Friday, March 21, 2008

တိုက်ပွဲခေါ်သံ..ပါဝင်ကြပါစေရန်။

ခင်မင်လေးစားရပါသော ညီတော်၊ညီမတော်၊အစ်မတော်၊အစ်ကိုတော်၊ ရဲဘော်၊ရဲမေအပေါင်းတို့ အား ကျွန် တော် လှိုက်လှိုက်လှဲလှဲ တောင်း ဆိုပါသည်။

လေးလေးနက်နက်ဝိုင်းဝန်း၍ ကူညီပေးပါရန်လည်း အနူးညွတ်ထားပြီး ပြောကြားလိုပါသည်။ ဘာလိုလည်း ဆို တော့ အချိန်တွေသည် မြန်မြန်ကြီး ကုန်သွားသည်မှာ ၈၈ အရေးခင်းမှာမနေ့ ကကဲ့သို .. ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ခဲ့သည်မှာ မနေ့ကကဲသို့  စက်တင်ဘာ ဆိုသည်မှာမနေ့ ကကဲ့သို့ ...မနေ့ ကကဲ့သို့ သောကဲ့သို့ များ ကုန် သွား နေပေသည်။ စစ်အစိုးရက တိုက်ပွဲခေါ်လိုက်ပြီ ၊ ခေါင်းငုံမခံနဲ့ လက်တုန်ပြန်ကြစို့  ။ စစ်အစိုးရ ကမေလ မှာ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပဖို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲကိုတော့ ၂၀၁၀ မှာ ပြုလုပ် မယ် လို့  အေပီသတင်း မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်အစိုးရဟာ အာဏာကို တလက်မမှ မလျော့ဘူးလို့ မျက်နာ့ ပြောင်တိုက် ကြေညာလိုက်ပြီဖြစ်ပါတယ်။

မေးခွန်းကတော့
၁- ကျွန်တော်တို့ ဘာလုပ်ကြမလည်း
၂- ဆန္ဒခံယူပွဲ ကို ၁၉၇၂ ခုနစ်တုံးကလို ပဲ လက်ပိတ်ကြည့် နေမလား
၃- တိုက်မလား၊တိုက်မယ်ဆိုရင် ဘယ်လို တိုက်မလည်း၊ဘာတွေလုပ်မလည်း
၎ သေနဂ္ဂဗျုဟာ၊ ဘယ်လောက်ပြင်ဆင်ပြီးပြီလည်း၊ ဒါတွေကို ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်၊

" ကျွန်တော်တို့ ဒါကို လုပ်ချင်တယ်၊လုပ်မယ်ဆိုသော ၊ဒါ ကျွန်တော်တို့ ရဲ လုပ်ကိုလုပ်မှာ၊လုပ်မယ် " ဆိုသော စကားကိုပြောရမယ့် အချိန် ရောက်ပြီ လို့  မြင်ပါတယ်၊

ကျွန်တော်တို့ တာဝန်က ဒီမိုကရေစီအောင်လံကို လက်ဆင့်ကမ်းကာသယ်ဆောင်ရမယ်၊ ကိုယ်လုပ်ရမဲ့ တာဝန် က သယ်ဆောင်ရမှာ၊ လွဲပြောင်းပေးရမှာ၊ ပေးရမဲ့ သူက ဒီမိုကရေစီပန်းတိုင်ကိုရောက်အောင်ပြေးရမဲ ၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲမှာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်သောပါတီတွေအားလုံးရဲ့ ကိုယ်စားလှယ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ သောတာဝန်ယူခြင်း၊ တာဝန်ခံခြင်းမျိုး ကို ဒီပါတီတွေကို တာဝန်ခံခိုင်းဖို့ သိုင်းဝိုင်း၊ ၀ိုင်းဝန်း ပံပိုးရမှာကျွန်တော်တို့ အားလုံးရဲ့ တာဝန်၊ ပြည်သူတွေရဲ့ တာဝန်၊ တိုင်းရင်းသားအားလုံးရဲ့တာဝန် ပြန် လည်ကြရောက်လို့ လာပါပြီ၊

တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ မှန်ပါသည်။

ထိုအတူ တနှစ်အတွင်း ဒီမိုကရေစီကို ရရမည်ဟု ကြွေးကြော်ရင်း NLD က လုပ်ဆောင်သင့်သလို အားလုံး သော ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့စည်း အသီးသီး၊ လက်နက်ကိုင်အသီးသီး မားမားမတ်မတ် ရပ် သင့်ပြီ ဟုလိုကြောင်း ပြင်းပြင်းထန်ထန် တောင်းဆိုပါသည်။

အားလုံးကဒီမိုကရေစီ၊ ပြည်သူကတင်မြှောက်သော ပြည်သူ့ အစိုးရကို အကောင်အထည်ပေါ် ရန် ၁၀၀% တာဝန်ရှိသူနှင့် အပြည့်အ၀ပံပိုးရပ်တည်ပေးရမည်မှာပြည်သူတွေ၊ တော်လှန်ရေး အဖွဲ့စည်းအသီးသီး၊ လက်နက် ကိုင်အသီးသီးဖြစ်ပြီး၊ ထိုအားကို အခြေခံပြီးတော့မှသာ NLD သည်ပန်းတိုင်ကိုချီတတ်နိုင်မည်ဖြစ်သည်။ ထိုအ တွက် ကြောင့် ကျွန်တော်တို့ အားလုံးမှာလုပ်စရာတစ်ခုဘဲရှိပါတော့တယ် ကျွန်တော်တို့ ဘာကို လုပ် မယ်ဆိုတာဘဲပြောဖို့ ရှိတော့တယ်၊ ကျွန်တော်တို့ အလုပ်က အလံကိုသယ်သွားပြီး ၁၉၉၀ပြည့် ရွေးကောက်ပွဲ မှာအောင်ပွဲရသောအနိုင်ရပါတီလက်ထဲကို ထည့်ပေးလိုက်ရမယ်၊ အနိုင်ရပါတီခေါင်းဆာင်တွေ၊ ရွေးချယ် ခံရသောပါတီခေါင်းဆောင်တွေကနေ ဆက်ပြီးတော့ သယ်ဆောင်ပေးလိမ့်မယ်။

ဒါကို ပြည်သူတွေ၊ တိုင်းရင်းသားတွေက၊ ပြတ်ပြတ်သားသား ၀ိုင်းဝန်းပံပိုးရမယ်၊ ဒီလိုလုပ်ပြီး NLD ကို အခွင့်ရေး ပေးကို ပေးရမယ် ဘာလို့လည်းဆိုတော့ ပြည်သူတွေကနေ NLD ကိုတိုင်းပြည်ရဲ ကံကြမ္မာ ကိုလုပ်ဆောင် ပေးဖို့ mandate ပေးထားလို့ ဆက်လက်ပြီး တော့၊ဒီအခွင့်အရေးကိုပေးသင့် တယ်၊ ပေးကို ပေးရမယ်ဆိုတာကို ထို့အတူ ဘလောဂ့် ညီအစ်ကိုတွေကနေ အားလုံး တူညီသော အခြေအနေကို ၀ိုင်းပြီး လုပ်ဆောင်သင့်တယ် ဆိုတာ တောင်းဆိုပါတယ်၊
ကျွန်တော်တို့ တွေ ဒီတစ်ခါမှ ညီညာသောခြေလှမ်း၊ စွန့် လွတ် အနစ်နာခံခြင်း၊ အကြွမ်းမဲ့ ယုံကြည်မှုကို တစ်ဦး အပေါ်မှာ တစ်ဦးမထားဘဲ နေကြအုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ မမြင်ရသေးသောအားလုံးသော နောင်မျိုး ဆက် တွေရဲ့ဘ၀ဟာ ယခုထက် ပိုပြီးဆိုးဝါးနိုင်တယ် ဆိုတာကိုတော့ သတိပြုမိကြစေချင်ပါသည်။

အမျိုး၊သာသနာ၊အတွက်အားလုံးအဆင်သင့်ဖြစ်ကြပြီလား၊ ဖြစ်ကြပြီဟုထင်ပါသည်။

ခင်မင်လေးစားရပါသောညီတော်၊ညီမတော်၊အစ်မတော်၊ အစ်ကိုတော်၊ ရဲဘော်၊ ရဲမေအပေါင်းတို့ ထံမှ ထိရောက် သောအလုပ်၊ ထိရောက်သောအတွေး၊ အမြင်အားလုံးကို ပြန်ကြားပေးစေလို ပါတယ်၊

၂၀၀၈ နှစ်မကုန်ခင်မှာ ရွေဝါရောင်တော်လှန်ရေးအောင်ရမည်၊

ဒေါင်းအလံကျောင်းဝင်းတိုင်း မှာပြန် စိုက်နိုင်ရမည်။

( ဆက်လက်၍ဖြန့် ဝေကာပေးပါရန်တောင်းဆိုပါသည်။)

ခင်မင်လေးစားစွာဖြင့်
စိုင်းမွန်

No comments:

 
/* EOT ----------------------------------------- */