Thursday, March 27, 2008

ငါးသုံးကောင်၏ ပုံပြင်။


ယမုံမြစ်ကြီး .
ရေစီးနဲ့ ကူးနေတဲ့ ငါးသုံးကောင်
တံငါကပိုက်ကွန်ချ..ဖမ်းမိကြတဲ့အခါ
လှေဝမ်းဗိုက်ထဲ..အသက်ရှူကြပ်.
သေငယ်ဇောနဲ့ .ဆင်းရဲငတ်ပြတ်။

တစ်ကောင်သော ငါး..
စဉ်းစား မတွေးမိ
စွမ်းအားရှိသမျှ..ထုတ်မဲ့အား..
ပြာပြာသလဲ..လှုပ်လှုပ်ရှားရှား
ဝုန်းဒိုင်းဒိုင်းထထခုန်..
ခုဘဲ လွတ်လိမ့်မည့်ပုံ။

ဒုတိယသော ငါး..
အားငယ်ချင်းများ အတိ..
အင်း…ခုန်နေလည်း အပိုပါဘဲ..
အားသာကုန်ဘိ... ကံသာအမိ..
ဝဋ္ဋ်ပါရင်..သေတာဘဲ ကောင်း၏။

တတိယ သော ငါး..
စဉ်းစားဆင်ခြင်ရှိ..
ခုန်လိုက်တိုင်း အားကုန်..
အသက်ပိုဆက်ရေး အားစုစည်းထိန်းပေးရုံ..
အခွင့်သာမဲ့ အချိန်ထိတောင့်
ကတွတ်ပေါက်ကဗျိုင်း..ငါးကိုစောင့်။

အချိန်မကျ..တဝုန်းဝုန်းထတဲ့ ဝီရိယငါး
သတိထားမိတဲ့ တံငါသည်..
လှေတက်နဲ့ တွယ်။

စစ်မရောက်ခင် မြှားကုန်။
ကံဘဲယုံတဲ့ငါး..
လှေဝမ်းထဲမှာ..အသက်ပြယ်

အကွက်ချောင်း နေတဲ့ငါး
အသက်သေ ဟန်ဆောင်ထား..
လှိုင်းဒီရေ အမြူး..
လှေစောင်းခိုက်မှာ လွန့် လူး.
ခုန်ချမြစ် ထဲ ရေဆင်းကူး
လွတ်မြောက်ခဲ့ရဘူး။

ဤ ငါးသုံးကောင်၏ပုံပြင်
မောင် နှမငယ်များ..အတုယူစေချင်..
စောင်းကြိုးညှင်းတဲ့ ဥပမာ..
တင်းလွန်းရင်..အသံဆတ်..
ပျောလွန်းရင်..အသံပြတ်
မရော့ မတင်း..စောင်းကြိုးညှင်းမှ
ဗေလုဝနတ်စောင်းပမာ..အသံကလှ..

အခွင့်ကောင်းစောင့်ကြ ခလေးတို့ 
မထင်မရှား နေ..အဆိပ်မရှိတဲ့ရေမြွေ..
အချိန်ကျမှသာ.
မြွေပွေးပမာ ပါးပြင်းထောင်ကြစို့

လေတိုက်ပြင်း ပို ခံရတတ်တယ်..
မြင့်လွန်းတဲ့ သစ်ပင်သို့ .
တပင်ထဲ..မမြင့်မား.သစ်တောအလား..
မုန်တိုင်းဒဏ် ညီမျှခံကြပါစို့ 
ဝှက်ကာထား..အားအင်များ လိုရင်သုံးဖို့ 

အချိန်ကျ မီးတောက်ပြ..
မီးခြစ်ဆန်တစ်စ..
အစွမ်းသတ္တိထယ်ထယ်..လောင်ရှိန်ပြင်းပြင်း ပူသို့ 

အဓိက…ခွန်အား..
ကံဥာဏ်ဝီရိယ
ဖြတ်ထိုးဥာဏ် ကြွယ်ကြစေဖို့ 

မီးစပွင့် ကလေးများ၏ စုပေါင်းအား..
သံမဏိသားများ ကို တောင်..
အရည် ပျော်စေနိုင် သကဲ့သို့ 

လာဟေ့…ညီညာ..တွဲလက်ခိုင်..
အရှေ့ က ပန်းတိုင်
ပြိုင်တူ ဆက်လက်ချီတက်ကြပါစို့ ။

မသဒ္ဓါ ( ၃။ ၂၆။၂၀၀၈)

အပြည့်အစုံသို့ 

FREEDOM WALKER'S ဒိုင်ယာရီ.. ( ၃။၂၆။ ၂၀၀၈)


မြန်မာပြည် လွတ်လပ်ရေးအတွက်မိုင် ၃၀၀၀ ကျော် လမ်းလျောက် နေသော ငြိမ်းချမ်းရေးဆက်သား နှစ်ဦး ထံ မှ နောက်ဆုံး သတင်း ရရှိပါသည်။
၃။၂၆။ ၂၀၀၈ တွင်. Twin Falls (Idaho) မှစထွက်လာပြီး. Route 84 အတိုင်း ချီတက်နေပါသည်။ ရာသီဥတုမှာ အင်မတန် ဆိုးဝါးနေပြီး နှင်းမိုး များ အဆက်မပြတ် ရွာချနေပြီး ရပ်နားစရာမရှိပါ.။ ပတ်ဝန်းကျင်အပြင်၏ အပူချိန်မှာ (3˚) C သာရှိပါသည်.။ ခြေ လက်များ ထုံကျင်နေပြီး အလွန်ချမ်းအေးမှူဒဏ်ကို ခါး စီး ခံစားနေရပါသည်။
အံခဲဇွဲနှင့် ဖြတ်သန်းနေပြီး..နောက်ရှေ့  နားရပ်မှာ..Kimberly တွင် စခန်းချနိုင်မည်ဟု မျှော်လင့်ပါသည်။ ဤ ၈၈ စစ်ကြောင်း၏ စစ်သည်များ အား အဆင်ပြေပြေ ဖြတ်ကျော်နိုင်ပါစေရန် အားလုံး မှ ဝိုင်းဆုတောင်းပေး ကြပါရန်..မေတ္တာရပ်ခံပါသည်။

အပြည့်အစုံသို့ 

သမင်လည်ပြန် ကြည့်..သင် ဘာလုပ်သင့်သည် ကို


ဇာတိမာန်နဲ့  တပ်မတော်သားများ..
အမြင်မှန်နဲ့ တပ်မတော်သားများ..
စဉ်းစားပေးကြပါ။

မျိုးချစ်တဲ့ တပ်မတော်နဲ့ 
အမျိုးသတ်မဲ့ တပ်မတော်..
သေချာဝေဖန် စမ်းစစ်ဖိုအချိန်တန်။.

တပ်မတော်ဟာ.နိုင်ငံတော်ကိုကာကွယ်ဖို့ 
ပြည်သူက..အခွန်ဘဏ္ဍာပေး..
ပံ့ပိုး ပေးထားတာ..
ပြည်သူ့ ဆန်စား..ဦးဆွေးဆံမြေ့.အမှုထမ်း
တာဝန်ကျေပြွန်စေ…
စစ်သည်ကောင်းရဲ့ ဂုဏ်ကြက်သရေ။

စစ်အေးရဲ့ခေတ်..
နယ်တလက်မ..ထိမှ နယ်ချဲ့ မဟုတ်
သယံဇာတ ဂုတ်သွေးစုတ်
အမျိုးကောင်းသမီးများကို..ဝတ်ရည်စုတ်..
မြေပေါ်မြေအောက်..ရှိသမျှသစ်ပင်က အစ။
အောက်ဈေးချဝယ်။
လူတွေ ကျွန်ကုန်ကူး.
ပေါပေါနဲ့..လုပ်အားခ အညွန့် ခူး.

ကမ္ဘာပေါ်က..ဗမာဟေ့ ဆိုတဲ့နိုင်ငံသား
အခုလောလောဆည်မှာ..
အာဖရိကက ကျွန်များအလား.
ပေါက်ဖော်ကြီး အပျင်းဖြေ။
ကုလားကြီး ကို အကျောဖြေ။
ယိုးဒယားကြီးရှေ့ တိုင်ပတ်ပြီး ကပြရနေ
ရှိတဲ့ မျိုးချစ်စိတ်သက်သက်..
နအဖ လက်ချက်တွေနဲ့အသက်ထွက်

အမျိုးကို ပြန်သတ်တာ..ဘယ်သူလည်း..
သာသာကို ချိုးဖျက်နေတာ..ဘယ်သူလည်း..
ကိုယ်သမီးအတွက် ဖောက်သည်ရှာ
ဖာလုပ်ခိုင်းချင်တဲ့ အဖေ..ဘယ်အဆင့်လည်းမေး။
ကိုယ့်ရာဇ၀င်တွေ ကိုယ်ရေး။

ဘယ်ကလာမယ်..မသိတဲ့ နယ်ချဲ့..
ရေဒါနဲ့ မိုးပေါ်ထောင် လျှောက်မကြည့်နေနဲ့ ..
အနီးကပ်ဆုံးက..ရန်သူ..
အခု..မင်းဂုတ်ပေါ်မှာ ကိုယ့်လူ။

တအိအိနဲ့  လောက်တက်စား..
မျိုးဆက်သစ်များရဲ့ စာရိတ္တတရား
မိုးခါးရေ..သောက်..
လာဘ်လာဘ ပေးမလောက်
သူခိုးကြီးလက်က သူဝှက်
သူရဲကြီးလက်က သဘက်.
အဆင့်ဆင့် စား.
နိုင်ငံမွဲတေကျတာ..အဆန်းလား။
မျက်နှာမွဲသူ.ငတ်နေတာ..ကြည့်ရက်ကြသလား။

ဥပဒေ.မရှိမှ..
ဘာအခြေခံဥပဒေ ..စကားလာစနေသလည်း.
ဘာမဲမှ ဒို့ မလို..ရဲ ဖို့ ဘဲလိုတယ်။
လာ..ညီညာတူ စရမယ်.
လာ..ကိုယ်နိုင်ရာ..တာဝန်ထမ်းရမယ်။

အမှားကိုမြင်..အမှန်ဆိုတာခဏ
ကျောင်းသား..ဘုရားသားစည်းရုံးမှ..
ကျန်တဲ့စစ်သား ဘယ်လမ်းရွေး။။
သံသရာ..မကြောက်
ဇာတိမကြောက်...ဇရာမကြောက်..
ဗျာဓိ မကြောက်.. မရဏကြောက်.
အပြစ်ရှိသူနဲ့ အပြစ်မဲ့ကြား
ခလောက်ဆန်နေချင်သေးသူ..နေလှည့်
သွေးမျက်ရည်..သမုဒ္ဒရာ..မေတ္တာတွေ စူးပါလိမ့်
ဝဋ္ဋ်ဆိုသည်..သံသရာ မဆိုင်းပါလှင့်။

စစ်သည်တို့ ၏ သစ္စာအဓိဌာန်ချက်
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို
စောင့်သိရိုသေပါမည်
” ဆိုတဲ့စကား..
မေ့ မသွားနဲ့ ..
သစ္စာဖျက်ရင်..သစ္စာစူး
သွေးနဲ့ ဆပ်တောင် မကြေတတ်ဖူး။

ညီနောင်..အကို..မောင်ရင်းသားတို့ 
စစ်သည်တို့ ရဲ့..အားကိုပြကြပါစို့ 
သားသုံးသားပေါင်းမှ..အောင်မဲ့..
လွတ်လပ်ရေး မနှေးပါဝင်.စေ..
စစ်သည်ကောင်းရဲ့ ပြည်သူ့ ထံသို့ သစ္စာရည်။

မသဒ္ဓါ (၃။၂၆။၂၀၀၈)

အပြည့်အစုံသို့ 

Tuesday, March 25, 2008

သပိတ်သာ မှောက်ကြပါ..ပီကင်း အိုလံပစ်


ကိုမျိုးမှ မေတ္တာ ဂရုဏာ ဖြင့် ခံစားပေးပါသည်။

အပြည့်အစုံသို့ 

Monday, March 24, 2008

မိုင် ၃၀၀၀ ကျော် လမ်းလျှောက်နေသူ ငြိမ်းချမ်းရေးသံတမာန်နှင့်တွေ့ဆုံခြင်း။



့မြန်မာနိုင်ငံ ၏ လွတ်လပ်ရေး နှင့် လွတ်မြောက်ရေး အတွက် သင့်လက်မှတ် ကလေးများမစကြပါ။ သင် မလျှောက်နိုင်သော..မိုင် ၃၀၀၀ ခရီး ကို..သတ္တိရှိသူများ သင့် အစား လျှောက်နေကြပါသည်။ လူကြီးမင်းများ လက်ခူတ်တီးရုံဖြင့် မလုံလောက်ပါ။
သင့် ဆိုင်း သာ ထိုးပေးပါရှင့်

မိုင် ၃၀၀၀ကျော်ခြေလျှင်ရှောက်နေသော ငြိမ်းချမ်းရေး၏ သံတမာန်များကို..တတ်အားသ၍ ထောက်ခံ အားပေးကြ့ပါရန်...ဒီနေရာသို့ ကြွပါရှင်

Powered by eSnips.com

အပြည့်အစုံသို့ 

Friday, March 21, 2008

ကိုယ်တာဝန်ကို ကိုယ်ကျေပါစေ။


ရေခပ်တဲ့..လိုအင်..
ရေသာ..လျှင် ပါစေဖို့ 
ရေအိုးနဲ့ ဘဲ ခပ်ခပ်..
ဝါးကျည်တောက်နဲ့ ဘဲခပ်ခပ်
ဗူးသီးခြောက်နဲ့ ဘဲခပ်ခပ်..
အုန်းမှုတ်ခွက်နဲ့ ဘဲခပ်ခပ်
ရေကြည်တပေါက်ရရေး..
ရှိတာနဲ့  သုံးပေး..ဥာဏ်ရည်သွေးကြ
အမောပြေ ရေရဖို့ သာ အလေးပေးမှ။

ငိုတဲ့ခလေး နို့ စို့ ရရေးဘဲ
ခြေဆောင့်ပြီး ငိုငို..
မှောက်ထိုးကော့လန် ငိုငို.
အာခေါင်ခြစ်ပြီးဘဲ ငိုငို..
ငိုရမယ်..ဘယ်ပုံဖြစ်ဖြစ်
တစိမ်းလူ့မြင်ရ..
အငတ်ထားတဲ့မိဘ.အရှက်ရအောင်..
မငိုတဲ့ ခလေး..နို့ မစို့ ရ..
ငတ်ကြီးကျပြီး သေမယ်။
ကဲ..အဆာမလွန်မီ..ပြိုင်တူငိုကြရမယ်။

ရန်သူရဲ့ ..စေ့စပ်ချက်..
စစ်တပ်ဆိုတာ..တတ်ဆင်ထား လူသတ်လက်နက်
စိတ်ပျက် အားငယ်ဖို့ မလိုဘူး
ကြောက်ရွံ့ နောက်တွန့် ဖို့မလိုဘူး..
လက်ဦးသူသာ နိုင်စတမ်း..
ဥာဏ်ရည်သာ..ပန်းခူးတမ်း.
အလစ်ဖမ်း..အငိုက်သာချစမ်း။
အရှိုက်ထိုး..ခြုံကြားထဲက စစ်ထိုး။

ကြောင်ရဲ့လက်သည်း..
မလိုဘဲ မထုတ်နဲ့ 
အသံကြောင့်..ဖားသေ
ဘယ်နေ့  ဘယ်အချိန်..ဘယ်နေရာ..မသိစေရ..
အချိန်တန်..ဟုန်းဟုန်းတောက်သာ..ပေါက်ကွဲကြ
ဟိုဒီ မီးပွါးများ. ပြိုင်တူစ
သပိတ် အရင်မှောက်ကြရအောင်..
ညီညာ..လူထုအားသုံး..
ဘယ်တော့မှ ဒို့ မရှုံး

သပိတ်မှောက်ရဲသူ..သပိတ်မှောက်..
သပိတ်မမှောက်ရဲသူ။ ရံပုံငွေလိုက်ကောက်..
လူစည်ကားရာနေရာ။..အလံထူလမ်းလျှောက်
လာဖမ်းတဲ့ အခါ..နဂါးလိုခြေရာဖျောက်..
ဗျူဟာ အရေကျိုသောက်..
ဂယ်ပေါက်ကို.အရင်ကြည့်ထား.
သုတ်ချေတင်..ပုန်းအောင်းရမဲ့နေရာများ။

ကလောင် ထက်ထက် နဲ့ တိုက်သူက တိုက်..
ဆိုင်းထိုးပြီး..တိုင်ရမဲ့နေရာလည်း တိုင်လိုက်။
ဖရီးဒမ်းကားဖြင့်..နိုင်ငံပတ်လည်မောင်း..
မိုင် ၃၀၀၀ကျော်..ခြေလှမ်းများကတောက်လျှောက်။
စစ်ဗျူဟာနည်းနာ..လေ့လာသူကလေ့လာ..
အနုပညာသမားကောင်း..စစ်ချီတေးတွေသီနေခဲ့ပါကြောင်း
ရေဒီယို..ဗီဒီယို..တီဗွီ..င်္သီချင်း ရုပ်ရှင်..
ဟောလီဝုဒ်မီဒီယာ ဆွဲထဲ့..ရမ်ဘိုနဲ့  ဆွဲဖဲ့ ခဲ့လျှင်။

ဘလော့ဂါတွေ..သတင်းမှန်တွေရေး..
အမိန့် မလွန်ဆန်ရဲ..ကြက်ခြေခတ်မဲသာပေး။
ကိုယ်နိုင်ရာ တပိုင် တနိုင်
စေတနာ.လှိုင်လှိုင်နဲ့  လုပ်ကြ။
ဆူးတစ်ချောင်း..မီးပွါး တပွင့်.
မှန်ကွဲ တစ်စ..ဓါးသွား မြမြ
နအဖ အတွက်..အဆိပ်သင့်စေရမယ်။

ဒို့ ချစ်တဲ့အမိမြေ..လွတ်လပ်ရေး..
သွေးနဲ့ ချွေးနဲ့ ရေး..
ဒို့မြတ်နိုးတဲ့ သာသနာ မကွယ်ရေး..
သမိုင်းပေး တာဝန်ကျေရေး။
မနှေး ကာကွယ်..
ဂုဏ်ယူပါ..သားစဉ်မြေးဆက်..
သင်ဟာ..အမျိုးချစ်တတ်သော သာကီနွယ်။
ကျောင်းတွေ မှာကမ္ဘာမကြေ.သီချင်းပြန်ဆိုစေရမယ်။

မသဒ္ဓါ (၃။၂၀။၂၀၀၈)

အပြည့်အစုံသို့ 

တိုက်ပွဲခေါ်သံ..ပါဝင်ကြပါစေရန်။

ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ရဲမေအပေါင်းတို့ အား ကျွန် တော် လှိုက်လှိုက်လှဲလှဲ တောင်း ဆိုပါသည်။

လေးလေးနက်နက်ဝိုင်းဝန်း၍ ကူညီပေးပါရန်လည်း အနူးညွတ်ထားပြီး ပြောကြားလိုပါသည်။ ဘာလိုလည်း ဆို တော့ အချိန်တွေသည် မြန်မြန်ကြီး ကုန်သွားသည်မှာ ၈၈ အရေးခင်းမှာမနေ့ ကကဲ့သို .. ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ခဲ့သည်မှာ မနေ့ကကဲသို့  စက်တင်ဘာ ဆိုသည်မှာမနေ့ ကကဲ့သို့ ...မနေ့ ကကဲ့သို့ သောကဲ့သို့ များ ကုန် သွား နေပေသည်။ စစ်အစိုးရက တိုက်ပွဲခေါ်လိုက်ပြီ ၊ ခေါင်းငုံမခံနဲ့ လက်တုန်ပြန်ကြစို့  ။ စစ်အစိုးရ ကမေလ မှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပဖို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲကိုတော့ ၂၀၁၀ မှာ ပြုလုပ် မယ် လို့  အေပီသတင်း မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်အစိုးရဟာ အာဏာကို တလက်မမှ မလျော့ဘူးလို့ မျက်နာ့ ပြောင်တိုက် ကြေညာလိုက်ပြီဖြစ်ပါတယ်။

မေးခွန်းကတော့
၁- ကျွန်တော်တို့ ဘာလုပ်ကြမလည်း
၂- ဆန္ဒခံယူပွဲ ကို ၁၉၇၂ ခုနစ်တုံးကလို ပဲ လက်ပိတ်ကြည့် နေမလား
၃- တိုက်မလား၊တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလည်း၊ဘာတွေလုပ်မလည်း
၎ သေနဂ္ဂဗျုဟာ၊ ဘယ်လောက်ပြင်ဆင်ပြီးပြီလည်း၊ ဒါတွေကို ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်၊

" ကျွန်တော်တို့ ဒါကို လုပ်ချင်တယ်၊လုပ်မယ်ဆိုသော ၊ဒါ ကျွန်တော်တို့ ရဲ လုပ်ကိုလုပ်မှာ၊လုပ်မယ် " ဆိုသော စကားကိုပြောရမယ့် အချိန် ရောက်ပြီ လို့  မြင်ပါတယ်၊

ကျွန်တော်တို့ တာဝန်က ဒီမိုကရေစီအောင်လံကို လက်ဆင့်ကမ်းကာသယ်ဆောင်ရမယ်၊ ကိုယ်လုပ်ရမဲ့ တာဝန် က သယ်ဆောင်ရမှာ၊ လွဲပြောင်းပေးရမှာ၊ ပေးရမဲ့ သူက ဒီမိုကရေစီပန်းတိုင်ကိုရောက်အောင်ပြေးရမဲ ၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲမှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်သောပါတီတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ သောတာဝန်ယူခြင်း၊ တာဝန်ခံခြင်းမျိုး ကို ဒီပါတီတွေကို တာဝန်ခံခိုင်းဖို့ သိုင်းဝိုင်း၊ ၀ိုင်းဝန်း ပံပိုးရမှာကျွန်တော်တို့ အားလုံးရဲ့ တာဝန်၊ ပြည်သူတွေရဲ့ တာဝန်၊ တိုင်းရင်းသားအားလုံးရဲ့တာဝန် ပြန် လည်ကြရောက်လို့ လာပါပြီ၊

တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ မှန်ပါသည်။

ထိုအတူ တနှစ်အတွင်း ဒီမိုကရေစီကို ရရမည်ဟု ကြွေးကြော်ရင်း NLD က လုပ်ဆောင်သင့်သလို အားလုံး သော ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့စည်း အသီးသီး၊ လက်နက်ကိုင်အသီးသီး မားမားမတ်မတ် ရပ် သင့်ပြီ ဟုလိုကြောင်း ပြင်းပြင်းထန်ထန် တောင်းဆိုပါသည်။

အားလုံးကဒီမိုကရေစီ၊ ပြည်သူကတင်မြှောက်သော ပြည်သူ့ အစိုးရကို အကောင်အထည်ပေါ် ရန် ၁၀၀% တာဝန်ရှိသူနှင့် အပြည့်အ၀ပံပိုးရပ်တည်ပေးရမည်မှာပြည်သူတွေ၊ တော်လှန်ရေး အဖွဲ့စည်းအသီးသီး၊ လက်နက် ကိုင်အသီးသီးဖြစ်ပြီး၊ ထိုအားကို အခြေခံပြီးတော့မှသာ NLD သည်ပန်းတိုင်ကိုချီတတ်နိုင်မည်ဖြစ်သည်။ ထိုအ တွက် ကြောင့် ကျွန်တော်တို့ အားလုံးမှာလုပ်စရာတစ်ခုဘဲရှိပါတော့တယ် ကျွန်တော်တို့ ဘာကို လုပ် မယ်ဆိုတာဘဲပြောဖို့ ရှိတော့တယ်၊ ကျွန်တော်တို့ အလုပ်က အလံကိုသယ်သွားပြီး ၁၉၉၀ပြည့် ရွေးကောက်ပွဲ မှာအောင်ပွဲရသောအနိုင်ရပါတီလက်ထဲကို ထည့်ပေးလိုက်ရမယ်၊ အနိုင်ရပါတီခေါင်းဆာင်တွေ၊ ရွေးချယ် ခံရသောပါတီခေါင်းဆောင်တွေကနေ ဆက်ပြီးတော့ သယ်ဆောင်ပေးလိမ့်မယ်။

ဒါကို ပြည်သူတွေ၊ တိုင်းရင်းသားတွေက၊ ပြတ်ပြတ်သားသား ၀ိုင်းဝန်းပံပိုးရမယ်၊ ဒီလိုလုပ်ပြီး NLD ကို အခွင့်ရေး ပေးကို ပေးရမယ် ဘာလို့လည်းဆိုတော့ ပြည်သူတွေကနေ NLD ကိုတိုင်းပြည်ရဲ ကံကြမ္မာ ကိုလုပ်ဆောင် ပေးဖို့ mandate ပေးထားလို့ ဆက်လက်ပြီး တော့၊ဒီအခွင့်အရေးကိုပေးသင့် တယ်၊ ပေးကို ပေးရမယ်ဆိုတာကို ထို့အတူ ဘလောဂ့် ညီအစ်ကိုတွေကနေ အားလုံး တူညီသော အခြေအနေကို ၀ိုင်းပြီး လုပ်ဆောင်သင့်တယ် ဆိုတာ တောင်းဆိုပါတယ်၊
ကျွန်တော်တို့ တွေ ဒီတစ်ခါမှ ညီညာသောခြေလှမ်း၊ စွန့် လွတ် အနစ်နာခံခြင်း၊ အကြွမ်းမဲ့ ယုံကြည်မှုကို တစ်ဦး အပေါ်မှာ တစ်ဦးမထားဘဲ နေကြအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ မမြင်ရသေးသောအားလုံးသော နောင်မျိုး ဆက် တွေရဲ့ဘ၀ဟာ ယခုထက် ပိုပြီးဆိုးဝါးနိုင်တယ် ဆိုတာကိုတော့ သတိပြုမိကြစေချင်ပါသည်။

အမျိုး၊သာသနာ၊အတွက်အားလုံးအဆင်သင့်ဖြစ်ကြပြီလား၊ ဖြစ်ကြပြီဟုထင်ပါသည်။

ခင်မင်လေးစားရပါသောညီတော်၊ညီမတော်၊အစ်မတော်၊ အစ်ကိုတော်၊ ရဲဘော်၊ ရဲမေအပေါင်းတို့ ထံမှ ထိရောက် သောအလုပ်၊ ထိရောက်သောအတွေး၊ အမြင်အားလုံးကို ပြန်ကြားပေးစေလို ပါတယ်၊

၂၀၀၈ နှစ်မကုန်ခင်မှာ ရွေဝါရောင်တော်လှန်ရေးအောင်ရမည်၊

ဒေါင်းအလံကျောင်းဝင်းတိုင်း မှာပြန် စိုက်နိုင်ရမည်။

( ဆက်လက်၍ဖြန့် ဝေကာပေးပါရန်တောင်းဆိုပါသည်။)

ခင်မင်လေးစားစွာဖြင့်
စိုင်းမွန်

အပြည့်အစုံသို့ 

Thursday, March 20, 2008

ဗမာမှန်ရင်..သွေးမနည်းစေနဲ့ ..


ကန္တာလမ်းကြမ်း..
မိုင်၃၀၀၀ ခရီးလှမ်းတဲ့ မောင်ငယ်လေးတွေ
အစာမှ..၀ကြရဲ့လား..
ရေမှ..ရှိကြရဲ့လား..
ရာသီမှ.မျှတကြရဲ့လား.
နေမှ.ကောင်းကြပါရဲ့လား..

မသဒ္ဓါ က..အမိုးအကာအောက်
ခြောက်သွေ့ လုံခြုံနေတဲ့ခဏ
လမ်းလျှောက်နေသူ..မောင်ကလေးများ..
လမ်းမပေါ် ဘယ်လိုအိပ်နေ..
လမ်းမပေါ် ဘယ်လိုစားနေ..
ကိုယ်လက်တွေ နာကြင် ကိုက်ခဲနေ.
ခြေဖ၀ါးတွေ..ပွန်းပဲ့ အရည်ကြည်ဖုထွက်နေ.
တွေးမိတိုင်း သောကဝေ.

ဇွဲစိတ်သန်သော.ဘုရားဆုပန်ယောက်ျား။
တလှမ်းချင်းလျှောက်..တရွေ့ ရွေ့ သွား..
အားအင် ခင်းရမဲ့ ခရီးလမ်း။
စိတ်လုံလနဲ့ ရင်းနှီးကြစတမ်း
လွတ်မြောက်ရေးသို့ မနားတမ်းခြေလှမ်း။

(၂) ပေလျှင် တစ်လှမ်းနှုံးလှမ်း။
တစ်မိုင် ဆို ခြေလှမ်းပေါင်း (၂၆၄၀)
၃၀၀၀ မိုင်မှာ..(၇,၉၂၀,၀၀၀) သော ခြေလှမ်း..
ကြက်သီးမွေးညှင်းထ..ပီတိခေါ်ကြစမ်း
အော်…မောင်လေးတွေ သိပ်ပင်ပန်းမှာ..
အားလုံးက..တခဲနက်ဂုဏ်ပြုခဲ့ရာ။

ဘယ်လောက်ပဲ.တတ်နိုင် တတ်နိုင်..
ပြီး..ပြီး မပြီး..ပြီး..ရသလောက်သွား..
မာန်အားနဲ့ ချီတက် ပိုင်ပိုင်..
တနေ့ တလံ ပုဂံ ဘယ်ပြေးမလဲဆိုတဲ့ စကားပုံ.
ယောက်ျားကောင်း ဇွဲလုံလ စုံရင်..မှန်ကန်ရဲ့.
သေခါမှသာ..ဇွဲ လျှော့ကြစို့ ရဲ့။

လေဆန်..ရေဆန် ခရီးကြမ်း..
လေမှာမျောတဲ့…သစ်စေ့များလို
ဘယ်နေရာ ရောက်ရောက်.
စိမ်းစိုမြမြ သစ်တောအုပ်အသွင်ရောက်
အမြစ်ကျ အပင်ပေါက်။
ဗမာဆိုတာ..ထွန်းပေါက်အောင်မြင်
ရောက်လေရာ တခွင်..။

အရွက်ကျ အပင်ဖြစ်..
ရွက်ကျပင်ပေါက် ဗမာ့ခွန်အား..
ရေနဒီထဲ..မျောနေကျ..ပန်းဗေဒါ..
ပန်းပြဿာဒ်ထူ..လှပနေဆဲ။
ဒါ..မြန်မာတို့ ရဲ့ ဇွဲ..
ဘယ်တော့ အလံမလှဲ..

တနေ့ သစ်ဆီ..ဒေါင်းအလံချီ..
ရွှေပြည်ပြန်ကြရဖို့ ..ရွယ်ရည်..
လာ..အားလုံးညီညီ..တိုက်ကြရမည်။

မသဒ္ဓါ ( ၃။၁၉။၂၀၀၈)
လမ်းလျှောက်နေသော..ခလေးနှစ်ဦးအတွက် မကြီးသဒ္ဓါမှ မုံ့ ဘိုး ပေးလိုပါသည်။ မည်သို့  ဆက်သွယ်ရမည်ကို သိလိုပါသည်။ နေထိုင်မကောင်းလျှင်..ကားနှင့် အနီးကပ် ကူညီစောင့်ရှောက်သူရှိမရှိ..သိလိုပါသည်။ သိသူများရှိက ဆက်သွယ်ပေးပါ။

အပြည့်အစုံသို့ 

Tuesday, March 18, 2008

ရဲရဲ သာပြ….ပြည်သူ့ ရဲ့လိုအင်ဆန္ဒ.


နအဖ၏ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေမူကြမ်း..
လောဘကြီးတဲ့ ခလေးလေးလိုပွဲကြမ်း
မတရားတာ..တရားတာ..ဘယ်လိုမှန်းမသိ.
စစ်တပ်ရဲ့ ဇာတ်လမ်း..
အင်အားကြီးတခေတ်ဆန်းစေအောင်ပါ့
လုပ်ချလိုက်ပြန်ပြီ..အရပ်ကတို့ ရေ..
ကိုယ်ဖက်..ကိုယ်ယက်ပါတဲ့ အခြေခံ ဥပဒေ..
လိပ်စစ်တပ်..အကောက်ကြံနေ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
သူဘဲ နန်းရင်းဝန်.
သူဘဲ သက်တော်ရှည်.
သူဘဲ ဘဏ္ဍာစိုး။
သူဘဲ ထီးတော်မိုး။
သူဘဲ ငွေတိုက်ဝန်
သူဘဲ ပုဏ္ဍား..သူဘဲ မိန်းမ၀န်
သူဘဲ စစ်သူကြီး..သူဘဲ ကုန်သည်
သူဘဲ ဓါးပြ..သူဘဲသူခိုး
သူဘဲ ခွေးလှေး ဂျပိုး။

နိုင်ငံတော် သမ္မတနဲ့ ဒု-သမ္မတ
ရွေးချယ်တင်မြောက်သူ မဖြစ်လည်း ရ..
စစ်တိုက်တတ်သူ။ အရည်အသွေးညံ့သူ
ခေါင်းမာမိုက်မဲသူ။ ဘုန်းကြီးသတ်ရဲသူ
တိုင်းပြည်ပျက်မှာ မကြောက်တတ်သူ
ငတေမာသမျှ..အိပ်ပျော်နိုင်သေးတဲ့လူ
အနှစ် ၂၀ ပြည့်ဝအောင်..ပြည့်သူ့ ဘဏ္ဍာခိုးစား
ဗိုက်ကြီးများ ပြဲကားနေသောသူ
ပြည်သူ မတင်မြှောက်ဘဲ.. သမ္မတတက်လုပ်ရဲ
ဒင်းတို့ မို့ ...အရှက်ဘဲ..ရှိရှိကြဘူးတော်..

ကာကွယ်ရေး လုံခြုံရေး.ပြည်ထဲရေး..
အားလုံး..သူတို့ဘဲရွေး
၂၅% သော.လွတ်တော် ကိုယ်စားလှယ်..
စစ်တပ်က လာမယ်.
မဲရွေးစရာမလို..သူ့ အမျိုးဖြစ်ဖို့ သာလို
ရှိသမျှ နေရာကောင်း.
စစ်အမျိုးတွေဘဲ ဆွမ်းကြီးလောင်း
ဝန်ကြီးဌာနအမျိုးမျိုး .လို လိုလို..မလိုလို
သားမက်အသစ်ဖို့ဆို..အသစ်တီထွင်ဖန်တီးပိုင်ခွင့်
ရေကန်အသင့်..ကြာအသင့်
ဘွတ်အဲအော်ရဲသူ ..
သမီးပေးမယ်..အဆင်သင့်

တယောက်ထဲ..လွတ်တော်ထဲကြမ်း
ပြည်သူတင်သူတွေ က..ပုတ်သင်အအ လို..
ခေါင်းသာ..ငြိမ့် ကြစမ်း..
ဒီလောက်..စစ်တပ်သရမ်းမဲ့ ဥပဒေ
ငြိမ်နေရင်..ဆွေတော်..ဆယ်သက်..
တိုင်းပြည်လည်း ပျက်မယ်..

အချိန်ရှိခိုက် ဆင်ခြင်..
တရားမျှတစေ ချင်လျှင်..
ပြကြပါ..ပြည်သူ့ ဆန္ဒ
ငိုတတ်တဲ့ ခလေး..အစာရမယ်..
ညီညာရင်..ပြည်သာရမယ်

တိတ်တိတ်နေ..၀န်ခံရာကျ..
ဖေါ်ထုတ်ကြပါ.. ပွင့်ပွင့်လင်းလင်းဆန္ဒ.
ကိုယ့်ကြမ္မာဆိုတာ..ကိုယ်ဘဲပိုင်ဆိုင်ရ.
မဲဆို က…မဲမဲမှောင်…ကန့် ကွက်ကြ..
ဗမာပြည်ရဲ့…အနာဂတ်လှစေချင်ရင်။

မသဒ္ဓါ (၃။၁၈။၂၀၀၈)

အပြည့်အစုံသို့ 

ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ..မဲ..ဆို..မဲသာပစေ။


လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
၁၈ နှစ်ပြည့်..လူလားမြောက်မှန်သမျှ
ပြည်လုံးကျွတ်..ဆန္ဒခံယူရမဲ့ပွဲ..
ကြိုက်ရင် ဖြူ။ မကြိုက်ရင်မဲ
တဦးချင်း..ဆန္ဒကိုယ်စီဘဲ။

မွေးကတည်းကပါလာတဲ့ပါးစပ်..
မကျေနပ်ရင် ပြောဖို့ 
ငွေဆို့ ပိတ်မရ..
ဗူးဆို့ နဲ့ ပိတ်မရ။
ဥပဒေနဲ့ တားမရ။
ထောင်ချ.ထားမရ။
မွေးရာပါ..ရရှိရမဲ့ ဥပဒေသ


ဒါ..လူရဲ့အခွင့်အရေး..
ခလေး တောင် မကျေနပ်ရင် ငို..
ခွေးတွေတောင် ဒေါသထွက်ရင်..ဟောင်.
မတရားရင်..ဆန္ဒပြတာထုံးစံဘဲ.
ဘာဖြစ်သလည်း။

ပြည်သူ့  ဆန္ဒခံယူပွဲ..
နောက်တခုမလာမချင်း..လိုက်နာရမဲ့ ဥပဒေ..
ကြိုက်မကြိုက်..အောင့်နမ်းရမဲ့ ဥပဒေ..
ဘယ်မှာ နေ..ဘယ်မှာလည်း.ဖတ်ပါရစေ

အခုတိုင်..ကိုယ်ပျောက်နေ
ဖွဲ့စည်းပုံ အခြေခံဥပဒေ
မြင်မှ မမြင်ရသေး.
ကြိုက် မကြိုက်မသိရသေး
သေသေချာချာ တိတိလင်းလင်း
ဘာတွေပါလည်း..မရှင်းမလင်း။

ဘယ်လိုလုပ် မဲပေးမလည်း.
ရည်းစားစာ မဖတ်ရသေးခင်..
လင်နောက်လိုက်ဘဲ လိုက်ပြေးရမလား..
ခေါင်းမြီးခြုံ သတို့ သမီး..
ဘာပုံကြီးဘဲ ဖြစ်ဖြစ် ယူရတော့မလား။

ဘာတွေပါသလည်း အရင်မှ မချပြရဲ..
ပေးမဖတ်ဘဲ ရွေးကောက်ပွဲ ခံရဲ
မတရားတဲ့ဥပဒေ..အာဏာရှင်သက်ဆိုးရှည်
ဗမာပြည်.. အမှောင်ထဲ တသက်လုံးဘဲနေ။

တည်ပြီးတဲ့ ဘုရား..လင်းဠနားမခံချင်ရင်
အိမ်ထောင်မှု မပီပြင်..နောင်ပြင်ရန်လည်းခက်ခဲ
ကိုယ်လည်ပင်း ကြိုးကွင်းမဆွဲခံချင်..
ကိုယ့်သားသမီးလက်ထက်..
ထောင်ထဲ အစတေးမခံစေလိုလျှင်
ရဲစိတ်မွေး..သတ္တိလေးပြစမ်းပါ့
ရှိသလောက်ကလေး…တစ်မျှင် နှစ်မျှင်

မတ်လမှ မေကြား..အချိန်ရှိခိုက်
ဘာတွေလုပ်မလည်း..ပြင်ဆင်
(၁) သပိတ်မှောက်ရင်..ဘာဖြစ်မလည်း?
မဲမထည့်ရင် ဘာဖြစ်မလည်း?
ဥပဒေ အသစ်နဲ့ဆွဲ..ထောင်ထဲထည့်မလား?
သပိတ်မှောက်လည်း…ဖြစ်အောင်ပွဲလုပ်မဲ့နအဖ..
မဲလာထည့်မဲ့ သူလူ ကြံ့ဖွတ်နဲ့ ၁၀၀% အဖြူ ပြ.
ဒို့  တတွေ အရှုံးရဦးမယ်။

(၂) မဲသွားထည့်ရင်..ဘာဖြစ်မလည်း?
သင့်ရဲ့မဲတပြား..မဲရာကနေ ဖြူသွားနိုင်
နအဖ..လည်းခိုးမှာဘဲ ပိုင်ပိုင်နိုင်နိုင်..
သို့ သော်လည်း..နိုင်ငံတကာရဲ့ ကန့်ကွက်
ပါတီ အဖွဲ့ အစည်းများ ကန့် ကွက်
သမာသမတ် ကြားနေ..
အဖွဲ့ အစည်းများရဲ့ စောင့်ကြည့်ချက်
နည်းနည်းလေးများ ကောင်းလာမလား?
ဆန္ဒပြချင်ပြ..
ပြမရရင်.. နောက်ဆုံး မိနစ်ကျ..
မဲဆို..အမဲကိုသာ..ထည့်ကြ။

မသဒ္ဓါ (၂။၂၈။၂၀၀၈)

အပြည့်အစုံသို့ 

Sunday, March 16, 2008

ကောင်းလိုက်ပါတဲ့ သူ့ ရွှေဥာဏ်တော်..


ငယ်ပါသေးတယ်..
Living Color က ညီမောင်.
နံမည်ကြီးချင်ဇောနဲ့ သိပ်မကြောင်ပါနဲ့ 
သူလူရဲ့ အလံရှူး..မြွေမြွေချင်း..ခြေမြင်ဘူး..
ဒို့ ပြည်သူမသိဘူးမထင်နဲ့ 
ခံခဲ့ရတာများပြီ..ရပ်တန်းက ရပ်ပါတော့..
စစ်အာဏာရှင်..ပြည်ဖုံးကားချဖို့ လိုသည်။

လူယုတ်မာသစ္စာခံမဲ့အစား..
တပြည်လုံး သေသွားတာကမှ..ကောင်းမဲ့အရေး
မင်းပထွေး..ဘုန်းကြီးသတ် စစ်သား..
ဒီထက်များ.တော့ ဒို့ သဘောထားမကြီးနိုင်..
အချိုသပ်မရရင်..ရန်ကိုပြတ်..
ဒုတ်ဆို ဒုတ်..ဓါးဆို ဓါးနဲ့ရင်ဆိုင်။
မဲဆိုရင်..မဲပြီသာဘဲ။
အဖြူ..ဘယ်မကိုင်။

တိုင်းပြည်ဖျက်..သာသနာဖျက်.
ကမ္ဘာပေါ်.ဗြောင်လိမ်၊
လူမဆန်.တိုင်းပြည်သားကိုနှိမ်
ဒါ ကြောက်တာပြချိန် မဟုတ်တော့ဘူး။
ရွှေပြည်အေးတရား ဟောရမဲ့အချိန်မဟုတ်ဘူး

လောက်ကောင်လို..
အတွင်းအသားကိုစား မင်းဖောက်.
" စစ်အစိုးရရဲ့အခြေခံဥပဒေကို ထောက်ခံရမတဲ့၊
ရွေးကောက်ပွဲမှာ တဝက်ပဲ မဲရွေးကောက်ခံ ဝင်ပြိုင်ရမတဲ့၊
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အတိုက်အခံဘဝတွင် ၅ နှစ်နေ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို
အင်အား တောင့်တင်းအောင်ပါလေတဲ့"

၅ နှစ်ကလေးတောင်..မကြံစည်မိသေးတဲ့ အကြံ..
ဒေါတ်တာနံမည်တတ်သူကကြံ..ဒါ.ဟာမူမမှန်ဘူး..
ဘယ်သူက..နအဖ ရဲ့ အလံရှူး။

သမိုင်းအဆက်ဆက်..သွေးစက်တွေ.
၈၈၈၈ ကျောင်းသားများတွေ အော်မိတာနဲ့ထောင်ထဲနေ.
၁၆နှစ်ခလေးတွေ..ဘုန်းကြီးတန်း..
လက်ကာပေးရုံနဲ့ ဖမ်းဆီး..ရိုက်နှက်သေကြေစေ။
မင်း..ဘာလုပ်ဘူးခဲ့ပါသလည်း..
မင်းနံမည်.ရှိတယ်..သမိုင်းမှာ..သက်သေ..
လူကြမ်းလုပ်ချင်ရင်..သမတလူကြမ်းနဲ့ဆက်
ဦးဏှောက်ကလေး. ကြွက်လက်တဆုတ်စာနဲ့ ..
လူကြီးတွေနားမလာနဲ့ ..နိုင်ငံရေးဝင်မပါနဲ့ 

မင်း မမွေးခင်ကတည်းက..
သမဂ္ဂ ဗုံးခွဲခဲ့တာ..စစ်အစိုးရ
ရက်စက်..ကြမ်းကြုတ်တာ ..စစ်အစိုးရ.
သူအဖေကြီး..ကျေးဇူးရှိ နေ၀င်းတောင်
ပြန်လှန်ရဲတဲ့..စစ်အစိုးရ.
မေတ္တာပို့ သူ ဘုန်းကြီးရဲ့ခေါင်းရိုက်ခွဲ
အာဏာကလွဲ.ဘာမှမသိတဲ့. စစ်အစိုးရ.
မင်းဘဲ သဘောထားကြီးရင်..ကြီးကြောင်းပြ။
နိုင်ငံရေး ခွပ်ကွင်း အတွင်း
မိကျောင်းမင်း..ရေခင်းလာပြမနေနဲ့ ။

မင်းသားလုပ်ဖို့ မဖြစ်လို့ လူကြမ်းတက်လုပ်..
မင်းနံမည်ကြီး..သမိုင်းစဉ်ဆက်..လူယုတ်
အော်..တချို့ များ..မတတ်ဘဲ..
ဆရာလည်း တော်တော်လုပ်..
ကိုယ်ထမင်း..ကိုယ်စား..
နအဖ..နောက်တော်ပါးက ကုပ်.
နေ၀င်းမောင်ရယ်..မတတ်ဘဲ..
နိုင်ငံရေးသတ္တ၀ါပါ..
ပြောတတ်လိုက်တာက..မင်းပါးစပ်ပုပ်.

ပါးစပ်ပိတ် ငြိမ်ငြိမ်နေ..
မင်း အကြံကြောင့်.
တလောကလုံး ကျက်သရေယုတ်တယ်။
တပြည်လုံးရဲ့ အနာဂတ်ရှေ့ ရေး..
မင်းထမင်းတလုပ်အတွက်.မင်း မဖလှယ်..
တော်ရာ..ချိုလိမ် သွားစုတ်..
ကလေးလေးလို တော်ရာမှာ..သွားကုပ်နေ။

မသဒ္ဓါ ( ၃။၁၆။၂၀၀၈)

အပြည့်အစုံသို့ 

Friday, March 14, 2008

ခေါင်းဆောင်ကောင်း ဟူသည်


ခေါင်းဆောင်ကောင်း..မှန်ပါက
ငယ်သူကို..ညှာတာစွာ
အာဏာစိုးမိုး..အနိုင်မကျင့်..
ကိုယ်နှင့်.ယှဉ်ထား၊ မာနချပါ
အားငယ်သူ..ငယ်သား
ထားရမဲ့ သနား.ဂရုဏာ.ကြင်နာစွာ…
မသိမိုက်စော်ကားတောင်မှ..
ခန္ဓီစ၊ သည်းခံတတ်စေရာ
မှားသူကို..ဝေဖန်ကာ လမ်းပြ..
ထောက်ရှု ကိုယ်ချင်းစာနာ
ခြောက်ဖြာသော..ပြည့်စုံမှု
ကြီးသူ ၏ကျင့်ဝတ်..မင်္ဂလာ။

ခေါင်းဆောင်ဟူသည်..
မိမိဖာသာ..ခန့် အပ်ရရိုးထုံးစံမရှိ
အများ၏ ယုံကြည်မှု..
တည်ကြည်စွာ သစ္စာဂတိပြု.
ဘက်မလိုက်.ဆုံးဖြတ်တတ်မှု
ရိုးသားစွာ ရဲရင့်မှု
သတ္ထိ ဗျတ္တိ..နှလုံးရည်ပြည့်စုံ
အရိပ်ကောင်းသော..ပင်ရိပ်မြုံ်နှယ်..
ငယ်သားက.
အားကိုး.ယုံကြည်နိုင်ရမယ်။

အန္တရာယ်ဘေး..ကင်းဝေးအောင်။
မျက်နှာကြီးငယ်မရွေး
ကာကွယ်.စောင့်ရှောက်ပေးရေး.
အနစ်နာခံ..သွေးသမိုင်းရေး
ဒါဟာ
ခေါင်းဆောင်ကောင်းရဲ့ အရည်အသွေး

တော်သူကို..နေရာပေးလေးစား
တာဝန်ခွဲဝေ..စီမံခန့် ခွဲနိုင်အား
တိကျ.မှန်ကန်..စေတနာမှန်
ရှေ့ က..ဦးဆောင်ရန်.

အခက်အခဲနဲ့ ယှဉ်..
ဆူးထွင်..မကြောက်..၊
အားပေးလက်နဲ့  ခေါင်းဆောင်တယောက်
သင်လည်း..တယောက်ဖြစ်နိုင်
အများ၏ လေးစား ကြည်ညိုမှု
ခေါင်းဆောင်ကောင်းသို့ ဂုဏ်ပြုသည်။
ကြွခဲ့ပါ..အရှေ့ မှာ ဒေါင်းလံထူထားသည်။

တယောက်ကျရင်..နှစ်ယောက်တက်..
တယောက်သေရင်..နှစ်ယောက်ထွက်..
ကျန်ပစေ..နောက်ဆုံးသွေးတစ်စက်..
ရှူနေမယ်..နောက်ဆုံးထွက်သက်..
မလဲပြိုစေချင်…သာသနာ့ အလံတစ်လက်..
အမိမြေ၏ခေါင်းဆောင်ကောင်းသို့ ..ဖိတ်ခေါ်ချက်။
လာ..အရှေ့ သို့ ဆက်လျှောက်ကြမည်။

မသဒ္ဓါ (၃။၁၃။၂၀၀၈) ဓါတ်ပုံကလေး ကိုကြည့်မိ၍ ခံစားထားပါသည်။ သုံးခွင့်ပေးသော.ကိုမိုးသီး အားကျေးဇူးပါ.

အပြည့်အစုံသို့ 

Sunday, March 9, 2008

ကမ်းပေးနေတဲ့လက်..လှမ်းတက်ချင် လာပါ


တော်လှန်ရေး အဆက်ဆက်..
သွေးမြေသက်ခဲ့တာတွေ.များပြီ..
ထောင်နဲ့ အကျဉ်းစခန်းတွေမှာ..
အမှန်တရားကို..သတ်နေတဲ့
ဒုတ်တပြက်..ဓါးတပြက်.
နှိပ်စက် ခံရချက်..
ငိုမျက်ရည်စက်..
လူမဆန် ရက်စက်
ဇီဝိညာဉ် ကြွေသက်
ပန်းကြွေခက် ကလေးတွေ..

ကြွက်လှောင်အိမ် ပခြုတ်ထဲ
နှစ်ရှည် ထောင်ကျနေဆဲ
အစာငတ်မွတ်.ကျန်းမာရေးမွဲ
ခြုံစရာစောင် က နတ္တိ.
ညစ်ပတ် ကျင်ငယ်နံ့ နံ အိမ်သာမရှိ
ကြမ်းတမ်းတဲ့ ထောင်ဝန်းကျင်
လေဖြတ်သွေးတိုး.ဆီးချိုနဲ့ ရောဂါအမျိုးမျိုး
မျက်တိမ်ခိုးကွယ်။
ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်တဲ့
" မင်း "ဆိုတဲ့ ဘေးအန္ထရာယ်
ထောင်တန်း ထဲမှာလည်း..
ဆီမီးတိုင်များ မီးစာတွေသေ.

၁၉၈၈..လူမမယ်တွေ..
မိဘနဲ့ဝေး..သူပုန်လေးတွေလာဖြစ်
ကျောင်းသား စစ်တပ်ရင်း.
စစ်ဖိနပ်ဖိုး တောင်မတတ်နိုင်ခဲ့ခြင်း။။
ဌက်ဖျားနှိပ်စက်.အသက်ထွက်
ရေ၌ နစ်လျှက်.အသက်ထွက်
စစ်တပ်သတ်လျှက်..သွေးမြေသက်..
မိဝေး ဖဝေး..ကြင်သူဝေး
ခေါင်းလောင်းသံဝေး
တွေးကြည့်ရင်..အနှစ် ၂၀
မဆုံးနိုင်သေးတဲ့တော်လှန်ရေးနယ်။

(၂၀၀၇)..ဗမာရဲ့ အမှောင်လွမ်းတဲ့ခေတ်
သာသနာ..စစ်နွံနစ်.
တိုင်းပြည်ကို..တကယ်ချစ်ရင်..
အရေးကြီးရင်..သွေးနီး
သာသနာ.စောင့်ရှောက်ချင်လျှင်.ပါဝင်ပြီး
အမျိုးသားရဲ့ တပ်ပေါင်းစု
ညီညာမှုပြုစို့ သူငယ်ချင်း

အချင်းချင်း ကပ်ခါဖဲ့
အချင်းချင်း ခြေထိုးလျှက်
အချင်းချင်း အသုံးပြုလျှက်
အချင်းချင်း တဏှာကျချက်
အချင်းချင်း..သစ္စာဖေါက်ခဲ့ 
ဒီလိုလူတွေ..ပစ်ပယ် ရှင်းရှင်း
မင်းကို..ဒို့ မလိုတော့ဘူး သူငယ်ချင်း။

ကောင်းမွန်သော..
စိတ်ဆန္ဒ မြင့်မြတ်ဝါဒီ
အရွယ်မရွေး ဖိတ်ခေါ်သည်။
လူကောင်း.. လူမွန်.
လူမြတ်.. လူသန့် 
သာသနာတော်နဲ့  နိုင်ငံတော်ဘက်ကရပ်
ကိုယ်ကျိုးစွန့် သတ္တိရဲ
အူမလည်း တောင့်ခံနေဆဲ.
မလျှော့ ဇွဲနဘဲ.
အမှန်တရားကို ယုံကြည်ရဲသူတွေလာပါ.
အမိမြေဗမာ..အမှန်တကယ်
လိုအပ်နေတာ..သင့်ကိုပါ။

မသဒ္ဓါ ( ၃။၀၉။၂၀၀၈)

အပြည့်အစုံသို့ 

Saturday, March 8, 2008

ခုမှ..လာမငိုနေနဲ့ ..ကိုယ်ရှုံးတဲ့အခါ


ဘ၀ဆိုသည်..
ဗုံလုံတလှည်..ငါးပျံတလှည့်
ကံကြမ္မာရဲ့..မျက်လှည့်..
အနိုင် နဲ့ အရှုံး..
အချစ် နဲ့ အမုန်း..
အပြုံးနဲ့ မျက်ရည်..
ဘယ်သူမှ တသက်လုံး။ စင်ပေါ်မှာ မနေ..
အချိန်တန်ရင်..ကြွေ

ကိုယ်နိုင်တယ်..အာဏာပြ
အင်အားကြီးပြ..အားနည်းသူကို..ထိုးချ..
ငါမှ ငါမှန်..ငါအတ္တ ရဲ့ အသွင်သဏ္ဍာန်..
အောင်မြင်ချိန်မှာ မြူး..ကျေးဇူးရှိသူများ ပစ်ပယ်ဘူး.
လက်မထောင်ထောင်..ငါသာ ဦးသျှောင်..
ငါမှ..ကနန်းကောင်။

အောင်မြင်ဘူးတဲ့ အဖြစ်. မူးကို မြစ်ထင်.
မီးစကို..ရွှေမျှင်ခြည် ထင်
ရေလိုက်လွဲခဲ့တဲ့ ရွှေသမင်..
ရန်သူကို..ကိုယ့် ဖာသာမွေး..
ငြိမ်းချမ်းရေး တေးဆို..တောင်းပန်စဉ် ခဏ
လစ်လျှူ..အာဏာပြ.
ညှိုနှိုင်းမရ..တန်ခိုးမာန မချ
မေတ္တာ နဲ့ ချူ..မေတ္တာကို ယူသော်မရ..
ငြိမ်းချမ်းရေး နဲ့ သွေးကြွေး ကြိုက်ရာတခုခု
အနုနဲ့ အကြမ်း..သင်လိုချင်ရာရွေးစမ်း။

ခွေးတောင်..ချောင်ပိတ်ရိုက် ကြမ်းတမ်း.
ထွက်လမ်းမရှိ. ချောင်ပိတ်ကာ အမိဖမ်း
သင် ပြန်အကိုက်ခံရတာ..မဆန်း..
ညံ့ရင်..သင်ဘဲခံစတမ်း.
သူများမျက်လုံးယူထားဘူးရင်..သင့်မျက်လုံးပြန်ပေး
သူများကို လိမ်ညာထားရင်..သင့်နံမည်ဟာ ညစ်ထေး
ပေးသစ္စာမဖြူရင်…သင့်ဂုဏ်သိက္ခာနဲ့ ပြန်ဆေး
မကောင်းမှူဟူသည်..ဖုံးစရာ အဖုံးမရှိသေး
ရာဇ၀င်ကြွေးဟာ..ရာဇ၀င်ကြွေး

မောင်မောင်ခေါ်နေစဉ်..ဗျာ..မထူးချင်တဲ့ ခဏ
အောင်ကျော် ခေါ်မှ..ဘုရားထူးတာ..
မင်းအတွက်..သဘာဝကျ..
နအဖရဲ့..နောက်ဆုံးရက်..
အသည်းပျက်ပျက်..သွေးပျက်ပျက်..
ဆွေးရတက်နဲ့  သွေးစက်လက်..မျက်ရည်လည်လည်.
ဒါ..သစ္စာဖောက်တို့ ၏ လားရာလမ်းဖြစ်သည်။

မသဒ္ဓါ ( ၃။၈။၂၀၀၈)

အပြည့်အစုံသို့ 

အာရုဏ်၏.လေပြေဦး..တင့်ထူးကြသောနှင်းဆီပွင့်နီနီ

ဂုဏ်ယူပါတယ်..ညီမငယ်
မြန်မာ အမျိုးသမီး..ဂုဏ်မငယ်
မီးဖိုချောင်ထဲ..အချိန်တွေမအားလည်း.
အလုပ်ခွင်ထဲ..အချိန်တွေမအားလည်း
လယ်ကွင်းပြင်ကြား..အချိန်တွေမအားလည်း

ပုခက်လွဲ သောလက်။
ခလေး ပွေ့ သောလက်
ခင်ပွန်း လင်သား ပြုစု ယုယလက်
မိသားစု ပေါ်ချစ် တဲ့ မေတ္တာ.
နိုင်ငံအပေါ်ထား တဲ့ စေတနာ
အမကြီးတော့ အမိအရာ..
မိသားစု အပေါ်စွန့် လွတ်ချစ်တတ်တဲ့
အာဇာနည် မိန်းမမျိုး ဆိုတာဟာ..

မောင်ရေ..မိသားစုကို မငဲ့နဲ့ 
ယုံကြည်ရာလမ်း.ဆက်သာလှမ်း..
မကြောက်မရွံ့ 

နို့ စို့ သမီးရယ်..
မေမေကို ရက်စက်တယ်ဘဲပြောပြော
နို့ ချို မတိုက်ဘဲ. မေမေစွန့် ။

ဖေဖေရယ်..ကောင်းရာမွန်ရာ ဘ၀သာသွား
သမီးမျက်နှာ.နောက်ဆုံးမမြင်ရဘဲ..
အသက်သာစွန့် 

နှလုံးရောဂါ ရှိငြား..စိတ်မပျော့အား..
စိတ်ခွန်အားနဲ့ ..ယုံကြည်စွာ..စောင့်ရှောက်ထားတဲ့
ပြည်သူ သို့ စတေး..အသက်ဝိညာဉ်တစ်ခု

ဤ သို့ သော..စွန့် လွတ်ခြင်းများနဲ့ 
ရဲရဲတောက်..သခင်မများ..
မနီလာသိန်း၊ မဖြူဖြူသင်းနှင့် ၊ မစုစုနွေး၊
ဗမာတို့ ရဲ့ ကုမ္မာရီ..ရဲရင့်သွေး
ချက် နိုင်ငံ People in Need အဖွဲ့ကပေးတဲ့
၂၀၀၇ ခုနှစ်အတွက် “Homo Homini “ ရဲ့
မြန်မာအမျိုးသမီးများ လူ့အခွင့်အရေးဆု
ဗမာ အားလုံးတွေ..၀မ်းသာဂုဏ်ပြူတယ်..

ဆက်သွားရမဲ့လမ်း..ရဲရဲသာလှမ်း
ကူညီဆုတ်ထား၊ ပြည်သူများရဲ့ လက်ကမ်း
ချီးမွမ်းတဲ့..လက်ခုတ်သြဘာသံများ..

ညီမလေးတို့ ရယ်..
တော်လှန်ရေး မည်သည်..စွန့်လွတ်မှ အောင်မြင်တတ်မှန်း
အနစ်နာ..ခံစားမှူများ...အများသိ ချီးမြှောက်ကြစတမ်း
ဝမ်းသာမျက်ရည်ဝေ..ဂုဏ်ယူသာ ကျလိုက်ကြစမ်း..
ဒို့ မျှော်မှန်းပန်းတိုင်..ရှေ့ နားဆီ လက်တစ်ကမ်း

လင်းရောင်နီ ..မိုးသောက်ပြီ
နေ၏ ဇာခြည်...အရှေ့ ဆီသမ်းပါပေါ့..
အားမာန်ဝင့်ထယ်.အာဇာနည် နှင်းဆီနီရယ်..
လေပြေဆီ..လှပစွာ..
ဖူးတံချီ..ပွင့်လိုက်ပါရော့။


မသဒ္ဓါ ( ၃။၈။၂၀၀၈)
မမနှင့် တကွ..ပြည်သူတရပ်လုံး၏ နှလုံးသားတွင်းမှ.လှိုက်လှဲ ချစ်ခင်..၀မ်းသာစွာ..ဂုဏ်ပြုပါသည်..ညီမလေးများ..
ဓါတ်ပုံ ကို ဧရာဝတီ မှ ကူးယူဖော်ပြပါသည်
..

အပြည့်အစုံသို့ 

Friday, March 7, 2008

မရပ်နားတဲ့ ခြေလှမ်း..ငြိမ်းချမ်းရေးသို့ လမ်း..

ခိုင်မာသောခြေလှမ်း..
ရှေ့ သို့ လှမ်း…
တလှမ်းချင်းစီ

ယုံကြည်ရာလမ်း
ဆက်လက်လှမ်း..
မဆုံးသည့်တိုင်

မိုင်( ၃၀၀၀) ခရီး
ဤ ခရီးနီး ပါသလား.
မြန်မာပြည် မြောက်ဖျားမှ. တောင်ဖျားဆီ
မိုင်ပေါင်း (၁၂၇၅) မိုင်သာရှိသည်။
မြန်မာပြည်..အလျှား.(၂) ဆကျော်ထိ
ဖြတ်လျှောက်မည့် ခြေလှမ်း
စတေးမဲ့ အားအင်..
သွေးချွေးသစ္စာ၏ ဂုဏ်အင်
အနာဂတ် သမိုင်းတွင် .

အေသင် နှင့် ဇော်မင်းထွေး
ငြိမ်းချမ်းရေး ရဲ့ ခရီးသည်။
လွတ်မြောက်ရေးအတွက်.ခရီးရှည်။
မြန်ပြည်သားတို့ အတွက်
တစ်ရက်တစ်ရက်..ရှေ့ သို့ ဆက်နေ..

တနေ့ တလံ..ပုဂံရယ် ဘယ်မပြေး
ပန်းတိုင်ရယ်..အနီးလေး..
ယောက်ျားကောင်းတို့ ၏ ဇွဲ။
သေတောင် အလံမလှဲ..

ခွပ်ဒေါင်းတို့ ၏ ရဲသွေးနီ..
ဥဒါန်း ဘယ်မကျေပြီ..။
ရာဇ၀င်..ဂန္ဓ၀င်..မော်ကွန်းတင်
သွေးသက်သေပြ..ကမ္ဘာချီ

မသဒ္ဓါ ( ၃။၇။၂၀၀၈) ဂုဏ်ယူပါသည်။ မောင်လေးများ..မြန်မာပြည်သားဖြစ်ရတာ

http://88portland.wordpress.com/

အပြည့်အစုံသို့ 

Thursday, March 6, 2008

နှစ် (၂၀) ကြာမြင့်စေ..ယနေ့ တိုင်သတိရနေ

အပြည့်အစုံသို့ 

Monday, March 3, 2008

တို့ တိုင်း တို့ ပြည်


ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချို သောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
မြင်သာ မြင်ရ၊ မစား ရ၍
တောက ပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့ လုံ့ လ
သူက စ၍၊ ငါက အားလုံး
လက်ရုံး များမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့ တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်း တစိတ်၊ ညီစေသတည်း။

ဇော်ဂျီ
http://dawngwincamp.blogspot.com/2007/08/blog-post_24.html မှ ကူးယူ ဖေါ်ပြပါသည်။

အပြည့်အစုံသို့ 

Sunday, March 2, 2008

ကိုယ်ဖာသာ အယ်ဒီတာလုပ်၊ ကိုယ့်ဖာသာ စနက်တံ ဖြုတ်တဲ့သူ


စာရေးဆရာ..ခံစားရေးပြီး..ပေး
အယ်ဒီတာက ရွေး
စာပေ စီစစ်ရေးက...ထုတ်ခွင့်ပါမစ်ပေး
ဒီလောက် စီစစ်တဲ့ ကြား..
စောဝေ.တယောက်ထဲ
ဖမ်းထားက မတရား။

“အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” အစ စာလုံးနဲ့ 
ပြည်သူတောင်..ဖော်နိုင်ပါတဲ့ ကဗျာ.
မြတ်ခိုင်…က သူမသိပါဘူးပြောနေတာ..
ဖြစ်နိုင်ပါသလား..စဉ်းစား
ယုံကြပါသလား မိတ်ဆွေတို့ 
တကယ်မသိဘူးဆိုရင်..သူတကယ်ဖျင်း
အယ်ဒီတာ ရာထူးနဲ့ မတန်လေချင်း။

စာပေစီစစ်ရေး က ပယ်ချ..
ကဗျာစ..စာစတွေ ဆိုတာ.
ပုံနှိပ်စာလုံး အသွင်မပြောင်းလဲ.
အယ်ဒီတာ့အမှိုက်ခြင်းထဲမှာ ဆုတ်လွင့်ပစ်ဖြဲ

တခုခု မှားနေပြီ မိတ်ဆွေ..
စာပေသိက္ခာရှိ အယ်ဒီတာကောင်း
ကိုယ့်ရဲဘော်ရဲ့ ကလောင်နံမည်တချောင်းကို မရောင်း
“ ငရဲခွေးသရမ်းကြီးလွတ်နေသည်”
အမည်ရှိ..ညိုမြ၏ အိုးဝေ က ဆောင်းပါး
ကာကွယ်ပေးသူ အယ်ဒီတာ ကိုအောင်ဆန်း..
ကံကော်တန်းက နှင်ထုတ်ခံရဘူးတယ်..

ငါ့ ပိုက်ဆံရှိ ငါ့ ဂျာနယ်ငါ ထုတ်..
ငါ အယ်ဒီတာ လုပ်မယ်..
နုံနဲ့တဲ့ နှလုံး သား..
ဟိုပေါင်ကပ်..ဒီပေါင်ကပ် ခိုစား
မြတ်ခိုင်..ဆိုတာ..လူအလကား ငနွား.
တမင်…ကိုယ်လူ ကိုကိုယ်သတ်..
အရှက်မဲ့တဲ့ သူ့  စိတ်ထား
သူ မဂ္ဂဇင်းတွေ သပိတ်မှောက်ထား။
ဒီလို လူများ..ဗမာအသိုင်းအ၀န်းနဲ့ မတန်
သံပုံး တီးတောထုတ်ကြရန်

အမှန်ကတော့..
ယုတ်မာတဲ့ အတွင်းစိတ်..
နောက်ကျောကနေ.ဒါးထိုး
စီစစ်ရေးကပယ်တဲ့ ကဗျာ
တမင်တကာ..တည့်..
ဟော..စောဝေလည်း..ထောင်ထဲ..
ငါ့မဂ္ဂဇင်းလဲ..
ဒီကဗျာကြောင့် ရောင်းမလောက်.စောင်ရေစွဲ.
တကယ်..မျှားတစ်စင်းနဲ့
နှစ်ကောင်ဖမ်း အမဲလိုက်သူ..
တောမုဆိုး..လူငနွား အမည်က မြတ်ခိုင်.
“တလောကလုံးသိတယ်။
စောဝေ ကျနော်တို့ကိုပေးတယ်။
ကျနော်တို့ဖော်ပြတယ်။ ဒါပဲ"

ဘယ်လောက် တာဝန်ကင်း.တရားမဲ့ ကင်းစွာ ပြောရဲ
အရည်ကြဲကြဲ..မြတ်ခိုင့် စိတ်ဓါတ်
သူ့ ဖာသာ..သူ သတ်ခဲ့ပြီ။
စာပေနယ်က..အမှိုက်တစ်ထုပ်သည်။

မသဒ္ဓါ ( ၃။၂။၂၀၀၈)

အပြည့်အစုံသို့ 

Saturday, March 1, 2008

ဘယ်တော့မှ မမေ့နိုင်တဲ့ ဗမာ့မှတ်တမ်း ( By ko Myoe)





မြန်မာလူမျိုးတိုင်းကြည့်သင့်သော..မှတ်တမ်းဖြစ်ပါသည်
နှစ်အဆက်ဆက်..လွတ်မြောက်ရေးအတွက်..ရင်းနှီးခဲ့ရသော..တော်လှန်ရေးသမားများ၏..သွေးစက်များသည်..ယနေ့ တိုင်.စိုဆဲ..စိုမြဲ.. စိုလတ္တံသာဖြစ်သည်။

မြန်မာ့တော်လှန်ရေးအဆက်ဆက်တွင် သင်၏ ဘိုးဘွားများလည်းပါဝင်ခဲ့ဘူးပါသည်။

ယခု..သင့် လုပ်ဆောင်ရမည့် အချိန်ရောက်လာပါပြီ။

သမိုင်းအတွက်..သင်၏ သွေးသစ္စာပါဝင်နိုင်ပါစေ။ သင်၏ သမိုင်းပေးတာဝန်တရပ်ဖြစ်သည်။
အရေးကြီးပါပြီ...သွေးနီး.သွေးစည်းကြပါစို့ ။

အပြည့်အစုံသို့ 

ဖမ်းဆီးခံ..စာနယ်ဇင်းသမားများ အတွက်ကူညီပါ။


ဦးသက်ဇင်

ဦးစိန်ဝင်းမောင်

မြန်မာပြည် မှာ..စာနယ်ဇင်း လွတ်လပ်ခွင့် ဆုံးရူံးမှူများကို..ကာကွယ်ရန်နှင့်..ဖမ်းဆီးခံ မီဒီယာသမား များကို ကယ်တင်ပေးရန်.အကူအညီ တောင်းခံပါသည်။ လက်မှတ်ကလေးများ ထိုးပေးခဲ့ကြပါရှင်
http://www.ipetitions.com/petition/thetzin/index.html

အပြည့်အစုံသို့ 

လက်တွေ့ ပြသ..နိုင်ငံသားကောင်းဗမာမှန်က


ဒီအချိန်..
တွေဝေရ ဖို့  မဟုတ်တော့ဘူး
ရန်ဖြစ်နေရ မဲ့ အချိန်မဟုတ်ဘူး
ငြင်းခုန်နေရ မဲ့ အချိန် မဟုတ်ဘူး..
ဆရာကြီးတွေ တသီးပုဂ္ဂလိက လုပ်
ငါမှ မှန်..မင်းက အကြံအဖန်
ဒါ လေကန်နေရ မဲ့ အချိန်မဟုတ်ဘူး။

မုံ့ ဆီကြော်က မရသေး..
နှုတ်ခမ်းနာနဲ့ တည့်မတည့်တွေး။
ငါက ဘဲ..၈၈၈၈ ကျောင်းသား
မင်းက မျိုးဆက်သစ်များ..ရန်ဖြစ်မနေနဲ့ ။
ငါကဘဲ..နိုင်ငံရေးသမား
မင်းသိတာ အလကား.ရန်ဖြစ်မနေနဲ့ ။

ဒို့ အားလုံးတူတူ.ဗမာပြည်ကိုချစ်သူ။
ဗမာမြေထက်..
ဗုဒ္ဓဘာသာ အမွေရှင်သန်စေချင်သူ။
ညီတူလက်တွဲ..
တစ်ရောင်ထဲသွေး နဲ့ တော်လှန်မဲ့သူ။

ဘာဘာညာညာ..ဆရာလုပ်ဖို့ မလို.
လေးစားစွာ..အရွယ်မရွေး.ဆက်ဆံကြမှ
စည်ရုံးရေးက အောင်မှာ.ကိုယ့်လူ။
အတ္တအရေခွံထူ မင်းခွါချ။
အရေးကြီးချိန်မှာ သွေးနီးကြမှ.

တိုင်းပြည်က.မွဲနေပြီ
စစ်ကျွန်ဘ၀..ဒို့ ကျောပြဲနေပြီ
စားစရာမဲ့..မျက်နှာငယ်ငယ်နဲ့ 
စစ်အာဏာရှင်အောက် ကျွန်လူသား.(သို့ ).
ရွှေ့ ပြောင်း..နိုင်ငံတကာရောက်အလုပ်သမား
စိတ်ဓါတ် ကို အညွန့် ချိုး။ ကာမ ကိုခိုး
ဂုတ်သွေးကို စုတ်။ အသက်ကို ချိုးဖြုတ်.
မျက်နှာငယ်လေးများ နဲ့ အလုပ်လုပ်..
ဒီမျိုးဆက်နဲ့တင်..မျိုးဖြုတ်ခဲ့ပါ ဒီဒုက္ခ
အားလုံး ညီညာရင်ရမယ်..
အားလုံး ပါဝင်ရင်ရမယ်..

မတရားဆွဲတဲ့ အခြေခံမူဥပဒေ
သပိတ်မှောက်ကြစေ.
သင်ကြောက်နေ..သင့် မျိုးဆက်သစ်များ ဖာဖြစ်
သင်ငြိမ်ခံရင်….
သင့်မြေးမြစ်မှန်သမျှ..လူဘ၀ရှုံးရမယ်။

ပညာရေးမရှိ..ခလေးစစ်သား. ဗျတ်ထိုးဈေးသယ်။
အမှိုက်ပုံမှာ အမှိုက်ကောက်ရမဲ့  သင့်မြေးကလေး
သင်ရဲ့ ဘိုးဘွားပိုင်အိမ်..စည်းစိမ်..
စစ်သားဒါးပြ..အာဏာနဲ့ သိမ်း.မတည်ငြိမ်။
သင်လှုထားတဲ့ ဘုန်းကြီးကျောင်း အမိုးနံရံဟောင်းလောင်း
ကျောင်းထိုင်ဘုန်းကြီးမရှိ။ မျိုးတုန်း နေကြောင်း ။

သင်သည် ဗမာ..
သင့်ဘိုးဘွား ကာကွယ်ခဲ့ အမိဗမာ.
သင့်တာဝန်တို့ ကြေပါ.

သင်၏ ကြောက်နေသောလက်
ဝိုင်းကူ ထူပေးပါရစေ.
သင်၏ နောက်တွန့် နေတဲ့ခြေလှမ်းချက်
စစ်ချီတေးနဲ့ အားပေးပါရစေ။
သေတူတူ..ရှင်အတူတူ.
သမိုင်းပေးတာဝန်။ ကျသမျှ ပုခုံးထမ်းယူ..
တိုက်ကြပါစို့ ။
ကျမတို့ အားလုံးရဲ့ အာဏာရှင် ဘုံရန်သူ

သင်သည်..သဲတပွင့်.
ကျမသည်.နှမ်းတလုံး..စုရုံးတော်လှန်..
တပြည်လုံးကျွတ် ဆန္ဒပြကြပါရန်။

မသဒ္ဓါ ( ၂။၂၉။၂၀၀၈)

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */