တော်ပါတယ်ဆို ကိုယ်ရည်ကိုယ်သွေး
မောင်းတီး ဆော်ပေးလည်း..
မျက်မြင်သက်သေ..ရဲ့သတင်း
လုပ်ဆောင်နေတာ..ဘယ်လို အချင်းချင်း
တိုးတီး တဖုံ..ကျယ်လောင်တမျိုး.
လူဆိုသည်
လူ့ သတင်း..လူချင်း ဆောင်တဲ့ အမျိုး။
ရိုးသားမှုသာ သစ္စာ။
နောက်ကွယ်ပြောတာက အတင်း။
လက်သီးပုန်း ဆိုတာ..အစွမ်းမရှိခြင်း။
အမှန်မပြောတာ မုသား
ကောက်ကျစ်သူ အချင်းက အလကား။
သမိုင်းတွင်မှာက မှန်ကန်ခြင်း၏တရား
မရှင်းလင်းတာ သတ္တိမရှိခြင်း။
ရိုးသားမှုသည်သာ တန်ဖိုးရှိသည်။
လူကောင်းဆိုရင်…ဖြောင့်မတ်တည်ကြည်.
အမှားဆိုတာ ၀န်ခံရဲရမည်။
ရင့်ရဲ တည်ကြည်သော နှလုံး.
ဗိုလ်ချုပ်လို ယောက်ျားသားတွေဆုံးရှုံး
ပေါ်လိုက်ကြတဲ့ ဗေထိ မင်းသားမောင်
၂ ယောက်ရှိရင် တစ် ယောက်
ဗိုလ်တက်လုပ်တဲ့ ကျောင်းသားခေါင်းဆောင်
တတိယနိုင်ငံတွေပေါ် တက်မထောင်..လက်မထောင်
ဝင်ကစွတ်ခရုအခွံတွေ..စင်ပေါ်နေခိုက်
အခွင့်အလမ်း အတွက်ဘဲ အချင်းချင်း တိုက်
လေတွေလျှော့ကြ..အလုပ်နဲ့သက်သေပြ။
ကဲ မညံ့ကြဘူးဆိုရင်..
ပြည်သူကို ခေါင်းဆောင်စေချင်။
တော်လိုက်ကြတော့ မင်းသားကြီးများ
ပြန့် ကြဲ လက်ချောင်းအား များစုစည်း
ရှင်သန်အား ကိုအဟုန်ယူပြီး
ပျင်းနေတဲ့ ခွပ်ဒေါင်းများ..
နိုးထလော့ ..အားတွေ..
စုစည်းကြလော့ ...လုံလတွေ
ခွပ်ချိန် ..ရောက်ပြီလေ။။
အမှန်တရားရဲ့ ရောင်ခြည်..
လမ်းပြပေးမဲ့ သူမြတ်များဆီ..
ရွှေဝါရောင်၏ တော်လှန်ရေး
ရဟန်းတို့ သွေးနဲ့ ဆေး
ကျောင်းသားတို့  အရိုးနဲ့ ခုခံပေး
လွတ်မြောက်ရေးသို့ တော်လှန်ရေး
မနှေး အောင်ရမည်။
ခွပ်လိုက်ကြတော့ ခွပ်ဒေါင်းနီနီ
လင်းကြက်တွန်မည် မြန်မာပြည်။
မကြာမီ ဒို့ ခေတ် ရောက်တော့မည်။
မသဒ္ဓါ ( ၄။၂၉။၂၀၀၈) အတ္တကင်းသော ညီညွတ်ရေးသို့ 
Wednesday, April 30, 2008
အပြောမဟုတ် အလုပ်နဲ့ သက်သေပြ
Saturday, April 26, 2008
မိတ်ဆွေကောင်းဆိုတာ အမှောင်လမ်းထဲမှာဘဲရှာ
အမှောင်တွေထဲ..
အားငယ်တဲ့အချိန်တွေ မှာ
တွေ့ လာတဲ့မိတ်ဆွေကောင်း
တယောက်ကောင်းဘဲရှိပစေ။
ဘဝဆက်ဖို့ ဝန်မလေး။
အားသစ် မွေးရဲတယ်။
အရောင်ဆိုး..အပေါ်ယံသာ
သာရာစား သူငယ်ချင်း..
မကောင်းသူ တစ်ရာ
မလိုအပ်ပါ.
ကံခေမွဲ..တောင်ပန်ကျိုးတဲ့
မုန်တိုင်းထဲက ရေစိုဌက်ကလေး..
အားပေးတဲ့ အစာကျွေးသူ..
ကျေးဇူးဆိုတာ ယူ..
ဘဝဆိုတာ ပြည့်စုံသွားခဲ့
မိတ်ဆွေကောင်းများရဲ့ ဂုဏ်အင်.
သူယုတ်ပေါင်း တစ်ထောင်နဲ့ မလဲချင်။
မသဒ္ဓါ ( ၂။၂၅။၂၀၀၈)
မိန်းမသားတဦး၏ ကြမ်းတမ်းသော အခိုက်အတန့် ကာလတွင် အဖော်ကောင်း အဖြစ် မေတ္တာစစ်များ နှင့် အားပေး ကူညီကြသော အကိုကြီး အမကြီး မောင်ငယ်ညီမငယ် တို့ အား မသဒ္ဓါမှ ဆုတောင်း မေတ္တာ ပို့ သပါသည်။ ပို့ သသောမေတ္တာများ အတွက် ကျေးဇူး အထူးပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 6:30 AM 0 comments
အလင်းရောင်တွင် ပြန်လည် မွေးဖွားခြင်းတဲ့ဌက်
လမ်းလျောက်သင်စ ခလေးတွေ ချော်လဲ
ပြန်ကာထ ဆက်လျှောက်မယ်။
ခလုတ်ထိတဲ့လမ်းကြမ်း အဆုံး
ဖြောင့်ဖြူးတဲ့လမ်း ရှိတယ်..
အမှောင်ဂူရဲ့ အထွက်
လင်းလက်တဲ့ ကောင်းကင်ရှိတယ်။
မုန်တိုင်းကြမ်း ပင်လယ်
လေငြိမ်တဲ့ အခါလည်း ရှိတယ်။
ကန္တာရ လမ်း
အိုအေစစ်စမ်းလည်းရှိတယ်။
အမှန်တွေကို ကြိတ်ခဲ
ရင်ထဲထားတဲ့ အခါ
နောက်ဆုံးပေါက်ကွဲ.
အမှန်တရားဟာ…အမှန်တရားပါဘဲ။
ခွင့်လွတ်သူ က အနိုင်ရစမြဲ
ပွင့်အန်တဲ့ နှလုံးသား
အဖြူရောင် ပြန်ဖြစ်သွား
မဲညစ်မုသားမရှိ
ဘဝက တစ်ကနေ ပြန်စမယ်။
လမ်းကြုံတွေ့ တဲ့ဌက်ငယ်
အဆိပ်သင့်ဘူးပေမဲ့
ဒါဟာ ဘဝရဲ့သင်္ခန်းစာ
အဆိပ်မထိ…အဆိပ်မသိ..
အမှားမရှိ..အမှန်ကို မသိနိုင်တယ်။
ဟော..နေရောင်ခြည်ထဲ..
လေကိုခွင်းမဲ့ တောင်ပန်ခတ်သံ
အတ္တ မဲ့ မီးဌက်..
ပြာပုံကထ.. ဝေဟင်သို့ ပျံ။
သော့လေပြေဦး ရွှင်ပျော်မြူးတူး။
မသဒ္ဓါ ( ၄။၂၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:59 AM 0 comments
ကြယ်ကြွေသောနေ့ 
မတရားမှုတွေ ကိုယ်တိုင်တွေ့ 
ခါးသီးကြတဲ့အခါ.
တော်လှန်ရေးတခု အဖြစ်ပေါက်ကွဲကြ
မျိုးချစ်စိတ်ဆိုတာ စတယ်။
တရားဓမ္မ ဥပဒေကျမ်း နည်းနိဿ
အပေါက်မရှိဘူး..
ထုံးပေလက် တိုင်သုတ်တဲ့ ဘုရင့်လက်
ဟဲ့ ရဲရဲ ရင့်ရင့်ဖြတ်လှဲ့ ။
ဒီမိုကရေစီ
လူသားမှန်သမျှ ရရမဲ့
အခွင့်အရေးသည်
တန်းတူညီမျှခံစား စံစားရေးအတွက်
တရားမျှတ ဥပဒေသ
တည်မြဲရေးအတွက်
အမှန်တရားရဲ့မြစ်..
ကြယ်တာရာတွေ လက်ပစ်ကူးနေဆဲ
ကြယ်တိုင်းလည်း မလင်းလက်ပါ။
ကြယ်တိုင်းလည်း ကိုယ်ပိုင်အရောင်မပါ။
အားနည်းသူ ဝါးကူထိုး
နံမည်ကြီးရာ ဟင်းဖတ်ပါ။
မှန်ကန်ခြင်းကို စောင်နဲ့အုပ်ခါ
အမှောင်ခွင်း လမသာ။
ချာချာ လည်
ပန်းတိုင်ဆီ မရောက်နိုင်သေးတဲ့ လမ်း
ကြယ်ရောင်မွဲ ပင်ပန်းလှပြီ။
စုန်းစုန်းမြုပ် လောကဓံလှိုင်းဆီ။
မသဒ္ဓါ (၄။၂၅။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 2:01 AM 0 comments
Thursday, April 24, 2008
မကြီးရဲ့ မောင် နိုင်ငံသားကောင်းသို့ 
တီးရှော့ ထဲတွေခဲ့တဲ့ ရိုးသားသောမောင်လေး.
ထိုက် ကလေး တဲ့ သူနံမည်
သူရဲကောင်း..စာပေ စစ်သည်။
ရွှေဝါရောင်ရဲ့တော်လှန်ရေး
မနှေးယခု သမိုင်းရဲ့ မှတ်တိုင်ပြု
နေ့ မအား ညမအိပ်
အင်တာနက်ချိတ် သတင်းပေးပို့ သူ
စေတနာနဲ့  မေတ္တာရိသတင်းသမားလူ
ဂုဏ်ယူသည် မောင်လေးထိုက်
အင်္ဂလန်နိုင်ငံက
Index on Censorship မဂ္ဂဇင်းရဲ့ ဂုဏ်ပြု
“ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု”
ရရှိ ဆွတ်ခူးသောဂုဏ်ဒြဗ်
မျိုးချစ်သားကောင်းတို့ ရဲ့ ကြက်သရေ
ကမ္ဘာတည်သ၍ တိုင်စေ။
မြန်ပြည်သို့  ဦးဆံဆွေးမြေ့တာဝန်ယူနိုင်ပါစေ။
မကြီးထံ မှ ပဏာချွေ
မောင်လေးသို့  ရွင်လမ်းချမ်းမြေ့ မေတ္တာရည်။
မကြီးသဒ္ဓါ ( ၂။၂၄။ ၂၀၀၈) ဆထက်တပိုး..ကြိုးစားထမ်းဆောင်နိုင်ပါစေ မောင်လေးရေ.။ ပူဇော်ထိုက်သူ ကို ပူဇော်တာ မင်္ဂလာတပါးပါ။ အာဇာနည်ကောင်းမှန် နာမည် အမြဲ ရှင်သန်လျှက်ပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 8:12 AM 0 comments
ကိုယ့်ဖေဖေ နဲ့  သူများဖေဖေ
ငယ်ငယ်တုန်း ကလို
ပျော်ပျော်ပါးပါး မြက်ခင်းစိမ်းတွေကြား
ပစ်လှဲလိုက်ချင်မိသား။
ကြည်လင်နေတဲ့ မိုးသားပြာကြီး ပေါ်က
လွင့်မျောနေတဲ့ တိမ်ကလေးတွေ။
လေပြေရူးအဝေ့မှာ ဆောင်ယူလာတဲ့
ကုက္ကိုရွက် ခြောက်လေးတွေ။
နော့ကာနော့ကာ လေထက် ၀ဲပျံနေတဲ့
အမြီးဖွားဖွားနဲ့  စက္ကူစွန်ကလေးတွေ။
ကောင်းကင်မှာ တောင်ပန် ခတ်
လူးလားနေတဲ့ ဌက်ကလေးတွေ..
မြက်ခင်းစိမ်းစိမ်း ရဲ့ ခပ်စူးရှရှ အစိမ်းနံ့ လေးတွေ
ဖေဖေရယ်..သမီးခဏ လောက် ဒီမှာမှေး ပါရစေ။
လွန်ခဲ့တဲ့ အနှစ် ၄၀ က
အဖေ့ လက်ဆွဲလိုက်နေကြသမီး..
၁၉ နှစ်မှာ အိမ်ကတွက်.. တက္ကသိုလ်တက်..
၂၃ မှာ ဂုဏ်ယူဖွယ်ရာ တက္ကသိုလ်ကဆရာမ
ကန္တာ ခရီးကို တယောက်ထဲကျော်တော့
အဖေ ကလေ ဂုဏ်ယူလိုက်တဲ့ ဖြစ်ချင်း။
အဖေ့ရဲ့ချစ်သမီး..
ချစ်ရသော ယောက်ျားကို အဖေ့ လိုဘဲထင်
ရိုးသားစွာ မြတ်နိုး ကိုးကွယ်ဖူးတယ်။
အမှတ်မတင်တွေ့ ခဲ့ဘူးတဲ့ ယောက်ျားသား
လူကို အသုံးချ.
အသည်းနှလုံးကို အသုံးချ
စိတ်နှလုံးကြေအောင် ညစ်ပတ်နှိပ်စက်ကြ
အပြောကျတော့ ရွေမန်း..
ဗိုလ်ချုပ်အောင်ဆန်း လောက် မှန်း
ကြာကြာလေ၀ါး ခါးသီးတဲ့ အရသာ
ရွေရည်စိမ်..အတွင်းမှာ ပလာ
ကျီးအာသီးလို အရောင်ပျက် အာ
သူ့ သမီးကလေး အစား
မျက်နှာပူ ရှက်လှပါရဲ့
သူ့ ဖေဖေ လုပ်တဲ့ နိုင်ငံရေး။
မိန်းမ ရှုပ်ရန် အတွက်။
ပွဲလန့်ရာ မင်းသားကြီး တက်လုပ်ရန်အတွက်။
သမီးခမြာမသိရှာ ပါရမီဖြည့်ဖက်။
ရိုးသားတဲ့ ကျမ၏ဖေဖေ
နှိုင်းဆ ပြစရာ
ယောက်ျားဆိုးတွေနဲ့ ယှဉ်ကြည့်မှ
ကောင်းမြတ်ဂုဏ် နဲ့ အဖေကောင်း
ယောက်ျားကောင်းဆိုတာ မှတ်ကျောက်တင်ကြောင်း
သမီးကောင်းရာသုဂတိသို့  သမီးဆုတောင်း။
ရှိခိုးဦးတင်ပါရစေ ကျေးဇူးရှင်ဖေဖေ။
မသဒ္ဓါ ( ၂။၂၄။၂၀၀၈)
ဖေဖေ ရယ် လွမ်းတယ်..သမီးမှာ ကာကွယ်သူ ဝေးတဲ့အခါ.
Posted by Ma Thadar ( မသဒ္ဓါ ) at 6:39 AM 0 comments
တမင်လိုက်ရွာတဲ့ မိုးဆိုးနဲ့  အသေဆိုးတဲ့ ကံဆိုးသူများ..
ခရီးသည်(၁)
မရွာမိုးက..ခေါင်.
စပါးက ပိုးတွေကျနေ ငမြောင်တောင်
ဆန်အိုးက မှောက်ရက်သား
နားပေါက်ဟောင်းလောင်းနဲ့ အမေ့ ရဲ့ နား
သမီးမကြည့်ရက်အား..
ယိုးဒယားသွားဖို့ အထုတ်ပြင်။
ခရီးသည်(၂)
တဖြေးဖြေးဖွံ့ ထွား ချစ်ဇနီးရဲ့ ဝမ်းကြာတိုက်
ဒီခလေးငယ်ရဲ့ အနာဂတ်၌.
မဝ ရေစာ..မစားစေလို
သားလေးကို ရှင်အောင်မွေးနော် မေ
မောင်..ဟိုဘက်ကမ်း မှာ အလုပ်သွားရှာ.
သားလေးစာသင်ဖို့  ငွေဒေါ်လာ။
ခရီးသည်(၃)
ရည်းစားလေးရယ်.အားမငယ်နဲ့ 
မောင့် ပညာရေး မဖြစ်စလောက်နဲ့ 
မိန်းကလေးတယောက်ကို
ခါးလှနိုင်အောင် လက်ထပ်ရေး
မှင်ရွေရေး ခြယ်တဲ့ အိမ်မက်.
ပြန်လာရင် ရက်သတ်မယ်။
ချစ်လေးရယ် အားမငယ်။
ခရီးသည်(၄)
အမေ..အဖေ့သာပြုစု
လေဖြတ်တားတာ.မတည့်တာမကြွေးနဲ့ 
ဆေးခန်းမှန်မှန်ပြ. သမီးကိုစိတ်မပူနဲ့ 
သမီးရဲ့ စာရိတ္တ အမေသိပါတယ်။
ဟိုဘက်ကမ်းမှာ
ကောင်းရာကောင်းကြောင်းလုပ်စားမယ်။
ခရီးသည်(၅)
မောင်လေးနဲ့  ညီမလေး
ဘာမှ အားမငယ်နဲ့ 
အမ ဆယ်ကျော်သက်နဲ့ မိဘများသေသွား
ဆင်းရဲပင်ပန်းစွာ..အမကြီးတော့ အမိရာ
ရှာဖွေကြွေးခဲ့ပါလည်း
ကျပ်တည်းတဲ့ စစ်အာဏာရှင်နိုင်ငံ
မောင်နှမများ အမ ကျောင်းမထားနိုင်
အမ ထိုင်းမှာအလုပ်လုပ်.
မောင်နှမများကို ပညာတတ်အောင်လို့ ။
ခရီးသည်(၆)
အမေ.မုဆိုးမ.. ပထွေးက အရက်သမား
တဖြေးဖြေးလှပလာတဲ့ကျမ.
ရန်လာလာစတဲ့ အခါ..
အမေရယ် ကျမ.အတောင်ဖြန့် ပျံပါရစေ။
ဟိုဘက် ကမ်းမြေ။
ခရီးသည်(၇)
မောင်နဲ့  ကျမ..နှစ်ယောက်သားဘဝစ
နိုင်ငံခြားမှာ ဒိုးတူဘောင်ဘက်လုပ်
ဘဝ တခုလင်းလက်ဖို့  အားကြိုးကုတ်
သားသမီးတွေ မွေး..ပျော်ရွင်စရာအိမ်မက်လေး။
ခရီးသည်(၈)
ညီမလေးတို့ ..
မိုးကုတ် မှာ မစားလောက် ကျောက်တွင်းကပြို
စစ်တပ်ရဲ့ဆက်ကြေးက တဖြေးဖြေး တိုးတိုးဆို
ဟိုနိုင်ငံမှာဆို ကျောက်ပွဲစား
အကိုကြီး ကြီးပွါးမယ်။
ကောင်းစားတဲ့အခါ လာခေါ်မယ်။
ခရီးသည်(၉)
သားလေး..ဖေဖေမရှိရင်.
မင်းမေမေ ကိုဂရုစိုက်
ကျောင်းစာတွေ မှန်မှန်လိုက်
တအောင့်ကြာ အဖေ အဆင်ပြေ
သားနဲ့မေမေ လိုက်လာခဲ့
ထိုင်းဆိုတာ ဗမာလိုမီးမပြတ်
ဖယောင်းတိုင်နဲ့  သားစာကျက်စရာမလိုဘူး
ခဏလေးဘဲ အောင့်သည်းခံ။
အိမ်မက် အတွေးများနဲ့ပျော်
လူုပေါင်းက ၁ဝဝ ကျော်..
မဲမှောင်တဲ့ ကွန်တိန်နာပေါ်ဝှက်
အမှောင် ထဲသက်သက်
နံဘေးက အသက်ရှုပြင်းပြင်း
ဘာမှကို မမြင်ရခြင်း
ဝက်တင်ကားလို ပြွတ်သိပ်
ငါးပိသိပ် ငါးချဉ်သိပ်
ဟွန်း အမှောင်ထဲ လာစမ်းတဲ့လက်..
ပါး ဟက်တက်ကွဲသွားမယ်။
အသားချင်းထိ အခွင့်အရေး မယူစေချင်တယ်။
မျှော်လင့်ချက်များနဲ့ လူတစု
ဆန်ကောထဲက ဆီးဖြူသီးလို
ကားရွေ့ တိုင်း ပုံအိတစုနဲ့တစု
မပူပါနဲ့  မကြာခင် ရောက်တော့မှာ
အခုသာ အတွင်းထဲ မှောင်နေတာ
ကားရပ် တံခါးဖွင့်ချိန် အပြင်မှာနေခြည်ဖြာ
အနာဂတ်ရဲ့နေ့ သစ် လွတ်လပ်နယ်မြေမှာ။
အားလားလား .ပူမှ ပူ လိုက်တာ..
ချွေးနင့်နင့်ရွဲ.။ လူစော်နံ
အအေးခန်း က လေဝင်ထုတ် မုမမှန်.
တယောက်နဲ့ တယောက်ပူးကပ်
ဒါလေ…ငရဲခန်း တစ်ရပ်..
အသက်ရှုမဝ ကျပ်ကျပ်
လေ၀င်ထုတ်က ပေညစ်ထပ်ထပ်
နှာဝ ဖျား ရတဲ့ ချွေးငွေ့ 
အသက်ရှုမဝ အော့အန်ဆို့ နင့်
တဖြေးဖြေး..ရင်ဝဆို့ ကျပ်.
မျက်စိပြာ..ခေါင်းမူးလျှပ်လျှပ်
ဟေ့လူကြီးရေ…တော် လာမှီမနေနဲ့
အသားယူ ကျုမနား မကပ်နဲ့ 
တဖြေးဖြေး လေးလာတဲ့ အသက်ရှူသံများ
အိုင်းကနဲခွေကျ..ဘိုင်းကနဲခွေကျ
တယောက်ပြီး တယောက်ပြိုလဲသွား။
ဘာတွေ များဖြစ်နေသလည်း။
မှောင်မဲမဲ ကြောက်စိတ်မရဲတရဲ.
ရောက်လုပြီဘဲ စိတ်တင်းစေ။
ရည်းစားမရှိသေးတဲ့ လူပျိုကလေး
သူရင်ခွင်ထဲကျ လာတာက ဘေးကအပျိုလေး..
ငါကွ ပိုင်ပြီ လို့ လှမ်းအဖက်
ချွေးထပ်ထပ်နဲ့ သူမရဲ့ မျက်နှာနား ကပ်အသွားမှာ
အသက်မရှုတဲ့ သူမျက်နှာ..
ကောင်လေး ဝိညာဉ်လည်း လွင့်သွားရှာ..
တယောက်ပြီးတယောက်
တကိုယ်ပြီး တကိုယ်
ပြိုလဲနေဆဲ..ပျော့ခွေနေဆဲ
ဘာတွေ.........ဖြစ်နေလည်း..
ဘာတွေ.........ဖြစ်နေလည်း..
ပိန်းပိတ်တဲ့အမှောင်
တမင်းအသက် ခုနှစ်ရက်
ရေ အသက် တမနက်
လေ အသက် အသက်တစ်အောင့်
အဆုတ်တွေ အောင့်နေအောင်ပေါက်ကွဲ
တဒုံးဒုံး နံရံကို ဆောင့်ကန်ဆဲ
ကယ်တော်မူကြပါ ကယ်ကြပါအရပ်ကတို့ 
ဘုရား ဘုရား..
ဒီအထဲဘဲ ရေတိမ်နစ် သေတော့မှာလား..
ကျွန်တော် တို့  သေတော့မယ်
တံခါးဖွင့်ပေးကြပါ။
တံ ခါး ဖွင့် ပေး ကြ ပါ။
ဗုဒ္ဓ ရှင်..တ ပည့် တော် ကို ကယ် မ ပါ။
အမှောင်ထဲမှာ..
ကုန်းပေါ်တက်ငါးလို မသေပါရစေနဲ့..
နောင်ဘ၀အဆက်ဆက်..
စစ်ကျွန်ဘဝ ရွေ့ ပြောင်းအလုပ်သမားမဖြစ်ပါရစေနဲ့ 
သေအံ့မူးမူး..ပိုက်ဆံ အတိုးနဲ့ ချေးယူ
ပြည်ကူးရသူများ..
အသေဆိုးသေခဲ့ရပြီ။
စစ်အာဏာရှင်ရဲ့အောက်..အိပ်ရာဝင် ပုံပြင် တပုဒ်သည်။
ရင်ထဲခံစားကြေကွဲခြင်းအပြည့်ဖြင့်
မသဒ္ဓါ ( ၄။ ၂၃။ ၂၀၀၈)
အသေဆိုးဖြင့်သေရသော ညီမလေး မောင်လေးများကို ကြည့်၍ မသဒ္ဓါ၏ ကဗျာ ကာရန် ပျောက်နေသောဝေဒနာ ကြောင့် ကဗျာ အသစ်များ မတင်နိုင်ခြင်းကို နားလည်ပေးစေလိုပါသည်.။ တခါတရံ ကဗျာသမားသည် ဆို့ နင့်စွာ တိတ်တဆိတ် ကြေကွဲ ခံစား တတ်မှူကြောင့် ကာရန်တစ်လုံး ကဗျာ တစ်ပုဒ် မထွက်နိုင်သည်အထိ ဖြစ်ခဲ့ရခြင်းကို နားလည် ခွင့်လွတ်ပေးပါ။
ကံဆိုးသူများရေ..အမျှ အမျှ အမျှပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 3:26 AM 0 comments
ရဲရဲ နဲ့  မဲမဲ သာဆန္ဒ ဒို့ ဖော်ထုတ်တင်ပြကြ
ဘိုးဘွားစဉ်ဆက်.
စပါးဆန်ရေ..အလှူရေစက်
မျိုးဂုဏ်တက်တဲ့ပြည်မြန်မာ..
တောင်ကြောမှန်သမျှ
ထုံးဖြူဖြူ စေတီ မျှော်မဆုံး
သာသနာရောင်ဝါထွန်းခဲ့တဲ့ ဘူမိအောင်ခြာ။
သူ့ ကျွန်ဘဝက တော်လှန်ခဲ့
သူရဲကောင်းများရဲ့ မွေးရပ်မြေမဟာ
ငါတို့ ခေတ်မှာ အညွန့် ကျိုး.
ယူကျုံးမရ..တောက်ခေါက်ခါ။
သခင်မျိုးဟေ့ ဒို့ ဗမာ..
အာဇာနည် မျိုးဆက်တို့ ရဲ့ ဂုဏ်သိန်ဟာ
နယ်စပ်ဖြတ် ကျွန်ခံခဲ့ ရတာ အသည်းနာ။
အိမ်ဖေါ် ပညာတတ်မိန်းမပျိုများ
အစော်ကားခံ အိမ်ရှင်ခြေတော်တင်ရှာ
မြတ်နိုးစွာသော ဒို့ ရှင်သူမြတ်များ
ကဘော်ချိုင့်မှာ..ပင်ပန်းသေကြေရှာ
လေးစားအပ်သော သူရဲကောင်းများ
သေကြေ စက္ခု အလင်းကွယ်နေတာ.
သံမဏိ အာဇာနည် မိန်းမတဦး
အိမ်ထဲပိတ် ၁၂ နှစ်ကြာ
ဒါ ဘယ်သူက မတရား ယုတ်မာ။
ဒါ ဘယ်သူက..ဂုတ်စီးနေတာ။
ဒါ ဘယ်သူ က သနားမညှာတာ။
ရန်ဆိုတာ ပြတ် ပစေ။
အမှန်ရဲ့ ဘက်တော်သားဆိုရင် ရဲရင့်စေ။
တစ်ဦး တစ်ယောက်ချင်းစီ ရဲရဲ
မဲဆိုရင်…ကြိုက်သလောက်သာမဲ
မိုးစက်တပေါက်နဲ့  ရေကာတာ မပြို
မိုးရေထုကြောင့် ရေကာတာက ပြို..
မကြောက်မရွံ့  ဆန္ဒကိုသာ
ရဲရဲနဲ့ မဲ မဲသာ ဆန္ဒ ဖော်ထုတ်ကြစေလို။
မသဒ္ဓါ ( ၄။ ၂၃။ ၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 2:17 AM 0 comments
Friday, April 18, 2008
သားသမီးငယ်များသို့ သေတမ်းစာ။
မငိုနဲ့ သမီး သားတို့ ..
အမေသွားတဲ့ အခါ.
ရိုးရိုးရှင်းရှင်းလေးဘဲတွေး
ဒါဟာ ဇာတိ ..ဇရာ.ဗျာဓိ..မရဏ
သားဖေဖေသာ ဂရုစိုက်နှင့်ကြ။
မောင်ရေ။
ကျမတို့ ရဲ့ အစမကောင်းတဲ့ မင်္ဂလာပွဲ
ဗုံးပေါက်ကွဲမှုနဲ့တိုးတယ်။
ပြာမှုန်တွေလိုကြေသွားတဲ့သမဂ္ဂ ရဲဘော်များ
ကျမ တသက်မမေ့နိုင်အားတဲ့ ဝေဒနာ။
ကိုက်ထားတဲ့နှုတ်ခမ်း သွေးစိမ်းစိမ်းဖြာ။
ချစ်သူကို စစ်ဘီလူးများ ဖမ်းထား
ကြက်ဌက်ကလေးလို။
ငိုချင်ပေမဲ့ အံကြိတ်တဲ့နှလုံးသား
မငိုဘူး..အားမလျှော့ဖူး
ခွဲခွါခြင်း အခါးဖြစ်ပစေ.
ကျမ အမှန်တရားနဲ့နေ။
ကျမ အမှန်တရားနဲ့သေချင်တယ်။
ချစ်ရသူက မျိုးချစ်ဆွေ
ထောင်နဲ့ တန်း..နှိပ်စက်စမ်းပစေ.။
တကျွန်းမြေခြား ကွာဝေးစမ်းပစေ။
ဘယ်မှာဦိးမညွတ်. စွန့် ဝံ့ပါသည်။
ကျမတို့  နှစ်ဦးလုံး။ အာဇာနည်ထောင်ထွက်
ဝိညာဉ် ခနွာ အသက်..တိုင်းပြည်အတွက်။
ထောင်နဲ့ အိမ်.
အိမ်နဲ့  ထောင်.ဝင်လိုက် ထွက်လိုက်
ထွက်လိုက် ဝင်လိုက်
ထရံ မခြားဘဲ..
ချစ်သူနဲ့ ကျမဘဝဟာ တပြေးသားထည်း။
တပ်က စစ်ဆေးဖို့ လာဆွဲ
မျက်နှာမွဲနဲ့ လေးနဲ့ သား..
အမေ့ကို ကာကွယ်ဖို့ လက်ကာတား
“ အမေ့ကို ဘယ်ခေါ်သွားမှာလဲ”
ငိုသံပါလေး သူ မဝံ့မရဲ..
ကျမထမိန်စလေးလာဆွဲတယ်။
“ ဖယ်စမ်း သားလေး..
အမေ့ အရေးဟာ အမေ..
သားတို့ တော်သလိုသာ နေကြ.
သားတို့ ပျော်သလိုသာ နေကြ.
အမေ့အတွက် သမိုင်းပေးတာဝန်ကျနေတယ်။
မကြောက်မရွံ့ ဆက်လျှောက်မယ်။”
ရေကြည်အိုင်ရဲ့ ငရဲခန်း
ဖေါ်ပြမစွမ်းနိုင်တဲ့ရက်စက်မှု
အံကြိတ်ခံဆဲ..ငါသေလို့ မဖြစ်ဘူး
ငါ့ အသက်ဝိညာဉ်..
နိုင်ငံအတွက် ဆက်ရှင်..
ချစ်သူအတွက် ဆက်ရှင်.
ကျမဟာလေ.. အသက်ပြင်းတဲ့ခွပ်ဒေါင်းမိခင်။
ချစ်သူဘ၀ မပျော်ရ မရွင်ရ.
နိုင်ငံရေး အကဲပေးတဲ့ ချစ်သူ
ပါရမီဖြည့် တဲ့ ကျမက
မဒ္ဒီလိုကြည်ဖြူ.
နိုင်ငံက ကျမတို့ ဘဝ
ကျမတို့ ဘ၀က..ကျမတို့ ဘ၀မဟုတ်။
ဒီလို အဖေအမေကို ရ
သားတို့ ကံဆိုးလှတယ်တွေးနေလား။
သားတို့ တနေ့ ကြီးရင်နားလည်မယ်.
အမေနဲ့  အဖေနဲ့ ထောင်အ၀င်ထွက်
ဘာကြောင့် ခဏခဏလည်.
ကျမလေ..မောင်
မိန်းမ ပီပီ..ကနွဲ့ ကရ
မိုးမှောင်တဲ့ ညချမ်း..
ချစ်သူအနမ်း လည်းခံချင်ရဲ့
သနပ်ခါးခြေဆုံးခေါင်းဆုံး
ရှူမဆုံး ချစ်သူပြုံးတာလည်းမြင်ချင်ရဲ့
ရင်ခုန်သံ မတိုးတတိုး..
ချစ်သူ သက်ပြင်းချသံလည်းကြားချင်ရဲ့.
ချစ်သူရဲ့ရင်ခွင်ကို တိုး..
နွဲ့ဆိုးကလေးလည်း ဆိုးချင်ရဲ့.
ပုခက်ထဲ နိုးနေတဲ့သား
သီချင်းဆိုချော့သိပ်ချင်ရဲ့
သမီးလေးအတွက် ပါးကွက်ကျား
လှပအောင်လိမ်းပေးချင်ရဲ့
မိသားစု တပျော်တပါး
လည်လည်များလည်း သွားချင်ရဲ့
တခါတရံ..သာမန် မိန်းမ..
အိမ်ရှင်မတဦး အိမ်မက်ထဲမက်ဘူးပေမဲ့
အမေနဲ့ အဖေ့ ဘဝ..
တိုင်းပြည်ကဘဲပိုင်ကြ
သက်စွန့်  အနာခံ..ပျားလိုသာတုတ်ရန်.
အမှန်တရားရဲ့ စစ်သည်..
မိသားစုရေးမှာ ဝတ်မကြေတယ်။
တောင်းပန်သည်..မေ့သားသမီးများ
ဒီတော်လှန်ရေးရဲ့သစ္စာ.မပြီးခင်မှာ
အမေများ သေခဲ့ ရင်ဖြင့်..
အမေ့အတွက် အမျှဝေရန်မလို..
အမေ့ကိုချစ်တယ်ဆို..
မပြီးတဲ့အမေတာဝန်
တိုင်းပြည်အတွက် ဆက်လက်ယူကြပါစေလို။
မသဒ္ဓါ
အန်ကယ်ဦးလှရွှေ၏ဇနီး ကွယ်လွန်သူ အာဇာနည်မ အန်တီဒေါ်ခင်မာအေးကိုယ်စား ခံစားကြည့်ပေးပါသည်။ မှားရင် ခွင့်လွတ်ပါ မောင်လေးကိုအောင်သာရေ.။ မငိုပါနဲ့ သား..သားမေမေ သားနဲ့အတု အမြဲရှိနေပါတယ်။
Posted by Ma Thadar ( မသဒ္ဓါ ) at 6:13 AM 0 comments
Labels: poem
Thursday, April 17, 2008
" ကမ်းကြည့်ဌက် " မီးရှုးသန်ု့ စင်ခြင်း
ကမ်းကြည့်ဌက်
နွေကန္တာရဲ့ ခရီးကြမ်း..
အများအတွက် လမ်းသစ်ရှာသူများအတွက်
ရေကြည်ရာ..မြက်နု
အများကောင်းစားမှု ..ရှာဖွေသူများအတွက်
မုန်တိုင်းနဲ့  အန္တရာယ်လမ်း.
လှိုင်းကြမ်းခရီး လှော်ခတ်သူများအတွက်.
ကူညီ ပါဝင်ပေး
ကမ်းကြည့်တဲ့ဌက်ကလေး..
သံလွင်ခက်ကလေး..ချီလာပေးပါရစေ။
*****************************
မိုင် ၃၀၀၀ ကျော်..မနီးတဲ့ခရီး..
မျိုးးချစ်စိတ် အရင်းတည်ပြီး
သတ္တိသွေးချွေး နဲ့ ရင်းနှီး
ငြိမ်းချမ်းရေး၏ လွတ်မြောက်လမ်း
လျှောက်လှမ်းသူများအတွက်.
စောင့်ရှောက်ပေးရန်
(ကမ်းကြည့်ဌက်) ရံပုံငွေ ရှာဖွေရေးကွန်ရက်
အဖွဲ့ ဝင်များ
၁) မောင်စွမ်းရည် ( နယူးယောက်)
၂) မာမာအေး. (ဖို့ ဝိန်း)
၃) မောင်စိုးချိန် (ဖို့ ဝိန်း)
၃) လားရှိုးသိန်းအောင် ( တက်ဆက်)
၎) အောင်ဝေး ( မစ်ရှီဂန်)
၅) မောင်ရစ် (မိုးမခ မီဒီယာ) (ဆန်ဖရန်စ္စကို)
၆) မေစန္ဒာစိုးညွန့် (နယူးယောက်)
၇) ဦးဃောသိတ (ရွှေဝါရောင်) (နယူးယောက်)
၈) တင်မိုးလွင်( နယူးဂျာစီ)
၉) နေတင်မြင့် (ကယ်လီဖိုးနီးယား )
၁၀) Y မြစ်ချို (ကိုရီးယား)
၁၁) ရဲရင်သက်ဇွဲ (ဂျပန်)
၁၂) ရှေးရေစက်(သြစတြေးလျ)
၁၄) မင်းရွှေအေး (ဖို့ ဝိန်း)
၁၅) စစ်နိုင်မင်း (www.boboburma.blogspot.com/) နှင့်
၁၆) မသဒ္ဓါ ( http://thadar.blogspot.com/) ပါဝင်ပါသည်။
ဆက်သွယ်ရန် thadarmay@gmail.com , kagway@gmail.com
လှူဒါန်းလိုသူများ..ဒီ ဓါတ်ပုံပေါ်မှာ click လုပ်ပါ။
http://88portland.wordpress.com/contribute/
Posted by Ma Thadar ( မသဒ္ဓါ ) at 5:49 AM 0 comments
Labels: Cheer
Saturday, April 12, 2008
ခွပ်ဒေါင်းနီတို့  ပြည်တော်ပြန်
ချီလေတဲ့ ချီလေ
အမှန်တရား အတွက် မေ့သားကောင်း
တော်လှန်ရေးသားကောင်းရဲ့ ဂုဏ်ရည်။
မြန်မာပြည်…ရောင်နီထွန်းစေဖို့ 
ဘာမထီ..ဇာနည်ကောင်းရယ်က
ဒေါင်းလံချီ…ပြည်အ၀င်လမ်းကိုလ
လှမ်းခဲ့ပါပြီ။
ဝေသီသီ..မျက်စေ့တွေဝါးသော်လည်း
မွေးမေမျှော်ရည် .ပျော်ရွှင်ကြည်
သားမောင်ကို အောင်သပြေကမ်းချင်ရဲ့
အမျိုးချစ်တဲ့ ပြည်သူ့ စစ်သည်
တော်လှန်ရေး၏ တပ်ဦးဆီ။
အနှစ် နှစ်ဆယ်လွန်မြောက်
အမေ့အိမ်က.ပျောက်
တောထဲရောက်သွားတဲ့ သား
အမယ်မင်း..ခန့် ထယ်ထွား
လူလတ်ပိုင်းကြီး ဖားဖားဖြစ်နေ။
ခွပ်ဒေါင်းရဲ့ သွေးနီနီ
ရွှေဝါရောင် တော်လှန်ရေး
ပေါင်းစည်း ညီညာသွေး
အနာဂတ်ရဲ့ ရောင်ခြည်
ဆောက်တည်ကြမဲ့ ရွှေပြည်ရဲ့လွတ်လပ်ရေး
ခွပ်ဒေါင်းသွေးနဲ့  ရာဇပလ္လင်ဆေး
သမိုင်းကို ရေးမဲ့ ရက်များသည်
နိဂုံးမှာ စစ်အာဏာရှင် ပျက်သုန်းစေရမည်။
အမိရဲ့ မြန်မာပြည်။
မသဒ္ဓါ ( ၄။၁၁။၂၀၀၈)
“ အိမ်ပြန်ချိန်တန်ပြီ..ခွပ်ဒေါင်းနီတို့  ..
ထလော့ တွန်လော့ တောင်ပန်ခတ်လော့
ခွပ်ကျင်းသို့ ပြင်..အားမာန်ဆင်
နိုးကြားပါစို့  တိုက်ကြစို့ ”
မောင်လေး မိုးသီးဇွန်နှင့်တကွ..ကျောင်းသား တပ်မတော် ရဲဘော်ဟောင်းများသို့ 
Posted by Ma Thadar ( မသဒ္ဓါ ) at 1:06 AM 0 comments
Friday, April 11, 2008
အမှန်ဆိုရရင်..တကယ်ဘဲ No No
တချိန်က..ဆီကိုရေချိုး
ဆေးရိုးမီးလှုံ စပါးတောင်လိုပုံတဲ့ပြည်ရွာ။
ပတ္တမြားငမောက်..
ရွန်းပတောက်ရာရတနာမြေမှာ
ပတ္တမြားစိန်ကျောက်
ဇယ်တောက်ကစားခဲ့တာ
ရွှေသားပကတိ..ရွှေပုလ္လင်ရွှေကျောင်း
ရွှေသားမောက် ရွှေတိဂုံ
အေးချမ်း ပြည်ရွာဖြိုး
ဗုဒ္ဓ ရောင်ရှိန်တန်ခိုး.
စစ်ကိုင်း တောင်ရိုးစေတီပုထိုး
သာယာရွှေမြေ..အမိရယ်တဲ့ မြန်မာပြေ။
အာဏာရှင် စစ်သံဖနောင့်
အနှစ် (၄၆) တိုင် ရက်ဆက်.
တစ်ရက် ထက် တစ်ရက် ဆုတ်ယုတ်
ဘီလူးက ရက်စက်.အစွယ်ထုတ်
လှပတဲ့နိုင်ငံတော် ကို အသရေယုတ်အောင်
လုပ်လည်း လုပ်ရက်တာ
ပြည်သူများအဖို့ က ရင်နာ
အစုလိုက် မျိုးပြုတ်ပြုန်း
တိုင်းရင်းသားများ မျိုးတုန်း
ရွှေ့ ပြောင်းအလုပ်သမားဘဝ
ရောက်ရာနိုင်ငံမှာ မျက်နှာငယ်ရ
ကျွန်သဘောက် ဘ၀ထက်အောက်ကျ
ခိုးသွင်းလာတဲ့ ကွန်တိန်နာတစ်လုံး
လေရှူစရာမရ မွန်းကျပ်သေဆုံး.
ဒီလို လူ ကုန်ကူးခံရတဲ့ အဖြစ်.
တိုငိးပြည်ရယ်..တစစနွံထဲနစ်နစ်နေ.
ဘယ်သူလာ ကူညီစေ။
ပြည်တွင်းအားက ပြည်တွင်းမှာရှိ
မကျေနပ်တာ ခေါင်းငုံမခံနိုင်သည့်
ဗမာ့၏ သတ္တိ ကမ္ဘာက သိရအောင်.
ပြည်သူ တဦးချင်းစီရဲ့ ဆန္ဒ
ရဲဝံ့စွာ ထုတ်ဖော်ပြောကြ
ကိုယ်ရတဲ့ အခွင့်အရေး လက်မနှေးစေနဲ့ 
ရိုးရိုးသားသား အသည်းကြားက လာတဲ့ မဲတမဲ
ဟေ့..အမဲ ဘဲဟေ့ အမဲ ဘဲ။
မသဒ္ဓါ (၄။၁၀။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 5:05 AM 0 comments
Wednesday, April 9, 2008
အာဇာနည်မျိုး သေရိုးမရှိ
ကျနော် မြင်တာကို၎င်း၊ တွေ့ တာကို၎င်း၊ သိတာကို၎င်း၊ မြင်သူတွေကတဆင့် သေသေချာချာ ကြားတာကြောင့် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက် ရေးသားမိတာတွေ ပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။
အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသား မြန်မာလူမျိုးအားလုံးကို မေးသင့်သလို၊ ပို၍ ထပ်ပြီးမေးသင့်သည်မှာ ပြည်ပ နဲ့ ပြည်တွင်း က ဒီမိုကရေစီ ဘက်တော်သားတွေ၊ ခေါင်းဆောင်ကြီးများတွေ၊ လေလှိုင်းတွေပေါ်မှာ မိုးလုံးထွားစွာ ပြောနေသောသူတွေ၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုသောသူတွေကော၊ အရင်ကတော့ ဘာဖြစ်တယ် ဘာဖြစ်တယ် ဆိုပြီး အခုတော့ ရ၅% ဘဲ ရတာလေးကို ဘဲယူပြီး ရသလောက် နေရာလေးဝင် ထိုင်ချင် သောသူတွေရယ်၊ ပြည်သူတွေဆန္ဒဘဲ ဆိုပြီး ပြည်သူကို အမြဲတမ်းခေါင်း ပြန်တင် ကာ စကားလှလှလေး သုံးပြီးတော့ ကိုယ်မနာရင်ပြီးရော ဆိုသော ခေါင်းဆောင်ကြီးတွေ ကို ပြည်သူ တစ်ယောက်အနေနဲ့  ပြတ်ပြတ် သားသား မေးရတော့ မဲ့  အချိန်ကိုရောက်ပါပြီ။
ဘာလို့လည်းဆိုတော့မြန်မာနိုင်ငံပြည်တွင်းတွင် နေထိုင်သော တိုင်းရင်းသားတွေကို မြန်မာ တပါတီ အာဏာရှင်စံနစ်ကို မကြိုက်လို့ ၊ ကြိုးနီစံနစ် ကိုင်တွယ်တာကို လုံးဝလက်မခံနိုင်ဘူး ဆိုတာရယ်၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ဥပဒေစိုးမိုးခြင်း။ တို့ အခြေခံပြီး ပြည်သူကတင်မြှောက်သော ဖဒရယ်ပြည်ထောင်စုအစိုးရပေါ်ပေါက်ရန် ၁၉၉၀ပြည့်နှစ်က မဲပေးတင်မြှောက်ပေးထားပြီးပါပြီ၊ ပထမဦး ဆုံးသောပြည်သူတွေ လုပ် ဆောင်ရသောအပိုင်းတာဝန်ကို ကျေပြွန်စွာဆောင်ရွက်ခဲ့ပြီးပါပြီ။ တာဝန် ကျေခဲ့ပြီးပါပြီ။
ဒီမိုကရေစီအစိုးရကို လိုချင်လွန်းလို့ယနေ့ထိ စစ်အစိုးရရဲ့ စံနစ်တကျ နှိပ်ကွပ် ဖိနှိပ်ခြင်းအောက်မှာ အံကြိတ်ခံ ရင်း အနှစ် ၂၀ တိတိ ခံလာရတာတောင်၊ ကျွန်တော်တို့ တင်မြှောက်ထားသော ပြည်တွင်း ကကိုယ် စား လှယ်တွေ၊ပြည်ပကကျွန်တော်တို့ ရဲ့ ခေါင်းဆောင် တွေကဘာလို့ ပြတ်သား သော၊ နောက် ဆက် တွဲ ကိုမရှိနိုင်သောအခင်းအကျင်း၊တိုက်ပွဲကိုဘာလို့ မလုပ်နိုင်ကြတာလည်း ဆိုတာကိုပါ။ ဘာလို့ ပြတ်ပြတ် သားစကားလုံးနဲ့ ၊ဘာပြီးရင်ဘာဆက်လုပ်မယ်၊ ဘာမဖြစ်ရင်ဘာလုပ်မယ်၊ ဘယ်လို့ ကြေငြာပြီး မလုပ်နိုင်ရတာလည်း၊
ပြည်သူက ဘယ်သူကို ခေါင်းဆောင်တင်ပြီး၊ ဘယ်သူ့ စကား ကို ယုံကြည်ပြီး လိုက်ရမှာလည်း။ ပြောကြပါအုံး။ ပြည်သူက ကန့်ကွက်မဲပေးပြီ ဆိုပါတော့၊ ကျွန်တော်တို့ တိုက်ပွဲက ပြီးသွားပြီလား၊ ဘယ်နှစ်နှစ်အတွင်း ဒီမိုကရေစီ ရမှာလည်း၊ ပြောပါ။
ဒီလို မေးတာက ပြည်သူအများစု ရဲ့ တကယ့်ရင်တွင်းမှာ က စစ်အစိုးရက လုပ်သောဆန္ဒခံယူပွဲကြီး ကို လည်းလုံးဝ မဖြစ်မြောက်စေချင်သလို ၊ အခြေခံဥပဒေကြီးကိုလည်းလုံးဝသဘောမတူဘူး ဆိုတာကိုတော့သိထားပါ လို့ ပြောပါရစေ.။
ဘာလို့ ဒီ ဆန္ဒခံယူပွဲကြီးကို မဖြစ်မြောက်အောင်လုပ်ဆောင်ကြ၊ ကန်ကွက်ကြ၊ တော်လှန်ကြ ကျွန်တော်တို့ အားလုံး လည်းပြည်သူရှေ့မှာ အခုပြောတဲ့အချိန်ကစပြီးရှိတယ်၊ကျွန်တော်တို့ ကိုယ်တိုင် ပြတ်ပြတ်သားသား တွန်းလှန်တယ်ဆိုသော အကြမ်းမဖက်သော ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးလုပ်ပြီ ဆိုတာတောင်မကြေငြာရဲတော့ ဘူလား။
မြန်မာနိုင်ငံက အနှစ်၆၀ကျော်ကြာ ရှည်လျား ဆိုးဝါးလှတဲ့ ပြည်တွင်းစစ်များ အလွန်၊ အကြမ်းဖက်ဝါဒများ ခေတ်စားလာနေတဲ့ ဒီကနေ့ကမ္ဘာမှာ ကျနော်တို့ဘက်က အကြမ်းမဖက် အနုနည်းသက်သက်နဲ့သာ စစ်အာဏာ ရှင်တွေ ကို တောက်လျှောက် ဆန့်ကျင်လာခဲ့တာပါ။ ဘယ်နှစ်ခါကများ စစ်တပ် ကတိတည်တာကို ရှိခဲ့ဘူးလည်း၊ ပြောရင်ပြောသလို၊ ဂတိက၀တ် ကိုကျေတယ်ဆို တာ ဘယ်မှာရှိသလည်း၊ သူတို့ ကိုယ်တိုင် ရေးပြီး၊ ပြည်သူကို လိုက်လံချပြ စည်းရုံးရေးခဲ့သော မြန်မာ့ဆို ရှယ်လစ် အခြေခံဥပဒေကြီးကို တောင်၊ စာအုပ်ထဲကတခြား ၊အပြင်လက်တွေ့က တခြားလုပ် ဆောင်ခဲ့ကြတာ၊ပြည်သူကို ဘာကိုမက်လုံးတွေ၊ မဟာနိုင်ငံရေးအဘိဓါန် တွေပြောပြီး၊ ဘာလို့ ဒုက္ခ ခဏခဏ ပေးချင်ရတာလည်း ဆိုတာကိုလည်း သတိ ပြုကြပါအုံး ခင်ဗျား။
အားလုံးလဲ ပြတ်ပြတ်သားသား မေးရတော့မယ့် အခြေအနေ အချိန်အခါ ကျရောက်နေပြီဖြစ်လို့ပါ။
မပြတ်သားရင်တော့ ကျနော်တို့ မပြီးနိုင်သောပန်းချီကားကြီးကို ရေးဆွဲသွားကြရတော့မှာဖြစ်ပြီး ပြည်သူ တွေကြား ထဲ ယခုထက်ပိုဆိုးဝါးတဲ့ အထွေထွေကြပ်တည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက် လုယက် တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းမနိုင်အောင် ဆက်လက်ပြီး ရင်ဆိုင်သွားကြရတော့မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါဘူး။
ဒီလာမယ့်ဆန္ဒမဲပေးပွဲဟာ ဘယ်လိုရလဒ်တွေပဲထွက်ထွက် အများပြည်သူအဆင့်ထိ ပြန့်နှံ့သွားပြီဖြစ်တဲ့ တရား လက်လွတ် ဓါးမိုးအုပ်ချုပ်မှုနဲ့ အနိုင်ကျင့်စော်ကားမှု အဓမ္မစရိုက်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆီ ဦး တည်နေပြီဖြစ်ပါတယ်။ မနင်းရင်တော့ အနင်းခံရမှာပဲ ဆိုတဲ့အသိနဲ့ အားထားလုံခြုံရာ ဥပဒေ အစောင့် အရှောက်ကင်းမဲ့မှုတွေက ပြည်သူကို ချောင်ပိတ် အရိုက်ခံနေရတဲ့ ခွေးတွေပမာ ခံစားလာ စေရ လိမ့်မှာဖြစ်သလို၊ ဘယ်ကမှ အကာအကွယ်မရနိုင်ရှာတဲ့ အဲဒီပြည်သူတွေရဲ့ဘဝက စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့နောက်လိုက်တွေ ပြုသမျှ နုရတော့မယ့်အခြေကို လုံးလုံး လျားလျား ဆိုက်ရောက်သွားတော့မှာပါ။ လက်ရှိ အင်အယ်ဒီ အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အနိုင်ကျင့် ရိုက်နှက်ပြပြီးတော့ ပေးနေ တဲ့ သတိကိုက ပြည်သူတွေ နင်းမှာလား အနင်းခံမှာလား ဆိုတာပါ။
တကယ်တမ်းတော့ အများပြည်သူမလိုလားတဲ့ နအဖဘက်က သူ့ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ စနစ်တကျ သူဖြစ်ချင် တာသူ လုပ်ယူဖန်တီးသွားနေခဲ့တာ အရာရာအောင်မြင် ပြီးမြောက်လုပြီဖြစ်ပါတယ်။ တရားတယ် မတရား ဘူးဆိုတာထက် အနိုင်အရှုံး အဖြေက ရလဒ်ကို ဦးဆောင်သွားတော့မယ့် အချိန်မှာ ဘယ်သူမှ ဘာမှမတတ် နိုင်ကြတော့တာဟာ အမြင်အားဖြင့်ကို ရှုံးနေပါပြီ။
အဲဒီအဖြေထွက်တဲ့အထိ စောင့်ကြည့်မနေသင့်တော့တဲ့ အချိန်မှာ နိုင်ငံရေးအခင်းအကျင်းတွေ၊ သုံးသပ် ချက်အလှည့်အပြောင်းတွေ၊ သံတမန်ရေးရာနည်းလမ်းတွေ၊ ဒေသတွင်းပါဝင်ပတ်သက်မှုတွေ၊ နိုင်ငံတကာ စာနာမှုတွေ အားလုံးကို ခေတ္တခဏဘေးဖယ်ထားပြီး ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါတယ်။
ကန့်ကွက်မဲဝင်ထည့်ပြန်ရင်လဲ နအဖရဲ့လုပ်ရပ်ကို အသိအမှတ်ပြုပြီးသားဖြစ်သွားမယ်။ မဲမပေးပဲ နေမယ်ဆိုရင်လဲ ရသမျှနဲ့ အနိုင်ပိုင်းသွားတာခံရမယ်။ ရှုံးရှုံးနိုင်နိုင် နအဖဘက်က အုပ်စုဗိုလ်အနေနဲ့ အသာစီး က ဆက်ကစားလို့ ရသွားတော့မယ့် အခြေအနေမှာ၊ ဒီပွဲက ကန့်ကွက်တာမဲများခဲ့ရင် အခြေခံဥပဒေ အတည်မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားညီလာခံကို ပျော်ပျော်ကြီးပဲ ပြန်လည်စတင် ကျင်းပ သွားဦးမှာ ဖြစ်ပြီး မဲဝိုင်းထည့်တဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတို့အရ အဲဒီညီလာခံကို သပိတ်မှောက်ထားတဲ့ အင် အယ်ဒီအနေနဲ့ နအဖစိတ်ကြိုက် ခင်းကျင်းထားတဲ့ အမျိုးသားညီလာခံအခြေပြု အနာဂတ်နိုင်ငံရေးလမ်းစဉ်မှာ လမ်းဘေးကို ရောက်သွားရပါလိမ့်မယ်။ ဒါက တချက်ခုတ်နှစ်ချက်ပြတ် အင်အယ်ဒီကို မြောင်းထဲပို့နေတာပါ။
ကလိမ်ကကျစ်ကျပြီး ထောက်ခံမဲတွေအရ လမ်းညွှန်မြေပုံခုနှစ်ဆင့်အတိုင်း နောက်နှစ်နှစ်အကြာမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပခွင့် ရသွားလိုက်ပြီဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား နအဖများဘက်က လက်ခမောင်းခတ်ကြတော့ဖို့ပါပဲ။
၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လုံးဝဥဿုံပျက်ပြယ်ပြီး ကြံ့ဖွံ့က နအဖလိုလားတဲ့ ဦးဆောင်ပါတီကြီး တခုအဖြစ်နဲ့ အမျိုးသားညီလာခံကတဆင့် အဲဒီအခြေခံဥပဒေ လူလားမြောက်အောင် နအဖနဲ့ အတူလက်တွဲ ဝိုင်းကူဆွဲပေးခဲ့တဲ့ တစည အပါအဝင် တိုင်းရင်းသားပါတီတွေ ခြံရံထွက်လာပြီးတော့ တကြော့ပြန် လက်ရှိ ချန်ပီယံ အင်အယ်ဒီနဲ့ အားစမ်းပွဲလုပ်မလား။
အဲဒီ လမ်းညွှန်မြေပုံခုနှစ်ချက်အရပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အခင်းအကျင်းက လှသွားလိုက်တော့ ရှေ့ဆက်တိုင်းပြည်ရဲ့ အနာဂတ်က အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယား အမွှာပူးကလေးဖြစ်လာမယ်။ လိင်ဖျော်ဖြေရေးအလုပ်သမတွေ အပါအဝင် လူသားအရင်းအမြစ်တွေ အမြောက်အမြားထုတ်လုပ်ပေးလာမယ့် နိုင်ငံတခုကို အိမ်နီချင်းနိုင်ငံတွေက ဝမ်းသာအားရ လက်ကမ်းကြိုဆိုနေကြမှာပါ။
စစ်အာဏာရှင် စံနစ်ဆိုးအောက်က လွတ်မြောက်လိုသူတိုင်း နဲ့ လွတ်မြောက်စေလိုသူတိုင်း ငါလုပ်မှ၊ ငါပြောမှ၊ ငါကြံခါမှဟုတ်မှန်အောင်မြင်ရမယ်ဆိုတဲ့ အထွေထွေအတ္တတွေထဲက လွန်မြောက်နိုင်ဖို့ အရေးကြီး လိမ့်မယ်ထင်ပါတယ်။ နောက်ပြီး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမယ့် အခြားတဖက်မှာတော့ ဦးတည်ရာ ညွှန်ရပ်တွေက တကွဲတပြားဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ ဘယ်ကိုတွန်းမှာလဲ၊ ဘယ်အထိရောက်အောင်တွန်းရမှာလဲဆိုတာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မျိုးမဟုတ်တဲ့အတွက်ကြောင့် ရွေ့ချင် ရွေ့ ရွေ့ချင်မှလဲရွေ့ ဘယ်တော့မှလဲမရွေ့ နဲ့ပဲ တော်လှန်ရေးတိုက်ပွဲအစား ပရိုပိုဆယ်လိုက်ပွဲကလေးနဲ့ ကျေနပ်သွားကြတော့မလား။
နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှုများစွာတွေက ဖေါ်ကျူးစာဖွဲ့ မကုန်နိုင်အောင်ပါပဲ။ အသိ အမှတ် ပြုခံလိုခြင်းဆိုတာ သာမန်လူသားတိုင်းရဲ့ ကိုယ်စီအတ္တလို့ဆိုပေမယ့် အများအကျိုးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေမှာတော့ လူလားမမြောက်သေးတဲ့ ကလေးကလားဆန်ဆန် ခံယူချက်မျိုးလို့လဲ စိတ်ပညာရှုထောင့်က အဓိပ္ပယ်တမျိုး ဖွင့်ဆိုပြန်တာမို့ ဘုရားရှင်နဲ့ အရိယာသူတော်စင်များမှလွဲရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်မျိုးတွေမှာသာ အဲဒီအတ္တက ကင်းလွတ်နိုင်ကြတာပါ။ အဲဒီ ပုဂ္ဂိုလ်မျိုးတွေဟာ ခေတ်သမိုင်းအဆက်ဆက် ဘယ်တော့မှလဲ သတ်၍မသေတဲ့ လူစွမ်းကောင်းများ ဖြစ်ကြ ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေယုံကြည်တာကတော့ အကျယ်ချုပ် ကျထားသောဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ နဲ့ ထောင်ထဲ ရောက်နေသော ဦးဝင်းတင် နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ သာလျှင်ပြည်သုကို ပြတ်သားသောစကား၊ ဘာလုပ်တော့၊ ဘာလုပ်ရမယ်ဆိုတာကို ပြောရဲလုပ်ရဲသောသူတွေ ဖြစ်ပြီး၊ ပြည်သူတွေနဲ့ တသားတည်း ရှေ့ကနေဦးဆောင် သူုတွေဆိုတာတွေပါဘဲ။ သူတို့ ကသာ အပြောနဲ့ အလုပ်ကို တထပ်တည်း ကျအောင်လုပ်ခဲ့သော၊ လုပ်သွားသော၊ နောင်လည်း ဆက်လုပ်မယ်ဆိုတာကိုယုံကြည်ပါတယ်။
ဒါကြောင့်လည်းစစ်အစိုးရကသူတို့ ကို ထိန်းသိမ်းထားတာကပြန်မလွတ်တာပါ၊
သိုပေမဲ့ ကျွန်တော်တို့ ရဲ အထဲကိုရောက်သော၊အထိန်းသိမ်းခံရသော၊ အကျယ်ချုပ်ကြခံရသော သူတွေမသိခဲ့သောအချက် က သူတို့ လောက်တောင် ကျန်သုတွေက ပြည်တွင်းမှာရော၊ ပြည်ပမှာ မလုပ်ရဲ မပြတ်သား ရဲ ကြ ရတာရယ်၊ ပြည်သူကိုဦးဆောင်နိုင်မှုမပေးနိုင်ဘူး ဆိုတာကိုအနှစ် ၂၀ ထိထိ သေသေချာချာ သဲသဲကွဲကွဲ မသိရသေးလို ဆိုတာကိုကျွန်တော်တို့ ပြည်သူတွေဝမ်းနည်းစွာ ယခုတွေ့ ကြရတာပါ။
အခုက ပြည်တွင်းကရော၊ ပြည်ပကဆရာတွေကကော လုပ်နေသော အလုပ်ကိုမြင်သည်မှာတော တိုက်ပွဲ ဝင်မည် ဟုအော်ရင်း ။ လိုက်ပွဲများပါ ၀ိုင်းပြင်နေတာကိုတွေ့ မြင်နေရတာကလည်းမြင်တွေ့ ရပါတယ်။
တကယ်တန်း ဖြစ်သင့်တာကတော့
အာဇာနည်မျိုး သေရိုးမရှိ လို့ ဆိုပါတယ်။
တိုက်ပွဲကိုပြတ်ပြတ်သားသား ဝင်မှာလား။ ဒါမှမဟုတ်ရင် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။
စိုင်းမွန်၊
ရက်စွဲ ၊ ၉ရက် ဧပြီလ ၂၀၀၈
Posted by Ma Thadar ( မသဒ္ဓါ ) at 10:58 PM 0 comments
Labels: Truth
Tuesday, April 8, 2008
လွတ်မြောက်ဌက်များသို့  တောင်းပန်ခြင်း
ပြည်ပက
သားတွေ သမီးတွေကို
အားကိုး ပါတယ်လို့ 
ပြောသွားခဲ့တဲ့ လူထုဒေါ်အမာ
ဒို့ တွေ ရှက်တတ်ကြစမ်းပါ။
လှောင်ချိုင့် ရဲ့အပြင်က လွတ်မြောက်ဌက်
မလွတ်လပ်မှုရဲ့ ခါးသီးချက်..
ဆာလောင်မွတ်သိပ်တဲ့ ဝေဒနာ
မေ့မရ သတိရကြစမ်းပါ။
သင်၏ လွတ်မြောက်ဖူးတဲ့ ကြည်နူးမှု
အစာဝဘူးတဲ့ အာသာ ပီတိ တစ်ခု
သူများကို အလှည့်ပေး နောက်ပြန်လှည့်ကြည့်
အကျဉ်းထဲက လူတွေ..ဘယ်လိုနေ။
ငတ်မွတ်သူတွေ..ဘယ်လို ပင်ပန်းလှပေ။
သူတို့ လွတ်လပ်ရေးကို ရှာဖွေနေ
ဝံသာနု အသိ.မျိုးချစ်စိတ်ရှိ
သင်လက်ကမ်း၍ ကူညီပါ။
မမေ့နဲ့ သင်ဟာ ဗမာ။
ငယ်ရွယ်သူတွေ..စစ်ချီတက်
မီဒီယာသမားများ စည်းရုံးလှုံဆော်လျှက်
တော်လှန်ရေးရံပုံငွေ..တမူးတမတ်ဘဲထည့်ထည့်
ညောင်စေ့ လှုသော်ငြား.
စေတနာပွါးက ညောင်ပင်အလား များပြားပါခဲ့
တတ်နိုင်သမျှအား ကြီးငယ်ကျားမ.
အားကူလို့ ဝိုင်းပါလှဲ့ 
အမိမြန်ုပြည် အတွက်စေတနာထား.
ရွှေချိုး ဖြူဖြူ..ကူစေချင်စမ်းပါရဲ့ 
မသဒ္ဓါ (၄။ရ။၂၀၀၈)
ပါဝင်ကူညီလိုသူများ..ဆက်သွယ်ပေးကြပါ။ အမျိုးဘာသာ သာသနာ အတွက်ဖြစ်ပါတယ်။ အမည်ရင်း ပြောစရာမလိုပါ။
Posted by Ma Thadar ( မသဒ္ဓါ ) at 1:18 AM 0 comments
Monday, April 7, 2008
အမေ လူထုဒေါ်အမာသို့ တမ်းချင်း
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေရေ၊အမေရေ၊အမေရေ၊အမေရေ၊
အမေ့သားအောင်ဝေး။(၄။၇။၂၀၀၈)
Posted by Ma Thadar ( မသဒ္ဓါ ) at 10:19 AM 0 comments
Labels: poem
မနုသ ဆီမီးတိုင်ဖြင့် ကော်ရော်ခြင်း။
ထွက်ပေါက် မရှိတတ်တဲ့။
မတရား မွန်းကြပ်။
စစ်အာဏာရှင် သံဖနောင့်
တဖြေးဖြေး ပိုပိုဆောင့်လာ.
လွတ်မြောက်စရာလမ်းရှာ။
ချိုးဖြူဌက် တောင်ပံဖြန့် ခါ။
သံဆူးကြိုးခတ် အုပ်ချုပ်။
တရားဥပဒေဆိုတာ ဗမာပြည်မှာ စက္ကူစုတ်
ဝန်ထမ်းတွေ မလှုပ်မပြုတ် ခေါင်းငြိမ့်
မဝရေစာ အစာကြွေး ချွေးသိပ်
သူခိုး မခိုးနိုင်ဘူးဆို တဲ့ ပညာ။
နအဖ လက်ထက်မှာ.ငွေဝယ်ကျွန်သာသာ
ဘဝတွေ လောင်းရိပ်မိ။
နင်းပြား ကျောပလာ၊
ပြည်သူတို့ ၏ အနာဂတ်က နတ္တိ။
ပြောမယုံ ပုံပြင်သာမှတ်ပါဘိ။
မကြာခင် ကမ္ဘာတဝှမ်း
ကျော်ကြားစေမဲ့  အိမ်ဖေါ်မျိုးရိုး
အမျိုးကောင်းသမီးတွေ အညွန့် ကျိုး
လူကုန်ကူး ခံရသူများ။
အသွေးသား တပါးသူ စုတ်စား
ဒို့ ဘိုးဘွား ပေးခဲ့တဲ့မြေ။
သာတူညီမျှ မောင်နှမတွေ ပျော်မြူးခဲ့တဲ့မြေ။
စစ်တလင်းမွဲပြာကျ။
တောကြောင်က လက်ဖမောင်းခတ်ကြ။
သာယာပျောက်ဆုံး။ ချိုးကူသံအစား
လင်းဠ တအုံးအုံး
ရွှေတိဂုံကုန်းမြေမှာ သွေးရောင်ဖုံးခဲ့ပြီ။
အရိုးတောင်လိုပုံ။
သင်္ကန်းတွေ သွေးစွန်းနီ။
ဒီလို အခြေအနေမှ။
ယောက်ျားတွေ ဓါးသွေးမထွက်
အမေ့ ထမီနား..နားပန်ရှေ့ ဆက်တက်.
သံသနာ နဲ့ အမျိုး ဘာသာ..
ကာကွယ်မှသာ ယောက်ျားကောင်း
အသက်စတေး အာဇာနည်လောင်း
ဝံသာနု မျိုးချစ်တို့  ရာဇဝင်ကြောင်း။
ဗမာသွေးဆိုတာ..ရဲရဲ နီမောင်း။
ပြခဲ့ပြီ..အသက်သက်သေ.
ခန္ဓာကြွေ ဝိညာဉ်သေကြေ
မနုဿဆီမီးတိုင်ရဲ့ သက်သေ
ကြောက်လေလေ..ကြာကြာနစ်မွန်း
အချိန်တန်..ဒေါင်းဌက်လေဟုန်ဆန်
ခွပ်ကြရဖို့ အချိန်တန်။
ပျံကြလေ..ရဲရဲဝံ့ဝံ့
ဆန်ကြစေ..ရေဆန်ကိုမတွန့် 
စစ်ကျွန် ဘဝနေကြရမှာ စိုးထိတ်ရွံ့ 
တိုက်ကြလေ ရဲရဲ
အနိုင်ကိုလို အရိုးတောင်ပုံဥဒါန်းတင်မြဲ
ကြောက်ရင်လွဲ ရဲရင် မင်းဖြစ်
လက်နက်မဲ့ ပြည်သူကိုနှိပ်စက်ရဲ
လက်နက်နဲ့  အနိုင်သိမ်းပွဲမှာ
လူထုအင်အားသာ ရှိကြတဲ့ပြည်သူ
မနူဿရဲ့ ဒိုင်းကာကို ယူ
သွေးမပေးချင် တော်လှန်ရေးမဖြစ်။
မစတေးချင်ရင် ကြာကြာနွံ့ နစ်
သတိ သံဝေပုံပမာ
ကျွန်တော့ဘဝနဲ့ ပေးရစ်
သာသနာ ထွန်းလင်းစေမဲ့
မီးရှူး တန်ဆောင်တိုင်
တပေါင်း လပြည့်ရဲ့
မနုသရဲ့ ဆီမီးတိုင်..
ကျွန်တော် ကျော်ဇင်နိုင်နိုင်ငံကို အသက်ပေးချစ်ကြဖို့ 
ပြယုဂ်သို့ အများနားလည်နိုင်စေ
ရဲရဲသာ တိုက်ကြပါလေ။
မသဒ္ဓါ (၄။၆။၂၀၀၈) မီးရှို့ ဆန္ဒပြခဲ့သော သတ္တိရှင် မောင်ကျော်ဇင်နိုင် အတွက်
အမျှ အမျှ အမျှ ပါ သားရေ
Posted by Ma Thadar ( မသဒ္ဓါ ) at 8:44 AM 0 comments
Sunday, April 6, 2008
အိတ်ဖွငိ့ပေးစာတစ်စောင်
ကျွန်တော်တို့ အချိန်မရှိတော့ပါ။ ထိုအတူ ကွဲပြားနေသော အခြေအနေတွေ အမျိုးမျိုး ကြောင့်လည်း ရန်သူ မှာတဖြေးဖြေးချင်းကျွန်တော်တို့ ရဲ့ နယ်မြေကိုလိုက်လံသိမ်းပိုက်သလို တစ်ခုပြီးတစ်ခု လိုက်လံ သိမ်းပိုက် ထိုးစစ် ဆင်နေသည် ကိုတွေ့ ရ၊ မြင်ရပါသည်။
ကျွန်တော်မြင်သောအမြင်ကို သေသေချာချာ ဆန်းစစ်လေ့လာပြီး ပြည်သူကိုပြတ်ပြတ်သားသား လိုရင်းတို ရှင်း ပွိုင့် တစ်ခုတည်းကိုသာအခြေခံ၍ ဘာကြောင့် ကျွန်တော်တို့  ရွေးကောက်ပွဲကို NO VOTE လုပ်ရတယ်၊ VOTE NO ကိုလုပ်ရတယ် ဆိုတာကို ပါ။
ရှည်ဝေးသော၊အခင်းတွေကိုလည်းမခင်းချင်တော့ပါခင်ဗျား။
ဘာကြောင့်လည်းဆိုတော့ စစ်တပ်သည် ၄င်းတို့ ၏လက်ကိုင်ဒုတ်များမှတဆင့် ကြောက်ရွံ့  ခြင်း၊ တွေဝေခြင်း၊ငတ်မွတ်ခြင်းဖြစ်ပေါ်ခံစားနေရသောပြည်သူတို့အပေါ်တွင် မသမာသောနည်းပေါင်းစုံဖြင့် တရားသည် မတရားသည်ကို လည်းမမှုဘဲ လုပ်ဆောင်ခြင်းကို ပြင်းထန်စွာလုပ်ဆောင်လာပါက ပြည်သူများရဲ့ အခြေ အနေ မှာ နောက်ဆုံး မဲရုံသို့ မဲသွားပေးသည့်အခါ VOTE NO ဖြင့်ဆက်လက်ဆန့် ကျင်ရန်ဆိုသော မူ ကိုချထား ကြသည် ကိုတွေ့ ရသည်။
( သိုသော်လည်း နိုင်ငံရဲ့ လက်ရှိပကတိအဖြစ်အပျက်ကိုသေသေချာချာသိရင်ဖြင့် ပြည်တွင်းမှ ကိုယ်တိုင် မျက်မြင်တွေ့ ရသော ပြည်သူတွေရဲ့ ဘ၀မှာနင်းပြားဘ၀မှာထက်ပို၍ပင်ဆိုးသောအခြေအနေကို ရောက်နေကြပေသည်၊ မကျေနပ်သောလည်းဘာမှမလုပ်နိုင်ပါ၊ စကားနည်းရန်ဆဲဆိုသောမှုကိုကိုင်ကာ နောက်ဆုံး အချိန်တွင်ကပ်ပြီးတော့ လုပ်မည် ဆိုသောနည်းကိုသာလျှင် ကျင့်သုံးတော့မည်သာဖြစ်သည်ကိုတွေ့ ရသည်)
ကျွန်တော်တို့ မှ တစ်လမ်းဘဲရှိပါတော့သည်၊ နိုင်ငံရေးသိပ္ပံစကားလုံးများဖြင့်ပြည်သူကိုချပြနေရမဲ့ အချိန်မဟုတ်သလို ၊ အခင်းအကျင်း နိုင်ငံရေး သိပ္ပံမဟာ ဂုဏ်ထူးတန်းအောင်များ ရဲ့ အပြောအဆို များရဲ့ အသံကို လေလှိုင်းပေါ်မှ နေစဉ် ရက်ဆက်ချပြနေသောလည်း ပြည်ပသော်၎င်း၊ ပြည်တွင်းသော်၎င်း တနိုင်ငံလုံးအတိုင်းတာနှင့် ပညာတတ်အသိုင်းဝိုင်းများရဲ့ ၂% ပြည့်အောင်ပင် နားထောင် တွေးတောစဉ်းစားနေကြသော လူများလည်း မရှိကြပါ။
အဘယ်ကြောင့်ဆိုသောဆိုးဝါးသောနေ့ တဓူဝ မိမိအိမ်ထောင်စု အသက်ဆက်ရှင်သန်ရေး၊ ဘိုးပိုင်၊ ကိုယ်ပိုင် ပစ္စည်း ကိုမင်းမဲ့ ဥပဒေ အောက်တွင် လုံခြုံအောင်ထိန်းရေး၊ ကိုယ်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရေး နှင့် ၊ ကိုယ်မိသားစု ဆိုတာကို သာဦးတည်နေရအောင် စစ်အစိုးရမှထောင့်ပေါင်း၊ နေရာပေါင်းစုံ၊နည်းပေါင်းစုံဖြင့် နှစ် ၂၀အတွင်း ကျုံးသွင်း ဆောင်ရွက်လာသောကြောင့် ဖြစ်လာသော အခြေခံ အကြောင်းတရား ကြောင့်ပင် ဖြစ်ပါသည်။
ကျွန်တော်တို့ အနေနဲ့ အများကြီး ပြည်သူကိုချပြပြောဆို နေစရာ၊ အခုချိန်မှာမလုပ်သင့်တော့သလို ၊ အခုချိန်မှာ နောက်ကြောင်းတွေကို ပြန်ပြီးတော့ ၊ခိုင်းနိုင်း တင်ပြပြောဆိုရမည့်၊ တခြား နိုင်ငံတကာအခြေအနေ၊ စံ ချိန်၊စံထားတွေနှင့်ယှဉ်တွဲပြောဆိုကာ အချိန်ကုန်၊ အချင်းချင်း သွေးဝမ်းကွဲ ရမည့်အချိန်လည်းမဟုတ်တော့ပေ။
ကျွန်တော်တို့ အနေနှင့်ပြည်သူကို ချပြပြောဆိုရမည်မှာ တစ်ခုတည်းရှိပြီး၊ထိုတစ်ခုတည်းနှင့်ပင် စစ်အစိုးရ ရေးဆွဲသော အခြေခံဥပဒေကို ပြတ်ပြတ်သားသား ကန့်ကွက်သည်၊ ဆန့်ကျင်သည်ဆိုတာကို ပြောဖို့ ပင်ဖြစ်ပါသည်။
ထို အကြောင်းမှာ " န၀တ၊နအဖ စိတ်ကြိုက်၊ပုလင်းတူ၊ဗူးဆို့များမှာ အမျိုးသားညီလာခံမှထွက်လာသော၊ အတည်ပြု ထားသော၊ အခြေခံဥပဒေကို ရေးဆွဲရာတွင် အဓိကအခြေခံရမဲ့ အကြောင်းများမှ တဆင့် န၀တ၊ နအဖ စိတ်ကြိုက် ခေါင်းခေါက် ရွေးချယ်သော အခြေခံဥပဒေရေးဆွဲရေးကော်မတီမှ ရေးဆွဲ ထုပ်လိုက်သော
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အခြေခံဥပဒေတွင် နိုင်ငံသားတစ်ယောက်၏ အဓိက၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ၏ အဓိကဖြစ်သော
နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင်၊လုပ်ပိုင်ခွင့်၊ မဖြစ်မနေ ခံစားပိုင်ခွင်၊လွတ်လပ်ခွင့်၊ကိုးကွယ်ခွင့်၊ မျှတခွင့်၊ လုံခြုံသော ဥပဒေအောက် တွင် နေထိုင်ခွင့်၊ စသော Citizen Individual Right ကိုမတွေ့ ပါ၊
ကျန်သောအချက်များကိုကျွန်တောအနေနှင့် ဥပဒေပညာရှင်လည်းမဟုတ်၊ နိုင်ငံရေး သိပ္ပံဆရာလည်း မဟုတ်သောကြောင့် ၀င်ရောက်မဆွေးနွေးမပြောခြင်သောလည်း၊
ကျွန်တော်ပြောခြင်သောအချက်မှာ မြန်မာနိုင်ငံတွင် နေထိုင်သောတိုင်းရင်းသား ပြည်သူတစ်ဦး တစ်ယောက်ခြင်း၏ အဓိကသက်ဆိုင်သော individual right တစ်ခုမှ၊ ဘယ်အခန်းတွင် မှရေးသား ဖေါ်ပြထား ခြင်းမရှိပါ။ ထိုအချက်တစ်ခုတည်းနှင့်ပင်ကျွန်တော်တို့ သည် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သောကြောင့် ထိုအခြေခံ ဥပဒေကြီးကို လုံးလုံးလျားလျား ဆန့်ကျင် ကန့်ကွက်ကြောင်းပြောကာ န၀တ၊ နအဖ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒယူပွဲ ကို ရိုက်ချိုးလို့ရသည် ၊
ပြည်သူများမှ စစ်အာဏာရှင် အစိုးရ ကို ပြတ်ပြတ်သားသား ပြောဆိုကန့် ကွက်လို့ ရသည်ကို ဟု ပြောဆိုရခြင်း ဖြစ်ပါ သည်။
ခင်မင်လေးစားစွာဖြင့်
စိုင်းမွန်
Posted by Ma Thadar ( မသဒ္ဓါ ) at 1:44 PM 0 comments
Labels: Politics