆည်။ ရောင်းလိုက်တဲ့ဓါတ်ငွေ့ 
ရတဲ့ဒေါ်လာ..လက်နက်ဖြစ် ပြည်သူကိုသတ်တာ။
ဒါ ကျမနေတဲ့ မြန်မာ။

စစ်တပ်အတွက် လုယက်တဲ့ သီးနှံ။
တူးလိုက်ကြတဲ့ ကျောက်သံ။
မြေပြိုတောင်ပိ.ကယ်မဲ့သူမရှိ။
မုန်တိုင်းမိ..အလောင်းကောက်သူမရှိ။
ပြည်သူဆိုသည် ကျွန်အလား..
လူ့ အခွင့်အရေးမရှိ။
ဒါ ကျမနေသည့် မြန်မာ။

စိုက်လိုက်ရတဲ့ ကြက်ဆူ.နားပူလိုက်တဲ့မကယ
မုဒိန်းကျင့်တဲ့စစ်တပ်။ ပြန်ပေးဆွဲခံရတဲ့ကလေး
တောင်းလိုက်တဲ့ လက်ဖက်ရည်ဖိုး.
ကြီးလေးတဲ့ အခွန်။ ဘယ်နေရာမှမစွံ ဖူး

ဆင်းမရ ရေလျှံ. ပြည့်နေတာ မြောင်းထဲက အမှိုက်။
ပေါက်လိုက်တဲ့မြွေ။ ပေါလိုက်တဲ့ခြင်..
တ၀ီဝီနဲ့ ယင်။ သွားလိုက်တဲ့ဝမ်း..
ဖျားလိုက်တဲ့ အနာ..
ယားနာဝဲနာ..ချိုးဖို့  ရေ မဆိုထား.
သောက်စရာတောင် ရေသန့် မရှိ
အိမ်သာထွက် လက်ဆေးစရာ ရေမရှိ
ကျမ်းမာရေး အသိမရှိ
ဤမြေယာ..မြန်မာ မည်၏

မိသားစုဘ၀.. လူတိုင်း တမ်းတခုံမင်
ဘဘတို့ လည်း မိသားစုရှိကြတယ်။
သူများ ချစ်ခြင်းခွဲတာ..အပြစ်ရှင်းပါရဲ့လား
အဖေမဲ့တဲ့ကလေး.. လင်မရှိတဲ့မယား..
အိမ်ဦးစီးမရှိတဲ့ အိမ်ထောင်၊ ရှာစားမရတဲ့ စီးပွါး..
အပြစ်မဲ့ လူဖြစ်လာတဲ့ လူသားတွေ..
ဒုက္ခသည် မြန်မာလူမျိုး..
ကမ္ဘာပေါ်မှာ ဦးကျိုးတယ်..

အဖေရယ်..မြန်မြန်ပြန်လာနိုင်ပါစေ။
လှောင်အိမ်လွှတ်ဌက်..ပျံသန်းနိုင်ပါစေ။
အရွယ်မမျှတဲ့ ဒုက္ခ များနဲ့ 
ကလေးများရဲ့ တောင်းဆိုချက်
လူ့ အခွင့်အရေးဆိုတာ ရှိသင့်တယ်..ဘ၀မှာ..
လူ့ အခွင့်အရေးဆိုတာ ရှိသင့်တယ်..မြန်မာမှာ..
" ခု…ကျမ အဖေကို ပြန်လွှတ်ပေးပါ။ "

မသဒ္ဓါ (၆။၂၄။၂၀၀၉)
နွမ်းနေသော မျက်နှာကလေးနှင့် အမည်မသိ သမီးငယ်လေးသို့ 
" သမီးဖေဖေ မကြာခင် အိမ်ပြန်လာနိုင်မှာပါ.."

အပြည့်အစုံသို့ 

Sunday, June 21, 2009

အသေခံချစ်ထိုက်သူမို့  အသက်ပေးချစ်ဝံ့သည်။

လူယုတ်မာတွေ
မျက်စောင်းထိုးမယ် သိတယ်။
အညှိုးဖွဲ့  မယ် သိတယ်။
အမြင်ကတ်မယ် သိတယ်။
ခြိမ်းခြောက်မယ် သိတယ်။
အပြစ်ရှာမယ် သိတယ်။
မျက်မုန်းကျိုးမယ် သိတယ်။
အရှက်ခွဲမယ် သိတယ်။
စွပ်စွဲမယ် သိတယ်။
ဖမ်းချုပ်မယ် သိတယ်။
ထောင်ချမယ် သိတယ်။
တရားစွဲမယ် သိတယ်..

မိသားစုနဲ့ ဝေးရာ ထောင်ပို့ မယ်သိတယ်။
ထောင်ထဲမှာ ဆေးပေးမကုမှာသိတယ်။
အစာ မ၀ရေစာ..
မိသားစု ထောင်ဝင်စာ မပေးမှာသိတယ်။
စွမ်းအားရှင် တုတ်မိုးမယ် သိတယ်။
လောက်ကောင် စစ်တပ်
လူအုပ်တည့်တည့် ပစ်မယ် သိတယ်။
မသေမရှင်..မီးရှို့ ဖျောက်ဖျက်မှာ သိတယ်။
ချောင်းထဲရေမျှော..
အလောင်းပုပ်ပွ ပေါ်လာမယ်သိတယ်။

သိပေမဲ့ ကြည့်မနေရက်တာ..
ကြောက်သော်လည်း ထိပစေ
မျက်နှာမလွဲရက်တာ
အမှန်တရားအတွက်..
လူကောင်းများရဲ့ သစ္စာ သမာဓိ..
ယုံကြည်ချက် ခိုင်မြဲမှုက..ကျောက်သားပကတိ
အသေခံထိုက်သူအတွက် အသက်ကိုပေးမဲ့..သူများ..
အမေ့ အနားမှာရှိတယ်။

မာရ်နတ်စစ်သည်တော်တွေ လက်နက်တစ်ထောင်..
ဘယ်မုန်းမာန်ဘဲဖွဲ့ ဖွဲ့ 
ဘယ်လောက်ဘဲ နှိပ်စက်နှိပ်စက်
အမေ ကိုယ်ပေါ် ဆူးတစ်ချက်မကျစေရဖူး.
အမေ့.
အမွှေး တစ်မျှင်တောင် မကျွတ်စေရဖူး..
အမေ့ ချွေးတစ်စက် မသက်ရဖူး..
အမေ့ မျက်လုံးစို မျက်ရည် မငိုစေရဖူး.
အသက်စွန့် မယ် အမေ့အတွက်..
နောက်လိုက်ကောင်းများ၏ ဂုဏ်ရည်။

အမှန်တရားကြောင့်..
ခွပ်ဒေါင်းသွေးနီ ရဲရဲတောက်သည်။
အမေ့ သာ ကျမ်းမာအောင် ကြိုးစား..
မကြာများခင် ဆုံကြမယ်..
ရွှေတိဂုံဘုရားထက်..
သက်စေ့ချိုးဌက်တွေ တူတူ လွှတ်ကြမယ်..
အမေရေ... အားမငယ်နဲ့ ..
သူမြတ်များကပေးတဲ့..မွေးနေ့ မေတ္တာဆုတောင်း..
အမေ့  အသက် ရာကျော်ရှည်ကြောင်း..

မသဒ္ဓါ ( ၆။၂၀။၂၀၀၉)

Aung San Suu Kyi's birthdayAbout 300 members of the National League for Democracy held a party for Myanmar's detained pro-democracy leader Aung San Suu Kyi to mark her 64th birthday. The anniversary has been the focus of a worldwide campaign to pressure the military junta to release her from detention.

အပြည့်အစုံသို့ 

Friday, June 19, 2009

အမေ၏ မေတ္တာအား ချီးမြှောက်ခြင်း


အကောင်းဆုံးတွေ
ကျမတို့ အားလုံးရဖို့ အတွက်..
အမေ့ရဲ့ အကောင်းဆုံးတွေကို စွန့် လွှတ်..
အဆိုးတွေကို ခါးစည်းရင်ဆိုင်ခဲ့တာ..
တန်ဖိုးဖြတ် မရတဲ့ အမေ့မေတ္တာ..

သားကြီး သြရသ မဟုတ်ပေမဲ့..
အာဇာနည်ရဲ့ မျိုးရိုးသိက္ခာ..
တသဝေမတိမ်း ထပ်တူထပ်မျှ နင်းပြခဲ့တာ..
ဖခင်ခြေရာပေါ်က..သမီ့းရဲ့ ခြေရာ

လောဘသား..အာဏာရူးတွေလက်ထဲက..
ချောင်ပိတ် ရေနည်းငါးတွေ အတွက်..
လွတ်မြောက်ရေးသို့ 
ဦးဆောင် လမ်းပြပေးတာ..
ကြယ်စင်လို ရွှန်းပတဲ့ အမေ့စေတနာ

ယုံကြည်ရာလမ်း..ငြိမ်းချမ်းသော လမ်း..
စံနမူနာပြ..မလျှော့သောဇွဲလုံလနဲ့ 
ရင်မြေကတုတ်..နောက်မရွံ့ ဆုတ်တာ
အမေ့ ရဲ့ ခိုင်မာ သစ္စာ

ရင်ဝယ်သားတွေကို
အမိမြေအတွက်စွန့်ပစ်..
မြန်မာမှန်သမျှ ကျောသားရင်သား မခွဲခြားချစ်..
ယုတ်လတ် မြတ်မရွေး ချစ်ခင်မြတ်နိုးတာ..
အမေ့ရဲ့ ကြီးစွ မေတ္တာ

နှစ် နှစ်ဆယ်ရဲ့ လှပတဲ့ အမေ့အချိန်များ..
အာဏာရှင် ပါးကွက်သားအောက်မှာ..
ကျေမွနေရတယ် အများထင်ရပေမဲ့..
အနင်းခံတဲ့ မြက်..ပိုသန်တယ်အမေ..
အနစ်နာခံတယ်ဆိုတာ..အပြောလွယ်ပေမဲ့..
လက်တွေ့ ခက်တယ် အမေ
ပြည်သူ မေတ္တာ ဆိုတာ
အမေနဲ့ဘဲတန်တယ်အမေ.

ဘယ်နေရာ သွားသွား..
အမေဟာ မွေးပျံ့ နေတဲ့ နှင်းဆီတပွင့်..
တက် နေပြင်းအောက်မှာ..
လေအလာမှာ ဦးမော့နေဆဲ
ဂုဏ် ကျက်သရေတင့်
အာဇာနည်ကို မြတ်နိုးသူ အပေါင်း
ရွေးချယ် ဂုဏ်ထူးဆောင် ဆုချီးမြှင့်

ဂုဏ်ပြုတယ် အမေ..
အမေ မျှော်သော…
ဤခရီး မဝေးတော့ ပါ..
အရှေ့ ဆီ ရောင်နီသမ်းနေဆဲ..
မုန်တိုင်းကိုကျော်မဲ့ ဒီ (၆၄ ) နှစ်ဆိုတဲ့ အသက်..
မနက်ဖြန်ဆို..အိမ်မက်ထဲမှာကျန်ခဲ့မယ်။

ဒီမွေးနေ့ အတွက်..
ပန်ပါလေ..ခရေတစ်ကုံး..
အလှဆုံးပြုံးလိုက်ပါအမေ။

မသဒ္ဓါ။ (၆။၁၉။၂၀၀၉)
(၆၄ နှစ်) မွေးနေ့ မင်္ဂလာအတွက်..

အမေ..
တချို့ လူတွေ က မွေးလာပြီး..အသက်ရှင်နေတဲ့အခိုက်..သူတပါးဆီက ယူဘဲယူတတ်တယ်။ ပြန် အပေးမရှိဘူး။
တချို့ လူတွေ ကတော့ ကိုယ်သူများကို ဘာလုပ်ပေးနိုင်မလည်းဘဲ စဉ်းစားတယ်။ အယူ မရှိဖူး။
အမေက မျိုးစဉ်အဆက်..အပေး အတွက်ဘဲ..ဘ၀ လူဖြစ်လာတဲ့သူ။
အမေ့ အနစ်နာ စေတနာ မေတ္တာ တို့ အတွက်..မြန်မာ တမျိုးသားလုံး၏ ကိုယ်စား မသဒ္ဓါမှ ကျေးဇူး ဥပကာရ အထူးတင်ရှိပါသည်။ အမေ ခြေရာ မြူတမှုန်မှ မမီညားသော်လည်း ကျမ တတ်နိုင်သမျှ ဆက်ကြိုးစားပါမည်။

အပြည့်အစုံသို့ 

Thursday, June 18, 2009

မြန်မာ၏ အစ..မြန်မာ၏ အဆုံး.


မြန်မာ ဘယ်ကစသလဲနှင့်
မြန်မာ ဘယ်အချိန်ကစသလဲ
ဘယ်သူသိသလည်း..

" မြန်မာအစ တကောင်းက "
" မြန်မာအစ ကျောက်ဆည်ကူမဲက "
" မြန်မာအစ ပုဂံက "
'' မြန်မာအစ မြန်မာ"
"ပျူစစ်လျှင် မြန်မာ"
သီအိုရီများစွာကွဲပြားနေဆဲ..
တုတ်ထမ်းပြောရမဲ့ မေးခွန်းပေါင်းများစွာ..
ဂျာဗားလူ-ပီကင်းလူ
ရှေးဦးလူတွေကြား
အညာသားများဆိုတာ
ရှေးဦးမြန်မာများ..
ပြဒါးလင်းဂူ ကသက်သေရှိတယ်။

တိဗက်လူများ နဲ့ သွေးနှော..
တိဗက် မြန်မာမျိုးနွယ်စု မှ
တကောင်းခေတ်ဦးအစ၏ ပျုလူမျိုးများ
အရှေ့ကို လားသော် ကမ္ဘောဒီးယား၊
တောင်ကို လားသော် ပင်လယ်၊
အရှေ့တောင် လားသော် ယိုးဒယား
အနောက်ကို လားသော် အိန္ဒိယ
မြောက်ကိုလားသော် တရုတ်
အင်အားကြီးတဲ့ ပျူနိုင်ငံ
မြန်မာမြေမှာရှိတယ်။

သရေခေတ္တရာ၊ ဟန်လင်း၊
ဗိဿနိုး၊ သုဝဏ္ဏဘူမိ၊
ဝေသာလီ မြို့ပြနိုင်ငံ..
''မြန်မာအစက ပျူအမှန်"
ရေကြည်ရာမြက်နုရာဖြတ်သန်း
အာသံ၊ မဏိပူရ၊ ဗြဟ္မပုတ္တရမြစ်ဝှမ်း
မဇ္ဈီမ ဒေသ၏ ဗြာဟ္မဏ၀ါဒလွမ်းမိုး.
အနော်ရထာလက်ထက်..ကျမှ
ဗုဒ္ဓဝါဒ စိုးမိုးတယ်။

ပုဂံ, မြင်စိုင်း,
ပင်းယ, အ၀ (အင်းဝ),
ဟံသာဝတီ တောင်ငူ.
ရွှေဘိုကုန်းဘောင်.စစ်ကိုင်း
အမရပူရ...ရတနာပုံ မန္တလေး
ရာဇ၀င်သမိုင်း အဆက်ဆက်..
ဌက်ကြီးတောင်ဟေ့..ဌက်ကြီးတောင်..
သံရောင်ဖွေးဖွေး
သတ္တိသွေးနဲ့ 
ဓားထက်လာတာ ဒို့ ဗမာ
ကိုလိုနီနယ်ချဲ့ ..ရရာလက်နက်..
တိုက်ဖျက်ခဲ့တာ ဒို့ ဗမာ

ဧရာဝတီရယ် စီးဆင်းသ၍
စပါးဆန်ရေ..မိုးမျှမောက်တဲ့မြေ..
ဆီကိုရေချိုး..ဆေးရိုးမီးလှုံတဲ့ အမိမြေ
အခုတော့လေ..
စပါးကျီအိုး..
ကြွက်ဆိုးက ထိုးခဲ့ပြီ။
ဆန်ထောက်ပံ့ရာ အာရှစပါးကျီ..
အခု ထမင်းရည်သောက်
ဗိုက်မှောက် အိပ်နေရပြီ။

မြန်မာ အစ
ကျောက်ဆည်က စ..မစ တော့ မသိဖူး..
မြန်မာ အဆုံးတော့
ကျောက်ဆည်သားကြောင့်
ကြက်သရေဆုံး..မျိုးလည်းတုန်းတယ်။
မတန်မရာ ရာဇပုလ္လင်ဝင်ထိုင်တာ..
သံဃာစင်ပါ ပြိုသွားတယ်။

မြန်မာပြည်ရဲ့ တစ်ခြမ်း..
မြန်မာ စကားမတတ်တဲ့ တရုတ်ရဲ့နယ်.
ဟူးကောင်းတောင်ကြား
ရုရှားက နေရာယူတယ်။
အနောက် တလွှား..
ကုလားများ.အလံထူတယ်။
ခွေးလို နေရာမရတဲ့ မြန်မာ
လွင့်စင်နေတာ အဝေးမှာ.
တွေ့ ချင်ရင် ထမင်းထုတ်နဲ့လည်ရှာ
ကမ္ဘာပေါ်မှာ.
မြန်မာမြေကလွဲ.
နေရာတိုင်းမှာ မြန်မာ ရှိတယ်။
ကမ္ဘာပေါ်မှာ ကျမတို့ 
အဆိုးဝါးဆုံး စစ်ပြေး ဒုက္ခသည်
မျက်နှာငယ်ငယ် နိုင်ငံပျောက်
ယောင်လည်လည်။

မသဒ္ဓါ (၆။၁၈။၂၀၀၉) ဘ၀တူများသို့ ..

အပြည့်အစုံသို့ 

ကျမ အဖိုး နဲ့ နေရွှေသွေးအောင်၏ အဖိုး

မှတ်မိသေးတယ်
ကျမ အသက် (၈) နှစ်..
ရန်ကုန်မှာ လေနီကြမ်းကျတဲ့ည.
မိုးကောင်းကင်နီရဲ..သဲလိုက်တဲ့ မိုးရေ..
လှိုင်းလို ဆင့်ဆင့်ကြမ်းတဲ့လေ..

မနက်အထ..လျှောက်ကြည့်တဲ့အခါ
သရက်ပင်အောက်..
အသိုက်ပျောက်ဌက်ငယ်..
မြင်မိတယ်..။
“အဖိုးရေ လာကြည့်ပေးပါ..
ဒီမှာ..သေခါနီးဌက်..
သေတော့မယ်ထင်တယ် သနားပါတယ်”

အဖိုးက.ကြင်နာစွာ ပြုစုပေး
ဒီဌက်ကလေး ပိစိကွေး..
အမွေးအတောင်တွေ
ရေခြောက်အောင် သုတ်..
မျက်နှာသုတ်ပုဝါကို အသိုက်လုပ်..
အစာကြွေး ရေပေး
မီးသီးနဲ့  အပူပေး..
ခြင်းကြားလေးပေါ်အုပ်ပြုစုပေးတဲ့အခါ..
ဌက်ကလေး.ခမြာ အသက်ရှင်..
ဒါ..ကျမ ငယ်ငယ်က ပုံပြင်

အဖိုးဆိုတာ မြေးတွေ ရဲ့ ရှေ့ ဆောင်ပါဘဲ
အဖေထက် ပိုကြင်နာတယ်..
အဖေတွေ ထက်ပိုစိတ်ရှည်တယ်..
သားမှာအချစ်..မြေးကျ အနှစ်..
ကောင်းတာတွေ သင်..
လမ်းညွှန်တတ်တဲ့ အဖိုးအပေါင်း.
မြေးတွေ ကောင်းကောင်းသိတယ်..

ပုရွက်ဆိတ်တွေ ရဲ့လမ်းကြောင်း..
ဆန်လုံးလေးတွေ ကြဲ သူလှု
အတောင်ကျိုးဌက်..သူ အစာရေစာဆက် ပြုစုကူ
ရေနစ်တဲ့ ပိုးကောင်လေး.
သူ ဆယ်ယူ..အသက်မသေစေဖူး..
ကားတိုက်သေ ပုပ်စော်နံ့ တဲ့ ခွေး..
ထိချင်သူမရှိ..မရွံမရှာ..သူမြေမြှုပ်ပေးတယ်..
အမှိုက်ရှုပ်တဲ့ လမ်း သူ သန့် ရှင်းပေးတယ်။

ညည လသာချိန် မြေးတွေ ပေါင်ပေါ်တင်
မြန်မာစစ်သူရဲကောင်းပုံပြင်တွေ ပြောပြတယ်.
ကျန်စစ်သား ကအစ..ဘုရင့်နောင် အလောင်းဘုရား
မြန်မာ့ လက်ရုံး စစ်အာဇာနည်များအကြောင်း
စစ်အတွင်း မြန်မာ့တော်လှန်ရေးအကြောင်းပြောပြတယ်..
အောင်ဆန်းဟာ သူ့ အတွက်တော့ သူရဲကောင်းကြီးဘဲ

အဖိုးသင်တဲ့အတွက်ဘဲ..ကျမ ဇာတိမာန်တက်ခဲ့တယ်..
အဖိုးအမြင်တွေနဲ့ .ကျမ အမျိုးကို ချစ်မြတ်နိုးတတ်တယ်..
ကျမအဖို့ တော့ အဖိုးဟာ ကျမရဲ့ သူရဲကောင်းကြီးဘဲ။
ကျမမြေးတွေ ကျ လည်း အဲဒီလိုသင်မယ်..
မိမိ အမျိုးဂုဏ် ဒီလိုဘဲ ဂုဏ်တင်တတ်ရမယ်။

ကျမ အဖိုးက ဘယ်သူမှမဟုတ်ပါဖူး.
ဂန္ဓ၀င်မဟုတ်ပါဖူး..အာဏာရှင်မဟုတ်ပါဖူး။
နေသွေးအောင် အဖိုးလို ရုပ်ကြမ်းကြီးနဲ့ ဖြဲနေသူမဟုတ်ဖူး
ဂျပန်ခေတ်တော်လှန်ရေးခေတ် ပြောက်ကျား.
စစ်အပြီး လယ်လုပ်စားတဲ့ သာမာန်လူ.
မြန်မာအဖိုးအိုပီပီ ကြင်နာတတ်တဲ့လူ

ကျမ တစ်ခုဘဲသိချင်တယ်..
အဖြေ အခုထိစဉ်းစားမရ တဝေ့လည်လည်.
ရွှေနေသွေးအောင်ရဲ့ အဖိုး..မိုးပေါ်က ကြယ်ကလေးရဲ့ အဖိုး..
သူမြေးကို ဘာတွေ သင်ပေးမလည်း..


လူယုတ်မာက အဖိုး.
ခြေရာနင်း မြေးဆိုး

“မြေးရေ..ရသလောက်သာခိုး..လူဆိုးကြီးလုပ်..
တိုင်းပြည်ကို ဒုတ်ဒါးမိုး..ဆိုးခိုးတတ်သ၍
ငါ့ မြေး အသေမှတ်..ထမင်းမငတ်ဖူး ဘဲသင်မလား..

“ မရရင် ခိုး..မပေးရင် လုယူ..ရရင် ဘိန်းအ၀ ရှူ..
သူများ မျက်ခုံးပေါ် ဇင်္ကြန်လျှောက်သူ..ဒီလူမှ တော်..
သံဃာဆိုတာ အလကားလူ..ကျောင်းသားဆိုတာ..နားပူ..
ထောင်ထဲသာထဲ့..ခွေးဟောင်တယ်သာ မှတ်ဟဲ့
ငါမြေးလိုချင်တာ..ဘာဖြစ်ဖြစ်ပေး ငါ့လူ..
မော်ဒယ် တစ်ည ဆယ်ယောက်
ပန်းဦးသောက်ချင်သောက်..
မူးယစ်ပျော်ပါး..မင်းတို့ နောက်ကစောင့်ရှောက်..
ကျောင်းမှာ..အီးအီးပါဖို့  အိမ်သာ သီးသန့် ဆောက်
လိုချင်တာ..လိုတရ..စေတလုံးဖြစ်ရအောင်..
အိုပစေ မသေသေးသ၍..ဒီထိုင်ခုံက ငါမဆင်း.ငါမဆင်း”

လူယုတ်ပီပီ..ဗီလိန်သီချင်းဘဲ သူရွတ်မလား..
ဒီလို..လူပါးဝ အဖိုးနဲ့  တဏှာကျမြေးဆိုး..
ဦးခေါင်းမဲ့ စစ်တပ်ဆိုးကြောင့်
မြန်မာ ပြည် အောက်ကျ နောက်ကျ..
သူများပုဆိုးဆွဲ တောင်းစားနေရပြီ။
သွားနေတဲ့ road map က .မြောက်ကိုရီးယားဆီ။

သန်းရွှေဟာ ရွှေနေသွေးအောင် အတွက်..
လူစွမ်းကောင်းကြီးတော့ ဖြစ်ချင်ဖြစ်မယ်..
နေသွေးအောင် ရဲ့မြေးတွေ အတွက်တော့..
ဘယ်လို ဆိုကြမလည်း..
" အံမာ...အံမာ..ရှိတဲ့စိန်တွေ
သူတို့ အကုန်စား..
ဒို့ လက်ထက်ကျ တပြားမရှိ..
သန်းရွှေ၏ မျိုးရိုးဖြစ်ရ ဂုဏ်မရှိ..
သူတပါးမျက်ရည်..ကျိန်စာသင့်အမျိုး..
သေချင်းဆိုးနဲ့ အမျိုးမျိုးသေ..
ဟောတယောက်..ဟောတယောက်..
သေပျောက်တဲ့..၀ဋ္ဋ်ဆိုး..
သံဃာသွေးကြွေး ကျုပ်တို့ အထိ ပြန်ဆပ်နေရ.
အသုံးမကျတဲ့.. ဒို့  အဘေး
ရာဇ၀င်ထဲမှာ..အမဲစက်ရေး
မြန်မာကို စုန်းစုန်းမြူပ်စေတဲ့ အာဏာရှင်.
လူမျိုးပြန်း သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား..
အမျိုးတော်ရ..အင်မတန် ယုတ်ညံ့လှတဲ့သူ..
မျက်နှာမရ..ခြေထောက်ဘဲရတယ်။
လူယုတ်မျိုးဆက် အလွန်မျက်နှာငယ်။"

မသဒ္ဓါ ( ၆။၁၇။ ၂၀၀၉)

နာကြင်နေတဲ့ သူကို ကူညီတာ သာမညလေးပါဘဲ ။ ဒါပေမဲ့ ဒါ..လူတိုင်း မလုပ်နိုင်ဖူး။
ဆာနေတဲ့ သူအစာကြွေး အရိပ်ပေးနားခိုစေတာ.. အသေးအဖွဲလေးပါဘဲ။
ဒါပေမဲ့ အကူညီခံရသူအတွက် တသက်စာကျေးဇူး မမေ့နိုင်ပါဖူး။

ညည်းသံကြားပြီး..၀င်းထရံဘေး လဲနေတဲ့သူ..ဒီလူဟာ သူပုန်ဖြစ်ဖြစ် စစ်သားဖြစ်ဖြစ်
သူတောင်းစားဖြစ်ဖြစ်..ယက်တောဘဲဖြစ်ဖြစ်..ဒေါ်အောင်ဆန်းစုကြည်လို အာဇာနည် မဆိုထားနဲ့  ကျမ မသဒ္ဓါ သာမန်ညောင်ည မိန်းမ တောင် ကူညီရဲတယ် ကူညီမယ် ဆိုတဲ့နောက်..
ဗုဒ္ဓဘာသာဝင် အမည်ခံ..စစ် အဆိုးရမင်းများ..မကယ်နိုင်လောက်အောင်၊ ကယ်ချင်တဲ့ သူကို ဒုက္ခရောက်အောင် ယုတ်မာတာ..အမဲမှတ် ဖျက်မရတင်ကျန်ခဲ့ပါတယ်။ အခုလေ မြန်မာ..မြန်မာ..ကမ္ဘာကျော်ပါပေါ့.. ( ပထမ တစ်ခါ ကနာဂစ်.. အခုတခါ က.ယက်တော တပ်မတော် သဘောထားရဲ့ တကဲ့အမှန်..မှတ်ကျောက်အတင်ခံခဲ့ပြီ)
အဖိုးရေ..ကျမ သန်းရွှေမြေးမဖြစ်…အဖိုးမြေးဖြစ်ရတာ ဂုဏ်ယူပါတယ်တော့။

အပြည့်အစုံသို့ 

Thursday, June 11, 2009

နောက်ဆုံးကျည်တစ်တောင့် ၏ လားရာ

သူ့ ရဲ့ လက်ဖျောက်တစ်ချက်တီးတာနဲ့ 
လူတွေ အပြုံလိုက် တိတ်တဆိတ်ပျောက်သွားတယ်။
ဒါပေမဲ့ သူက ပျောက်စေဆရာ တော့မဟုတ်ဖူး

သူ့ ရဲ့ မျက်စတစ်ချက်ပစ်လိုက်တာနဲ့ 
ဘုရား ၀တ္တကမြေ မှာ သွေးချင်းချင်းနီသွားတယ်။
ဒါပေမဲ့ သူက မျက်လှည့်ဆရာ တော့မဟုတ်ဖူး။

သူ့ ရဲ့ လက်ညှိုး တစ်ချက်ထိုးတာနဲ့ 
တောတောင်တွေ တောင်ကတုံး ဖြစ်သွားတယ်။
ဒါပေမဲ့ သူက တန်ခိုးရှင်တော့ မဟုတ်ဖူး။

သူ့ ရဲ့ ပါးစပ်က..စကားတစ်ခွန်းစတာနဲ့ 
ဟောင်နေတဲ့ ခွေးတစ်အုပ် ခေါင်းညိတ်တတ်လာတယ်။
ဒါပေမဲ့ သူက ဆပ်ကပ်ဆရာ တော့ မဟုတ်ဖူး။

သူ့ ရဲ့ မျက်စောင်းတချက် ထိုးလိုက်တာနဲ့
မြို့ ရွာတွေ မီးဟုန်းဟုန်းပြာကျသွားတယ်။
ဒါပေမဲ့ သူက နဂါးတစ်ကောင် တော့ မဟုတ်ဖူး။

သူ လား..ဘယ်သူလည်း သိလား..
သူက အိမ်ကျယ်…
နကျယ်ကောင် လောက်တောင်အသုံးမကျဖူး
သူက လေဖင်ကျယ် အေဘီစီဒီ တောင် မပေါင်းတတ်ဖူး..
ဟန်ရေးကြွယ်ကြွယ်..ဘာကောင်မှ မဟုတ်ဖူး..
သူ ဘာမှ အရာမ၀င်..
တိုင်းပြည်အပြင်ဖက် တဖ၀ါး ချရဲသူမဟုတ်ဖူး.
ဗျောက်မပါ..အိမ်သာတောင် မတက်ရဲဖူး
ဘာစာမှ မတတ်..ဘာ အသိဥာဏ်မှ မရှိဖူး.
မိုက်ဂုဏ်နဲ့  ဖြဲပြ...ဒိုင်ခြောက်ပြီး စားနေတာ။

ဟဲ ဟဲ..
မိုက်တယ်ဆိုတာလွယ်ပါတယ်..
သေနတ်မောင်း မျက်စိတစ်ဖက်မှိတ် ချိန်စရာမလိုပါဖူး။
မှန်အောင် တည့်တည့် ပစ်တတ်စရာမလိုပါဖူး။
လူအုပ်စုထဲ
မကောင်းသူထိပ် ကောင်းသူထိပ် ထိချင်ရာထိပစ်နိုင်တယ်။
ကံဆိုးသူတော့ သေမှာဘဲ။
တော်လှန်ရေး အတွက် အာဇာနည်ဆိုတာစတေးရဲ
ဆန္ဒပြရဲ တန်းကာရဲတယ်။

သင်ရော..မသေဘဲနေမလား..
ကံကောင်းနေတုန်း သင်ရှင်နေလည်း
အဖြစ်မရှိ..တဒင်္ဂပါဘဲ။
ဆန်ကုန်မြေလေး အနှစ်မရှိ..
ပြိတ္တာသာသာ လူပလာ

သင်ဟာ..
ပြည်သူငွေနဲ့ ဝယ်တဲ့ ကျည်ဆန်များနဲ့ 
ပြည်သူ့ အရိုးကို တံတားထိုးသူ

သင်ဟာ..
ပြည်သူငိုတဲ့ မျက်ရည်များနဲ့
ဆည်ရေကာတာ ဆောက်မဲ့သူ

လုပ်ထားဦးပေါ့..နိုင်တုန်း..
သင်ပိုင်သမျှ ကျည်ဆန်အားလုံး..
သူတပါးအသက်တွေဘဲ ဆုံးစေနိုင်တာမဟုတ်ပါဖူး.

သတ္တိ တကယ်ရှိ..
နောက်ဆုံးကျန်မဲ့ ကျည်ဆန်လေးတစ်တောင့်
မင်းဦးဏှောက်ဖို့ တမင်ချန်..

မသဒ္ဓါ ( ၆။ ၁၀။၂၀၀၉)

အပြည့်အစုံသို့ 

Wednesday, June 10, 2009

လူအတူတူပေမဲ့..တယောက်က အဖြူ..တယောက်က အနူ

မြန်မာလူမျိုးချင်းတော့ အတူတူဘဲ။..
စိတ်နှလုံးသဘောကတော့ မတူဖူး
သူတော်ကောင်းနဲ့ သူယုတ်မာ ကွာတယ်။

ကျော်ကြားမှူခြင်း ကတော့ တူပါလိမ့်မယ်..
ခေါင်းစဉ်တတ်တာတော့ မတူဖူး
နာမည်ကောင်းနဲ့ နာမည်ဆိုး ကွာတယ်။

လူစိတ်ဝင်စားတာတော့ တူပါလိမ့်မယ်။
ကြည့်တဲ့ မျက်လုံးတွေက မတူဖူး..
လေးစားတဲ့ အကြည့်မျိုး နဲ့ စက်ဆုတ်တဲ့ အကြည့်ဆိုး

လူတွေ လက်ဆောင်ပေးချင်တာကတော့ တူပါလိမ့်မယ်။
ပေးမဲ့ လက်ဆောင်က မတူဖူး..
ချစ်စရာ ပန်းတပွင့်နဲ့  ထွီ ကနဲ အော့ကြောလန် တံတွေးတစ်စက်

လူတွေ ရဲ့စိတ်တွေ ကို စိုးမိုးနိုင်တာကတော့ တူပါလိမ့်မယ်..
ခံစားချက်ခြင်းကတော့ မတူဖူး..
ပြည်သူ့ မြတ်နိုးမှု ချစ်မေတ္တာနဲ ခါးသီးတဲ့ အမုန်းအာဃာတ

လူချင်းကတော့ တူတူဘဲ
အသက်ရှူတာခြင်းတော့ မတူဖူး..
ရဲရင့် ရင်ကော့ရှိုက်တဲ့လေနဲ့ . ပုန်းရှိုးအပြင်မထွက်ရဲအိမ်ထဲရှူရတဲ့လေ။

အကျဉ်းကျတာခြင်းကတော့ တူတူဘဲ
လွတ်လပ်မှုကတော့ကွဲပြားတယ်..
အပြစ်မဲ့ စိတ်၏လွတ်လပ်မှုနဲ့ . အပြစ်ရှိလူတွေ ကြားမထွက်ရဲမှု

သတင်း တီဗီမှာ ပါတာခြင်းတော့တူတူဘဲ
ကြည့်သူ ကတော့ ကွာခြားတယ်...
ဂရုဏာနဲ့  မျက်နှာမြင် ချစ်ခင်စရာ နဲ့  မျက်နှာမြင် ဖနောင့်နဲ့ပေါက်ချင်စရာ။

စားနိုင်တာကတော့ ဒီထမင်းပါဘဲ
ကြည့်ဖြူသဒ္ဓါချင်း ကတော့ ကွာတယ်.
သူများ ဝေမျှတဲ့ မေတ္တာ အစာနဲ့ ခိုးဆိုးလူယက် ဒါးပြရဲ့အစာ

အိပ်စက်ခြင်းကတော့ တူတူပါဘဲ
ယုံကြည်စိတ်ချ.သူတပါးမေတ္တာရတဲ့ လူရဲ့ လုံခြုံစွာ နှစ်ခြိုက်အိပ်စက်ခြင်းနဲ့ 
ယုံမှားသံသယ.လုပ်ကြံနိုးနိုးကြောက်လန့် ရတဲ့ အိပ်မက်ဆိုး.

အပြင်သွားရင် လုံခြုံရေးကတော့ နောက်က ပါမှာ တူတူဘဲ..
အသေခံ ခုခံကာကွယ်မှာတော့ မတူဖူး.
အသက်ပေးမဲ့ အာကွယ်ပေးမဲ့ လူထု နဲ့ ..ငွေပေးထားတဲ့ စစ်သည်တစ်စု

အရှိန်အ၀ါထယ်တာတော့ တူတူဘဲ
ဂုဏ်သိမ်တော့ ကွာတယ်
ဖန်တီးမရတဲ့ လေးစားမှုနဲ့ ..အတုဖန်တီး ငွေပေး ဘုရားခေါ်စေမှု

လက်မထောင် နိုင်တာကတော့ တူတူပါဘဲ
လက်သီးဆုတ်ခြင်းတော့ မတူဖူး..
အားအင်ပါတဲ့ လက်မောင်းတန်းလက်သီးနဲ့ ..ပုဆိုးခြုံတဲကထောင်တဲ့ လက်သီး

အသက်ကြီးရင့်လာတာတော့ တူတယ်..
ရင့်ကျက်မှုက မတူဖူး..
တယောက်က ပြည့်ဝ...တယောက်က နောက်ကျ

သေမင်း ကတော့ တနေ့ ကြုံရမှာပါဘဲ
သေခြင်းမျိုးတော့ မတူဖူး..
ကြောက်ရွံ့ ကင်းစွာသေခြင်း နဲ့  အတ္တမကင်းကြောက်ရွံ့စွာသေခြင်း

ဈာပနကျင်းပကြတာတော့ တူမှာဘဲ..
စည်ကားမှုကတော့ တူမယ် မဟုတ်ဖူး..
အများငိုကြွေးကြမဲ့ ဈာပန နဲ့ ..ပျော်ပွဲကျင်းပကြမဲ့ ခွေးမသာပွဲ

သေခြင်းတဖက်၏ လားရာ..
တယောက်က အထက်..တယောက်ကအောက်

သမိုင်းမှာ နာမည်တင်ကျန်ရစ်တာ အတူတူပါဘဲ..
ပန္နက်ထိုးပုံခြင်းက မတူဖူး
တဦးက..မေတ္တာရှင်...တဦးက အာဏာရှင်..

အားလုံးသိတယ်..
တယောက်က ပြည်သူ မိခင်...
တယောက်က..ယုတ်ညံ့ အာဏာရူး ဘီလူးသဘက်

လူ့ တသက်မှာ တခါဘဲ သေပါတယ်..
ရဲရင့်ရင် တခါဘဲသေ..မရဲရင့်တဲ့အခါ..ဘ၀များစွာသေ
မြန်မာပြည်မှာမွေးသော လူတူသော်ငြား.
မြင့်မြတ်မှုက…မိုးနဲ့ မြေကွာတယ်..
ရဲရင့်သော အမေ နဲ့ ..ယုတ်ညံ့တဲ့.အာဏာရှင် သန်းရွှေ

မသဒ္ဓါ ( ၆။ ၁၀။၂၀၀၉)

အပြည့်အစုံသို့ 

ခွေးသေ ၀က်သေသာ သေဟဲ့


ကျန်စစ်သားက သစ္စာရှိစွာ
စောလူးမင်းကို တိတ်တဆိတ်လာကယ်တယ်..
သူက အော်တယ်.. 

ကျန်စစ်..ငါ့ကို သတ်ဖို့ လာခိုးတယ်။

သံဃာတွေက ဂရုဏာရှိစွာ

စိတ်ယုတ်မာတွေကုပေးဖို့ မေတ္တာသုတ်ရွတ်ကယ်တယ်....
သူက ပစ်တယ်.. 

ဘုန်းကြီးတုတွေ..ငါ့ကို သတ်ဖို့ လာတယ်။

ကံမပါ..ဘယ်သူ ကယ်မရ..
သဗ္ဗေ သတ္တာ ကမ္မသကာ
ကံသာလျှင် အမိ၊ ကံသာလျှင်အဖ
ကံပစ်ချရာနေ ကံကပေးတဲ့ အမွေကိုစား
ကံသစ်မချ..အဟောင်းဘဲစားချင်တဲ့ လောဘသား

မသဒ္ဓါကတော့
လူယုတ်မာ ရဲ့ အတ္တဘော
အလေးခံသယ်မသွားတော့ဖူး..
ဘုတ်ကနဲ့ အောက်ပစ်ချ..စွန့်ခဲ့တယ်..
" တယ်..ဒီလူယုတ်မာ 

လူယုတ်မာတွေ လက်..
နင်...ခွေးသေ ၀က်သေသာ သေလှည့် "

ယမမင်းရယ်..၀မ်းသာအားရ ကောက်ပါလှည့်။
မသဒ္ဓါ ( ၆။ ၁၀။၂၀၀၉)

အပြည့်အစုံသို့ 

Tuesday, June 9, 2009

လောဘကြီးတဲ့ ကုလားအုတ်တစ်ကောင်အကြောင်း

တရံရောအခါ..
သဲကန္တာရ.
ဖြတ်သွားတဲ့ ကုန်သည်..
ရောင်းကုန် စည်စလယ်
ရွက်ဖျင်တစ်တဲ
ကုလားအုတ် တစ်ကောင်ဘဲပါတယ်။

ညအခါ စခန်းချ..
ရွက်ဖျင်တဲထိုး အိပ်မယ်အကြံ..
အပြင်က
ကုလားအုပ်က စကားစ..
တိုးတိုး အသနားခံတယ်။။

“ သဲကန္တာရဲ့ ည..
အပြင်မှာ ကျနော်တစ်ကောင်ထည်း..
ချမ်းလှပါ့အရှင်..
ရွက်ဖျင်တဲ ကလေးထဲ..
ကျနော့နှာခေါင်းလေးဘဲဝင်..
ခွင့်ကလေးတော့ ပေးပါ့အရှင်..
သခင့်ကျေးဇူး အထူး ကျနော်မမေ့ပါ။
အသက်နဲ့ ထပ်တူ ဆပ်မှာ။”


သခင်ကုန်သည်.က စဉ်းစား..
ရွက်ဖျင်တဲက အကြီးသား..
ဒီကုလားအုတ်နဲ့  ခရီးသွား
သူ က အသုံးကျသား
သူရဲ့ နှာတစ်ဖျား..
ဘာမှ မဖြစ်လောက်ပါဖူး..
“ ကဲ လာလေ ၀င်လာခဲ့ ”
အချိန်များစွာ မကြာ..
ကုလားအုပ်က တစ်ခါ ထပ်ပြောပြန်တယ်..
“ကျေးဇူးပါ သခင်..
နှာခေါင်းဖျားတော့ အနွေးသား..
သဲမုန်တိုင်း အတိုက်.
မျက်စိထဲ သဲများဝင်လို့ 
လည်ပင်းလေးလောက်များ..
ဝင်ခွင့်ပေးပါလား.”


“ အော်..သူလေ ဟုတ်ရှာမှာဘဲ..
မျက်နှာကလေးတစ်ခုထဲဘဲလေ..
သနားပါတယ်..၀င်ခဲ့လေ..”


ဒီလိုနဲ့ တစ်စတစ်စ..
ဖ၀ါး ခြေချ..
ရှေ့ တိုး ၀င် ၀င်လာတဲ့ ကုလားအုတ်
နှာခေါင်းဖျားက..လည်ပင်းသား.
ကိုယ်လုံးများနဲ့ ခြေ..
အမြီးတိုင်ထိအောင် တိုးဝင်ရွက်ဖျင်တဲ..
သခင့် ကိုယ်ပေါ်တက်ဖိ..
သခင် အသက်ထွက်ထိအောင်..
ဒါက…
လောဘကြီးတဲ့ ကုလားအုတ်တစ်ကောင်..

တကယ်ဘဲ ဒီပုံပြင်က
မြန်မာပြည်မှာ ရှိခဲ့တယ်..
လူလည် နေ၀င်း..တိုက်ပွဲကျသွားခဲ့တယ်။
ကုလားအုတ်က သူ့ အဖေကြီးထက်လည်။
သူခိုးထက် သူဝှက် ကသာနေတယ်။

မသဒ္ဓါ (၆။ ၈။၂၀၀၉)

အပြည့်အစုံသို့ 

ဘယ်မလည်း..ဦးပေါင်းစင်းနဲ့ မြင်းညိုရှင်


နန်းတွင်း ညီလာခံပွဲ
အိုမင်းလက်ပြင်းတွဲ
မင်းတရားရဲ့ လက်မောင်းကိုမြင်လို့ 
မူးမတ်တွေ လှောင်ပြုံးပြုံးတဲ့အခါ..
မင်းမာနနဲ့ အလောင်းစည်သူမင်းက..
“ တူရွင်းတောင်ခြေမှာ..ညနေခါ..
မြင်းစီးနေတဲ့  ဦးပေါင်းစင်းနဲ့ 
မြင်းညိုရှင် သူရဲကောင်း
အရှင်ဖမ်းကာ ငါအားဆက်သ
ဆုငွေချမယ် မောင်မင်းတို့ "
စိန်ခေါ်ပညာပြတယ်..

ဆုငွေလိုချင် မူးမတ်မင်းချင်း
ဟန်ရေးတပြပြ အမဲလိုက်သူတစ်သင်း
မြင်းညိုကောင်းတစင်းက. လေအလျှဉ်မြန်
ဦးပေါင်းစင်းစ လေ၌လွင့် ရိပ်ရိပ်သဏ္ဍာန်
မည်သူ ဘက်မပြိုင်..မည်သူမှ မဖမ်းနိုင်..
မိုးစုတ်စုတ်တိုင်စဉ် လက်မှိုင်ချ..
ဒီလောက် အစွမ်းထက်မှ..
နတ်သကြားကိုယ်ထင်ပြတာမုချ…
မူးမတ်တွေ ညံ့တာ ၀န်မခံကြဖူး။

မနက်ညီလာခံ..
ဖမ်းမမိ အမှန် လျှောက်တင်ကြ..
“နတ်သားက အယောင်ဆောင်..
ဖမ်းမမိအောင် စွမ်းလှပါဘုရား.”
အလောင်းစည်သူက ပြုံးပြတယ်။
“ မနေ့ က ညချမ်း
ဦးပေါင်းစင်းနဲ့ ရုပ်ဖျက်တာ ငါ..
ငါ့ လက်မောင်း ပျဉ်းတွဲကျ..
ရီမောကြတဲ့ မူးမတ်တစ်ရာ..
ယောက်ျားကောင်းကို တုနိုင်ရိုးလား..
“ဟယ်..ငါ မအိုသေး..”
အာလုပ်သံနဲ့ ဟစ်ကြွေးတယ်။
သူက မင်းကောင်း ..သက်သေပြကောင်းတယ်။
ယောက်ျားဆို..ယောက်ျားမာနရှိရတယ်။

ကျောက်ဆည်က အဖိုးအို..
သင် အိုလေပြီ..
လူသူ တွဲမ ချ
ဘုရားမုခ်ပေါက်က ဆင်း ချိန်.
စစ်မဟာ စစ်ဆေး..
လမ်းတောင်မှ မလျှောက်နိုင်တဲ့အချိန်..
မောပန်း အားမရှိ.
မိန့် ခွန်းတောင် ဖြောင့်ဖြောင့် မဖတ်နိုင်တဲ့အချိန်
သင် ရှက်တတ်ပါက..
အငြိမ်းစားယူရမဲ့အချိန်..
ပုတီးစိတ် တရားထိုင်
လူသတ်ရမဲ့အချိန် မဟုတ်ဖူး.

မသေမချင်း မဆင်းရဲသည်လား..
ဆင်းရင် ဗျင်းမယ် ကြောက်ချေးပန်းနေပြီလား.
သင်၏ အကုသိုလ်..အရှိန်ထတောက်..
ဘ၀က ဆီမီးကုန်ချိန်ရောက်နေပြီ.

နိုင်ငံတော်၏ ဈာပန..
သင့် မသာချချင်သေးသလား.
သင့်မျက်ခွက်ကြီး
အလေးပြုကြမယ် ထင်နေပါသလား.
ပြည်သူတွေ မျက်ရည်ရွှဲ
တသသဖြစ်နေမယ်.သင်မျှော်လင့်ပါသလား..
ဦးနေ၀င်းလို အရိုးပြာရေချ..
အစရှာမရပြီလား..
စိုးဝင်းလို အလောင်း ထော်လာဂျီပေါ်တင်.
လွမ်းပြနေမယ် ထင်သလား.

သင် စွမ်းပါလျှင်..သက်သေပြ..
စီးပြလေ..မြင်းညိုတစ်စီး..
ဦးပေါင်းစင်းနဲ့  တူရွင်းတောင်ခြေ..
သင်..မအိုသေးရင်..ကြည့်ပါရစေ.။

မသဒ္ဓါ ( ၆။ ၈။ ၂၀၀၉)
ဘုရားလည်းပြို လူလည်းအိုပြီ ငါ့ကိုကြိုးစင်ပို့ပါတော့ ဆိုသော စကားလေးကြောင့် ဒီကဗျာလက်တန်း ရေးမိပါတယ်။ လာရေးပေးသူ သတိပေးသူ အား ကျေးဇုးပါ။

အပြည့်အစုံသို့ 

Monday, June 8, 2009

ရဲရဲရင်ဆိုင်..သတိပိုင်ဖို့  စစ်သည်သို့ 

ရှေ့ ဆက် ဘေးတွေ့ ရဲသလား.
တပ်ဖျက်ဘဲ ပြေးမလား.
စဉ်းစားနေတုန်းဘဲလား..
တွေဝေနေတုန်းဘဲလား..
အချိန်နဲ့ ဒီရေ..
လူကို စောင့်မနေဖူး..
ဘုရင်မ သေ..
တိုက်ပွဲ ပြီးပြီလေ။

အမျိုး ဖျက်ရဲသလား..
အကျိုးအတွက် အသက်မပေးရဲပြီလား
လောက်ကောင်စာရင်း သင့်နာမည်ထိုးခဲ့မည်လား။
မလှုပ် မပြုတ်..
အနူတ်စုတ် ဂုတ်စုတ်..
သင် ဖြစ်ချင်ပါသလား.
တော်သူဆိုရင် ပြုတ်
မတော်သူ..ရာဇပုလ္လင်ပေါ်ငုတ်တုတ်..
ပြည်သူတွေ ကို ဖြုတ်ထုတ်သတ်
ဖြတ်လေးဖြတ်..သတ် လေးသတ်
ကိုလိုနီ ကျွန်ဘ၀ထက်..ငတ်
စစ်ကျွန်ဘ၀က အနေကျပ်တယ်။

ကဲ မှန်းစမ်း..
တပ်မတော် သားကြီး မောင်ငယ်..
ရောမ အင်ပါယာ ပြုန်း
နာဇီ အာဏာရှင်စံနစ်ပျက်သုန်း.
နပိုလီယံ စစ်ဘုရင် ငိုကြွေးဘ၀ဆုံး
ကြိုးတချောင်းဘဲသုံးရတဲ့ ဆာဒန်ဟူစိန်ရဲ့ဘ၀နိဂုံး
နေမ၀င်တဲ့ အင်ပါယာမရှိ..
ဇရာ ပြောင်းလဲခြင်းအမြဲရှိတယ်။
စစ်သား ငါးသိန်း..
ဘယ်နှစ်ယောက် ကောင်းစားမလည်း။
ဘယ်နှစ်ယောက် ဂျောင်းသွားပြီလည်း..
ပြည်သူကို တဲ့တဲ့ပစ်တဲ့
စစ်တပ်ရဲ့ခေါင်းဆောင်နေ၀င်းရဲ့ပြာ..
ရေမှာ ပျောက်ခဲ့တယ်..
မျက်နှာပြောင်တဲ့ စောမောင်..
ရူးပြီး သေသွားတယ်..
ထောက်လှမ်းကောင်းတဲ့ ခင်ညွန့် 
ကိုယ့်ထောင်ချောက်နဲ့ ကိုယ်ခွေတယ်။

သင်ဘယ်လောက် မိုက်ရဲပါသလည်း.
သင်ဘယ်လောက် ညစ်ပတ်ရဲသလည်း.
အကယ်၍ မောင်ငယ်ဟာ
ခေါင်းညိတ်နားထောင်..နှာစေးတတ်တဲ့ ယုန်ငယ်
အလည်အလတ် မဖြစ်ညစ်ကျယ်.အရာရှိငယ်.
စစ်လူယုတ်လောကထဲ သင်မတွင်ကျယ်..
လူကောင်းလောကထဲလည်း ဆန့် ဝင်မကြွယ်
သင့် အနာဂတ် ဘယ်ဆီဘယ်ဝယ် ???

တပြည်လုံးမွဲ..ဆင်းရဲတွင်းနက်နေတယ်.
ပညာရေးမရှိ..လူတွေ အသိမကြွယ်..
သယံဇာတ ဘယ်လောက်ကြွယ်ကြွယ်.
တနေ့ ကုန်ဆုံးမယ်..
တောတောင်ရေမြေရာသီ..ပျက်စီးနေပြီ
အထက်ပိုင်းအရာရှိတွေ ခိုး..စာရိတ္တကျိုးတဲ့အခါ
သင့်အလှည့်ဟာ ရမယ် မရေရာ။
ရုရှား စစ်လခ ပေါင်မုန့် ဘဲရတယ်။
မြောက်ကိုရီးယား လခ..စားမလောက်ဆင်းရဲတယ်။
မြန်မာစစ်သားလခ..ဘယ်လောက်ရပါ့မလည်း

မောင်အေးလို အလကားရ အရက်သောက်
နေ့ တိုင်း သင်မမူးနိုင်ပါဖူး.
သင့် မယားတော်..စိန်ဖူးကြိုးမဆွဲနိုင်ပါဖူး..
သင့်သမီး ကို စိန် သင်မဆင်နိုင်ပါဖူး
မင်းယုတ်ခစား…ကမ်းနားသစ်ပင်..
ကံနိုမ့်ကျခဲ့ရင်..အရိုက်ခံရဖို့ ဘဲပြင်..
အမောင်စစ်သား စဉ်းစားသင့်ပြီ..
စိတ်ကူးယဉ်အိမ်မက်..လန့် နိုးသင့်ပြီ.
နောက်မကျစေနဲ့ ..
သင်ဘာလုပ်သင့်သည်။

မသဒ္ဓါ ( ၆။၇။၂၀၀၉)
ဖိုးတရုတ်၏

နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ
06.07.09
စာဖတ်ပရိသတ်များခင်ဗျား
ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိတစ်ဦး ပေးပို့လာတဲ့ သူ့ကိုယ်တွေ့ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက်ပိုပြီး ထောက်ပံ့ကာ အနာဂတ်အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အသုံးဝင်အောင် အဓိပ္ပါယ်ရှိရှိ မွေးမြူသင့်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံ့ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း အခုလို တာဝန်ထမ်းဆောင်ဆဲမှာပင် ရေးသားပေးပို့လာတဲ့ ရုရှားပြန် မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ
ဆောင်းပါးရှင် - မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။
သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။
ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။
ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။ ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။
ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။
ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။
ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။
ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။ နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။
အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။
ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။
ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း ဗိုလ်မှူးချုပ် တင်စိုး
အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။
အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)
ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။
ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။ ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။
ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။
သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။
ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။
(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက်နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)
ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။ ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။
နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။
တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။
အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။ သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။
မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော် လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင် အေး ထံ တင်ပြထားပြီး ဖြစ်ပါသည်။ သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။
ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူး ပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံး ကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။
ရုရှားတွင် နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုး စားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွား ကြပြီ ဖြစ်ပါသည်။
ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသောပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ် ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။
http://www.photayokeking.org/?p=3367 မှသတင်းဆောင်းပါး ကိုခံစား၍ရေးပါတယ်။ ကျေးဇူးပါ မောင်လေးဖိုးတရုတ်။

တိုင်းပြည်သာယာမှ..စစ်တပ်ကောင်းစားမှာပါ။ စစ်တပ် ကောင်းစား၍ တိုင်းပြည်သာယာရိုးမရှိ..
သတိရှိပါစေ..မောင်ငယ်တို့ ..
သင်၏ မြေသည်…သင်၏အတွက်..အေးအတူပူအမျှ မောင်နှမ အားလုံးမှီတင်းနေထိုင်ရန်အတွက်..
စစ်သက်က ကုန်နေပါပြီ.သိစေချင်သည်။

အပြည့်အစုံသို့ 

ရွှေဘကြမ်းချိန်..ရောက်နေပြီ..


မျက်ရည်လက်စက်.
"အမလေး ကြောက်ပါပြီဗျ"
ဒူးဖက်ရမဲ့ ရက်တွေကုန်ခဲ့ပြီ.
"အော် အာဏာရှင်ရယ်…
မင်းလေ..တယ်ရက်စက်.."

ဒီ..စုတ်သတ်ရက်တွေ ဆုံးခဲ့ပြီ။
သန်းခေါင်ထက်တော့ ညကမနက်..
စဉ်းစားရ ခက်မနေနဲ့ ..မိတ်ဆွေ..

ကြောက်ဒူးတုန်ရက်..
ရှေ့ ဆက်တက်ဖို့ ဘဲရှိသည်။
အချိန်ကြာကြာလေ..
လူယုတ်..အရှိန်တွေ သာလေလေ
ကြံဖွတ်လူယုတ်…ငတေမာလေလေ..
အကျိုးနည်းတော့မဲ့ မြန်ပြည်။

ကြက်ဆူဆီ..အီတီတီဘဲသောက်သောက်
ကနခို..အချိုနဲ့ဘဲ ၀ါးဝါး
သင်္ဘောသီး..ခပ်အိအိဘဲစားစား
ဆေးခါးနဲ့ ဝမ်းချမလား
ပျားရည်နဲ့ ဝမ်းချမလား.
ဆပ်ပြာရည်နဲ့  ၀မ်းချမလား
ကြမ်းချင်ကြမ်း နူချင်နူ..
ဝမ်းသက်..
ရင်ထဲက..အဆိပ်တွေ ထွက်သွားဖို့ ဘဲ
အရေးကြီးတယ်။

အုန်းမှုတ်ခွက်နဲ့ဘဲ ခပ်ခပ်
ရွှေခွက် နဲ့ဘဲခပ်ခပ်..
ဗူးခါးခြောက်နဲ့ဘဲ ခပ်ခပ်
ဖန်ပြာခွက်..ကော်ခွက်
ပလပ်စတစ်အိပ်..၀ါးကျည်ထောက်ဘဲချိတ်ချိတ်
ဘယ်နည်းဘဲ ဘယ်လိုသုံး.
ရှိတာနဲ့ သုံး..အချိန်မဖြုန်းနဲ့ 
ရေသာပါဖို့ ..အရေးကြီးတယ်။
ရေရဲ့  အသက် တမနက်ဘဲခံတော့တယ်။

ကမ်းတက်တိုက်ပွဲနွှဲမလား..
ဖောင်ဖျက်တိုက်ပွဲ အားခဲမလား..
လုပ်ကြံပွဲ..ဆူပူပွဲ..
စစ်တပ်တွင်း ပုန်ကန်မှု။ နိုင်ငံတော် လုပ်ကြံမှု.
လက်နက်တိုက်စီးနင်းမှု။ ပြည်လုံးကျွတ်ဆန္ဒပြမှု
ဘုန်းကြီးမယ်သီလ.. တဖန်ပြန်..မေတ္တာသုတ်ရွက်ပွဲ
ဝန်ထမ်းသပိတ် လယ်သမား သပိတ်
ကျောင်းသားတွေ လက်ချင်းချိတ်။
အသံတိတ်နေလို့ မရတော့ဖူး။

ကြမ်းချင်တဲ့ ကိုရွှေဘတွေ တက်ကြမ်း..
နူချင်တဲ့ ရွှေပြည်အေးတွေ လည်းလက်ကမ်း
ဆွေးနွေးပွဲထဲ..အချီအချပြောချင်သူတွေ ပြောစမ်း
ဒေါင်းအလံနီ.လမ်းလျှောက်ရဲသူတွေလည်း ခြေလှမ်း
မေတ္တာသုတ်ဆို..သံဃာတော်တွေ လည်းတန်း..
မီဒီယာ..စာပေအနုပညာ..
အဖွဲ့အသင်း..ဖွဲ့ စည်း
တိုင်းတပါးအကူ ငိုညည်းသူ ငိုညည်း
စစ်ပညာစုသူ စုစည်း..
မြေပေါ်မြေအောက်..
နိုင်ရာ..တာဝန်ယူ..
သင့်ဝိညာဉ်. စင်ကြယ်ဖြူဖြူ..
ပြခဲ့ပါ..သင် မည်သို့ သောလူ

ဘယ်လမ်းကဘဲသွားသွား..
ပန်းတိုင်ရောက်ဖို့ အရေးကြီးတယ်။
ဘယ်လှေဘဲလှော်လှော်..ပင်လယ်ကျော်ဖို့ က..အဓိက..
တိုက်ပွဲကျချင်ကျမယ်..
သေပွဲနွှဲရချင် နွှဲရမယ်..
ဘယ်အာဏာရှင် ဘယ်လောက်ကြီးကြီး..
ပြုတ်ကျတာချည်းဘဲ..
ဘယ်ကျောက်တောင် ဘယ်လောက် မြင့်မြင့်..
တနေ့ မှာသဲပွင့် ဖြစ်တာချည်းဘဲ..

သင်သည်.. မြန်မာ
လူစွမ်းကောင်း၏ ၀ါဒ.
သင့်သွေးထဲမှာ ရှိနေတယ်..
မြင့်မြတ်သော လူသား
သင်၏ သတ္တိစွမ်းပကား..
သင့် အမျိုး အရောင်ကို ၀င့်ထယ်..
ဒီပွဲ မှာ ဒို့ တွေ နိုင်နိုင်ပါတယ်။

ဘာ တာဝန်ဘဲ ရရ..
ဘယ် နေရာဘဲ ကျကျ..
စေတနာနဲ့သာ ပါဝင်ကြပါ..
လွတ်လပ်ရဖို့  ဒို့ ဘိုးဘွားမြေယာ..
ဒို့ အားလုံးပိုင်..အားလုံးနိုင်စေဖို့ 
အာဏာရှင်ကို ဖီဆန်ကြစို့ 

မသဒ္ဓါ ( ၆။ ၇။၂၀၀၉)

အပြည့်အစုံသို့ 

Saturday, June 6, 2009

မယိုင်တဲ့ ခြေလှမ်း..ဘယ်လောက်ပဲ ကန္တာကြမ်းပစေ



နေခြည်တွေ ဘယ်လောက်တောက်တောက်..
ကန္တာ လမ်းတွေ ဘယ်လိုခြောက်ခြောက်..
ဒေါင်းအလံနီ..ရွန်းရွန်းတောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။

အာဏာရှင်ရေ..မင်း..ဘယ်လို ချောက်ချောက်..
လက်နက်အင်အား စွမ်းဘယ်လို မောက်မောက်..
ဒေါင်းစိတ်ဓါတ်တွေ..မျိုးဆက် မပျောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။

အရေးကြီးတာ..စိတ်ဓါတ်..
လူကိုသာ သတ်လို့ ရမယ်..
မတရား ချုပ်ချယ်
ခန္ဓာကိုယ် ထောင်ချဖမ်းလို့ ရချင် ရမယ်..
အမှန်တရား၏ ၀ိညာဉ်..
လွတ်လပ်စွာနဲ့ ဝေဟင်..
တော်လှန်ရေး တိုက်မောင်းစည်သံမြည်ဆဲ
ဒေါင်းအိုးဝေေ၀ တွန်သံမစဲ
ဒို့ တွေ တော့ လမ်းဆက်လျှောက်ဆဲ။

မိုင်.. (၉၀၀) ကန္တာရခရီး..
ဘယ်လောက်ဘဲ ကြမ်းစေ..
ဒို့ ချွေးတွေ ဘဲ ခမ်းပစေ..
ဒို့  သွေးတွေဘဲ..ခမ်းပစေ..
တရားမျှတတေး..
သီကြွေးမဲ့ ငြိမ်းချမ်းရေးဌက်..
ဒို့ တွေ တော့ ခရီးဆက်နေမယ်။

တော်လှန်ရေးအဆက်ဆက်..
သွေးမပျက်ခဲ့တဲ့..
ဆန္ဒ့ပြခဲ့ခြေလှမ်းများအတွက်

လွတ်မြောက်ရေးလမ်းစဉ်အတွက်
စတေးကျခဲ့သော အာဇာနည့်သွေးများအတွက်.

စစ်သံဖနောင့်အောက် ငတ်မွတ်သော ပြည်သူများရဲ့..
ဆာလောင်နာကျင် ဖြစ်စဉ်များအတွက်..
ကျနော်တို့  ခရီးဆက်..
UN ရုံးရှေ့ မှာ..အစာငတ်ခံ ဆန္ဒပြကြမယ်..

ရဲဘော်၊ မင်းရွှေဦး (ခေါ်) ချစ်လွန်းသူ့ 
ရဲဘော် ကဘောယူ ။ ရဲဘော် စောငို
ရဲဘော် မောင်မောင်တိတ်
ရဲဘော် ကျော်ရှိန်။
တမိပေါက်၏ တစ်ယောက်ထွန်း..
ဤ ရဲငါးဖော်၏..
မြန်မာပြည် လွတ်မြောက်ရေးအတွက် ခရီးရှည်
ဒေါင်းအလံထူ..အားသစ်ယူ၍
ဆက်လျှောက်နေဆဲ..
နေကြဲကြဲမှာ..သွေးသစ္စာ။

မသဒ္ဓါ ( ၆။၆။၂၀၀၉)

မိုင် (၉၀၀) ကျော် ခရီးရှည် ချီတက်နေသော။ အစာငတ်ခံဆန္ဒပြမည့် ရဲဘော် (၅)ဦး အပါအ၀င်..ပြန်ကြားရေး ရဲဘော်ကျော်ထွန်း တို့ အတွက် မြန်မာပြည်သားများ၏ ကိုယ်စား ဂုဏ်ယူလေးစားမိပါတယ်။ အရေးတော်ပုံအောင်ရမှာပါ။ ရဲဘော်တို့ ၏ စွန့် ဝံ့ စွန့် စားသော စိတ်ထား အတွက်..အထူးကျေးဇူးတင်ပါသည်။ ဤခရီးမနီးပါ.သိပါသည်။ သို့ သော် တနေ့ တစ်လံ..ပုဂံက ဘယ်ရွေ့ မည်လဲ။ အားသာခဲပါ ရဲဘော်..မနက်ဖြန် သည် ဒို့ ရဲ့အဖော်..

အပြည့်အစုံသို့ 

ဒိုင်ပွဲရပ် နိုင်ချင်လျှင် အလဲသာဆက်ထိုး.

မောင်နှမ သားချင်းတို့ 
ထိမှ နာတတ်သလား..
အသိနဲ့  စာနာမလား။
မထိတထိ အာနေတာနားခါး.
သိပါရက်နဲ့  သတ္တိကြောင်တဲ့လူပါး.
ရပ်ကြည့်နေတဲ့ သူတွေ များရင်
မြန်မာပြည် နွံ့ ထဲစုန်းစုန်းမြုပ်တော့မယ်။
အချိန်မီ..လက်မတင် ကယ်တင်..
သင်သည် စေတနာရှင်။

သူ အရင်..ငါ အရင်
အထဲက "စ" မလား..အပြင်က"ကြွ" မလား..
အထဲက "ထ" မလား..အပြင်က "ဟ" မလား..
နင် အရင်စ..ငါက..ဘုရင်နေရာရမှ
ဒီလိုသာ..တွက်ကပ် နေကြရင်..

မီးမလာ ရေမရှိမှောင်မွှား..
လူရုပ်လည်းမပီ..ဒါ ဒို့  မြန်မာပြည်။
သာသနာကွယ်ပြီ..မေတ္တာမှိန်သည်။
ဘာသာတိုင်း ချိုးနှိမ်သည်. ဒါ ဒို့  မြန်မာပြည်။
မသေချာတာ အာဏာရှင်ပြောတဲ့ ဒီမိုကရေစီ..
သေချာနေတာ..တဖြေးဖြေးစုတ်ပြတ်လာတဲ့ မြန်မာပြည်။

ဆည်ရေတိုးပြီး ရွာတွေ မြုပ်တော့မယ်။
တောတောင်မြေဆီ ဆုတ်ပြီး တောင်ကတုံးဖြစ်တော့မယ်။
စပါးဆန်ရေ ပို့ မဲ့နိုင်ငံခြား..ပြည်သားက ငတ်မွတ်တော့မယ်။
ပတ္တမြားကျောက်မြက်ကျွန်းသစ် ..စိန်တွေ ဘဲဖြစ်သွားတယ်။
သဘာဝသယံဇာတတွေ စစ်စရိတ်ဘဲစားနေတယ်။
HIV အန္တရာယ်ကြောင့် တမျိုးလုံး..ပြုန်းပြုတ်ရော့မယ်။
ကလေးတွေ ပညာမဲ့..စစ်သားဘဲ ဖြစ်တော့မယ်။
မိန်းမငယ် လင်ကောင်းမရ..ဖာဘဲဖြစ်တော့မယ်။
ရွှေုပြောင်းအလုပ်သမား တိုင်းတပါးက ဂုတ်သွေးစုတ်တော့မယ်။
မြန်မာမှန်ရင်..သူတောင်းစားသူခိုးများ လူ အထင်သေးကြတော့မယ်။
စာရိတ္တလျှော့ပါး စွမ်းအားရှင်ဘဲကြီးပွါးတော့မယ်.။
မှန်ကန်တဲ့ တရား..အိမ်မက်ထဲမှာဘဲ..ခမ်းနားမယ်။
မြန်မာ အမျိုးသားစိတ်ဓါတ်..မြောင်းထဲဘဲ အောက်တန်းကျနေမယ်။
ဝံသာနု ရက္ခိတ တရား..ခွေးစားသွားပြီလား။
လူမျိုးကြီးဝါဒတရား တလွဲဆံပင်ကောင်းနေပြီလား.
သခင်စိတ်ဓါတ်များ..ကျွန်ဘ၀မှာဘဲ ပျော်ပါးနေလား။
အချိန်မလင့်ခင်..သင် ကယ်တင်ပါ။
အာဏာရှင်ကိုပယ်..ဒို့ ခေတ် ရောက်ရမဲ့အရွယ်။

အူမတောင့်မှ သီလစောင့်တယ်ဆိုပေမဲ့..
အူမတောင့်အောင်…စွမ်းဆောင်ပါလှဲ့ ..
ထိမှ နာမနေနဲ့ ..
ညှိမရ..အာမနေကြနဲ့ ..
သတိနဲ့သာ..ထ.
တကိုယ်ရေလုပ်နိုင်သမျှ အရာကစ..
ညီလေးရေ…ဟိုဟာလုပ် ဒါလုပ်..
ကိုယ်ကိုယ်တိုင်ကျ ဖင်ကျောက်ချ ငုတ်တုတ်
ငါဘာကောင်.ညာကောင် တက်မထောင်သူ
ငါဘလော့ဂါ..ငါဘာညာ..လေးဂွတောင်မချိန်တတ်ဖူးသူ
စကားလုံးကြီးကြီးအာ..အဆန်မပါတတ်ဖူး..
လိမ်ညာဖြီးဖြန်းသူ..ကြာကြာမခံပါဖူး.
စိတ်ဓါတ်ရှိ ပါဝင်လိုသူ..အဝေးထွက်ပြေး ဆုံးရှုံး.
လူများ၍ ပွဲမစည်..ပွဲသာပျက်တတ်သည်။

အမှန်အတိုင်း ပကတိရင်ဆိုင်..ရိုးသားသင့်ပါသည်။
အခက်အခဲမှန်သ၍ အတူရင်ဆိုင်.ရဲဘော်စိတ်ထားရပါမည်။
ခေါင်းဆောင်ဖြစ်လိုသူ..အနစ်နာခံတတ်ဖို့ လိုပါသည်။
တိုက်ပွဲအောင်မြင်ရန် စည်းရုံးရေးက အရေးကြီးပါသည်။
လက်ရေတပြင်စီး..ကြမ်းတပြေးထိုင်..
ရဲဘော် ခေါင်းဆောင် တသားထည်း တိုက်နိုင်ရပါမည်။
တကဲ့ စေတနာသာ ပါ..သင်သည် ဖြစ်နိုင်ပါတယ်.တစုံတရာ
မဖြစ်နိုင်သည့်အရာ ဘယ်မရှိ..
အနာဂတ်တို့ နဲ့  လင်းလက်နေတာ ဤမြေကမ္ဘာ

တစ်ယောက် တစ်လက်..အရှေ့ဆက်တဲ့အခါ..
အားမပါရင်..ဘယ်သူမှ မလာဖူး..
သက်သေမပြနိုင်..လူ မယုံကြည်နို်င်ပါဖူး။
ကိုယ့်ဘက်သာမှ လူစည်လာတယ်။
အလုပ်၏ ရူပဗေဒ ညီမျှခြင်း
W = F X D
အား မစိုက်ရင် ၀န်က မရွေုလျှား
အားက မပါ..၀န်က ရွေ့ မလာရင်
အလုပ်မဖြစ်. ဟန်ဆောင်ခြင်းသာဖြစ်တယ်။

အစကောင်းရင် အနှောင်းသေချာတယ်။
သေချာချင်..အသေအချာသာပြင်ဆင်..
တကယ် လိုချင်..တကယ် လုပ်ကြရမယ်..
ဒါ အသက်လုပွဲ..ဒါ တိုင်းပြည်ပြန်လုပွဲ..
လဲလို့ မဖြစ်..ကွဲလို့ မဖြစ်..
ဒိုင်ပွဲရပ်နဲ့  ဒို့ နိုင်ဖို့ ကအဓိက..
အားလုံး ပါဝင်ကြ။

မသဒ္ဓါ ( ၆။ ၅။၂၀၀၉) ညီညွတ်ရေးနှင့်..အပြောမဟုတ် လက်တွေ့  ဘ၀များသို့ 

အပြည့်အစုံသို့ 

Friday, June 5, 2009

အညတြတစ်ယောက်မှ..အညတြများသို့ ဖိတ်ခေါ်ခြင်း


တချို့ သူတွေက
နာမည်ကျော်လိုတယ်..
တကယ်လည်း ကြိုးစားတယ်..
တော်လည်းတော်တယ်..
ကျော်လည်း ကျော်တယ်။
ရာနှုန်းဦးရေ နည်းတယ်။

တချို့ သူတွေက
နာမည်ကျော် ချင်တယ်..
တကယ်လည်း မကြိုးစား..
သူများခေါင်း နင်းပြီးမှ စားတယ်
ကျော်လည်း ကျော်တယ်။
ပုပ်စော်လည်း နံတယ်။
များသောအားဖြင့်ရှိတာ ဒီလူတွေ..

တချို့ သူတွေက
နာမည် မကျော်လို..
အသိစိတ်က တော်တယ်။
တကယ် ကြိုးစား..
ရိုးလည်း ရိုးသား..
ကျော်လည်း ကျော်တယ်။
ခေါင်းမမော်ဖူး။.
ဒီလူက လူနည်းစု။

တချို့ သူတွေက သာမန်
မဟုတ်တာ ငုံ့ မခံဖူး..
တတ်တော့ မတတ်သေးဖူး။
ဒါပေမဲ့ ကြိုးစားတယ်။
အသိစိတ်က အသင့်အတင့်
စေတနာက အဆင်သင့်။
အညတြဘ၀ အနစ်နာခံရန် ဘ၀င်မမြင့်
အသိစိတ်နဲ့ ဘဲ တာဝန်ထမ်းမယ်။
လွတ်လပ်ရေးရ
ကိုယ့်ဖာသာ လုပ်စားမဲ့သူ။
အလယ်အလတ်ဦးရေ မှာရှိတယ်။

ဒီလူတွေထဲက ကျမ..
စေတနာအရ သာ အလုပ်လုပ်မယ်..
အမိန့် ကြောင့် အလုပ်မလုပ်ဖူး။
စိတ်ယုံကြည်မှူအရ သာ အရှေုတိုးမယ်..
ငွေအာဏာ အကျိုးကြောင့်ခြေမထိုးဖူး.
ဘယ်သူ နှိမ်ကွပ်ကွပ် ဦးမကျိုးဖူး.
ဒီလို အမြင်တူတူ..
အဆင် တူတူ..အသွင်တူတူ
တိုင်းပြည် ချစ်သူ..အမျိုးကို ကူ..
လဲနေသူတွေ ကို ထူပေးမဲ့သူများ..
ဘ၀တူလူ တွေ အပေါ်
စာနာတတ်တဲ့ သာမန်လူသား..
ဘယ်နေရာကဘဲ စစ
အောက်ခြေကဘဲ ထောက်ပို့ ရ ပို့ ရ
ဒေါင်ကျကျ ပြားကျကျ
လိုက်ရဲသူတွေ ခေါ်ပါရစေ။

စည်းရုံးခြင်းသာ ဒို့ လက်နက်..
တာဝန်ကိုထမ်းဆောင်ကြစို့ ။
ငိုသံတွေကြား..နားများပါးကြစို့  ။
ဖိနှိပ်စော်ကား..ရေငုံမနေကြဖို့ ။
မတရားမှူကိုမြင် မျက်လုံးပိတ်မနေကြဖို့ ။

အညတြများရဲ့ အညတြ..
တော်လှန်ရေး သမိုင်းတစ်လျှောက်မှာ..
လူမသိ သူမသိ
စတေးခဲ့ကြတာ များပြီ။
ဆက်လည်း စတေးကြပါဦးမည်။

ကြယ်ကလေး ဘယ်လောက် မှိန်မှိန်..
အလင်းရောင်ရှိန်တော့ ရှိတယ်။

နှမ်းကလေး ဘယ်လောက်ပိန်ပိန်..
ဆီကလေး တစက်တော့ရှိသေးတယ်။

သဲလေးတစ်ပွင့် ဘယ်လောက်သေးသိမ်.
တံတိုင်းကြီးကို ထမ်းထားနိုင်ပါတယ်။

လူ သတ္တ၀ါသည်
သေရမှာ ဘယ်လို ကြောက်ကြောက်..
ချောင် တစ်ချောင် မှာပိတ်
နောက်ဆုံး အချိန်ရောက်တဲ့အခါ..
သေးနွယ်နွယ် မြက်ဖျား အမှိုက်စ..
လောင်မီးတို့ စ နိုင်တယ်။

ဂန္ဓ၀င် မဖြစ်ပေမဲ့ ..
အညတြ..ဘဝ
သမိုင်းမှာ သင် တာဝန်ကျေ..
စွန့် ရဲတဲ့ ဇာနည်ဆွေ..
စုရုံးပါလှဲ့  အမိမြေအတွက်..
လူမသိ..သူမသိ သွေးစက်များ..
သမိုင်း စာမျက်နှာကြားမှာ
မမှိန့် တမှိန် သင့်နာမည် လေးထားခဲ့ပါ။

မသဒ္ဓါ (၆။၎။၂၀၀၉ ) အရေးကြီးပါပြီ သွေးနီးကြပါစို့ ။

အပြည့်အစုံသို့ 

Wednesday, June 3, 2009

လည်ပြန်ကြည့်စရာမလိုတဲ့ ခြသေ့င်္

မှန်ကန်တဲ့အခါ..
လူဆိုတာ ကြောက်ရွံ့ ခြင်းကင်း

ကြောက်ရွံ့ ခြင်းမရှိတဲ့အခါ..
အမြင်သံသယရှင်း

သံသယကင်းတဲ့ အခါ
ဆုတ်တွန့် ခြင်း မရှိအလျှဉ်း
အဓမ္မကို တွန်းလှန်ရဲသည်။
ဓမ္မကို ဆုတ်ကိုင်ရဲသည်။

မတရားမှုကို..
မျက်ဝါးထင် မြင်တွေ့ သောအခါ..
ကောင်းမြတ်သောသတ္တိသွေးက
ဟုန်းဟုန်းထကြွ ရဲချင်းချင်းနီ..

စိတ်နဲ့ စေတသိတ်
နာကျင်မှုများ ကိုချိုးနှိပ်
စေတနာနဲ့ မေတ္တာ..
အမျိုးသားအရေးကို စောင့်ရှောက်ခဲ့ရာ…

ပိန်လျှနေတဲ့ သူ့ ခန္ဓာထဲ
ကြီးမားသော နှလုံးသားရှိတယ်။

လှပတဲ့ သူ့ မျက်နှာမှာ
အကြင်နာတို့ ရှိတယ်။

စူးရှနေတဲ့ သူ့ မျက်လုံးထဲ
ထက်မြသော ဓါးသွားရှိတယ်။

ပါးလျှားနေတဲ့ သူ့ နှုတ်ခမ်းမှာ
ရာဇပရိယာယ်ကြွယ် အလင်္ကာများရှိတယ်။

သေးသွယ်သော သူ့ ဦးခေါင်းမှာ
ထက်မြက်သော အသိဥာဏ်တို့ ရှိတယ်။

ရိုးသားသော အသွင်သဏ္ဍာန်က
ကျက်သရေအပေါင်းနဲ့ တင့်တယ်။

အမျိုးကောင်းမှန်တဲ့ ကေသရာဇာ
မြက် မစားပါဖူး..
လာဘ်လာဘ မလိုဖူး
မြင့်မြတ်မှူသာ သူ့ ၏ လားရာ။
ငြိမ်းချမ်းရေးသာ..သူ၏ အာသာ။

နောက်မဆုတ်ပါဖူး။
မကြောက်ရွံ့ ပါဖူး။
စွန့် လွှတ်မှူသာ သူ့ အဖြေ။
လွတ်လပ်ရေးနဲ့ မြင်လိုတာ သူ့ မွေးမြေ။

သတ္တိကတော့ မငယ်ဘူး..
အစွမ်းရှိတဲ့ "သူမ" က လူထူး
တစ်ကောင်ထည်းပါဘဲ..
ဒါပေမဲ့ ခြသေ့င်္..

မသဒ္ဓါ ( ၆။၂။ ၂၀၀၉) အမေ့ မွေးနေ့ အတွက်..လွတ်မြောက်ပါစေ အမေ

အပြည့်အစုံသို့ 

Tuesday, June 2, 2009

နင်အကောင်ကြီးတယ် နှစ်ခါလျှောက်..

ရှေးသရောအခါ..
ဘုန်းကြီးကျောင်းတစ်ကျောင်းက
သူတော်စင်ယောင်ဆောင်
အခြေအနေမဲ့ တဲ့ ကပ္ပိယ..
ကနန်းအသား ကို သိပ်ကြိုက်လှ

ဘုန်းကြီးကျောင်းသား နှိုက်လာတဲ့ ကနန်း..
အရှင်လတ်လတ်တွေမို့ 
လာလေ..မှန်းစမ်း
ဝိနည်းလွတ် ဘယ်လိုသတ်မလည်း..
သူလေ ကြံစည်ဆဲ..


ရေနွေးအိုးဆူဆူပေါ်
တန်းထိုးတဲ့ ၀ါးခြမ်းပြားတစ်ချောင်း
မင်းညောင်းနေတယ်.
လမ်းလျှောက်တော့ ဒီ ကနန်းရယ်
မူးဝေမိုက် အိုးထဲ ကျမှ
ဆယ်လိုက်ကြတာပေါ့.
ဆူဖြိုး ကနန်းသား
စားရလေပြီ သူ ကြံတော့

တစ်ကောင်ပြီး တစ်ကောင်..
ရေနွေးထဲပြုတ်ကျ..
အင်းစိန်ထောင်ထဲက..ကျောင်းသားတွေ..

အကောင်အကြီးဆုံး ကနန်းမ..
ဆူဝေပွက် ရေနွေးအိုးရဲ့ တန်းပေါ်
ဖြတ်လျှောက်တာတောင် အိုးထဲပြုတ်မကျ..
ကံကောင်းလှတာ
ကပ္ပိယကြီး အတော် ဂွကျ
အကြံအိုက် ရပေမဲ့..
တရားမဲ့တဲ့ ပိတ်ဖြူပတ် စစ်သားလူထွက်
မတရား ညစ်ပတ် မညှာမတာ ဆိုရက်တယ်…

“အံမယ်...
နင်အကောင်ကြီးတယ်.. နှစ်ခါဖြတ်လျှောက်”


မသဒ္ဓါ (၆။၂။ ၂၀၀၉)

အမေစု ရေ..သိက္ခာတရားရှိသူဟာ..ဘယ်သူကိုမှ မိမိ သိက္ခာ သစ္စာရှိတာ ဘာမှ သက်သေ ပြစရာ မလိုပါဖုး..ဘာလို့လည်းဆိုတော့ သိက္ခာနဲ့ သစ္စာဟာ မိမိနဲ့ အတူအရိပ်လို မကွဲမကွာ နေ နေ လို့ သာပါဘဲ။ သိက္ခာ မရှိသူသာ.. သူတပါးကို လက်တို့  ငါကောင်းကြောင်း ထောက်ခံပေးဖို့ ပြောတာပါ။
ဘယ်သူ ဘာ..လူတွေ အားလုံးနားလည်ပါတယ်..

သိက္ခာ သမာဓိ
လူတို့ ၏ ဂုဏ်
အပြောနဲ့ လူတွေ မယုံဖူး
မိမိ ဖာသာ ဂုဏ်တင်မရတတ်ဖူး
လူတွေ ရဲ့ ယုံကြည်မှူ နဲ့ မေတ္တာခံယူမှု
လေးစား ကြည်ညိုမှု ဆိုတာ
ငွေပေးဝယ်လို့ မရဖူး

အချိန်ဟာ စကားပြောပါတယ်..
ရတဲ့ဆုတံဆိပ်တွေက သက်သေပြပါတယ်။
လူလေးစားခံရသူ အဖော်မပါ လူထဲဖြတ်လျှောက်ရဲတယ်။
သမိုင်းဆိုတာ..
ကောင်းသူကိုသာ ချီးမြှောက်ရိုး..
ဦးမကျိုးဘဲနေနိုင်တဲ့
မြန်မာ့ ဂန္ဓ၀င် အမျိုးသမီး..
အမေဟာ
မြန်မာ အမျိုးသမီးများရဲ့ ရွန်းတောက်ကြယ်..
မိုးယံမှာ စွင့်
ကြွားကြွားဝင့်တယ်
ဂုဏ်ယူတယ်။

အပြည့်အစုံသို့ 

Monday, June 1, 2009

CHECK MATE ခေါ်မိကာမှ တိုက်ပွဲကျသွားတဲ့ ရှင်ဘုရင်

စစ်တုရင်ခုံတွေပေါ်
အနိုင်နဲ့  အရှုံး..
၅၀ ရာခိုင်နှုန်းစီရှိတယ်..
မနိုင်သူ ရှုံးမယ်..
နိုင်သူက ပန်းကုံးသယ်။

နိုင်မှု မနိုင်မှု..
ပါးနပ်မှုက စကားပြောတယ်..
အထူးသဖြင့် နိုင်ငံရေးနယ်ပယ်။
ဦးဏှောက် ဘယ်သူသာတယ်..
ညံ့ဖျင်းသူ..ပြာသွားလိမ့်မယ်။

ဗျူဟာ ကျွမ်းသူ
အနိုင်ဖမ်းလို့ ရစတမ်းလား..
ဒီမှာ “ဟ” ထားတယ်..
မကြောက်ရင် ကျွံ ၀င်လာလှဲ့ ..
အနိုင်ကို ဖမ်းမဲ့..ဘုရင်မ
ဗီးနပ် ထောင်ချောက်ပေါ်က ၀တ်ရည်မြ
အတောင်ပါတဲ့ယင်ကို ဖမ်းနိုင်ရတယ်။
အသက်စွန့် ရဲသူသာ နိုင်ရိုးထုံးစံရှိတယ်။
အဓမ္မဟာ..အဓမ္မဘဲ..
အနိုင်လိုသူ သွေးရူးသွေးတမ်း..
ခပ်ကြမ်းကြမ်း အကွက်ကိုသုံး..
ပိုပိုများမဲ့ …သူ့ အရှုံး

ပရိယာယ်ကြွယ်တဲ့ ဘုရင်မ
အရည်အချင်းပြည့်တဲ့ ဘုရင်မ
ချောင်ပိတ်အဖမ်းခံရတိုင်း ကြောက်သူမဟုတ်ဖူး။
အမျှော် အမြင်မဲ့ ဘုရင်ရုးမဟုတ်ဖူး
နိုင်ငံရေးလုပ်သူ ထောင်ကြောက်ရိုးထုံးစံမရှိ။
အောင်ဆန်းအမျိုး..ဒူးထောက်ရိုးမရှိ
ရဲရင့်သူ တခါဘဲသေတယ်။
အမည် ကျော်ကြားမှု ချန်ခဲ့တယ်။

ကြောက်သွားမလား..ငြိမ်သွားမလား
ထောင်နဲ့ ပြခြောက်နေသူကို
တန်ပြန်မိနေပြီဟေ့ ထောင်ချောက်..
ကမ္ဘာပေါ်က မိတ်ဆွေ တွေ
တဖြေးဖြေးပျောက်တဲ့အခါ..
အကျည်းတန် အထီးကျန်
အာဏာရူးမှူးကြီး သန်းရွှေတစ်ယောက်
လူ လောကလူ့ ဘုံနယ်ထဲ
သိက္ခာတရား ခမ်းခြောက်တဲ့ အခါ..
ဘ၀က ဆယ်ခါသေတယ်။
ပြင်မရ နာမည်ပုပ်..
ဘ၀က စုတ်ပြတ်နေတယ်။

ဘုရင်မကို မိလိုမိညား..
ချောင်ပိတ်ဖမ်းသော်ငြားလည်း
ဘုရင် မှားရွေ့ ထားမိတဲ့ အကွက်
ပိုင်ပြီတွက် check mate လုပ်မိကာမှ
ကိုယ့်ဖာသာကိုယ်..ပြန်မိနေတဲ့အကွက်..
အချက်မမိ.အရှက်မသိ .အသက်မရှိ.
မတန်ရာ မတန်ရာ..သွားပြိုင်မိတဲ့အခါ.
နောက်ဆုံးတော့ အရှုံးနဲ့ တိုက်ပွဲကျတယ်..
နှင်းဆီရဲ့ဆူး..ပျားအဆိပ်သင့်သွားတယ်။
မြင်သူတိုင်း..တကယ်..သနားဒယ်…

မသဒ္ဓါ ( ၅။၃၁။ ၂၀၀၉)
ဤအရာကိုဖတ်၍ ခံစားပါသည်။ သနားမိသည် ဦးသန်းရွှေ။ ရွှေ့ တတ်လိုက်တာ။ .ရီစရာ ကလေးကွက် ကလေးတွေ..checkmate အလုပ်ခံထား ရရှာသောဦးသန်းရွှေ..


Saturday, May 30, 2009

ဒီGame ဒီလိုလာမယ်ဆိုတာ သူသိတယ်။ ထောင်ကျတာမကျတာ သူ့အတွက်မထူးဆန်း၊ ပြည်သူအတွက် ရင်းထားပြီးသား၊ USA,EUနဲ့UNကအစထဲက Pressureပေးနေကြ၊ ဒီတခါတော့ရုရှား..နဲ့အာစီယန်ပါ ယိုင်ဆင်းလာရတယ်
၊မြန်မာနိုင်ငံမှာ ဒီလိုမျိုးနိုင်ငံရေးအကွက် ရွှေ့နိုင်တာအန်တီစုတယောက်ပဲရှိတယ်၊ဦးမောင်အေးကတော့ဦးသန်း
ရွှေကိုသတိပေးရှာသား၊အန်တီစုကိုတခြားနည်းနဲ့အကွက်ဆင်ဖမ်းဖို့သတိပေးတယ်၊ဒါပေမဲ့အန်တီစုမျက်လုံး
တွေကိုရင်မဆိုင်ရဲတဲ့ဦးသန်းရွှေရရာအကွက်တက်လိုက်တော့မထင်တဲ့Attackersတွေကိုဘွားဘွားကြီးရင်ဆိုင်
ရတော့တယ်..ဘာအကောင်ချကျွေးရမှန်းတောင်မသိ၇ှာတော့ဖူး...ဒါပေမဲ့တဂိမ်းပြီးရင်နောက်တဂိမ်း..
အန်တီစုဖက်ကဘယ်သူတွေပြိုင်မှာလည်း..ရဲရင့်ငယ်မှသည်ဒေါက်တာဦးစိန်ဝင်းအထိပွဲကြည့်ပရိတ်သတ်
သက်သက်....တကယ်ဝင်ပါခွင့်ရမယ့်သူတွေကဦးဝင်းတင်ခေါင်းဆောင်တဲ့ပြည်တွင်းကပြည်သူတွေပါ...
အလကားတော့မရဖူး..၀င်ကြေးရှိတယ်...(ဒီမိုကရေစီနဲ့လူ့အခွင့်ရေးရတဲ့အထိသင့်ဘ၀ကိုရင်းရမည်)..
အသက်၆၃နှစ်အရွယ်မိန်းမသားတယောက်ပြောလိုက်တယ်..
''ဘာမှ စိတ်ပူစရာ မလိုဘူး၊ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး..""
ဦးသန်းရွှေရွှေ့လို့ရတာတကွက်ပဲရှိတယ်..စကားလုံးလှလှလေးတွေသုံးပြီးအန်တီစုကိုလွှတ်...အဆင်ပြေမယ့်
နိုင်ငံရေးလမ်းကြောင်းတခုကိုရွေးချယ်ရန်ဖြစ်သည်။
အန်တီစုကိုထောင်ချပြီးပြည်သူကိုထိပ်တိုက်ရင်ဆိုင်ရင်တော့တပ်မတော်သားတွေရဲ့သေနတ်ပြောင်းတွေဟာ
ဦးသန်းရွှေဖက်လှည့်လာတော့မည်ဖြစ်ကြောင်းပါ။
by ရဲရင့်(ကနေဒါ)
http://www.yeyintnge.com/2009/05/checkmate.html

အပြည့်အစုံသို့ 

ပြည်သူ မေတ္တာစားတဲ့ မျိုးချစ် ဒို့ တပ်မတော်သား

ပြည်သူသာ အမိ၊ ပြည်သူသာ အဖ။
တပ်မတော်က အမိ၊
တပ်မတော်က အဖ မဟုတ်ဖူး။

တပ်မတော်ဆိုတာ.
ကိုလိုနီနယ်ချဲ့ ကိုတော်လှန်ဖို့ 
တိုင်းပြည်ကို လွတ်လပ်စေချင်လို့ 
ဖခင်ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့တာ
မမေ့ သွားစေချင်ဖူး

တပ်မတော်ဆိုတာ.
ပြည်သူတွေရဲ့ ချွေးနဲစာစား
ပြည်သူ့ ရင်သွေးများနဲ့  ဖွဲ့ စည်းခဲ့တာ
မမေ့ ထားသင့်ဖူး

ကြည်းရေ လေ၊ ဘယ်တပ်ဖြစ်ဖြစ်
အရာရှိ၊ အကြပ်တပ်သား ဘယ်အဆင့်ဖြစ်ဖြစ်
နေ့တိုင်း မနက် ညနေ နှစ်ကြိမ်
ရွတ်ဆိုကြရတဲ့ အဓိဌာန် လေး ချက်
(၁) ငါတို့သည်
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို
စောင့်သိရိုသေပါမည်။

(၂) ငါတို့သည် ကျဆုံးလေပြီးသော
တပ်မတော်သားတို့၏ သစ္စာကို
စောင့်သိရိုသေပါမည်။

(၃) ငါတို့သည်
အထက်မှပေးအပ်သော
အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

(၄) ငါ့နိုင်ငံတော် ငါ့နိုင်ငံသား
ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏။

ဒါ တပ်မတော်သားတိုင်းရဲ့ အသက်
စောင့်ထိန်းရမဲ့ သစ္စာ..
ရဲဘော်တို့ ..ငါတို့ မှာတာဝန်ရှိတယ်

တပ်မတော်ဆိုတာ.
ပြည်သူတွေရဲ့ ကိုလုပ်ကြွေးပြုရမယ်။
ပြည်သူအကျိုးကိုကာကွယ်ရမယ်။
ပြည်သူ အပေါ်ကိုယ်စားပြုရမယ်။
ပြည်သူ အပေါ်သစ္စာရှိရမယ်။
တိုင်းပြည်လွတ်လပ်ရေးနဲ့
အချုပ်အခြာအာဏာကို
ထိန်းသိမ်း စောင့်ရှောက်ဖို့ ဖြစ်တယ်။

တပ်မတော်ဆိုတာ.
ပြည်သူတွေရဲ့ ကိုသတ်ဖို့ 
လက်နက်တတ်ဆင်ထားတာမဟုတ်။
ပြည်သူ့ ရင်သွေး.များ မုဒိန်းကျင့်ရန်မဟုတ်။
စစ်ဝတ်စုံ ၀တ်ထား
လိမ်ညာလူယုတ်အရာရှိများအား
ကာကွယ်ရန်မဟုတ်။
အမိန့် ကိုလိုက်နာလေးစားဖို့ 
အမိန့် ပေးသူရဲ့ အကျင့်စာရိတ္တက အရေးကြီးတယ်..
သူရူးလား..သူနှမ်းလား..
လူကောင်းလား လူရှော်လား
အာဏာရှင်လား..အာဇာနည်လား
ကိုယ်ကျိုးရှာသမား.. လူသတ်သမားလား။
သူ ဘယ်သူလည်း။ သူ့ လုပ်ရပ်ကဘာလည်း။
စစ်တပ်ဟာ စစ်တပ်.
စက်ရုပ်တပ် မဟုတ်ဖူး။
သံပတ်ပေးတိုင်း မသွားဖူး။

သမိုင်းအဆက်ဆက်..
ပြည်သူဘက်က ရပ်တဲ့ တပ်မတော်သား.
ဗိုလ်မှူးကြီးတင်ဦး။ ဗိုလ်ကြီးအုန်းကျော်မြင့်
ဗိုလ်မှူးကြီးဟောင်း စိန်မြ၊ ဒု ဗိုလ်မှူးကြီးဟောင်းအေးမြင့်
လေသူရဲတစ်ဦး (ဗိုလ်မှူးဂျွန်လှဝင်း)။
ဗိုလ်မှုးဟောင်း အောင်လင်းထွဋ္ဋ်
ဗိုလ်ကြီးဟောင်း မင်းသိမ်း။ ဗိုလ်ကြီးဟောင်း စိန်သောင်း။
ဗိုလ်ကြီးဟောင်းဝင်းထိန်။ ဗိုလ်ကြီးဟောင်းဝင်းဘို
ဗိုလ်ကြီးဟောင်းဝင်းဌေး။ ဗိုလ်မှူးဘသော် (မောင်သော်က)
တပ်ကြပ်ကြီးဟောင်းဒေါ်နူနူအေး။
တပ်ကြပ်ကြီးဟောင်း ညိုမှိုင်း။ တပ်ကြပ်ကြီးဟောင်းရွှေဘ။
တပ်ကြပ်ကြီးဟောင်းအောင်နိုင်။ တပ်ကြပ်ဟောင်းသက်လွင်
အစရှိသော ပြည်သူ့ တပ်မတော်သား
ဗိုလ်ကြီးဟောင်းဇော်ညွန် ဆိုတဲ့ ကျနော်
ပြည်သူရဲ့ တပ်မတော်သားများ..
ပြည်သူကို သစ္စာထား
ပြည်သူရှေ့ ကဘဲ ရပ်တည်သူ
ဂုဏ်သိက္ခာ ဘဲ စားသူ
ရဲသော် ငရဲမလားတဲ့ လူ

အိမ်ကြက်ချင်း အိုးမည်းသုတ်တာ နအဖ
တပ်နဲ့ ပြည်သူ အိုးစားကွဲစေချင်တာနအဖ
စစ်တပ်ဆိုတာ အမိန့် နာခံပေမဲ့..
ဆင်ခြင်ဦးဏှောက်တော့ ရှိတယ်။
စစ်သား ဦးရေ ငါးသိန်း..
ဘယ်နှစ်ယောက် နအဖဖက် ယိမ်းပါသလည်း။
၁၉၉၀ ရွေးကောက်ပွဲမှာ တာဝန်ကျေ
မဲအပြည့် ပေးရဲတဲ့ တပ်မတော်..
ပြည်သူ့ ရင်သွေး..သတ္တိများနဲ့ တပ်မတော်
အခုနေ
လွတ်လပ်သော ရွေးကောက်ပွဲ မဲစံနစ်သာ ထပ်ပေးကြည့်
တပ်၏ ၈၀%..ဒီမိုကရေစီ စံနစ်ဘဲ သုံးမယ်။
နအဖ မဲရှုံးဦးမယ်

ပေါက်ကွဲလုလု..ဗုံးတစ်လုံး..
ခြစားနေတဲ့ အိမ်.
တပ်မတော် အနှစ်သာရ အတွင်းတိမ်။
အလင်းမှိန်နေတာ ကြာခဲ့ပြီ။

တပ်မတော်ကို အသုံးချ
မိမိ အကျိုးစီးပွါးလုပ်သူ မှန်သမျှ
နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာဖောက်သူ
တပ်မတော်အပေါ်သစ္စာဖောက်သူ
ရဲဘော်တို့ ..တပ်မတော်သားအားလုံး၏ ရန်သူ
သစ္စာဖောက်သူ..သူ ဘယ်သူလည်း.
တိုင်းပြည်ဖျက်သူ..သူဘယ်သူလည်း.

ကဲ..ရဲဘော်တို့ 
သစ္စာပျက်က နိမ့်ကျစေ။
သစ္စာမှန်က စူးရှစေ။
ငါတို့ ၏ သံဓိဌာန်..
အမှန်တရားဖက်က ရင်ဆိုင်ရန်
တပ်ဆိုတာ ပြည်သူ့  အကျိုးဘဲဆောင်ရရိုးရှိတယ်။

ဒို့ မြေးတွေ လက်ထက်ကျ
အလင်းရဖို့  အချိန်တန်ုပြီ။
ငါ့အကိုတို့ ရေ ထွက်ခဲ့ကြ
ငါ့ညီတို့ ရေ ထွက်ခဲ့ကြ
ငါ့သားတို့ ရေ ထွက်ခဲ့ကြ
ငါ့တူတို့ ရေ ထွက်ခဲ့ကြ

ဗိုလ်ချုပ် ရဲ့ တိုက်ပွဲဝင် မိန့် ခွန်း..
ယခုတိုင်..ဆန်းသစ်နေဆဲ
“အနီးဆုံးရန်သူ ကိုရှာတိုက်ကြ”
ဒို့ တိုင်းပြည် အနာဂတ်လှရအောင်..

မသဒ္ဓါ (၅။၃၁။၂၀၀၉)


”စစ်တိုက်တော့်မဲ့ ဆဲဆဲ ၊ စစ်တိုက်လို့ ကျည်ဆံသင့် သေမဲ့ဆဲဆဲမှာ ဒို့တိုက်တာ လွတ်လပ်ရေး ရမှ ရပါ့မလားဟေ့။ ကျုပ်တော့ဖြင့် သွားပြီ။ တိုင်းပြည်မှာ ကျန်ရစ်မယ့် ခေါင်းဆောင်မယ့် လူကြီးတွေကို ပြောလိုက်ပါ။ ကျုပ်တို့ တာဝန်ကျေပြီ။ ခင်ဗျားတို့ တာဝန်ကျေအောင်လုပ်ပါ။ မလုပ်ရင်တော့ ကျုပ်တို့ ဘ၀ အဆက်ဆက် တိုင်းက ဘာလုပ်မယ်။ ညာလုပ်မယ် အစရှိသဖြင့် မြည်တမ်းသွားတာတွေဟာ ကျန်ရစ်နေတဲ့ ရဲဘော်တွေနဲ့ ကျုပ်တို့အားလုံးစိတ်ကို အင်မတန် ထိခိုက်အောင်ဖြစ်တယ်”
(ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း)

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

(ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်း)

ကိုးကားချက်များ.
ပြည်သူ့စစ်သားများသို့ စစ်သားတဦး၏ အမှာစကားများ http://shwezinyaw.wordpress.com/2009/02/08/
တပ်မတော်သားများရဲ့ပိုင်ရှင်အစစ်ဟာ ပြည်သူတွေသာ ဖြစ်တယ် http://www.dpnsburmese.org/article/tatmatawthar.html

မေလ (၂၈) ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တကိုယ်တော်တောင်းဆိုဆန္ဒပြသည့် အသက် ၅၆ နှစ်အရွယ်ရှိ အငြိမ်းစား လေတပ်ဗိုလ်ကြီး ဇော်ညွန့်အား အရပ်ဝတ်နှင့် နအဖ လက်ကိုင်တုတ်များက ၀ိုင်းဝန်းဖမ်းဆီးနေစဉ် (ရိုက်တာ)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */