Sunday, February 11, 2007

သက်စွန့်ခဲ့အာဇာနည်..မြင့်မြတ်တဲ့ဗိုလ်ချုပ်ရဲ့ဂုဏ်ရည်။



”ဖေဖေါ်ဝါရိ..ဆဲ့သုံးဟာ..ဗိုလ်ချုပ်မွေးနေ့ပါ”
မူလတန်းကျောင်းမှာရွတ်ဆိုသင်ကြားခဲ့
ကျမခပ်ငယ်ငယ်ကအရွယ်..

ဘယ်နေရာဘဲသွားသွား..သု့မျက်နှာကလေးမြင်..
ရဲစခန်းရဲ့နံရံပေါ်မှာ..ဆရာမကြီးရုံးခန်းထဲမှာ
ကျောင်းစာသင်ခန်းထဲမှာ..ရူံးခန်းတကာမှာ
အကြွေစေ့ပြားတွေပေါ်မှာ..ငွေစက္ကူအချပ်တွေပေါ်မှာ
နေရာတိုင်းမှာ..ဗိုလ်ချုပ်မျက်နှာ
ဂုဏ်ယူချီးမြှင့်ခဲ့...တမျိုးသားလုံးမှာ။

သူ့အဘိုး..မင်းကြီးဗိုလ်လရောင်ရဲ့ဇာတိမာန်
ဗိုလိချုပ်ရဲ့ အာဇာနည် သမိုင်းကြောင်း
ရာဇ၀င်ဟောင်းထဲမှာ..ဖော်ပြသင်ကြားကြ
အာဇာနည်နေ့မှာ..ပန်းခွေတွေချ
ဥသြသံကြားရင်..မျက်ရည်လည်ကြ
လေးစားရိုသေ..ဗမာဂုဏ်သရေ။

တော်လှန်ေ၇းအစိုးရအစ..မဆလ..ငြိမ်ပိ၊နအဖ.
တံဆိပ်တုံးတွေသာ..တခုပြီးပြောင်းပြောင်းသွားခဲ့
မပြောင်းလဲခဲ့တာ..အာဏာရှင်စံနစ်.
ဗမာပြည်ဟာ.
ဗိုလ်ချုပ်မဖြစ်ချင်တဲ့..တိုင်းပြည်မျိုးကမ္ဘာမှာလာဖြစ်နေ
ချောက်ကံပါးပေါ်မှာ..တည်းတည်းကလေးနေ
ဝမ်းနည်းမိပါတယ်.ဗိုလ်ချုပ်ေ၇။
ကျမတို့ .ဗိုလ်ချုပ်လိုတာဝန်မကျေ
တွေးမိတိုင်းရှက်မျက်ရည်လည်လည်။

မသူတော်တွေက..သေနတ်ကိုပြ
ပြည်သူကို ကျောချတဲ့ဓါးမြ
မနာလို ၀န်တိုဖယ်ရှား
ငွေကြေးများအပေါ်က.သု့မျက်နှာလေးပျောက်ဆုံးခဲ့
အစိုးရဌာနရဲ့ ....ဖုံတင်နေခဲ့ဓါတ်ပုံတွေ
သူတို့တွေ...ဗိုလ်ချူပ်နဲ့ဒေါ်စုအပေါ်ညိုငြင်နေပေမဲ့
ပြည်သူတရပ်လုံးရဲ့ နှလုံးသားထည်း
သင်တို့အာဇာနည်မျိုးဆက်
ဆက်လင်ရှင်သန်နေ..
ကမ္ဘာတည်သ၍လေ.

တက်နေရောင်ခြည်ရဲ့အောက်
ဗမာပြည်တခေါက်ပြန်လည်နိုးတဖို့အရေး
ကျမတို့ပြန်ကြိုးစားပေးပါမယ်.
စိတ်ချကာဝမ်းမြောက်
ရောက်ရာအရပ်ကသာဓုခေါ်စေချင်...ဗိုလ်ချုပ်ဒို့ရဲ့ဖခင်။

သဒ္ဓါ

အပြည့်အစုံသို့ 

Saturday, February 10, 2007

ပြည့်ဝတယ်ဆိုတာ ......

ကောင်းတာတွေ ချည်းနင်းကန်စား...
ခန္ဓာ ထွားတိုင်းလည်း..အချိန်စီးတာမဟုတ်...
သူများမျက်ခုံးပေါ် စင်္ကြန်လျှောက်သွား..
တိမ်လွှာစားတိုင်း လည်း.. အချိန်စီးတာမဟုတ်..
အသက်တွေ သာနံပါတ် တွေကြီးကာသွား
မတရား တရား ကို့ယို့ ..ကားယား ..
ဒါ.. အချိန်စီး တာလား..

လူဆိုတာ..လူလို အလုပ်လုပ်
မှန်ကန်စွာ စိတ်ရင်း..ကြိုးစားခြင်း
အတွေးအခေါ်မှန်ကန်...ရင့်ကျက်ခြင်း
သဘောထား ရိုးသားပွင့်လင်းခြင်း
မတရား တာကို..စက်ဆုတ်ရွံရှာခြင်း

ကိုယ်ကျင့်တရား ကို
စောင့်စည်းခြင်း

ရဲရင့်စွာ လောကဓံ ကို...ရင်ဆိုင်ရဲခြင်း
ကိုယ်ချင်းစာတရား ကို
နှစ်သက်ခြင်း မာနကို...နှိမ့်ချစေ
ကြင်နာစွာ ...ဆက် ဆံစေ.. အ၇ွယ်မဟူ..
လေးစားစေ အတ္တကို ..
ထိန်းချုပ်နိုင်စေ ရိုးသား စွာ ယှဉ်ပြိုင်ံနိုင်စေ..

ဒါဟာ....လူသား၏ကောင်းမြတ်သော ဂုဏ်ဒြဗ်..
ဦးဏှောက် နှင့် စဉ်းစားဆင်ခြင်..
နှလုံးသားနဲ့ နားလည် ပြီး ချစ်ခင်..
ဒီဘောင် တွေ ၀င် နိုင်မှ..
မင်းဟာ လူသား...
လူကြားမှာဝင်ဆန့်...
အများ ကလည်း..နတ်လူ သာဓုခေါ်...
မင်း ဟာ လူတော်....

သဒ္ဓါ

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */