Saturday, August 16, 2008

ပိုင်ရှင်မဲ့သောဖိနပ်နဲ့ ..ဖိနပ်မဲ့တဲ့ခြေပိုင်ရှင်..



ပူလောင်တဲ့ ကတ္တရာလမ်း..
လိုချင်တမ်းတတဲ့ တရားမျှတမှု
တောင်းဆိုဆဲ မွေးရာပါ လူ့ အခွင့်အရေး.
"စစ်အာဏာရှင် ပျက်သုန်းရေး..ဒို့ အရေး
ဒီမိုကရေစီရရှိရေး..ဒို့ အရေး
လူအချင်းအချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။"

အရပ်ရှစ်မျက်နှာ..ဖြန့် ကျက်တဲ့မေတ္တာဝါဒ
ရွှေဝါရောင် တော်လှန်ရေးအစ.
ခြေပလာနဲ့ ကန္တာလမ်းပေါ်က
သာသနာတော်ရဲ့ အာဇာနည်။

လက်ယှက်ညီညီ ဝန်းရံစောင့်ရှောက်ကြသူ
ကျောင်းသားပြည်သူ အမျိုးချစ်သူများ
စစ်အာဏာရှင်ရဲ့ သေနတ်ဖျားမှာ..
လက်မရွံ့ ပါးကွက်သားရဲ့ တုတ်ဖျားမှာ.
အသက်ကြွေ..သွေးမြေကျခဲ့..
ပိုင်ရှင်မဲ့ခဲ့တဲ့ ဖိနပ်များစွာ….လမ်းမပေါ်မှာ.။

ပြင်းထန်တဲ့ လေ..သဲနေတဲ့မိုးရေ.
ကြွနေတဲ့ ပင်လယ်.
အရှိန်ပြင်းတဲ့ မုန်တိုင်းအစ
ဘင်္ဂလားပင်လယ်ပြင်မှ။

တိုးတက်တဲ့ လောကထဲ..
မုန်တိုင်းလာမယ်ဆိုတာ.ဂြိုလ်တုနဲ့ကြည့်
လူတိုင်း ကသိတယ်။
၄၈ နာရီ အချိန်ရှိတယ်။
ကယ်ချင်စိတ်ရှိ..ကယ်နိုင်ကြတယ်။

ဒါ လူတွေ အသက်..ပုရွက်ဆိတ်မဟုတ်ဘူး။
မိုးလေဝသဌာန..ဒီအတွက်ခန့် ထားတယ်။
တိုင်းပြည်ရဲ့အစိုးရလုပ်ချင်..ပြည်သူအတွက်ကြည့်ရမယ်။
ဘယ်သူပေါ့ရော့..ဘယ်သူတာဝန်ရှိ.
ဖေါ်ထုတ်ရမဲ့အသိ လူကြီးလုပ်ပြီး မသိဘူးလား။
ဘယ်သူ မိုးစိုစို..ငါ့ဖင်လုံပြီးရော..
ဘယ်အပိုင်းရေစားစား၊ ငါ့ဘန်ကာမပါရင်ပြီးရော
ငါ တကောကောတဲ့..သန်းရွှေ ဗမာရှင်ဘုရင် တဲ့..
ရာဇ၀င်တကျော..မြေးမြစ်တွေပြောနေကြမှာ..
မင်းဓါတ်ပုံကြီးတပြပြ..ရယ်ပွဲဖွဲ့ နေကြမှာ..
ဟိဟိ..ရှက်စရာ..
မင်း...တွေးကြည့်စမ်းပါ။

ခုတော့ မုန်တိုင်းကြား..
ဆုံးပါးတဲ့ လူသားတွေ..
ပရွက်အုံကို ရေဖျက်..
သောက်သောက်လဲသေတာ မရေနိုင်တဲ့ အသက်.

အိုးအိမ်ဆုံးရှုံးတာ..ပြန်ထူထောင်နိုင်၏။
မိသားစုဆုံးရှုံးတာ..ပြန်အစားမရှိ။
သားကွဲ မယားကွဲ. အဖေအမေကွဲ
မောင်နှမတကွဲ.ပင်လယ်ကဆွဲသွားတဲ့အခါ..
မျက်စိတဆုံး.အော်ရင်းမျောတဲ့ မျက်နှာ.
ကြားရတဲ့ အဖေ ကယ်ပါ အသံ
အိပ်မရ အိမ်မက်ဆိုးသဏ္ဍာန်
တသက်လုံးခံရမဲ့ ရင်တွင်းဒဏ်.
လူသားမှန်ရင် စာနာကြည့်..
မိမိ မိသားစုသာ ထိ..မင်းပျော်နိုင်ပါ၏ လား။

ဒါဟာ...မင်းတယောက်၏ပျော့ညံ့ချက်.
ဒါဟာ..မင်းတယောက်၏အာဏာစက်
အသက်ပေါင်း များစွာ.
အရိုးကျခဲ့ ရေပြင်ထဲမှာ..
မင်းနံမည်ဆိုးကြီး သေရာပါ
မင်းသေခါနီးပြီ..ရှက်တတ်ပါ။

သေနတ်တစ်ပေါက်..လူတစ်ယောက်.
မုန်တိုင်းတစ်ထောက်..သိန်းသန်းပျောက်
တရားခံဟာ
စက်ဆုတ်စရာ အာဏာရှင်ကြောင့်
အပြစ်မဲ့ဗမာတွေ အသက်ပျောက်နေ။

ဒီလူတွေ စိုက်ထားတဲ့စပါး
ခုထိ မင်း လည်ချောင်းဖျားမှာ
ဒီလူတွေ မျှားထားတဲ့ငါး..
ခုထိ မင်း အစာအိမ်ထဲမှာ။

ခုတော့ လှိုင်းအလွန်ရွံ့ ဗွက်ထဲ..
မိဘမဲ့ ဆွေမျိုးမဲ့ ခိုရာမဲ့
ဖိနပ်မဲ့တဲ့ ခြေပိုင်ရှင်များ..
မင်းရက်စက်မှုရဲ့ သက်သေများသာဖြစ်တယ်။

မသဒ္ဓါ ( ၈။၁၆။၂၀၀၈)
မမေ့နိုင်သော..ဦးသန်းရွှေအတွက်။ ရာဇ၀င်မှာ..ရက်စက်မှုသက်သေ..တူသောအကျိုးခံစားရပါစေ။

1 comment:

Goldie Shwe said...

I still remember the day I saw hundreds of slippers and flip flops left in San Yeit Nyein Road, near Hle' Dan, when the soldiers started shooting into the crowds. I was shaking so much as we all ran for life but the incredible sight of roads covered in slipers will always stay in my memory.

Thank you Ma Thadar for arranging all the sad memories into a beautiful poem to remind us of our suffering and also for encouraging us to fight back.

I too hope and pray that Than Shwe and the following Junta members rot in hell.

 
/* EOT ----------------------------------------- */