Tuesday, March 18, 2008

ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ..မဲ..ဆို..မဲသာပစေ။


လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
၁၈ နှစ်ပြည့်..လူလားမြောက်မှန်သမျှ
ပြည်လုံးကျွတ်..ဆန္ဒခံယူရမဲ့ပွဲ..
ကြိုက်ရင် ဖြူ။ မကြိုက်ရင်မဲ
တဦးချင်း..ဆန္ဒကိုယ်စီဘဲ။

မွေးကတည်းကပါလာတဲ့ပါးစပ်..
မကျေနပ်ရင် ပြောဖို့ 
ငွေဆို့ ပိတ်မရ..
ဗူးဆို့ နဲ့ ပိတ်မရ။
ဥပဒေနဲ့ တားမရ။
ထောင်ချ.ထားမရ။
မွေးရာပါ..ရရှိရမဲ့ ဥပဒေသ


ဒါ..လူရဲ့အခွင့်အရေး..
ခလေး တောင် မကျေနပ်ရင် ငို..
ခွေးတွေတောင် ဒေါသထွက်ရင်..ဟောင်.
မတရားရင်..ဆန္ဒပြတာထုံးစံဘဲ.
ဘာဖြစ်သလည်း။

ပြည်သူ့  ဆန္ဒခံယူပွဲ..
နောက်တခုမလာမချင်း..လိုက်နာရမဲ့ ဥပဒေ..
ကြိုက်မကြိုက်..အောင့်နမ်းရမဲ့ ဥပဒေ..
ဘယ်မှာ နေ..ဘယ်မှာလည်း.ဖတ်ပါရစေ

အခုတိုင်..ကိုယ်ပျောက်နေ
ဖွဲ့စည်းပုံ အခြေခံဥပဒေ
မြင်မှ မမြင်ရသေး.
ကြိုက် မကြိုက်မသိရသေး
သေသေချာချာ တိတိလင်းလင်း
ဘာတွေပါလည်း..မရှင်းမလင်း။

ဘယ်လိုလုပ် မဲပေးမလည်း.
ရည်းစားစာ မဖတ်ရသေးခင်..
လင်နောက်လိုက်ဘဲ လိုက်ပြေးရမလား..
ခေါင်းမြီးခြုံ သတို့ သမီး..
ဘာပုံကြီးဘဲ ဖြစ်ဖြစ် ယူရတော့မလား။

ဘာတွေပါသလည်း အရင်မှ မချပြရဲ..
ပေးမဖတ်ဘဲ ရွေးကောက်ပွဲ ခံရဲ
မတရားတဲ့ဥပဒေ..အာဏာရှင်သက်ဆိုးရှည်
ဗမာပြည်.. အမှောင်ထဲ တသက်လုံးဘဲနေ။

တည်ပြီးတဲ့ ဘုရား..လင်းဠနားမခံချင်ရင်
အိမ်ထောင်မှု မပီပြင်..နောင်ပြင်ရန်လည်းခက်ခဲ
ကိုယ်လည်ပင်း ကြိုးကွင်းမဆွဲခံချင်..
ကိုယ့်သားသမီးလက်ထက်..
ထောင်ထဲ အစတေးမခံစေလိုလျှင်
ရဲစိတ်မွေး..သတ္တိလေးပြစမ်းပါ့
ရှိသလောက်ကလေး…တစ်မျှင် နှစ်မျှင်

မတ်လမှ မေကြား..အချိန်ရှိခိုက်
ဘာတွေလုပ်မလည်း..ပြင်ဆင်
(၁) သပိတ်မှောက်ရင်..ဘာဖြစ်မလည်း?
မဲမထည့်ရင် ဘာဖြစ်မလည်း?
ဥပဒေ အသစ်နဲ့ဆွဲ..ထောင်ထဲထည့်မလား?
သပိတ်မှောက်လည်း…ဖြစ်အောင်ပွဲလုပ်မဲ့နအဖ..
မဲလာထည့်မဲ့ သူလူ ကြံ့ဖွတ်နဲ့ ၁၀၀% အဖြူ ပြ.
ဒို့  တတွေ အရှုံးရဦးမယ်။

(၂) မဲသွားထည့်ရင်..ဘာဖြစ်မလည်း?
သင့်ရဲ့မဲတပြား..မဲရာကနေ ဖြူသွားနိုင်
နအဖ..လည်းခိုးမှာဘဲ ပိုင်ပိုင်နိုင်နိုင်..
သို့ သော်လည်း..နိုင်ငံတကာရဲ့ ကန့်ကွက်
ပါတီ အဖွဲ့ အစည်းများ ကန့် ကွက်
သမာသမတ် ကြားနေ..
အဖွဲ့ အစည်းများရဲ့ စောင့်ကြည့်ချက်
နည်းနည်းလေးများ ကောင်းလာမလား?
ဆန္ဒပြချင်ပြ..
ပြမရရင်.. နောက်ဆုံး မိနစ်ကျ..
မဲဆို..အမဲကိုသာ..ထည့်ကြ။

မသဒ္ဓါ (၂။၂၈။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */