Thursday, August 28, 2008

သူရဲကောင်းဇာနည်..သင် ဘယ်သူလည်း?


အရေးကြီးပြီ..
သွေးနီးကြပါစို့ ။
ဘိုးဘွားပေးခဲ့တဲ့အမွေ..
ဒါတို့ ရဲ့မြေ ဒါ ဒို့ ရဲ့ပြည်။

မြေတွင်းမြေအောက်သယံဇာတ.
ပေါကြွယ်ဝတဲ့ဒို့ မြေ..
ကိုလိုနီလက်အောက်..
ဒူးမထောက်ခဲ့တဲ့ ဒို့ ဘိုးဘွားတွေ..
သတ္တိခြုံ တဲ့အခါ..လူ့ ဘဝက လုံတယ်။

လူဆိုတာ..
သေမှာ ထိတ်လန့် တတ်ပါတဲ့ အမျိုး
မင်းတစ်ယောက်ထဲ..သေမှာ
ကြောက်တတ် တာ မဟုတ်ဘူး..
သူတို့ လည်း ကြောက်ဒူးတုန်ဘူးတယ်။

ကြောက်သော်..လွဲ..ရဲရင်မင်းဖြစ်…
တိုင်းပြည်ကို လွတ်လပ်စေချင်တာ.တကဲ့ မျိုးချစ်စိတ်..
ဒီမျိုးစိတ်ချစ် ကြောင့်သာဘဲ..
အသက်နဲ့ ဘဝကို လဲ..
လွတ်လပ်ရေးအတွက် သွေးမကြဲ..
ဘိုးဘွားတွေ ကြောက်ကြသော်လည်း ဘဲ
ရဲရဲတိုက်ဝံ့..အသက်စွန့် သည်၊
မြေးမြစ်များ..အနာဂတ်သို့ ရွယ်ရည်။

ယနေ့  မှာသင်သည်လူကြီး..
သင်၏တာဝန်..
သင်သည်လွတ်လပ်ရေးအတွက်
တိုင်းပြည်၏ ကျွန်..
စစ်ကျွန်အဖြစ်..နွံ့  မနစ်..
အမျိုးကျွန် အဖြစ်..စတေးသင့်

အချိန်ရောက်ပြီ..သားချင်းတို့ ..
အမျိုးချစ်သား..ဇာနည်အပေါင်းတို့ 
နိုးထရမဲ့အချိန်..ရောက်ပြီ..
ကြိုးစားရမဲ့ အချိန်..ရောက်ပြီ..

ဘိုးဘွားတွေ တာဝန်ကျေသမျှ..
ဒို့ ခေတ်ကျမှ..ဒူးထောက်ကြမလား..

ဘိုးဘွားတွေ ဇာတိမာန်တက်သမျှ..
ဒို့ ခေတ်ကျမှ..သွေးပျက်ကြသလား..

ဘိုးဘွားတွေ ကိုယ်ကိျုးစွန့် သမျှ..
ဒို့ ခေတ်ကျမှ..နောက်တွန့် ကြသလား..

ကဲ..ဒါဆို..သင်သည်..အမျိုးကိုမချစ်..
သူရဲဘောကြောင် လူညစ်..
မြေးမြစ်များရဲ့ ကျိန်စာ..
တနေ့ မှာ..သင်စူး..လူဖြစ်ကျိုးမနပ်ဖူး.

ရဲဘော်..
သင်သည်..အာဇာနည်ကျော်..
သင်သည်..မျိုးချစ်လူတော်
ကျွန်ုပ်တို့ လက်ကမ်းခေါ်သည်။
အရေးတော်ပုံ စတော့မည်။
သေတနေ့  မွေးတနေ့ ..
အမှန်တရား အတွက်..ဘေးပြေးတွေ့ 
မျိုးချစ်သူရဲကောင်းများ အလိုရှိုသည်။
ကမ်းလက်တူတူ..တော်လှန်ချိန်ရောက်ပြီ။

မသဒ္ဓါ ( ၈။ ၂၇။၂၀၀၈)

အပြည့်အစုံသို့ 

ရှင်သန်ခြင်း၏ ဝဋ္ဋ်ဆင်းရဲ


မုန်တိုင်းလွန်ခဲ့တာ..လေးလကြာ
အခုတိုင်..နေစရာမဲ့..
အခုတိုင်..စားစရာမဲ့..
အခုတိုင်..စိတ်ဒဏ်ရာတွေနဲ့ ..
နေမထိထိုင်မသာ..
သောက၏ ခြေရာ

တမိသားစုလုံးထဲ..
သူတယောက်ဘဲကျန်.
ဘ၀ နဲ့ မတန်တဲ့..
အသက်အရွယ်နဲ့မတန်တဲ့..
သေကွဲပျောက်..ဝေဒနာဆိုး..
ဘယ်မလဲ အဖေ..
ဘယ်မလဲ အမေ..
ဘယ်မလဲ အကိုကြီး.အမကြီး.
ဘယ်မလဲ ညီလေးနဲ့ ညီမလေး..
ရှာလေလေ ..ဝေး..
ပင်လယ်ဘက်မျှော်ရင်း....ဆွေး

အိမ်လုံးကျွတ်မြော..
တရွာလုံးပြုတ်သော..
စားစရာမရှိ
ရေမြင်သော်ငြား သောက်ရေမရှိ
မျိုးစပါး မရှိ.
ကျွဲနွား မရှိ.
လှေမရှိ..ပိုက်မရှိ.
အဝတ်တစ်ထည်..ကိုယ်က တစ်ခု
လက်ညှိုးထိုးပြ အကောင်းဆုံးအရာ.က
အခု ရှင်သန် နေတာလေးတစ်ခု
မနက်ဖြန် အတွက် အစာ..ဘယ်ကရမလဲ..
မနက်ဖြန်ဆက်ဖို့  အသက်..ဘယ်သူ အာမခံရဲမလဲ..

သေမင်းတမာန်ရဲ့ မုန်တိုင်းရဲ့ကြား
သေကံမရောက်..သက်မပျောက်တာ..
ကျန်နေတာ..ရှင်နေတာ..
ကံကောင်းတာလား..ကံဆိုးတာလား..

အို နာ..သေရခြင်းရဲ့ ဒုက္ခ
သခါၤရေပမဲ့..
ချစ်ခင်သူ အားလုံးက သေပွဲ..
သူ တစ်ယောက်ထဲ ရှင်သန်စေ..
သူ တစ်ယောက်ထဲ ကျန်နေ..

နေစရာအိမ်..မရှိ..
စားစရာ..ဘယ်မှာမသိ..
အထီးကျန်ကြေကွဲ နာကျင်တာ လူမသိ..
ဝလုံး..ပကတိ။ ဘဝက နတ္ထိ၊
“ဒါ သူတောင်းစားဖြစ်၏ “ လို့ 
မညှာတာပြောရက်တဲ့ လူကြီးမင်းတွေ..
စိုးမိုးနေတဲ့မြေ မှာ..
ရှင်ခြင်းဟာ..သေခြင်းထက်ပိုဆင်းရဲ..
ဘဝငရဲသာ ဖြစ်တယ်။

မသဒ္ဓါ (၈။၂၇။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, August 21, 2008

လောဘကြီးက..အီးလောက်ရ..


ရှေးသရောအခါ..
ပြည် ဗာရာ..
တစ်နေ့ တစ်ခါ.
ရွှေဥ ဥတဲ့ ငန်းကလေး
သခင့်ကို..ဝမ်းစာရှာပေး။
သခင်က သူဌေး ဖြစ်ခဲ့တယ်..

တစ်နေ့ တွင်
မိုက်လုံးကြီးတဲ့ ငန်းရှင်..
လောဘဇော..အတောမသတ်.
“အော်..ဒီငန်းက..နှေးကွေးကွေး.
ပေးနေတဲ့ တနေ့ တလုံးသော ဥ..
စိတ်ရှည်မှု..မပြုနိုင်..
စောင့်နေကြာတယ်။ သူ့ ရင်ခွဲ..
ရွှေတွေ အများကြီးတွေ့ မှာဘဲ”

ဒီလိုနဲ့ လည်ကိုလှီး..ရင်ခွဲ..
ရွှေတွေ
ငန်းသေ.ကိုယ်တွင်း..ရှာသော်လည်း..
မတွေ့ ရ..ငန်းသာ ဆုံး..
လောဘကြီးသူရဲ့ အရှုံး
ပုံပြင် ရဲ့ နိဂုံး

ဒီပုံပြင် အဆုံးသတ်..
ရွှေတွေလည်းရှုံး.. ငန်း သေဆုံး
ယူကျုံးမရ..စုတ်တသတ်သတ်
လောဘရှင်ရဲ့ မိုက်ဇာတ်.
ကောင်းရာမွန်ရာနဲ့  မထိုက်တဲ့ အခါ.
ကျေးဇူးရှင်တွေ..ကျေးစွပ်တဲ့အခါ
နောက်ဆုံးမှာ...လက်ချည်းပလာ..

အတ္တသမား.ဘဝက အမှောင်မိုက်..
ဒေါသတွေသာ..လောင်တမြိုက်မြိုက်
ကွယ်ရာရှိုက်..ကြိတ်ပုန်း..
ဖြေမဆည်သည့်..လောဘ၏ အရှုံး.
အော်..
မြွေပါလည်းဆုံး..သားလည်းဆုံး..

မသဒ္ဓါ (၈။၂၀။၂၀၀၈)

အပြည့်အစုံသို့ 

Saturday, August 16, 2008

ပိုင်ရှင်မဲ့သောဖိနပ်နဲ့ ..ဖိနပ်မဲ့တဲ့ခြေပိုင်ရှင်..



ပူလောင်တဲ့ ကတ္တရာလမ်း..
လိုချင်တမ်းတတဲ့ တရားမျှတမှု
တောင်းဆိုဆဲ မွေးရာပါ လူ့ အခွင့်အရေး.
"စစ်အာဏာရှင် ပျက်သုန်းရေး..ဒို့ အရေး
ဒီမိုကရေစီရရှိရေး..ဒို့ အရေး
လူအချင်းအချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။"

အရပ်ရှစ်မျက်နှာ..ဖြန့် ကျက်တဲ့မေတ္တာဝါဒ
ရွှေဝါရောင် တော်လှန်ရေးအစ.
ခြေပလာနဲ့ ကန္တာလမ်းပေါ်က
သာသနာတော်ရဲ့ အာဇာနည်။

လက်ယှက်ညီညီ ဝန်းရံစောင့်ရှောက်ကြသူ
ကျောင်းသားပြည်သူ အမျိုးချစ်သူများ
စစ်အာဏာရှင်ရဲ့ သေနတ်ဖျားမှာ..
လက်မရွံ့ ပါးကွက်သားရဲ့ တုတ်ဖျားမှာ.
အသက်ကြွေ..သွေးမြေကျခဲ့..
ပိုင်ရှင်မဲ့ခဲ့တဲ့ ဖိနပ်များစွာ….လမ်းမပေါ်မှာ.။

ပြင်းထန်တဲ့ လေ..သဲနေတဲ့မိုးရေ.
ကြွနေတဲ့ ပင်လယ်.
အရှိန်ပြင်းတဲ့ မုန်တိုင်းအစ
ဘင်္ဂလားပင်လယ်ပြင်မှ။

တိုးတက်တဲ့ လောကထဲ..
မုန်တိုင်းလာမယ်ဆိုတာ.ဂြိုလ်တုနဲ့ကြည့်
လူတိုင်း ကသိတယ်။
၄၈ နာရီ အချိန်ရှိတယ်။
ကယ်ချင်စိတ်ရှိ..ကယ်နိုင်ကြတယ်။

ဒါ လူတွေ အသက်..ပုရွက်ဆိတ်မဟုတ်ဘူး။
မိုးလေဝသဌာန..ဒီအတွက်ခန့် ထားတယ်။
တိုင်းပြည်ရဲ့အစိုးရလုပ်ချင်..ပြည်သူအတွက်ကြည့်ရမယ်။
ဘယ်သူပေါ့ရော့..ဘယ်သူတာဝန်ရှိ.
ဖေါ်ထုတ်ရမဲ့အသိ လူကြီးလုပ်ပြီး မသိဘူးလား။
ဘယ်သူ မိုးစိုစို..ငါ့ဖင်လုံပြီးရော..
ဘယ်အပိုင်းရေစားစား၊ ငါ့ဘန်ကာမပါရင်ပြီးရော
ငါ တကောကောတဲ့..သန်းရွှေ ဗမာရှင်ဘုရင် တဲ့..
ရာဇ၀င်တကျော..မြေးမြစ်တွေပြောနေကြမှာ..
မင်းဓါတ်ပုံကြီးတပြပြ..ရယ်ပွဲဖွဲ့ နေကြမှာ..
ဟိဟိ..ရှက်စရာ..
မင်း...တွေးကြည့်စမ်းပါ။

ခုတော့ မုန်တိုင်းကြား..
ဆုံးပါးတဲ့ လူသားတွေ..
ပရွက်အုံကို ရေဖျက်..
သောက်သောက်လဲသေတာ မရေနိုင်တဲ့ အသက်.

အိုးအိမ်ဆုံးရှုံးတာ..ပြန်ထူထောင်နိုင်၏။
မိသားစုဆုံးရှုံးတာ..ပြန်အစားမရှိ။
သားကွဲ မယားကွဲ. အဖေအမေကွဲ
မောင်နှမတကွဲ.ပင်လယ်ကဆွဲသွားတဲ့အခါ..
မျက်စိတဆုံး.အော်ရင်းမျောတဲ့ မျက်နှာ.
ကြားရတဲ့ အဖေ ကယ်ပါ အသံ
အိပ်မရ အိမ်မက်ဆိုးသဏ္ဍာန်
တသက်လုံးခံရမဲ့ ရင်တွင်းဒဏ်.
လူသားမှန်ရင် စာနာကြည့်..
မိမိ မိသားစုသာ ထိ..မင်းပျော်နိုင်ပါ၏ လား။

ဒါဟာ...မင်းတယောက်၏ပျော့ညံ့ချက်.
ဒါဟာ..မင်းတယောက်၏အာဏာစက်
အသက်ပေါင်း များစွာ.
အရိုးကျခဲ့ ရေပြင်ထဲမှာ..
မင်းနံမည်ဆိုးကြီး သေရာပါ
မင်းသေခါနီးပြီ..ရှက်တတ်ပါ။

သေနတ်တစ်ပေါက်..လူတစ်ယောက်.
မုန်တိုင်းတစ်ထောက်..သိန်းသန်းပျောက်
တရားခံဟာ
စက်ဆုတ်စရာ အာဏာရှင်ကြောင့်
အပြစ်မဲ့ဗမာတွေ အသက်ပျောက်နေ။

ဒီလူတွေ စိုက်ထားတဲ့စပါး
ခုထိ မင်း လည်ချောင်းဖျားမှာ
ဒီလူတွေ မျှားထားတဲ့ငါး..
ခုထိ မင်း အစာအိမ်ထဲမှာ။

ခုတော့ လှိုင်းအလွန်ရွံ့ ဗွက်ထဲ..
မိဘမဲ့ ဆွေမျိုးမဲ့ ခိုရာမဲ့
ဖိနပ်မဲ့တဲ့ ခြေပိုင်ရှင်များ..
မင်းရက်စက်မှုရဲ့ သက်သေများသာဖြစ်တယ်။

မသဒ္ဓါ ( ၈။၁၆။၂၀၀၈)
မမေ့နိုင်သော..ဦးသန်းရွှေအတွက်။ ရာဇ၀င်မှာ..ရက်စက်မှုသက်သေ..တူသောအကျိုးခံစားရပါစေ။

အပြည့်အစုံသို့ 

Friday, August 15, 2008

ပွဲသိမ်းလက်သီး..အရေးကြီးတယ်..။


သတိရတယ်။
မေ့မရဘူး..
နာကျည်းတယ်..
ကမ္ဘာ မကြေဘူး..
၁၉၆၂ က .ဂန္ဓ၀င်တွင်တယ်။
၈၈၈၈.ရာဇ၀င်.မော်ကွန်းတင်တယ်..
ဒါ….ပါးစပ်အပြော လွယ်မှလွယ်။

မကြာခင်..စက်တင်ဘာရောက်.
ရွှေဝါရောင်..တော်လှန်ရေးနှစ်ပတ်လည်ရောက်..
အချိန်ဆိုတာ..တိုတောင်းတဲ့ ခရီးတထောက်.
ဘ၀ဆိုတာ..ကြိုးတန်းပေါ် လမ်းလျှောက်
ကွေးသောလက် မဆန့် မီ..သေပျောက်ကြတာ။

ကြာခဲ့တဲ့ နှစ် ၂၀..
အပြင်နေတဲ့ သူရဲ့ ရက်များကကုန်လွယ်..
ထောင်ထဲက..ငရဲရက်..
တမိနစ်ဆိုတာ..အကြာကြီးရယ်..
နာရီ လက်သံတို့ တချက်ချက်
စက္ကန့် နဲ့အမျှ..ဘ၀တွေ..ပျက်။

ဒီလိုဘဲ..အော်နေကြတော့မလား..
ဒီလိုဘဲ..အသံကောင်းဟစ်နေကြတော့မလား..
ဒီလိုဘဲ..အသံကြောင့် ဖားတွေသေရ တော့မလား..

ဒို့ ဗမာရဲ့ ယောက်ျားဘသား..
နှစ် ၂၀ ဆိုတဲ့ရက်..
အပြစ်မဲ့ အသက်တွေ..ဘယ်နှစ်သက်ကြွေပြီးပြီလည်း။
သွေး..ဘယ်နှစ်ဂါလံနဲ့  ဗမာမြေကိုဆေးပြီးပြီလည်း..
ပြောနေသူများ..ဟိန်းနေသူများ..ခြိမ်းနေသူများ
ဟောက်စား ခြောက်စား..
သင့် အစွမ်းအစ တစ်စုံတစ်ရာ ပါပါရဲ့လား..
စဉ်းစား...စဉ်းစား...

ဒေါ်စု ရဲ့ ကျန်နေသေးတဲ့ရက်..
ဗမာပြည်အတွက်..အသုံးချစေလို.
အာဇာနည်များရဲ့ ထပ်မြေခမဲ့ အသက်..
အချည်းမဲ့ မကြွေကျစေလို..
အားပေါင်းကာ..စုစည်းစေချင်သည်..
ငါတကောကော..သူများမမှန်သည်။
ခဏလေးလွင့်ပစ်ခဲ့ပါ..
မင်းအတ္တအသွင်ဆိုးသည်။

ကိုယ်ကျိုးမရှိလို မှ..
လွတ်လပ်ရေးဆိုတာ အောင်မြင်ကြသည်။
နံမည်မကျော်ကြားလို မှ..
အာဇာနည်ဆိုတာ ပီသသည်။

အားတူ တူတူ ရုန်းမှ..
ပွဲသိမ်းကျ နိုင်ပွဲသိမ်းရမယ်ပါ့
ညီညွတ်မှသာ..အောင်ကြနိုင်..
အရောင်စုံလူများ..အဖြူရောင်ချွတ်ထား..
ပန်းတိုင်ဆီ..တက်တိုးကြပါစို့ .
ဗမာပြည်လွတ်မြောက်ရေးသို့ ။

မသဒ္ဓါ ( ၈။ ၁၄.၂၀၀၈)

အပြည့်အစုံသို့ 

Thursday, August 14, 2008

မကျဆုံးတဲ့ ဝိညာဉ်များနဲ့  ဒို့ အတူတူ.


ဗိုလ်အောင်ကျော်..တည်ရှိဆဲဝိညာဉ်
ဒုတ်တစ်ချက်ကြောင့်..သေမယ်မထင်နဲ့ ။
ဆရာစံရဲ့ ဂဠုန် စိတ်ဓါတ်.
ကြိုးစင်ပေါ်မှာ အခုထိ ရပ်နေဆဲ။

သခင်ဖိုးလှကြီးရဲ့ အာဠာဝက.သတ္တိ.
ဒို့ နဲ့ အတူ ရှိနေ၏။
အောင်ဆန်းရဲ့ ဘာမထီ စိတ်အင်အား..
အရိပ်လို .ဒို့ အနောက်ပါးမှာ။

သမဂ္ဂ အဆောက်အဦးကိုဖြို.
ဗကသ စိတ်ဓါတ်တွေပြိုမယ် မထင်နဲ့ 
၇ ဇူလိုင် မန္တလေးဆောင် သွေးစွန်းနံရံကို ရေဆေး.
ဒေါင်းသွေးတွေ ပျက်ပြယ်တယ်မထင်နဲ့ ..

ဦးသန့်  မှိုင်းရာပြည့်..
သေနတ်တွေ့ တိုင်းကြောက်မယ်မထင်နဲ့ ..
၈၈၈၈..မိုးပေါ်ထောင်မပစ်တဲ့ ကျည်ချက်
ဝင်းမော်ဦးရဲ့နံမည်..ဘယ်တော့မှမပျက်.

တံတားဖြူကသွေးစက်များ
ထုံးသုတ်လိုက်ရုံ..ဖျောက်ရကြေးလား..
ရွှေတိဂုံ ဗဟန်းက သံဃာသွေးစက်လက်..
မြန်မာ့ ရာဇ၀င်ရဲ့ အမည်းစက်..

အမေစု ကို အိမ်ထည်း ဖမ်းချုပ်လည်း..
သူလို မိန်းမများစွာ..တော်လှန်ရေးမှာမွေးဖွားခဲ့ရာ။
မင်းကိုနိုင်..ကိုကိုကြီး တိုက်ပိတ်ချုပ်ကာထားလည်း..
ကျော်ကိုကို..ဇေယျာသော်..
ရန်ရန်ချမ်း..
မျိုးဆက်သစ်ရဲ့ အာဇာနည်ပန်း..
လာဆဲ လာလတ္တံ..
မွေးဆဲ..မွေးလတ္တံ့  အာဇာနည်ဒေါင်းတွေ..
ဆံပင်ဘဲ ဆေးဆိုး..
ဆေးမှင်ကြောင်ဘဲ.ထိုးထိုး..
နားကပ်ဘဲ တပ်တပ်..
ခေတ်ရေစီးပေါ်ဘဲရပ်ရပ်..

ဘယ်သုဘဲ..ဖြစ်ဖြစ်
ဘယ်အဆင့်အတန်းကဘဲ ဖြစ်ဖြစ်..
ဘယ်လောက် ဟော့ရှော့ ဘဲဖြစ်ဖြစ်
စစ်သား ထက်တော့ ပြည်သူ့ ကိုချစ်တယ်။

အာဇာနည်မျိုး သေရိုးမရှိ..
မျိုးမဖြုတ်နိုင် သစ်ပင်မျိုးစေ့..
ကျရာပေါက်ကြတာ သူ့ ဓလေ့
ရေမှန်..မြေမှန်..
အပင်သန်..အမျိုးမှန်ကြ၏။

ကဲ..တွေးကြည့်..
တကယ်..တိုင်းပြည်ကိုချစ်တာ ဘယ်သူ။။

ရှေ့ တလက်မနောက်ပြောင်မှ..
တိုင်းပြည်ဂုဏ်ရောင်…ထွန်းပြောင်စေတာမဟုတ်။
သေနတ်ကိုင်တိုင်း..မျိုးချစ်ဇာနည်မဟုတ်။
စစ်တက္ကသိုလ် ဆင်းမှ..တိုင်းပြည်ကို ကာကွယ်နိုင်တာမဟုတ်။
စစ်မှန်သော ပြည့်သားဇာနည်..ပြည်သူထဲမှာရှိသည်။

အချိန်တန်.. လုမှန်..
နေရာမှန်..
မီးဇာထတောက်..
အရေးတော်ပုံနွဲကြဖို့ မကြောက်..
ဒို့ အရိုးတောင်ပုံ..
နိုင်ငံဂုဏ်ကို မြင့်မဟဲ့

ဒို့ သွေးနဲ့ စတေးထပ်.
ဒို့ မြေကို.မျိုးဆက်သစ်သို့ အပ်မဟဲ့

ဒို့ အရေကိုဆုတ်မိုး..
ဒို့ မြေကို..အသစ်ပြန်ဆောက်မဟဲ့..

သေဆုံးခြင်းမဲ့ ..
လွင့်နေတဲ့ အာဇာနည်များရဲ့ ဝိညာဉ်..
ဒို့ အားလုံး တူတူပင်..

အမျိုးသားရေးအတွက်.အသက်..
ပေးမယ်..ဆယ်သက်ဘဲ သေသေ..
အရေခမ်းခမ်း..အရိုးဘဲကြေကြေ.
ဘယ်တော့မှ မလျှော့တဲ့ဇွဲ။
ဥဒေါင်းသွေးသည် နီနီရဲ
မနားတမ်းဘဲ ဆက်တိုက်မယ်။

မသဒ္ဓါ ( ၈။၁၃။၂၀၀၈)

အပြည့်အစုံသို့ 

Friday, August 8, 2008

မျှော်လင့်နေဆဲဘဲ..အနှစ် နှစ်ဆယ်


မနေ့ တနေ့ ကလိုဘဲ..
မနက်တိုင်း ပြူတင်းပေါက် လာဖွင့်နေကြအခန်း..
အေးစက် အိပ်သူမဲ့ အိပ်ယာ.
ခြောက်ကပ် တိတ်ဆိတ်နေဆဲ
သံစဉ်မဲ့တဲ့ နေရာ။

အရင်က အတိုင်းဘဲ..
သားအခန်းကလေး ထဲမှာ.
ခေါင်းရင်းမှာက..ဘုရားပန်းချီ
စာအုပ်စင်ပေါ်မှာက..သူ့ ဒိုင်ယာရီ
စင်ပေါ် သူရထားတဲ့ ဆုတံဆိပ်များ
နံရံပေါ်က ဖိုဘီကိတ်ရဲ့ ပိုစတာ..
ကန်နေကျ ဘော်လုံးလေးက ကုတင်အောက်မှာ။
ကုတင်အနောက်နားမှာ က
သူ့ အဖေပေးတားတဲ့ ဝိတ်ပြားတစုံ
နံရံမှီထောင်ထားတဲ့ ဂစ်တာအိုလေးကတစ်လုံး
ချိတ်ထားတဲ့ ပန်းဖွားလွယ်အိပ်
ခေါက်ရိုးကျ ပုဆိုးစိမ်းနဲ့ ကျောင်းအင်္ကျီဖြူ
ဖိနပ်စင်ပေါ်က ကတ္တီပါသဲကြိုးနဲ့ ဖိနပ်။
၁၅ နှစ်သားကလေးရဲ့ လူပျိုပေါက်အခန်းကလေး..
ပိုင်ရှင်မဲ့နေတာ..
အော်…နှစ် (၂၀ )တောင်ကြာပေါ့။

သားရဲ့ဓါတ်ပုံကလေးကိုစမ်း..
ကျတဲ့လွမ်းမျက်ရည်..
မြေပံသုရဲ့ ဝသုဒ္ဓရေ..
သက်သေသိပါရဲ့။
ကိုးလလွယ် ဆယ်လမွေးတဲ့သား..
ရုတ်ချည်းရင်ခွင်ထဲက..ပျောက်သွား
ဘယ်မှာများလဲ သားလေးငယ်ငယ်။

၁၉၈၈ ရဲ့ ရက်..
သူငယ်ချင်းတွေနဲ့ အပြင်ထွက်..
ဒေါင်းခေါင်းစီးလေးက အနီ
ဒို့ အရေးအော်မဲ့ ၁၅နှစ်သား..
အမေ့ ပါးကိုနမ်းလာချွဲတော့..
အဖေကြီးရယ်..သွားပါစေတော့..
အမေဘဲ ခွင့်ပြုခဲ့တာ။

မိုးစုန်းစုန်းချုပ် ပြန်မရောက်..
ဘယ်ပျောက်နေသလည်း.သား..
အမေ..ဗျာများလိုက်တာ..

မိုးပေါ်ထောင်မပစ်တဲ့ စစ်လက်နက်
တဒိန်းဒိန်း..တဒက်ဒက်
ပစ်သတ်ရက်ကြတာ..
သွားသမျှ သားတို့ သူငယ်ချင်းတစ်သိုက်
ပျောက်ချင်းမလှ ပျောက်နေခိုက်

စာမလာသတင်းမကြား..
သေဘဲ သေပြီလား..
အဖမ်းဘဲ ခံရသလား..
ထောင်ဘဲကျနေသလား.
လေမွန်းကြပ် အချုပ်ကားထဲဘဲ သေသွားသလား
မသေမရှင်..ရေထဲဘဲမျှောခံရသလား..
အရှင်လတ်လတ်..မီးရှို့ သတ်ခံရသလား..
တောထဲဘဲ လက်နက်ကိုင်နေသလား..
နားစွင့် နေ့ စဉ်..ကြေကွဲတဲ့ရင်..

ကြာခဲ့ပါပြီ..
အခုထိ..မနေ့ ကလိုဘဲထင်ဆဲ..
တံခါးလာခေါက်မဲ့အသံ..
“ အမေ ..အမေ အိပ်နေပြီလား..
ကျွန်တော်ပါ..တံခါးဖွင့်လေ။”
အုပ်အုပ် တိုးတိုးလေး ပြောမဲ့ သားအသံ..
နားစွင့်ရင်းနဲ့ နှစ် (၂၀)..
အမေ့ရင်..အမောနဲ့စောင့်နေတယ်။

ပြန်လာရင်..သူလေ..၃၅ နှစ်တောင်ရှိ..
အမေ့ကိုမှ သူမှတ်မိပါ့မလား..
ဆံပင်တွေဖြူ ပါးရည်တွန့် ..
ဒီအဖွားကြီးလေ..သားချစ်တဲ့ အမေ
မွဲမှောင် အသားအရည်နဲ့ .
ရီဝေတဲ့  မျက်လုံး
မမြင့်တမြင် နဲ့ အမေအို..
သားအပြန်ကို..ခုထိကြိုနေပါတယ်။

မသဒ္ဓါ (၈။၈။၂၀၀၈) အာဇာနည် ဒေါင်းမိခင်များသို

အပြည့်အစုံသို့ 

Thursday, August 7, 2008

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ video (၈၈၈၈) ကို download လိုပါက ဒီမှာ.ယူကြပါ။

Part 1. http://www.mediafire.com/download.php?aaazgam9azk

Part 2. http://www.mediafire.com/download.php?wgaqiylgugf

Part 3. http://www.mediafire.com/download.php?fyzqwe2pcgn

Part 4. http://www.mediafire.com/download.php?ilvszqotyww

Part 5. http://www.mediafire.com/download.php?sj57zkglnra

Part 6. http://www.mediafire.com/download.php?aw3blmpwvdx

အပြည့်အစုံသို့ 

video file လိုချင်သူများရှိပါက..ဆက်သွယ်ပါ

၈၈၈၈ အတွက် မသဒ္ဓါ တတ်သမျှ မှတ်သမျှ ဖြတ်ညှပ်ကပ်၍ အချိန်မအားသည့်ကြားမှ video လုပ်ထားပါသည်။ ၈- ၈- ၀၈ အတွက် တွင်သုံးလိုသူများ မူရင်း Video ဖိုင်လိုချင်က ဆက်သွယ်ပါ.။ ညနေ အိမ်အပြန်. download လုပ်ရန် link ပေါ်တင်ပေးပါမည်.
ဆက်သွယ်ရန် ။ thadarmay@gmail.com
နောက် ၁၅ နာရီအတွင်း ရနိုင်ပါသည်။

လေးစားစွာဖြင့်

မသဒ္ဓါ

အပြည့်အစုံသို့ 

တော်လှန်ရင်းသေမလား.ကျွန်သက်ဘဲ ရှည်ချင်သလား။


၁၉၆၂ ကစ..
အမှောင်ကျလာတဲ့ ဘဝ
ကျောင်းသားများရဲ့ ရွှေရောင်အိမ်မက်.
လူ့ အခွင့်အရေး ချိုးဖြူဌက်..
သမဂ္ဂအဆောက်အဦးနဲ့ အတူ..
ကြွေကျ မြေခ..
အမည်းရောင်စ..သမိုင်းရဲ့ မှတ်တိုင်။

ဦးသန့်  မှိုင်းရာပြည့်.
ကျိုကြားကျိုကြား..
အရေးတော်ပုံမီးစများ..
မြေ့မြေ့လောင်ဖွဲမီး..
မျိုးဆက်မျိုးစဉ် တဆက်ပြီးတဆက်
၈၈၈၈ အရေးတော်ပုံ သို့ 
သွေး နဲ့ ရင်းနှီးတယ်။

၁၉၈၈ နောက်..
ကျောင်းသား တပ်မတော်ပေါ်ပေါက်
တိုင်းပြည်အတွက် အသက်ပေး
သေလိုက်ကြတဲ့ ပြည့်ရင်သွေး။
လူမသိ သူမသိ..
ဒုနဲ့ဒေး။ အာဇာနည်သွေးတွေ ..မြေခကြွေ။

"ခွပ်ဒေါင်းစစ်မှန်..လေဆန်ကိုသာ ပျံမဟဲ့
ခွပ်ဒေါင်းစစ်မှန်..ခွပ်ရင်းသာ သေမဟဲ့"

ကေသရာဇာ..ဘယ်မြက်မစားခဲ့
ဒေါင်းစစ်တွေ ကျဆုံးသေပျောက်
ဒေါင်းသွေးနီနံ..ခုထိမခြောက်.
တော်လှန်ရေးတစ်လျှောက်
ဝိညာဉ်များရယ်..ဒို့ နဲ့အတူတူနေ
လွတ်လပ်မှသာ..အမျှဝေ
ကြာခဲ့ပြီလေ..
အနှစ် (၂၀)ခြောက်လှန့် အိပ်မက်တွေ

၂၀၀ရရဲ့ ရွှေဝါရောင်.တော်လှန်ရေး
သွေးညစ်ထေးတဲ့ သင်္ကန်း..
သာသနာရယ် ညစ်ပေနွမ်းတော့..
အော်...ရွှေဗမာများရယ်..
ကျွန်ဖြစ်ချင်ကြသလား..
ကျွန်သက်ရှည်ရတော့မလား။

ကိုလိုနီ မျက်နှာဖြူကဖျက်တောင်မှ..
ဒို့ ဘိုးဘွားလက်ထက်..မပျက်ခဲ့တဲ့ သာသနာ
ဒို့ ခေတ်ကျ မှ သာသနာပျက်..
ဗမာစင်စစ်က..ဗမာကိုဖျက်
ဗုဒ္ဓဘာသာဝင်စင်စစ်က..ဗုဒ္ဓဘာသာကိုဖျက်
ထွီ..ရှက်စရာ့
ရာဇဝင်ရယ် ရိုင်းပါ့။
မျက်နှာကို ဓါးနဲ့သာ နုတ်နုတ်စင်း
ကျွန်ပါးဝ သောက်သုံးမကျတဲ့ စာရင်း
ကျမနာမည် လည်း ပါတယ်။
သင်ရော..ပါနေသလား.????
သင်ရော..ပါချင်သလား.????

မြက်ပင်ခြောက်ကလေးတပင်မို့ 
အားငယ်မနေနဲ့ 
တတောလုံး ကိုမီးဟုန်းဟုန်းတိုက်မဲ့
လောင်စာဖြစ်နိုင်တယ်။

ပုဇွန်ဆိတ်ကလေး တကောင်မို့ 
အားငယ်မနေနဲ့ 
သမုဒ္ဒရာ ကိုလူးလားခတ်
ကျော်ဖြတ်နိုင်တယ်။

အားနဲ့ သာခဲ တွန်းပါလှည့်
ဇွဲမာန်နဲ့သာ..ရုန်းပါလှည့်။
တယောက်တလက်..စွမ်းအားထက်
မခိုကပ်ရင်..ဘယ်လောက်ခက်ခက်
ပြိုင်တူတွန်းနိုင် ရွေ့ နိုင်ပါရက်
ကျွန်သက်မရှည်ချင်..ကြိုးစားပါလှည့်။
ကဲ လာ..ညီညာတူညီ..
မြန်ပြည်သစ်သို့ ရည်.
အရေးတော်ပုံ အောင်ရမည်။

မသဒ္ဓါ (၈။၇။၂၀၀၈)

အပြည့်အစုံသို့ 

Wednesday, August 6, 2008

နှစ် ( ၂၀) မြောက်..၈၈၈၈ ၏ ပုံရိပ်များ။

"ဥဒေါင်း၏ ဝိညာဉ်"

ပြာပုံက ပြန်နိုး ထပျံတော့မဲ့ မီးဌက်....

အားအင်တွေ စုပြီး
တဖန် ...
ခွပ်ကြစို့ လား ဒို့ ဥဒေါင်းဌက်

အမိမြေအတွက်ဆို..
အသက်ဘဲသေသေ

တိုက်ကြပါစို့ 
နိုးကြားစို့ 

မသဒ္ဓါ (၈။၇။၂၀၀၈)
နှစ် (၂၀) က ကျဆုံးခဲ့သော ရဲဘော်အပေါင်းအား အလေးပြုအမျှဝေပါသည်။

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၁)

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၂)



စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၃)
Rest of your post
စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၄)

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၅)

စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ အပိုင်း (၆)

အပြည့်အစုံသို့ 

ကုန်လွန်တဲ့နှစ် (၂၀ ) သို့  ခြင်္သေ့လည့်ပြန်..ရိုင်းနေဆဲ ကာရန်။


ဘဝဆိုတာ.ကန်ပေါ်ကရေတပွက်
သစ်ပင်ပေါ်က စိမ်းသစ်ရွက်..
တနေ့ မှာ ပျောက်ဆုံး..
ဖုန်မှုန့် တွေလို လေမှာဝဲ.
မျက်စိတမှိတ်ကလေးသာ
ဇရာနဲ့ မရဏ..
အနှစ် (၂ဝ ) ဆိုတာတခဏ။

လူသားဘဝ.မတရားတာမကြိုက်.
ချုပ်နှောင် ကြော့ကွင်းတိုး..
လွတ်အောင် ရုန်းခိုက်။
လွတ်လပ်ရေးသို့  အဖြေတခုရှာ..
ဆယ်စုနှစ်တိုင်းက..တော်လှန်ရေးပွဲ..
၈၈၈၈ က ဂန္ဓ၀င်ဘဲ။
တပြည်လုံး အုန်းအုန်းကြွက်..
တပါတီ စံနစ်ကိုဖြုတ်ချခဲ့။

အပြစ်မဲ့ ဆယ်ကျော်သက်များ..
ပန်းကလေးကိုတဖြုတ်ဖြုတ်ကြွေ
ကန့် ကော်ပန်းတွေ..သွေးအလိမ်းလိမ်း
စွယ်တော်ရွက်တွေ..သွေးအလိမ်းလိမ်း
ဘန်ဒါရွက်တွေ..သွေးအလိမ်းလိမ်း။
အာဏာရှင် စစ်လူ..
နိုင်ပွဲသိမ်း လူမဆန်သူ။

ဒါးဒါးချင်း၊ ဒုတ်ဒုတ်ချင်း
သမဂ္ဂကို ဗုံးခွဲ ရှင်း။
ပစ်ရင်မှန်အောင် ပစ်တဲ့ စစ်တပ်
အခု ပြည်သူ သတ်လာတာ. နှစ် (၂ဝ)
ဘုန်းကြီး သတ်လာတာ. နှစ် (၂ဝ)
မုဒိန်းတွေ ကျင့်လာတာ နှစ် (၂၀)

ဒီနှစ် (၂၀) ကိုပြန်ကြည့်..ပြကြည့်ပါ။
ဘာတွေ တိုးတက်လာတာ ရှိသလည်း..
တနှစ်ပြီးတနှစ်..ငရဲခန်းဝ ဆီ..
လှေခါးဆင်းတထစ်ပြီး တထစ်

ကဲကဲ ..စစ်တပ်..မင်းတို့ လည်းစာတတ်..
တနပ်စားဘဲ မင်းဘ၀ကြည့်..
မြေးမြစ်တွေ..အဆင့်ထိ မကြည့်တော့ဘူးလား..
ဆုံးဖြတ်သင့်ပြီ။
ဘယ်ဘက်မှာ မင်းတို့ ရပ်မည်။

စစ်သည် (၅)သိန်း..
ရမဲ့ ထိပ်ဆုံးက ခေါင်းဆောင်နေရာ..
ကောင်းစားမဲ့ ခိုးရတဲ့ နေရာ..
လက်ချိုးရေ လူ ၁၀၀ တောင် မရှိတဲ့ အခါ..
အဲဒီထဲ မင်း ပါ မှာသေချာလား..
မင်းပင်စင်မယူမှီ မပြုတ်မှာသေချာလား။
မင်း မသေခင်..အပြစ်ရှာထောင်မကျမှာသေချာလား။

မတရားမှုနဲ့ ရတဲ့ငွေ..
သူတပါးရဲ့ ကျမျက်ရည်.
ကံအမြင့်မှာ..ရက်စက်သူ..
ဘယ်သူ..ဘယ်လို..ကောင်းစားစား…တသက်မခံပါဘူး.

တဘ၀ စံဘ၀..
သားစဉ်မြေးဆက် အရှက်ရ။
မသေခင်..ဘယ်လောက်စားနိုင်မလည်း။
မသေခင်..ဘယ်လောက်ကြွားနိုင်မလည်း။
မသေခင်..ဘယ်လောက်သတ်နိုင်မလည်း။

အလှည့်ကျမှ..မငိုနဲ့ 
တူသောအကျိုးတွေ..တန်ပြန်သက်ရောက်.
တနေ့ မှာ..မင်းလည်း ဘ၀ပျောက်မယ်။
ကောင်းစိတ်ကိုမွေး..ကောင်းမှူလေး လုပ်ပါတော့
စစ်သားသေ..ငရဲဘဲ လားရာပေါ့။
နေရမယ် အ၀ီဇိမှာ..ရာသက်ပန်။

မသဒ္ဓါ (၈။၅။၂၀၀၈)

အပြည့်အစုံသို့ 

Sunday, August 3, 2008

ဥဒေါင်းမျိုးမှန်..ဇွဲစိတ်မာန် မလျှော့ကြစေနဲ့ 


နှစ် (၂၀) မပြီးဆုံးသေးတဲ့တော်လှန်ရေး..
ဒို့ သွေးချွေးနဲ့  ဆက်ရေးမယ်..
“သေနတ် တချက်ပေါက်ရင်
ဗမာတပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်”

အစာရှာဆဲ ခွပ်ဒေါင်းအို..
ပျံနေဆဲ ခွပ်ဒေါင်းပျို။
ဥခွံထဲက ပေါက်လုလု ခွပ်ဒေါင်း..

ငါတစ်ဦးမပါ.. ဘာမှမဖြစ်ဖူး
ငါတစ်ဦးအချောင်ခို..သူများပိုလုပ်မှာဘဲ..
ငါတယောက်ထည်း..ဘာအသုံးကျမှာလည်း..
သို့ လော သို့ လော..
ဆင်ခြေပေးစရာ တွေးမနေပါနဲ့ ..
အရွယ်သုံးပါးမရွေး
စေတနာသာအရေးကြီးတယ်။

သဲတမှုန်..မြူတပွင့်
သဲသောင်ပြင်တို့ ဖြစ်စေ
နှင်းတမှုန် ရေတစက်.
သမုဒ္ဒရာကို ဖြစ်စေ။
ပါဝင်ပေးပါ
သားမြေးမြစ်...မျိုးဆက်သစ်များအတွက်..

ခလေးတွေ ပျော်ရွှင်စွာ ရယ်မော
ငို...မျက်ရည် ခမ်းကြစေဖို့ 
လူလူ ချင်း သာတူညီမျှ
အခွင့်အရေးတွေ ရရှိစေဖို့ 
အမိမြေကို စောင့်ရှောက်ကြစို့ ။

ဒို့ သာ တော်လှန် မှ..ဒို့ လွတ်လပ်ရေး ရ..
ဒို့ သာ ညီညာမှ ..ဒို့ အခွင့်အရေး ရ..
ဒို့ တည်ဆောက်မှ ဒို့ အနာဂတ်လှ..

နေခြည်မှာ နိုးထစေမဲ့
ဘိုးဘွား အမွေ..အမိမြန်မာပြည်။
ဥဒေါင်းမှန်ရင်..အိုးဝေကြူး
တိုက်ပွဲဝင်ကြစေ။

မသဒ္ဓါ ( ၈။၂. ၂၀၀၈)

နှစ် ( ၂၀ ) ကျမတို့ ရှုံးနိမ့် ခဲ့သော တော်လှန်ရေး..အပြီး သတ်ကြရန်..မျိုးချစ်များအားလုံးသို့ လက်ကမ်းပေးပါသည်။ ပါဝင်ကြပါ။ တူတူ ခွပ်လိုက်ကြပါစို့ သူုငယ်ချင်း။ ဥဒေါင်းတွေ ခွပ်ရှိန်ပြင်းဖို့ လိုပါပြီ။

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */