Wednesday, December 31, 2008

စာနာကြည့်ပေးစေချင်သည်။


နာရီသံ ချောက်ချက် ချောက်ချက်.
ပြက္ခဒိန် တစ်ရွက်ပြီးတစ်ရွက်
ယော်ရွက်တွေ လိုလေ မှာဝဲ
ပျောက်ကွယ်ဆဲ..
နှစ်သစ်လည်းကူးခဲ့ပြီ။


ရှင်းသန့် သောလေကိုရှူ.
လှပသောနေရောင်ကိုခြူ
အပြင်လူတစ်ယောက်အဖို့ 
နေ့ တစ်နေ့ ဆိုတာ
တိုတောင်းသော အရင်ကလိုနေ့ များ..
အရှေ့ ကနေ ထွက်..
ညနေမှာ အနောက်သို့ နေဝင်
ဒီနေ့ ဟာမနေ့ ကနဲ့မခြားဖူး။

အမှောင်တိုက်ထဲစိုစွတ်ထိုင်းမှိုင်း
သံတိုင်တွေ သော့ခတ်တဲ့တံတိုင်း
ကြွက်.ပိုးဟတ် ဂျပိုး ခြင်ယင်
ရောဂါဆိုးရှိသမျှ ရှိတဲ့ဝန်းကျင်
သန့် ရှင်းရာမရှိတဲ့ နေရာတွင်
ကြင်သူတွေနဲ့ ဝေး
အလင်းရောင်က မှေးမှေး.
မဝရေစာ ကြမ်းတမ်းစာကြွေး
ခြေကျင်းခတ်. ဘ၀ကိုသတ်
အလုပ်ကြမ်း ထောင်နှစ်ရှည်ခတ်တာ…
မှန်တာပြောတဲ့အမှု
တရားမျှတစေချင်တဲ့အပြု
ငတ်သူကိုကြင်နာကူညီတဲ့အမှု
သေသူတွေ အလောင်းမြေကျစေမှု
ကုန်ဈေးနှုန်း ကျဖို့  တောင်းဆိုတဲ့အမှု
ဗိုလ်ချုပ်ကိုလေးစားမိတဲ့အမှု
ဘယ်သူ ဘယ်အသက်အရွယ်.
ဘယ်သူရယ် ဘာရယ်..
ဘာရောဂါဘဲ ကြွယ်ကြွယ်
လေဖြတ်ရောဂါဘဲရရ.
ကိုယ်ဝန်ဆောင်ဘယ်နှစ်လဘဲရရ.
နအဖ က ဘ၀င်မကျရင်ဖမ်းချုပ်
ထောင်ဒဏ်ရေတွက်မရ.တဲ့ နှစ်ရှည်လများ.
အတွင်းက အာဇာနည်များအတွက်.
ရှည်လျှားတဲ့ နေ့ တစ်နေ့ ဟာ
ကုန်ဆုံးဖို့ မလွယ်တဲ့ အရာ.

ကူညီကြပါ မောင်နှမသားတို့ 
မှန်ကန်တဲ့တရားဥပဒေ အမှောင်ကိုလင်းဖို့ 
လက်သည်းထိမှ လက်ထိပ်မနာကြပါနဲ့ .
သူ့ အမျိုးထောင်ကျ..ငါ့အပူမပါ တွေးမနေပါနဲ့..
လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း
မြတ်နိုးသော လူသားတစ်ယောက်ချင်းအတွက်..
နရသိန်ထောင်ထဲ..
လူကောင်းလူမြတ်တွေ ဘ၀တွေ ဆုံးရတော့မလား.
သဲမှုန်ပွင့်တွေလို ဘဝ၊ လေမှာမြော.
နှမြောစရာ အလဟဿ
ရကောင်းလှတဲ့ ဘဝ
ကိုယ်ချင်းစာနာပေးကြပါ။

ညီညွတ်ရင်..အရာရာဟာ အောင်မြင်မဲ့ အရေး.
တော်လှန်ရေးဟာ..တော်လှန်ရေး
နိုင်သူဟာ. ပန်းခူးကြေးမို့ 
အင်အားသစ်မွေး..မခိုကပ်ကြေး
အသက်စွန့် အလံလုပွဲ..
ရအောင်နွှဲကြပါစို့ ။

မသဒ္ဓါ (၁၂။၃၁။၂၀၀၈)
အတွင်းမှ ကလေးများတို့ ရယ် ကျန်းမာအောင် နေကြပါ။ စိတ်အားတင်းထားပါ။ ရောက်လုပါပြီ။ ပန်းတိုင်ဆီ။

အပြည့်အစုံသို့ 

စစ်မပြင်ချင်သော်လည်း..စစ်ဆင်ရန် ဒို့ တွေ အသင့်


စစ်ဖြစ်ပါလျင်
ပျက်စီးသော အိမ်ယာ နှင့် အိုးအိမ်မဲ့ သူများကို တွေ့လိမ့်မည်။

စစ်ဖြစ်ပါလျင်
အားကိုးမဲ့မုဆိုးမ နှင့် ကြင်ဖေါ်မဲ့မုဆိုးဖို များကို တွေ့လိမ့်မည်။

စစ်ဖြစ်ပါလျင်
မိဘမဲ့ သားသမီး နှင့် သားသမီးဆုံးပါး မိဘ ကိုတွေ့လိမ့်မည်။

စစ်ဖြစ်ပါလျင်
အင်္ဂါပျက်ခန္ဓာ နှင့် ပိုင်ဆိုင်မဲ့ ခန္ဓာများ ကို တွေ့လိမ့် မည်။

စစ်ဖြစ်ပါလျင်
တိရိစ္ဆာန်မဲ့ စားကျက်နှင့် အစာမဲ့ တိရိစ္ဆာန်များကိုတွေ့လိမ့်မည်။

စစ်ဖြစ်လျင်
ယမ်းငွေ့ဝေဝေ၊ ကပ်ရောဂါထွေ၍
ဝမ်းနည်းဒုက္ခ ကြေကွဲကြအံ။

စစ်..စစ်…မြန်မာပြည်သူတွေက မချစ်..
ရန်လို မြန်မာစစ်သားကသာ ချစ်တယ်။
စစ်မရှိရင်..စစ်သားဘ၀ မပြေလည်။
စစ်ရှိပါက..မယား ခါးလှတယ်။
သမီးကို လင်ဝယ်ပေး စိန်ဆင်ကြည့်လှမယ်။

စစ်..စစ်..ခါးသက်ပေမဲ့လည်း
မတရားနှိပ်စက်..တရားဥပဒေက ပျက်
လူသားဖြစ်ရက်..တိရိစ္ဆာန်ဘ၀က မတက်..
တပါးကျွန် မဖြစ်..စစ်ကျွန်သဘောက်ဖြစ်
လူ့ ဘ၀ နွံနစ်နေ..
ချစ်စရာမြန်မာ့ သားချင်းတွေ။

ရုန်းကန်မှ ရမယ်ဆို
တော်လှန်မှ ရမယ်ဆို..
အမှန်တရား အတွက် စစ်မက်..
ငြိမ်းချမ်းရေးအတွက် စစ်မက်..
သေပစေ အသက်..
ကျပစေ သွေးစက်..
အိုးစားကွဲ ခန္ဓာပျက်..
အိုးအိမ်ပျက်..ဘ၀ပျက်
အိမ်ထောင်ပျက်.စီးပွါးပျက်..
ပျက်ချင်တာ ဘာဘဲ ပျက်ပစေ..
မျိုးဆက်သစ်တွေ အတွက်..
ရင်းနှီးရမဲ့ ရွှေရောင်အနာဂတ်..
ဒို့  ဘ၀နဲ့ ပေးဆပ်မယ်။

စစ်မက်တယ် ဘဲ ဆိုဆို..
ရက်စက်တယ် ဘဲ ဆိုဆို.
ရူးမိုက်တယ်ဘဲ ဆိုဆို
သမိုင်းပေးတာဝန်ရဲ့ အလို..
စစ်တခုကသာလျှင်..ရမဲ့ အဆုံးအဖြတ်..
ဒို့ ဝိညာဉ်တွေနဲ့ အာဏာရှင်သစ်ပင်ကို သင်းသတ်မယ်။

ညီတူလာကြ..မောင်ညီဘွားတို့ 
ညီညွတ်ရေးနဲ့ တိုက်ပွဲစ..
လူ့ အခွင့်အရေးအတွက် စစ်မက်..
ငြိမ်းချမ်းရေး အတွက် စစ်မက်
ဒို့ တွေဟာ တရားဥပဒေ အတွက်..
တော်လှန်ရေးစစ်ထွက်ကြစို့ ..
သားကောင်း ဒေါင်းဇာနည်။
ငါတို့ စစ်ကို နိုင်သည်ထိ နွှဲ ကြပါစို့။
အမှန်တရားအတွက် စစ်သည်..
ဒို့ ရဲ့ အပြီးသတ်အောင်ပွဲဆီ ။

မသဒ္ဓါ (၁၂။၃၀။၂၀၀၈)

သာကီနွယ်က စစ်နိမိတ်ပုံပြ မည်မျှ ကြောက်အောင် ဖြဲခြောက်ထားသော်လည်း..မကြောက် မရွံ့ နောက်မတွန့် တဲ့ ခွပ်ဒေါင်း၏ ရာဇ၀င်ကြောင်း..အမှန်တရားအတွက် သွေးသစ်လောင်းခဲ့ပါကြောင်း။

အပြည့်အစုံသို့ 

Thursday, December 25, 2008

အနုပညာသမားကောင်း တို့ ၏ ဂုဏ်ရည်။


မြတ်စွာဗုဒ္ဓ
ဆိုဆုံးမမှု ဦးတင်ပြု၍
မှန်ကန်သော ဗုဒ္ဓဘာသာကောင်း
ကျနော် မွေးဖွား အသက်ရှင်ခဲ့တယ်။

ဓမ္မတရား၏ ဒေသနာ..
လေ့လာဆည်းပူး
ကျနော့ဘ၀၏ အလင်းမှန်.
ကျနော် လူသားကောင်းဖြစ်ခဲ့တယ်။

သံဃာကို ရည်စူး
ချဉ်းကပ်ပူဇော်.
တတိယမြောက်ရတနာ့ ဂုဏ်တော်။
ဆရာကောင်း တို့ ၏ သမာဓိ၊ ပညာ။ သီလ
ဘဘဦးသုခနှင့် တကွ
သင်ဆရာ မြင်ဆရာ ကြားဆရာ
ဆရာသမားဟူသော စတုတ္ထ၏ ရတနာ။

လက်ဦးဆရာ မည်ထိုက်စွာသော
မိနဲ့ဘ အား လူသားအဖြစ်မွေးကြွေး
ကျနော် သားကောင်း လူကလေး
ပဉ္စမ မိဘ ရတနာ
ရိုကျိုးကန်တော့ပါ၏။

မှန်စွာပြော၊ မှန်စွာပြုလုပ်
မှန်စွာအသက်မွေး၊ မှန်သောဝီရိယ
မှန်သောသတိ ၊ မှန်သောသမာဓိ
မှန်စွာနားလည်။ မှန်စွာတွေးခေါ်
မဂ္ဂင် ရှစ်ပါးက ကျနော်၏အဖေါ်။

ကျေညာပါသည်။
ကျနော်သည် ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့
ကျနော့ အနုပညာဆိုတာ၊
နအဖကိုရောင်းစားဖို့ မဟုတ်တော့၊

ကျနော့၏ ခံစားမှုအနုပညာ
ကောက်ကျစ်လိမ်ညာ ဖားပြဖို့ မရှိဖူး။
တမင်းရှင် ပြည်သူ ကိုစော်ကား။
ကျနော်နံမည် မကျော်ကြားလိုတော့ ဖူး။
ဆန္ဒပြပွဲ ဆွမ်းကပ် ရေလှူ.
ထောင်ချလည်း ကျနော့ စေတနာ မမွဲဖူး။
ဆင်းရဲချမ်းသာနာရေးကိစ္စ၊ ကျနော် မခွဲခြားဖူး။
သူချမ်းသာလည်း ဒီသေလမ်း။
သူတောင်းစားလည်း ဒီသေလမ်း။
သူတော်ကောင်းလည်း ဒီသေလမ်း။
သူယုတ်မာလည်း ဒီသေလမ်း။
တားမရတဲ့ တလမ်းသွားလမ်း
အချိန်တန် ဘယ်သူတားမရ.
မမြဲသော ဇာတိ ဇရာ ဗျာဓိ မရဏ
ကျနော် သတိ ရှိပါ၏။

ကျနော်သည် မိကောင်းဖခင်လူသား။
ရတနာသုံးပါးကိုယုံကြည်
အဟောင်းဘဲ စားလိမ့်မည် မဟုတ်။
မင်းသား မလုပ်ရလည်းနေ။
ဒါရိုက်တာ မလုပ်ရလည်းနေ။
ထုတ်လုပ်သူ မလုပ်ရလည်းနေ။
ပြည်သူမေတ္တာရေ..ကျနော်မငတ်ပါဖူး။
သေလျှင် ငရဲလမ်းမသွားလိုသူတဦး။
ကျနော်နဲ့  ပါရမီ ဖြည့်ဖက် မရွှေဇီးဂွက်
မှန်ကန်သော
တရားလမ်းဘဲ ဆက်ဆောင်ရွက်မယ်။

အမြင်ကပ်ပုဒ်မနဲ့ ဆွဲချင်ဆွဲ။
အပြစ်မရှိ..ရေကြည်နှောက်သိုးမဲ
ကောင်းတာ လုပ်လေ..ထောင်ချနေတဲ့နိုင်ငံ
ဗြဟ္မဇိုရ် တရားမဲ့ နိုင်ငံ။
နည်းနည်းမှ လူမဆန်။

အို ဒီလိုနဲ့
စာရေးဆရာ ကဗျာဆရာ.
သီချင်းရေးဆရာ အယ်ဒီတာ
လူရွှင်တော် ရုပ်ရှင်မင်းသား။
အဆိုတော် စာနယ်ဇင်းဆရာများ..
လက်တွေ ချိုး ။ လျှာတွေဖြတ်။
သံလှောင်အိမ် ခြေကျင်းခတ်
မီးဖြတ် အင်တာနက်ဖြတ်။
ရေးသားနယ်ဘောင်ခတ်
အနုပညာကို သတ်လို့  ရရိုးလား။

ကျနော့ ရဲ့ လူချင်းစာတတ်တဲ့ နှလုံးသား
အနုပညာများရှိတယ်။
ကျနော့ ရဲ့ ဖေးမတတ်တဲ့ လက်များ
အနုပညာများရှိတယ်။
ကျနော့ ရဲ့ ကြင်နာတတ်တဲ့ မျက်လုံးများ
အနုပညာများရှိတယ်။
ကျနော့ ရဲ့ ဂရုဏာနဲ့ အပြုံးများ
အနုပညာများရှိတယ်။

စာသားမှာ ကဗျာများမှာ
နှုတ်ဖျားမှာ..လက်ဖျားမှာ.
ပန်းချီကားမှာ သံစဉ်များမှာ
အနုပညာ ၀ိညာဉ်ရှိတယ်။

လျှာဘဲ ဖြတ်ချင်ဖြတ်
လက်ခြေဖြတ်ချင်ဖြတ်
လူကို သတ်ချင်သတ်
ကျနော် အနုပညာ ဘယ်တော့မှ မသေဖူး..
ဘယ်သူ သတ်မရ..မိမိပါရမီ ကိုယ်စွမ်းကိုယ်စ။

ရဟန်းစားသောဆွမ်းတစ်နပ်နဲ့ အညီမျှထား
အနုပညာသမား စားခဲ့ရတဲ့ ပြည်သူ့ မေတ္တာများ
ကျနော် နှလုံးသားနဲ့ ပြန်လည် ပေးဆပ်နေတဲ့သူ။
ကျနော့ နံမည် ကျော်သူ။
အနူပညာနဲ့ နေ..
အနုပညာနဲ့ဘဲသေမဲ့ လူ။
ထပ်ပြောမယ် ကျနော့ နံမည် ကျော်သူ။
သေတောင် အလံလှဲမဲ့လူ မဟုတ်ဖူး။

မသဒ္ဓါ (၁၂။၂၄။၂၀၀၈)
ဂုဏ်ယူပါတယ် ကိုကျော်သူ။ အမြဲအားပေးနေမှာပါ။

အပြည့်အစုံသို့ 

မနိုးကြသေးဖူးလား..လူကြီးမင်းများတို့ 


အော်..တဆောင်းတနှစ်.
နှစ် တစ်နှစ် သစ်ပြန်ပြီ။
ဒီလိုနဲ့ဘဲ ထပ်တိုးလာဦးမဲ့ နှစ် ၂၀၀၉
၂၀၁၀..လုပ်ကြံကာ တမင်နိုင်ပွဲနွှဲ မဲ့
အာဏာရှင်ရဲ့..ဘောင်းဘီချွတ်ပွဲ
ဒို့ တွေ မှ လက်ဦး ကြပါ့မလား။
စစ်နအဖရဲ့ ဦးချို
ကျိုးအောင် ချိုးနိုင်ပါ့မလား.
အနုလုံပဋ္ဋိလုံ စဉ်းစားကြဖို့ လိုပြီ။

အမှန်ဆို..
၁၉၆၂ က စခဲ့တဲ့ ဇာတ်.
မြွေအလမ္မာယ်က.မနိုင်ဘဲ မြွေကိုဖမ်းတဲ့ အခါ။
မြွေက ပို သတိတရ. ပြင်းပြင်းပြ
ပိုပိုကြမ်းလာတဲ့ နဂါးဖြစ်ခဲ့တယ်။

သမဂ္ဂ ဗုံးကွဲကြေ။
ဦးသန့်  အရေးအခင်း အခြေအနေ
လူအများ သောက်သောက်လဲသေ
မှိုင်းရာပြည့်။ ၈၈၈၈ ။
ရွှေဝါရောင် တော်လှန်ရေး..
ဘယ်အရေးမှ မလှမပ
အာဇာနည်မှန် သမျှ ထောင်ချ
ဘုန်းကြီးဘ၀ မျက်နှာငယ်လှ
ဒေါ်စု လည်း အိမ်ထဲ ကြာလှပေါ့ နှစ်ကာလ
NLD အာဏာလည်း တဖြေးဖြေးဆုံး။
အားပိုပို သုံး သွေးတိုးစမ်းတာ..နအဖ.
ကြံ့ဖွတ်စွမ်းအား.သုံးမရလူရမ်းကား..
ပါးကွက်သားအဖြစ်သုံးတယ်။
ဒို့ တွေသာ သုမန ကျောမှ အပြည့် ဒဏ်ရာ။
စုတ်ပြဲနေတဲ့ လူ့ အခွင့်အရေးနဲ့ 
ကျွန်စံနစ်အောက်က ပြည်မြန်မာ။

စွန့် ရဲသူ မျိုးချစ် အာဇာနည်
အရိုးတွေ တံတိုင်းထိုး ကာကွယ်နေခဲ့
အများအမြင် ကျိုးပဲ့ကြေ မြန်မာ့မျက်နှာငယ်ငယ်။
မပြီးနိုင်သေးတဲ့ ဒီမိုကရေစီလုပွဲရယ်။

ငိုကြွေးရုံ..ကံကို မယုံနဲ့ ..
နိုင်ချင်ရင် နိုင်အောင်သာ ချ လှည့်။
သတ္တိ ဗျတ္တိ စွမ်းအားရှိသမျှထည့်၊
လူဦးရေ သန်းပေါင်းများစွာထဲ..
မြန်မာယောက်ျားကောင်းတွေ ဘယ်မှာလည်း..
မြန်မာယောက်ျားကောင်းတွေ ဘယ်ရောက်နေပြီလည်း။

သူ့ လင် ငါ့လင်..မြင်မနေနဲ့ ..
ငါ့သားလူလေး..မတားမြစ်နဲ့ 
ကိုယ့် လင်နှမြော..ကိုယ့် မျိုးဆက် ရေစုန်မြောမယ်။
ဒါ အမျိုးသားရေး..
ရေရှည်တည်တန့် ခိုင်မြဲမဲ့ နိုင်ငံရေး
မြန်မာ မှန်သမျှနဲ့ဆိုင်..
ကိုယ်ကံကြမ္မာ ကိုယ်ပိုင်ခွင့်ရှိရမယ်။

အပြေးလွန်သူ..
အတွေးကျွံသူ
အပေးအယူ မမျှသူ.
သတ္တိနည်းသူ
သူတပါးဘဲ မြှောက်ပေးသူ
ပွဲလန့် ဘဲဖျာခင်းချင်သူ
အခွင့်အလမ်းသာ တွေးသူ
တိမ်ထဲသာ တိုက်ဆောက်ချင်သူ
မုံဆီမကြော်ရသေး နှုတ်ခမ်းနာမလား တွေးသူ.
သူအဖြူ ကိုယ်မဲချင်သူ။
ငါပြောသမျှ မှန်သူ
အတ္တမာန်ရစ် သူ
တကိုယ်ကောင်းသမား ကိုယ်ကျိုးကြည့်သူ
မိန်းမဆို သွားအဖြီးသား လူလစ်ရင်စော်ကားချင်သူ
သူများကို ရှေ့ တွန်း ကိုယ်က ကျည်ကွယ်ထိုင်သူ..
လေလုံးထွားသူ လိမ်ညာတတ်သူ.
ဒီလူတွေ နဲ့ ပွစိပွစိ.
အရှေ့ ရောက်အောင် မတိုး..
လူအုပ်ထဲ အချင်းချင်း တိုးနေကြ၏။

ဘာလုပ်ရမည်
နောက်ဆုံးတိုက်ပွဲ အဖြေသိသော်လည်း..
လေသာ မိုးထိ..ဥာဏ်မရှိသည့် အခါ
မြန်မာပြည် ပို စုတ်ပြတ်တာ..
နိုင်ငံရေးသမားတွေ လည်းတာဝန်ရှိ။
တော်လှန်ရေးသမားတွေ လည်းတာဝန်ရှိ။
ပြည်သားအားလုံးမှာတာဝန်ရှိ။
စည်းရုံးညီညာသင့်တာ အခုထိ မသိ။

ဖွဲ့  လိုက်ကြတဲ့ အဖွဲ့ ..
တဖွဲ့ပီးတဖွဲ့ 
ပုပ်ပွနေတဲ့ နံမည်တွေ
အရှုပ် တကာ့အရှုပ် အရှက်ပြေ
ညောင်မြစ်တုး ပုတ်သင်ဥကပေါ်
ငါ ဥက္ကဌ..ငါ အတွင်းရေးမှုး
ငါဘလောဂါ ငါက ၈၈ကျောင်းသားဟောင်း
ငါ ဘယ်လိုကောင်းကြောင်း..နတ်သံနှော ဇာတ်ကြောင်း
မြန်မာကတော့ တနေ့ တခြား မပြောင်းလဲ
ဒုံရင်းကျောပြဲ..ကမ္ဘာ့ ဘိတ်ချေးထဲမှာမွဲ။

ငွေကြေးက ဖောင်းပွ။
AIDS တဖြေးဖြေးပွထ။
လျှပ်စစ်မရှိ အမှောင်ဘဝ
စားစရာမရှိ သူခိုးထ
လျှင်သူဘဲ စားနေကြ။
လည်သူဘဲ ထမင်းဝ။

ပညာမဲ့ မျှော်လင့်ချက်အိပ်မောကျ
မိန်းမဆို ဖာ..ယောက်ျား စစ်သား.
ပိုက်ဆံမရှိ.ကြံဖွတ်လုပ်စား.
ဘုန်းကြီးကျောင်းဆိုတာ
စစ်တပ် ဓါးပြတိုက်ရမဲ့နေရာများ။

ပြင်ဆင်သင့်တာကြာပြီ။
ဒါးမိုးထားတဲ့ အိမ်။
ဆူးကာထားတဲ့ အိမ်..
အလုံပိတ်ထားတဲ့ လှောင်အိမ်။
မှောင်မဲကျပ်သိပ် ငရဲအိမ်။
ဒီအိမ်ကို သူပိုင် ငါပိုင် လုဖို့ ထက်
ပြိုမလဲမှီ လက်မတင်
ဒီအိမ်ကို ပြင်ဆင်ကြဖို့  အရေးကြီးပါရက်…
မောင်မင်းကြီးသားတို့ ရယ်..
ဆက်မိုက်နေကြဦးမှာလား..
ပါးစပ်နဲ့ ဆက်တိုက်နေကြဦးမှာလား။
သူ ဥက္ကဌ .ငါ ဥက္ကဌ ညင်းနေကြမှာလား။
အချင်းချင်း ဗြင်းနေကြမှာလား။
အိမ်ကြက်ချင်း တိုက်နေကြတုန်းလား။

လူနာက မျက်ဖြူဆိုက်ဆိုက်..
သမားတုက ကြိုက်ကြိုက်..
ဒီလိုနဲ့  ဆက်တိုက်..ဆက်တိုက်
နောင်အနှစ် ၂၀တောင်..မရဖူး။
နောင်အနှစ် ၂၀တောင်..မနိုင်သေးဖူး။
သင်လည်း သိ ငါလည်းသိ။
ဘာတော်လှန်ရေး သတိလည်း။

ဆရာယောင်..မိုးမြင်တိမ်တောင်
စိတ်ကူးယဉ် ပရောဂျက်
ဘာညာ ယောင်ယောင်က နိုးထသင့်ပြီ။
ဖြစ်နိုင်တာဘဲ လက်တွေ့  ကြိုးစားသင့်သည်။
အိပ်ချင်ယောင်ဆောင်သူများတို့ ရယ်
အနှိုးရခက် လွန်းတယ်။
နေဘဲ နေတတ်ပလေတယ်။

မသဒ္ဓါ (၁၂။၂၃။၂၀၀၈)
လူကြီးမိဘအနေနဲ့ သတိပေးတာပါ။ အနာပေါ်တွေ တုတ်ကျလည်း. အင်း တိုက်ခိုက်တယ်ဘဲစွပ်စွဲချင်စွဲတော့။ ဟုတ်တယ်ဘဲပေါ့။
၆၅ နှစ် ကျနေတဲ့ လူတွေ ကို ကယ်ဖို့ မစဉ်းစား လွှတ်တော် ကုလားထိုင်ဘဲလုချင်ရင် ကိုမင်းကိုနိုင်နဲ့ အပေါင်းအပါများရယ်..ထောင်ထဲ မှာဘဲသေရတော့မယ်။ လူတော်တွေ အများကြီးရှိပါတယ်။ အဆင့်မြင့်တွေထက်..နိုင်ငံနဲ့ အံဝင်အလုပ်ဖြစ်မဲ့ နည်းလမ်းနဲ့ တိုက်ဖို့ ကြိုးစား ကြရမယ်။ သူတို့  ပိုပို အင်အားထွား..မျိုးချစ်တွေကို တကောင်ချင်းမခြွေခင်...လက်ဦးသင့်ပါပြီ။
ခင်ဗျားတော်ရင်..ခင်ဗျားလုပ်ပါ ဘုမပြောပါနဲ့  ကျမ မိန်းမ တစ်ယောက်မျှသာပါ။ ကျမ မလုပ်တတ်လို့ ဆရာတင်မယ်ပေါ့ ။ ဘုရားဆုပန် မြန်မာ ယောက်ျား ကောင်းတို့ ရဲ့ ဇွဲလုံလဆိုတာကို မသေခင် အမှတ်တရ မြင်ဖုးသွားချင်လို့ ပါ။ ဗိုလ်ချုပ်အောင်ဆန်းကိုမမှီဖူးလို့ ပါ. သင် အစွမ်းထက်ရင် သင်တော်ကြောင်းပြခဲ့ကြပါလားရှင်. အခုတော့ သန်းရွေ ခုနှစ်ထွေကပွဲ ထဲ ဘီလူးနဲ့  ပုဏ္ဍား ကဘဲမြင်နေရတာကြာလှပြီမို့ ပါ.။ မင်းသားက ကလေးလည်း ကြည့်ပါရစေဦး။

အပြည့်အစုံသို့ 

Saturday, December 13, 2008

ကျမ ချစ်တဲ့သူရဲကောင်း (သို့ ) အညတရ ခွပ်ဒေါင်း

မောင်..
မောင်က ကိုဂျင်မီ မဟုတ်။
ကျမက နီလာသိမ်း မဟုတ်။
တူညီတာက..နိုင်ငံချစ်စိတ်။
မတရားတာ မျိုသိပ်မရတဲ့စိတ်။

မောင်ရဲ့ ဥပဒေမဲ့ ဖိနှိပ်တာ ငုံ့ မခံတတ်တဲ့စိတ်..
ဘယ်သူမှ ကြိုးချည်လို့ မရဖူး။

မောင်ရဲ့ အမှန်တရားကို မြတ်နိုးတဲ့စိတ်..
ဘယ်သူမှ ချော့သိပ်လို့ မရဖူး။

ဓမ္မကို လိုလားလို့ 
အဓမ္မများကို ချေမှူန်းတဲ့ အခိုက်..
ထောင်တွင်း (၁၉)နှစ် အကျဉ်းချခံရ..
ဒေါင်းပျိုရဲ့ သွေး၊ မာန် ဘယ်မကျ..
အသေခံ ဆက်လက် ခွပ်မဲ့ပွဲ..
မောင်ရေ..
စိတ်မပူနဲ့ 
ကျမ်းမာအောင်သာ ဂရုစိုက်
မိသားစုနဲ့ဝေးတဲ့ အခိုက်..
ရောက်ရာ အဝေးကြီးက "ထောင်"
စိတ်ကိုသာ ဆောင်ပါမောင်။

ကျမရဲ့ ကားဂိတ်က ဈေးဆိုင်ကလေး..
ချိုမြတဲ့ ဖရဲသီးစိတ် ဘန်းကလေး..
သားနဲ့ ကျမ
ထမင်းလေး ဆီဆမ်းစားနိုင်ကောင်းပါရဲ့။
ကျမ သားကလေး ဝလုံးလေး ဝိုင်းဝိုင်းရေး
သင်ပုန်းကြီးတော့ ကျေတန်ကောင်းပါရဲ့။

နိုင်ငံရေး လှုပ်ရှားသူ လင်တော်ခဲ့တဲ့ ကျမ..
ကျမလေ...အာဇာနည်ရဲ့ မိန်းမ.
အကျဉ်းကျလည်း မကြောက်..
ရှင်ကွဲခွဲ ခြောက်လည်း..မကြောက်
ဥကျင်း က
ဒေါင်းသားပေါက်အတွက်.
အားမာန်နဲ့  ကြိုးစား.
ကျမ ပြုစုသွားမယ်
မောင်ရယ် အားမငယ်နဲ့ 

ဒေါင်းအမျိုးဆိုတာ…ရာဇ၀င်မညှိုးဖူး
ဒေါင်းအဖေ…ဒေါင်းအမေ
ဒေါင်းသားလေး ဒေါင်းသမီးလေးတွေ
သတ္တိသွေးရဲရဲ..
ကျမတို့ ရမဲ့ တနေ့  အောင်ပွဲ။

မောင်
ကောင်းကင်မှာ
ကြယ်စင်တွေ အများကြီးရှိတယ်.
မောင်ဟာ မှိန်တလင်းအရောင်ပေးပေမဲ့
ကြယ်စင်ဟာ ကြယ်စင်ပါဘဲ

မောင်
မြန်မာပြည်မှာ..
ကိုယ်ကျိုးစွန့်ခဲ့တဲ့ အာဇာနည်တွေ အများကြီးရှိတယ်.
မောင်ဟာ အညတရ ပေမဲ့
အာဇာနည်ဟာ အာဇာနည်ပါဘဲ

အညတရ အာဇာနည်..
မောင်ဟာ
ကျမရဲ့ ရာဇ၀င်ထဲက
ချစ်သော..သုရဲကောင်းစစ်သည်။

မသဒ္ဓါ (၁၂။၁၂.၂၀၀၈)
မောင်ရဲရင့်ငယ်ပြောပြသော ကိုထွန်းထွန်းနိုင် နှင့် ဇနီးသည် သားငယ်လေးအတွက် ဂုဏ်ပြုပါတယ်။

အညတရ ခွပ်ဒေါင်းများ
အင်းစိန်မြို့နယ် ဖေါ့ကန်ရပ်ကွက်တွင် နေထိုင်သော ကိုထွန်းထွန်းနိုင်ကို ပြီးခဲ့သည်လက စစ်ဏာရှင်များက ထောင်ဒဏ်၁၉ နှစ်ချမှတ်ခဲံ့ ပါတယ်။ အထက်တန်းကျောင်းသားထွန်းထွန်းနိုင်သည် ၈၈၈၈ မတိုင်ခင်ထဲက အင်း စိန်မြို့ နယ်တွင်းစည်းရုံးလှုံဆော်မှုများတွင်ပါဝင်ခဲ့ သည်။အင်းစိန်မြို့နယ်တွင် ၈၈၈၈နေ့က ညနေ၃နာရီခွဲတွင် စတင်ဆန္ဒပြခဲ့ပြီး ထွန်းထွန်းနိုင်သည် ကျောင်းသားများကြား အဓိက ချိတ် ဆက်ပေးခဲ့သူတဦး လည်း ဖြစ်သည်။ အရေးအခင်းပြီးသောအခါ NLD လူငယ်ဖြစ်လာသည်။ နအဖမှ NLD အပေါ်ဖိနှိပ်မှုများ စတင်ခဲ့ သည့် အချိန်မှစ၍ အင်းစိန်မြို့နယ် NLD အမာခံအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၈၈မှ၂၀၀၈အတွင်း၎ကြိမ်အဖမ်းခံခဲ့ရပြီး ဒီတကြိမ် အပြစ်ဒဏ် မှာအများဆုံးဖြစ်သည်။ အဖမ်းခံရချိန်တွင်ဇနီးဖြစ်သူနှင့် တနှစ်ခွဲအရွယ် သားငယ်တဦး ကျန်ရစ်သည်။ DVB နှင့်မေးမြန်းခန်း တွင် ဇနီးဖြစ်သူက ""ကားမောင်းထွက်သွားရာကပြန်မလာတော့တာ.. စုံစမ်းလို့လည်း မရဖူး....နောက်ကြမှအဖမ်းခံရမှန်းသိတာ..သူလုပ်စာလေးပဲအားကိုးနေရတာ....ကလေး တဖက်နဲ့ လမ်း ထိပ်မှာ မုန့်ဗန်းလေးနဲ့ ရောင်းရင်း အကိုပြန်အလာပဲ မျှော်နေရ တော့တာပါပဲရှင်.....""
ပထမတွင် ၃နှစ်ချမှတ်ခံရပြီး ပြီးခဲ့သည့်လကထပ်တိုး၍ စုစုပေါင်း၁၉နှစ် ချမှတ်ခံခဲ့ရသည်။ ယခုအခါ မိထ္ထီလာ ထောင်တွင် ကျခံနေရပြီး ဇနီးဖြစ်သူမှာ ဖေါ့ကန်ကားမှတ်တိုင်တွင် ဖရဲသီးစိတ်ရောင်းရင်း လမ်း လျှောက် တတ်စ အရွယ် သားငယ်လေးနှင့်အတူကျန်ရစ်ခဲ့သည်။ ဇနီးဖြစ်သူမှာလည်း တကြိမ် အဖမ်းခံရပြီး ဖြစ်ရာ ဒုတိယ နီလာသိန်းဖြစ်မလာဖို့ဆုတောင်းရန် မှတပါး။။ အညတရ ခွပ်ဒေါင်းများ အားဦးညွတ် ဂုဏ်ပြု လိုက်ပါသည်။ http://yeyintnge.blogspot.com/2008/12/blog-post_1214.html (ရဲရင့်ငယ် Blog မှ)

အပြည့်အစုံသို့ 

Thursday, December 11, 2008

ပြိုင်တူတွန်းစို့  အောင်ပွဲသို့ 

မွေးဖွား ဇာတိ ကွဲ
ဘာသာကွဲ မျိုးနွယ်ကွဲ
ရုပ်သွင်ကွဲ
ယဉ်ကျေးမှုတွေ ကွဲ..
သို့ သော်လည်း လူဟာလူဘဲ
လွတ်လပ် မျှတရေးတော့ လိုအပ်တယ်။

လူဆိုသော သဘာဝ
ငုံခံလေလေ..
အနိုင် ကျင့်လေလေ..
အရှုံး ပေးရလေလေ
အနိုင်မရ လေလေဘဲ။
အလိုက်မသိသူ မိဘထံမှ
နို့ ချိုစို့ ရဖို့  ငိုပြမှ ရမယ်။

တိတ်တိတ်နေ ထောင်တန်တဲ့ စကား..
နအဖနဲ့ ကျ..ခေတ်ဟောင်းသွား
အာဏာပြ..လက်နက်ပြ..
တိတ်ဆိတ်သွားဖို့ မလို..
မြက်ဆိုတာ..အနင်းခံမှ ပိုသန်မာ..
အိုးဆိုတာ အရိုက်နာမှ ပိုကျစ်မာ.
ကြောက်ရင် လွဲ..ရဲမှ မင်းဖြစ်..
တော်လှန်ကြတဲ့နေရာ..

ခေတ်ရေစီးကြောင်းတွေ တားမရဖူး။
မျိုးဆက်သစ်လှိုင်းတံပိုး..ပိတ်ဆို့ လို့ မရဖူး.။
တော်လှန်ရေးသွေးကြွေး..ရေဆေးမရဖူး။

ရွှေဝါရောင် အမျိုး..
ညှိုးတယ် မရှိ။
အာဏာရှင် ကိုဖျက်ချိုး.
အမျိုးသာသနာကို ကယ်တင်မဲ့ ကတိ။
အသံတိတ် ဆွံ့ အ
လက်နက်ချတယ် မထင်နဲ့ ။

အနားယူ အားအင်ဖြည့်ဖို့ 
ခြသေ့င်္ ခဏ အိပ်သွားတယ်။..
အရှေ့ တက်မဲ့ဆင် နောက်တလှမ်းဆုတ်.
အားကုတ် နေချိန်ဖြစ်တယ်။

ဟုန်းကနဲမဟုတ်တဲ့ မြေ့မြေ့ ဖွဲမီး
လောကကြီးကို လောင်မီးပြာကျနိုင်တာမို့ ။
အားအင်သာ ဖြည့်
မနက်ဖြန် ဟာ ဒို့ အောင်မဲ့တိုက်ပွဲနေ့ ။

မသဒ္ဓါ (၁၂။ ၁၀။၂၀၀၈)

မောင်ငယ်လေး မိုဃ်းသွေးသို့ 
(ဆွံ့ အနေ့ များ)
ကဗျာ ဖတ်မိသောကြောင့် စိတ်မကောင်းပါ။ မျိုးဆက်သစ်များ အတွက် အနာဂတ်ကို တည် ဆောက်ပေးဖို့  လူကြီး တွေ မှာ တာဝန်ရှိပါတယ်။

နိုင်ငံရေးလုပ်စားသူ နဲ့  ကိုယ့်တမင်း ကိုယ်စား နိုင်ငံရေး လှုပ်ရှားသူ ဆိုတာ ကွာခြားပါတယ်။
ဗိုလ်လုပ်ရမဲ့ ခေါင်းဆောင်မဲ့သူနဲ့ မိမိ စိတ်ဓါတ်အရ တာဝန်ကိုစေတနာ့ဝန်ထမ်းသူ ရဲ့ စေတနာက ကွာပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀) ထက်ပိုပိုဆိုးရွားလာတဲ့ မြန်မာပြည်အပေါ် ခေတ်လူငယ်တွေ အတွေးမှာ ပိုမို ဆွေးမြေ့၊ ပိုမို ရှုံတွ၊ ပိုမိုပုပ်ပွ၊ ပိုမို ဆွံ့ အ လာခဲ့တဲ့ အနာဂတ် မဲ့ မြန်မာပြည်ကို အကောင်း ပကတိ ပြန်မြင် ချင်တာ မျိုးချစ် စိတ်ပါ။ ဒီအတွက် တက်လူ များ ကို ဂုဏ်ယူလေး စားမိပါတယ်။
လူဆိုတာ လူသဘာဝမို့  အာဏာရှင်တွေ မှာတင် မသမာလောဘ ရှိတာမဟုတ်။ နိုင်ငံရေး လုပ်စားသူတွေ မှာ လည်း ၀ိသမ လောဘ တဏှာရှိတာ မမေ့ထားပါနဲ့ ။
တိုင်းပြည်ရဲ့လွတ်လပ်ရေးရတောင် ပြန်ထူထောင်ဖို့ လွယ်လွယ်နဲ့ မရ၊ အနှစ်ပေါင်းများစွာ အချိန်ယူကြရမှာပါ။ အရှင်မွေးနေ့ ချင်းကြီးမယ် မဟုတ်ပါ။ နိုင်ငံရေး လုပ်စားသူတွေ အနေနဲ့ လည်း ပြိုင်တူ တွန်းဟန်ပြ နေတာ ထက်စာ တကယ် အားထည့်ပြီး တွန်းပေးကြပါ။ လေနဲ့တိုက်လို့  ကျေညာချက်နဲ့တိုက်လို့ ၊ ဟို အသင်းနံမည် ဒီအသင်း နာမည်ပြောင်းဖွဲ့ လို့  ၊ လွတ်လပ်ရေး ရရန် မလုံလောက်သေးပါ။
တကယ်နိုင်ငံကို ချစ်ရင် လက်တွေ့ ပြပါ။ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့သည်။ မင်းကိုနိုင်တို့  စုစု နွေးတို့  ပြခဲ့သည်။ ဇေယျာသော်တို့ အုပ်စု ကပြသခဲ့သည်။ နိုင်ငံအတွက် အနှစ်ပေါင်းများစွာ ဘ၀ပေါင်း များစွာ အသက်ပေါင်း များစွာ ထောင်ထဲစတေးခဲ့ သည်။

သင် ရော ဘာတွေ လုပ်ပြီးပါပြီနည်း။
သင်တကယ် အောင်မြင်အောင်လုပ်ခဲ့ပါသလား။
သင်တကယ် ဘဲစေတနာထား လုပ်ခဲ့ပါသလား။


ဤအဖြေကို ဖြေနိုင်သူမှာ သင်ဖာသာသင်ဘဲဖြစ်ပါသည်။ နွားကွဲနေရင်တော့ ကျားက ပျော်ပျော်ကြီး ဆွဲ စားဦး မှာ ပါ။ နောက် အနှစ် (၂၀) အဝေးရောက် အစိုးရဘ၀၊ အဝေးရောက် ဘာညာ အသင်း အဖွဲ့ ဘ၀ဘဲ ပျော်မနေ ကြပါနဲ့ ။

ပြည်သူက ကျေးဇူးသိတတ်ပါသည်။ နိုင်ငံသားမည်သူမဆို ရွေးကောက်ပွဲဝင်ခွင့်၊ နှစ်သက်သုကို မဲရွေးခွင့် မဲ ပေးခွင့်ရှိစေရပါမည်။ လွတ်လပ်ရေး ရရင်..ထိုက်သင့်တာ တော့ ခံစား စံစားကြမှာပါ။ နည်းနည်း အားထပ်ထည့် တွန်းပေးကြပါဦး။ ကျမတို့  အားလုံး မြန်မာပြည်ကို ချစ်ကြတာ မမေ့ပါနဲ့  ။ အဝေးရောက်ဒေါင်းများ အားလည်း စစ်ကူခေါ်ပါတယ်။ ၀ိုင်းဝန်း ပံ့ပိုးကြပါ။
မြန်မာမြေကို မဆွံ့  အအောင် ၀ိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံပါသည်။ မျိုးဆက်သစ်များကို အားလျှော့ စိတ်ပျက်ခြင်းမရှိအောင် အရှေ့ မှ မားမားမတ်မတ်ဖြင့် အားပေး အလုပ်လုပ်ပြစေချင်ပါသည်။
ယနေ့ သင်၏ ကြိုးစားမှူ သည် မနက်ဖြန် အတွက် ဖြစ်ပါသည်။ ကြိုးစားမှူသည် မည်သည့် အခါ မှ နောက် ကျသည် ဟူ၍ မရှိပါ။

အပြည့်အစုံသို့ 

Monday, December 8, 2008

အမေသို့  နှုတ်ဆက်ခြင်း။

အမေ
အမေ ဆုံးမဖူးတဲ့ စကား..
ကျနော့ ရင်ထဲမှာ အမြဲရှိတယ်။

အသက်အရွယ်နဲ့တိုင်းတာတိုင်း
လူကြီးဖြစ်တာမဟုတ်..
ရာထူး ဂုဏ်သိန် နဲ့တိုင်းတာတိုင်း
လူကြီးဖြစ်တာမဟုတ်..
ဥစ္စာ ဓန နဲ့တိုင်းတာတိုင်း
လူကြီးဖြစ်တာမဟုတ်..
အာဏာ လက်ညှိုးညွန်ရာ ရေဖြစ်တိုင်း
လူကြီးဖြစ်တာမဟုတ်..

လူဆိုသည်..လူလိုတွေးခေါ်
နှလုံးသားချင်း ကိုယ်ချင်းစာနာ..
လူလူချင်း ရိုင်းပင်းကူညီစွာ..
ကြင်နာ ဂရုဏာ လူပီသ
မေတ္တာတရား ထားတတ်မှ
လူကြီးဘ၀ထိုက်တန်စွာ.

အမေ..
သားအရွယ်..ငယ်ချင်ငယ်မယ်
ခေတ်ရေစီး..အနုပညာရေစီး..
သံစဉ် သီချင်းဆိုတယ်။
ခေတ်နဲ့အညီဝတ်စား..
လူကြီးတွေ ကြိုက်ချင်မှကြိုက်မယ်။
ကျနော် တို့ ဟာ ခေတ်လူငယ်။

ရိုးသားကြည်လင်..အမိမြေကိုချစ်တယ်။
ကမ္ဘာမြေအလည်..
ကိုယ်လူမျိုးကို တင့်တင့်တယ်တယ်
အနာဂတ်မှာ..ရင်ဘောင်တန်းတိုးတက်စေချင်တယ်။
ကျနော်တို့ အနာဂတ် ကျနော်တို့ ရွေးခွင့်ရှိရမယ်။

မတရားတာမြင်..ဝေဖန်တယ်..ဘာဖြစ်သလည်း။
ရွဲ့ နေတာမြင်..တဲ့ ပေးရမှာ..လူ့ တာဝန်ဘဲ။
လူမျက်နှာမဲ့ သူတွေ ကို တွန်းလှန်တယ်..စွန့် ဝံ့ ရဲရဲ

ကျနော် ဇေယျာသော်..
မှန်တာတွေ ပြောရဲ..ကျနော်..သွေးမကြောင်ဖူး။
ထောင် ဘယ်နှစ်နှစ် ကျပစေ..ကျနော် လက်မမြှောက်ဖူး။
အဝေးရောက် မဲဇာပို့  ကျနော် မျက်ရည်စို့ မဲ့ကောင်မဟုတ်ဖူး။
ရာသီဆိုး ဌက်ဖျားကြမ်း..ကျနော့ သွေး အရောင်မပြောင်းလဲနိုင်ဖူး။
အသွေးအရေ ခြောက်ခမ်းတောင် ကျနော့ စိတ်ဓါတ် လန်းဆမ်းဆဲ။
နောက်ဆုံးထွက်သက်ထိ ဆက်တိုက်မဲ့ ကျနော်။

ကျနော်သေသွားတောင်..
ကျနော့ ဝိညာဉ်က လူငယ်တွေ ကြားမှာ..ရှင်သန်ဆဲ..
နအဖ ရယ်..လူငယ် ကို သတ်လို့ မရပါဘူး..
မျိုးဆက်သစ်ရဲ့ လှိုင်းတံပိုး..
ဆက်ဆက်တိုးလာမဲ့ အားသစ်ဒီရေ..
ကျနော်သေတောင် ကျနော့ နံမည် ရာဇ၀င်ထဲ..
ကျနော့နာမည်..နအဖ..ဘယ်လိုဖျက်ဖျက်..
ဘယ်တော့ မှ မပျက်တော့မဲ့သူ..
ကျနော်ဟာ..
လူမျက်နှာအပြည့် နဲ့  အာဇာနည်လူ..
အမေရယ်..
သားမောင်အတွက် အမေ ဂုဏ်ယူ။

အမေ..
မငိုနဲ့ ..
အာဇာနည်ဆိုတာ..သေရိုးထုံးစံမရှိ.
ကျနော်ပြန်လာမယ် တနေ့ ..
အမေ စောင့်မျှော်နေ။

မသဒ္ဓါ (၁၂။၇။၂၀၀၈)

မောင်ဇေယျာသော် ၏ မိဘများအတွက်..မသဒ္ဓါမှ မေတ္တာဖြင့် " မငိုပါနဲ့ မမ. သူပြန်လာမှာပါ "

အပြည့်အစုံသို့ 

Thursday, December 4, 2008

မိုင်းကွင်းရဲ့အလည်မှာ သိုင်းကွက်နင်းနေကြသူများ။


တစ်နေ့ ပြီးတစ်နေ့ 
တစ်ရက်ပြီး တရက်..
သူခိုးဓါးမြက ပိုလက်စောင်းထက်
အာဏာရှင် ဘီလူး အစွယ်ပြူးပြူးထွက်
ဖိဖိ ချေနင်း..စစ်သံဖနောင့်ပြင်းပြင်း..
လယ်မြေကို သိမ်းဆည်းဖို့ 
ရွာတွေ ကို မီးတင်ရှို့ 
စီးပွါးလည်းပျက်.
အခွန်အတုတ်ရဲ့ ကြီးလေးချက်..
ဂဠုန်ဆရာစံလက်ထက်ထက် ဆိုးတယ်။

ဝန်ထမ်းတွေ မတရားလာဘ်စား
တရားဥပဒေက လောက်စား
ဖေါက်ပြားတဲ့ လူ့ သဘော
လက်နက်ကိုင်သူက အားကြီးရာနိုင်ငံထဲ
အူမ မတောင့်နိုင်လို့  သီလ လည်းမစောင့်ဖြစ်..
မွေးရာပါ အပျိုရည် ချရောင်းရတဲ့အဖြစ်။

ကျခဲ့ရတဲ့ မျက်ရည်
တိတ်တဆိတ် ရှိုက်သံတွေ
အရှက် ၊အသက်ထက်
ဆာလောင်ခြင်း က ပိုပူပြင်းရဲ့။
ဝယ်မရဖူးဆိုတဲ့ မြန်မာမ ၏ အိနြေ္ဒ
မငဲ့နိုင်ခဲ့
ဒီလိုနဲ့ ဒီလိုနဲ့
မြန်မာ မိန်းမ အညွန့် က်ျိုး..
XX သည်မျိုး ဖြစ်ရတဲ့ ဒို့ ဗမာ..
ကမ္ဘာ အနှံ့ မှာ။

ပြည်တန်ဆာ မဖြစ်လည်း
စစ်သားက အလကား အားပေးမြဲ.
မုဒိန်းကျင့်စော်ကား
မတရား အမျိုးဖျက်
အမျိုးမဲ့ အိုးအိမ်မဲ့ 
လင်မဲ့ သားမဲ့
လိင်ကျွန်ဘ၀ဆိုး ထဲက
နအဖ လက်ထက်လူဖြစ်ရတာ
မိန်းမသား၏.အရှုံး..
ဒို့ မြန်မာ အမျိုး တစတစ ပျက်သုန်း

AIDS, HIV
ကမ္ဘာပေါ်အဆိုးဆုံး သောရောဂါသည်.
မြန်မာရဲ့ အသွေးကိုဖဲ့စား.
လူနာစာရင်းရှိတာ..သိန်းဂဏ္ဍန်းသာသာ..
စာရင်းမဲ့ နေ့ စဉ်သေတာ.
ဘယ်လောက်များများ..
အမှန်သိကြပါရဲ့လား။

နအဖ ထောက်ပံ့ရေးက မရှိသလောက်ရှား
အသိပညာတွေ က ခေါင်းပါး
အတားအဆီးပစ္စည်းလည်း ရှားပါး
တိုးချဲ့ လိင်ပညာပေးရေး က နည်းပါး
ဆေးသုံးကရိယာ..ခေါင်းရိတ်သင်ဓုံးဓါး
အများသုံး ကရိယာများ ကတဆင့် ကူးစက်
သွေးကနေ ကူးစက်..
လိင်ဆက်ဆံမှုကြောင့် ကူးစက်။
လူနာဦးရေ.တစ်နေ့ တစ်နေ့  တိုးတက်တယ်။

ဂျာအေး ကို သူအမေရိုက်..
မြန်မာတွေ အေ တွေကိုက်..
အမှန်ကိုမပြောရဲ..လူတွေ ရှောင်မှာလည်း စိုးရိမ်ကဲ..
ဒီလိုနဲ့တစတစ..
မီးပုံးပျံစီးနေတဲ့ ခုခံအားနည်းရောဂါ။
တိုးပွါးလာကြတဲ့ ဝေဒနာ။

သင်ဓုန်းဓါး သုံးလို့ ဘုန်းကြီးတွေကိုကူး
လင် ဆေးချပြီး မိန်းမဆီကူး
အပျော်အပါးလိုက် ရည်းစားဆီကကူး.
ဆေးခန်း မသန့် စင် ကရိယာ များကကူး။
တယောက်က တစ်ရာ..
တစ်ရာ က တစ်ထောင်..
တစ်ထောင်က တစ်သောင်း..
ဘယ်လောက်ရှိမလဲ ..ကူးစက်တဲ့ လူပေါင်း

"ငါနေကောင်းတယ် ပူစရာမလိုဘူး..
ငါကောင်မလေးတွေ သန့် တယ်..
ငါရောဂါမကူးဖူး."

သင် စိတ်ကူးတွေ ယဉ်မနေနဲ့..
သင်နေတဲ့ ပတ်ဝန်းကျင်..
အမှိုက်ပုံ မစင်ရင်..
သင်နန်းတော်လည်း မီးလောင်မှာဘဲ.
တစတစ..နံပါတ်တိုး..
သင်ရော.ဘယ်တော့လည်း။

ဒို့ အားလုံးနေကြတဲ့ မိုင်းကွင်း..
ငါက အရှောင်ကောင်း
သိုင်းကွက်နင်းနေလည်း..
ကံကောင်းထောက်မစွာ
အစွမ်းသာ..သင် ဘယ် လောက်ခံမလည်း။
တနေ့ မှာ မိုင်းဗုံးပေါက်..
မင်းလည်းဒုက္ခရောက်မယ်။

ပျက်အစဉ် ပြင်ရင်ခဏ
အန္တရာယ်ဆိုတာ မလွယ်ကောင်းစမို့ 
ဒို့ အားလုံးညီတူ မိုင်းရှင်းကြစို့ ။
အမျိုးချစ်သော မြန်မာ..
ထာဝရလန်းဆန်း လှပစေရာ
AIDS မှ ကာကွယ်ပေးကြပါ။

မသဒ္ဓါ ( ၁၂။၃။၂၀၀၈)

အပြည့်အစုံသို့ 

Tuesday, December 2, 2008

ဥဒေါင်းမင်းတို့ ရဲ့ တောင်ပံ ရိုက်သံ..


နှုတ်ဆိုခွန်းက တစ်ရာ..
စာသည် တစ်လုံး
အာဇာနည်တို့ ၏ မိန့် ခွန်းများ..
သမိုင်း ရေးထားတယ်။

"ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊
သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊
သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊
တို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။’"

ဆီးဘန်နီဆရာတော်ကြီး ရဲ့ သံဝေဂ

“ဒေါင်းမှန်ရင်..
လွတ်လပ်ရေးကို ‘က’ ပြီးတော့မယူဘူး၊
‘ခွပ်’ပြီးတော့ ယူမယ်”

ဗြိတိသျှကိုလိုနီခေတ်၊
သပိတ်မှောက်ကျောင်းသားများရဲ့ ဥဒါန်း

“အနီးကပ်ဆုံးရန်သူကို
ရှာပြီးတိုက်ကြ”

ဗိုလ်ချုပ်အောင်ဆန်း
က မှာ ခဲ့တယ်။

“မတရားတဲ့ အမိန့် အာဏာဟူသမျှ
တာဝန်အရဖီဆန်ကြ”

တရားနည်းလမ်း ကျစေတာက.
ဒေါ်အောင်ဆန်းစုကြည်

“မမေ့ကြနဲ့ ”
ဆရာတော်ဦးဥတ္တမရဲ့ မိန့် မှာချက်

"တိုင်းတပါးကျွန်။ စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ။ ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။ "

မင်းကိုနိုင် ရဲ့ ခွပ်ဒေါင်းတွန်သံ

“လူတယောက်ရဲ့ တန်ဖိုးကို
သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို
သူဘယ်လောက်
သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့
တိုင်းတာရမှာပဲ”
တဲ့။
ဗန်းမော်တင်အောင်က ဆိုခဲ့။

"ဗမာပြည်သူတွေရဲ့
သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြ၊
လူထုအင်အားကိုကို ယုံကြည်ကြ၊
လူထု စွမ်းအားနဲ့ 
အာဏာရှင်စနစ်ကို ချေမှုန်းပစ်ကြ။ "
လူထုစိန်ဝင်း
ရဲ့ နောက်ဆုံးစကား

‘ရန်သူဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’
အောင်ဝေး
ကဒီလို သုံးသပ်ထားတယ်။

“ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့
Internet ကို သုံးလိုက်တာ
Insein ထောင်ကို ထောင် ၄၅ နှစ်
ရောက်သွားတယ်''
ကိုဇာဂနာ
၏ မော်ကွန်းဝင်ဟာသ

"ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၃၀) ပါ
ပုဒ်ခွဲ ၁၉၊ ၂၀၊ ၂၁ အရ လူသားသဘာဝ
လွတ်လပ်စွာ တွေးတောကြံဆ၊
လွတ်လပ်စွာ ဟောပြောစည်းရုံးပြီး
လွတ်လပ်စွာ စုစည်းပြီး
နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးအတိုင်း
မိမိဆန္ဒကို လွတ်လပ်စွာ
ဆန္ဒ ထုတ်ဖော်ခဲ့တာက ကျနော်။
ဒီလို အခြေခံကျတဲ့
လူ့အခွင့်အရေးလေးတွေတောင်မှ မရ။
ပုဒ်ထီး ပုဒ်မတွေတပ်၊ ထောင်တွေချနေရင်
စစ်မှန်တဲ့ ဒီမိုကရေစီနဲ့
ပြည့်ဝတဲ့ လူ့အခွင့်အရေး လမ်းကြောင်းပေါ်ကို
လျှောက်နေပါတယ်ဆိုတဲ့
နှစ်ထောင့်တဆယ်ကို ကျနော်တို့ ဘယ်လို ယုံကြည်ရတော့မလဲ"
ဇေယျာသော
် ရဲ့ နိုင်ငံရေး Hip Hop သံစဉ်

အာဏာရှင်ရဲ့ စံနစ်..
အသက်ပေါင်းများစွာပေး..
သွေးချွေးစတေး
အာဇာနည် တွေ
နိုင်ငံကို ချစ်ခဲ့ဖူးပြီ။

ရာဇ၀င် သမိုင်းတွင်ရစ်.
သင် မည်မျှ အမျိုးကို ချစ်ပါသလည်း..
သင် မည်မျှ ကိုယ်ကျိုးကို စွန့် ဖူးပါသလည်း..
သင် မည်မျှ တိုင်းကျိုးကို တာဝန်ကျေခဲ့ပြီလည်း..
သင်၏ မော်ကွန်းဝင်မိန့် ခွန်း
အံ့မခန်း သင်ကော ဘယ်လို ဆိုချင်ပါသလည်း..

အရေးကြီးကြပြီ။
ဒါ ဒို့ တွေရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်သည်။
ညီညွတ်စွာ စုစည်းလက်..
ရရာလက်နက် ဆွဲကိုင်..
သင်၏ အနာဂတ်အတွက် သင်ရင်ဆိုင်..
ဒေါင်းအရွယ်စုံ သံပြိုင်ခွပ်ကြစို့ 
မနက်မိုးသောက်ချိန်..ရောင်နီလင်းစေဖို့ 

နာကြင်မှုရဲ့ ပေါက်ကွဲတဲ့ သဏ္ဍာန်
မိုးသို့ ခြိမ်းလုလု့ မာန်..
ဒါဟာ
ဥဒေါင်းမင်းတို့ ရဲ့ တောင်ပံရိုက်သံ..

မသဒ္ဓါ (၁၂။၂။၂၀၀၈)

အပြည့်အစုံသို့ 

Monday, November 24, 2008

ဂုဏ်သိက္ခာရှိသော ခွပ်ဒေါင်းများ။


လောကကြီးထဲ
တချို့ လူက ဆင်းရဲ၊ တချို့ လူက ချမ်းသာ
တချို့ လူက လှ၊ တချို့ လူက ရုပ်ဆိုး
တချို့ လူက ကံကောင်း၊ တချို့ လူက ကံဆိုး
တချို့ လူက တော်၊ တချို့ လူက ညံ့
တချို့ လူက အမျိုးမြတ်၊ တချို့ လူက ယုတ်ညံ့
တချို့ လူက စိတ်ထားမသန့် ၊ တချို့ လူက မြင့်မြတ်
တချို့ လူက အာဇာနည်၊ တချို့ လူက တကိုယ်ကောင်းဆန်သည်။
တချို့ လူက သနား၊ တချို့ လူက ရက်စက်အား

ဒီလိုဆန့် ကျင်ဘက် လူတွေကြား
ဓမ္မနဲ့ အဓမ္မ
အဖြူနဲ့  အမဲ
တွဲ မနေနိုင်တာ အပြစ်လား.
ဆီနဲ့ရေ ကွဲပြားတာ အပြစ်လား။

ဒို့ တွေဟာ ဆင်းရဲချင် ဆင်းရဲမယ်။
အကျင့်သိက္ခာမှာ မဆင်းရဲဘူး။

ဒို့ တွေဟာ နိမ့်ကျချင် နိမ့်ကျမယ်။
စိတ်ဓါတ်ခွန်အားမှာ ဒူးမထောက်ဘူး။

ဒို့ တွေဟာ အေးဆေးရင် အေးဆေးမယ်။
လောင်တဲ့မီးကိုတော့ သတ်နိုင်ကြတယ်။

ဒို့ တွေဟာ လူသတ်ရဲချင်မှ လူသတ်ရဲမယ်။
မတရားတာတွေ့  အသက်စတေးရဲတယ်။

ပါးစပ်ပြော အမျိုးချစ်တဲ့သူတွေ မဟုတ်ဘူး။
မွေးရာပါ အမျိုးဂုဏ်ကို သေထိ ထိမ်းကြတယ်။
ဂုဏ်သရေရှိ အယောင်မဆောင်တဲ့ ဂုဏ်သရေရှိဖြစ်တယ်။

နာကြင်တဲ့ခံစားမှု ဂရုဏာနဲ့ ကုတတ်တယ်။
ဖိနှိပ်တဲ့ ရက်စက်မှု ဒို့ စာနာမှုရှိတယ်။
မတရားတဲ့ခေါင်းပုံဖြတ်မှု တွန်းလှန်ဖို့ သတ္တိရှိတယ်။

ဒို့ တတွေဟာ ခွပ်ဒေါင်းတွေ..
နှိပ်စက်မှုကြောင့် ဘ၀တွေကြေ.
သတ်ဖြတ်မှုကြောင့် အသက်ကြွေကြွေ
ညှင်းပန်းမှုကြောင့် တောင်ပံကျိုးကြေ
မတရား ဖိနှိပ် ခန္ဓာ နွမ်းခွေ
တိုက်ရင်းခိုက်ရင်း..အရောင်ပျက်စေ..
ဒေါင်းဟာ ဒေါင်းဘဲ
သေသည်ထိ အားအင်မွေးဆဲ
အသက်ပေးတောင် ဝိညာဉ်ကျန်မြဲ
ဆက်တိုက်ဆဲလေ။

အာဏာရှင်လူယုတ်လို
ဂုဏ်သိက္ခာအရောင် မမွဲ..
နှလုံးသားအရောင် မမည်း.
ဘ၀ကို ဂုဏ်သိက္ခာအရောင်တင်
ဂုဏ်သိက္ခာရှိရှိဘဲ နေချင်တယ်။
ဂုဏ်သိက္ခာရှိရှိဘဲ သေချင်တယ်။

မသဒ္ဓါ ( ၁၁။၂၃။၂၀၀၈)

အပြည့်အစုံသို့ 

Sunday, November 23, 2008

ခွေးလား..လူလား.. ရာဇ၀င်က ပိုင်းခြားတယ်။


လူ ဆိုတာ တသက်မှာ
တခါဘဲ မွေးပြီး
တခါဘဲ သေပါတယ်။
မကောင်းသော အမည်နာမ..
အနှစ် ထောင်ပေါင်းများစွာ
ရာဇ၀င်သမိုင်းမှာ ထင်ကျန်ရစ်တယ်။

ကယ်သူကို သူခိုး သူခိုးအော်
မိုက်လုံးကြီးသော စောလူး
တရုပ်သံကို သတ်.
ပြည်ဖျက်ပြေးတဲ့ နာရသီဟပတေ့..
ကုလားလုပ်ကြံကျတဲ့ ကုလားကျမင်း
ကုလားနဲ့ပေါင်းတဲ့ နတ်သျှင်နောင်
အရက်ကြိုက် မိုက်ခဲ့ တဲ့တပင်ရွှေထီး
ကြက်ဘဲတိုက်တဲ့ ပုဂံမင်း
မယ်နုလုပ်သမျှ ထမီစဆွဲရတဲ့ သာယာဝတီမင်း
တိုင်းပြည်ဖျက်တဲ့ ထမီဆုချခံရ ကင်းဝန်.
မိန်းမစော်ကား လူအူစားတဲ့ ရနောင်မောင်တုတ်
တဏှာရူးတဲ့ ဦးနေ၀င်း
သားသတ်သမားတဲ့ဟေ့ စိန်လွင်.
အာနာရူး မှူးကြီးသန်းရွှေ..
အနှစ်တစ်သောင်းတိုင် ထိတောင်.
ရာဇ၀င်မှာ အမည်မည်း..
တံတွေးထွေး ထောပနာပြုကြဆဲ။
ကောင်းမည်ဆို ထင်ပေါ်ကျော်ကြားစမြဲ
အနော်ရထာမင်းရဲ့ သာသနာယုံကြည်မှု
ကျန်စစ်သားရဲ့ သတ္တိဗလ ရဲရင့်မှု
သံတမာန်ပါးနပ်တဲ့ သျှင်ဒီသာပါမောက်
အသိဥာဏ်ကြီးတဲ့ မိဖုယားစော
မင်းမှူမထမ်း သခွါးခင်းမက်တဲ့ တောင်သူကြီးမင်း
ထမင်းတစ်နပ် ကျေးဇူးသိတတ်သော ငခင်ညို
သာသနာ အတွက် သိုဟန်ဘွားကို သတ်တဲ့ မင်းကြီးရန်နောင်။
ရန်သူဘက်မှယှဉ် တရုတ်ကို စီးချင်းထိုးသော သမိန်ပရမ်း။
စစ်မြေပေါ် သစ္စာကိုမယုံနဲ့ပြောတဲ့ လဂွန်းအိမ်.
တိုက်ပွဲအောင် ရဲရင့်သောဘုရင့်နောင်။
မင်းကျင့်တရားညီသော သာလွန်
သမိုင်းထဲ ယခုထိတိုင် မည်နာမ ထင်ပေါ်

သင့်အမည် သည်..ဘာအရောင်ဆိုးမလဲ…
သင့်အနာဂတ်က သင်ဘဲပိုင်ဆိုင်။
သင့်အမည်အရောင် သင်ဘဲခြယ်နိုင်။

လူကျင့်ဝတ်နဲ့ ယှဉ်ထိုး..
သင်မည်သို့ သောသူ
ကောင်းသည် ဆိုးသည်..
ပန္နက်ထိုး..တိုင်တည်
အနှစ်များစွာ..ကျန်နေသည်။

သင့်ရာဇ၀င်သည်..သင်ရေးမရ..
သင့် အကျင့်သိက္ခာက ဆက်၍ရေးသည်။
သင် ခွေး မျိုးလား..
သင် လူမျိုးလား..ဆိုသည်။

မသဒ္ဓါ (၁၁။၂၂။၂၀၀၈)

အပြည့်အစုံသို့ 

လူ ဆိုသည်မှာ

အိပ်စား ကာမ၊ ဤသုံးဝ
သိကြသော၊ လောကသည်
တိရစ္ဆာန် အတိ။
ဆင်ခြင်မရှိ၊ လူအလကား.
သင်၏ ဘဝသည်ပမာနွား။

လူဆို မည်က၊..လူဘ၀၏
အဓိပွါယ်သိ၊. အဓိပွါယ်ရှိ..
အသိဥာဏ်တရား နဲ့
စဉ်းစားမျှော်မြင်၊ သုံးသပ်သတိ။

အမှားနဲ့ အမှန်၊ ဝေဖန်ကြည့်
စိတ်ထားဖြူစင်၊ မွန်မြတ်အသိ၊
ကိုယ်ကျင့်တရား၊ လေးစားဂတိ
ယဉ်ကျေးပျူဌာ..
လူဟူသည်၊..မပြတ်သတိ

အတ္တ နဲ့ ပရဟိတ
ကိုယ်ကျိုးနဲ့ အများကျိုး
သင့်တင့်မျှတ၊. လုပ်ဆောင်ပါဘိ.
လူကျင့်ဝတ္တရား လုံခြုံ
ဒါမှသာ၊ လူ့ ဂုဏ်ရည်ရှိ။

လူ့ဘောင်ဘ၀ ဆိုသည်။
ဟီရိ နဲ့ သြတ္တပ တရား
ထွန်းကားရာမြေ။

ဟီရိ ဆိုသော
မိမိ မကောင်းမှုပြု ၊ မိမိ၏ ကိုယ်၌ရှက်ခြင်း
သြတ္တပ ဆိုသော
မိမိ မကောင်းမှုကို၊ သူတပါးမြင်သိ
ကဲ့ရဲ့မည်ကို ရှက်ခြင်း
အရှက် နဲ့ အကြောက်တရား
ဘဝ၏ ဆင်ခြင်တုံထား
ယဉ်ကျေး ပြူ ဌာ၊ လူပီသ.
လူသား၏၊ လှပအဆင်း။

မတော်မတရား၊ မစော်ကား ၊
ကိုယ်ကျင့် ထိမ်းမှ သင်လူ။

သူတပါးအား စော်ကားတာမြင်တွေ့ .
လက်ပိုက် မကြည့်တတ် မှ သင်လူ

ငတ်မွတ်ခေါင်းပါး၊ သနားတတ်မှသင်လူ ၊
နာကြင်သူများ၊ ကြင်နာတတ်မှ သင်လူ

တပါးသူကို၊ ကိုယ်ချင်းယှဉ်ထား
စေတနာဖြူ ၊ ကူညီတတ်သူ
သက်ကြီးသူ၊ အားလေးစား
အမျိုးအား၊ စောင့်ထိန်းတတ်သောသူ၊
ကိုယ်နှုတ်ရည်မွန်၊ ပီယ၀ါစာချိုသာစကား
သည်းခံထားနိုင်မှ၊ သင်လူ
သင့် အကျင့်သိက္ခာ မွှေးသန့် ဖြူ။
သူသည် လူပေါ့၊ ဂုဏ်ယူလော့၊

မသဒ္ဓါ (၁၁။၂၂။၂၀၀၈)

အပြည့်အစုံသို့ 

Friday, November 14, 2008

ကွဲအာနေသော ဥပဒေ..ကျမ သေတောင် မကြောက်ဖူးအဖေ။


မတရားမှုကို စက်ဆုတ်
တရားမှုကို ချစ်ခင်
ကျမဟာ ဥပဒေစာပေသင်
ဥပဒေရဲ့ ပညာရှင်။

ကျင့်ထုံးဓမ္မသတ်ကို လေးစား
အားနည်းသူများအပေါ်ထောက်ထား.
မှန်ကန်ရဲရင့် ဥပဒေသမား
ဓမ္မကို မြတ်နိုးသူများ။

ကိုယ်တိုင် တရားခံလာဖြစ်
ကျမရှေ့နေကို လည်းထောင်ချပစ်
ကျမ ချစ်သော တရားခုံရုံးတော်ပေါ်
တရားမျှတ ချေပခွင့်မရှိမှ..
ဒီနိုင်ငံရဲ့ တရားဥပဒေ..
ဘာကျက်သရေမှမရှိဘူး..
ဒါဟာ ဥပဒေ မဟုတ်ဖူး။

ကျမကို
ထောင်ထဲ ထည့်ချင်ထည့်
သတ်ဘဲ သတ်ချင်သတ်လှည့်
ဥပဒေ ဘက်တော်သား ကျမ.
အသက်ရင်းလို့  ဥပမာပြခဲ့မယ်။
နောင်လာနောက်သား
နအဖ လုပ်ကြံ ပါးစပ် ဥပဒေ
ဘာလည်းသိစေရမယ်။

စိတ်မကောင်းမဖြစ်နဲ့ အဖေ..
အဖေ့ သမီး..အဖေ့လို သတ္တိကြီးတယ်။
အားမငယ်နဲ့  သေရင် အမျှဝေပါလှဲ့ 
(၈၈) အကိုတော်၊ အမတော်တွေရဲ့ သံမဏိတံတိုင်းထဲ
ကျမလေ သဲပွင့်လေး တစ်လုံးသာပါ
(၉) နှစ် ဆုံးတာ ကိစ္စမရှိ..
အဖေ့ မျိုးနွယ်ဆက်၏ ဇာတိမာန်သတ္တိ..
သမိုင်းတွင်ထိ ရေးခဲ့မယ်။

(ဗကသ) အဖွဲ့ဝင် ကျမ
ဒဂုံတက္ကသိုလ်ရဲ့ ဥပဒေနောက်ဆုံးနှစ်
အသက်က (၂၁) နှစ်.
အဘအမည် ဦးထွန်းဦး။
ကျမ အာဇာနည် မဟန်နီဦး။

ကုန်ဈေးနှုန်း မြင့်လို့ ဆန္ဒပြ။
လောင်စာဆီ မြင့်လို့ ဆန္ဒပြ။
အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊
လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)၊
တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊ ၁၄၅
မှတ်ပုံတင်ထားခြင်း မရှိဘဲ အသင်းဖွဲ့စည်းမှု ပုဒ်မ ၆
ထောင်ဒဏ် ၉ နှစ်နဲ့ ၆ လ တဲ့။
ဟာဟာ့ ဟာဟ..ရီချင်တယ်။။
နည်းသေးတယ် နအဖရယ်။

ချချင် သလောက် ချ..
ကျချင် သလောက် ကျ..
အစိုးရ မပီသတဲ့ အာဏာရှင်
ရုံးတော် နဲ့ မညီတဲ့ ရုံးတော်
ကျမ်းကိုင်တဲ့လက်နဲ့  လာဘ်လာဘလက်ခံ
သမာဓိ မရှိတဲ့ ခုံတော် တရားသူကြီး
တိုးယိုပေါက်နဲ့  ပေါက်ပြဲနေတဲ့ ဥပဒေ
ရက်စက်ယုတ်မာ ရဲအာဏာပါးကွက်သားများ
လူရှင်သင်္ချိုင်း၏ အင်းစိန်ထောင်..
ကျမ ခေါင်းမော့ ရင်ကော့ဝင်ခဲ့တယ်။

ကျမ ချစ်တဲ့ဥပဒေ..
တနေ့ ဖြူဖွေးသန့် ရှင်းရေး..
ကျမချွေးနဲ့ ဆေးမယ်။။
ကျမသွေးနဲ့ ဆေးမယ်။
ကျမ နုပျိုမှူကို ချကြွေးမယ်။
ကျမ အသက်ကို စတေးမယ်။

ရဲရဲနီစွေး ခွပ်ဒေါင်းသွေး
နိဒါန်းသစ်..ကမ္ဘာ တွင်..
ကျမသည် ဥပဒေပညာရှင်။
ဘယ်တော့မှ ဒူးထောက် အယူခံမ၀င်ဘူး..
ရုးမိုက်တယ်ဘဲ ဆိုချင်ဆို။

မသဒ္ဓါ (၁၁။၁၃။၂၀၀၈)
ရဲရင့်သော ဥပဒေချစ်သော တူမလေးဟန်နီဦးအတွက်..
စိတ်ဓါတ်ရဲရင့်သောသမီးတစ်ယောက်မွေးဖွားထားသော ဦးထွန်းဦးအတွက် အလွန် ဂုဏ်ယူမိပါတယ်။

အပြည့်အစုံသို့ 

Wednesday, November 12, 2008

နောက်ဆုံး အားကလေး ဘယ်သူလာဖြည့်မလဲ။

မွေးရပ်မြေ
ခေတ်ဆန်းရောက်စေဖို့
တဗိုလ်ကျရင် တဗိုလ်နိုးကာထ..
ကြိုးစားကြဖို့ အချိန်တန်။
ထောင်တွေ တန်းမကြောက်..
ဇာနည်ရဲ့သွေး ရဲရဲတောက်တယ်။
သေသေကြေကြေ
ခေါင်းငုံမခံဘူး
ပြိုင်တူတွန်းရင် ရွှေ့ နိုင်တယ်။

ပုံပြင်လေးထဲ တပုဒ်..
လမ်းမပေါ်က ပိတ်ဆို့ ကျောက်တုံး
တိုက်မိ လှည်းဝန်ရိုးကျိုး
ခရီးမတွင် နှောက်ယှက်လမ်းပေါ်တွင်။

လမ်းသွားသူအားလုံး စည်းရုံး
ကုတ်နဲ့ကော်ဖယ် ဒီကျောက်တုံး..
လုံးလုံးမရွေ့ ..တုတ်တုတ်မရွေ့ 
နောက်ဆုံးလိုတဲ့ အားကလေးတငွေ့ 
ပုရွက်ဆိတ်ကလေးက ကုတ်ပေါ်ခုန်ချမှ
နောက်ဆုံး...ကျောက်တုံးထွက်ကျတဲ့ ပုံပြင်
ဆင်ခြင်ကြစေချင်။

နောက်ဆုံးအားကလေး လိုနေသည်။
ဘယ်သူ ကူညီဖြည့်မလည်း..
သင်ဘဲလား..ကျွန်ုပ်လား..
ကြိုးစားအားထုတ်..
အာဏာရှင် ဇာတ်နိဂုံးချုပ်ရအောင်။

မသဒ္ဓါ ( ၁၁။၁၂။၂၀၀၈)

အပြည့်အစုံသို့ 

ဖောင်းကြွနေသော အမြင်ကပ် ပုဒ်မများ။


ရှေးအစဉ်အဆက် သာယာဝပြော
ဆန်ရေပေါတဲ့ ဒို့ ရွှေပြည်.
ခုတော့ ငတ်မွတ် သူတောင်းစားပေါသည်။

ဝန်ထမ်းတွေ ၀င်ငွေမလောက်..လာဘ်လာဘ မျက်နှာဘဲ ထောက်.
ကျောင်းသားစာသင်ရန် အချိန်မလောက်..အပြင်မှာ အမှိုက်ပုံကောက်
ဘုန်းကြီး ဆွမ်းမလောက်..ဆန်ပြုတ်သောက်
လယ်သမားလယ်ပျောက်..တပ်က လယ်မြေသိမ်းသောကြောင့်
ကျောင်းဆရာတွေ ပါးစပ်ပေါက်ပျောက်၊..ကြံဖွတ် မ၀င်မနေရသောကြောင့်။

မိန်းမတွေ ပြည်တန်ဆာဖြစ် တယောက်ပြီးတယောက်.အလုပ်မရှိသောကြောင့်။
တိုင်းရင်းသားတွေ ရွာပစ်ပြေး တောထဲရောက်၊ စစ်တပ် ဓါးမြတိုက် မုဒိန်းကျင့်သောကြောင့်။
လူအိုလူမင်းတွေ လမ်းဘေး..ပင်စင်မလောက် ခိုကိုးရာမဲ့သောကြောင့်။
စာနယ်ဇင်းသမားတွေ ထောင်ထဲရောက် .အမှန်သတင်းရေးသောကြောင့်။
ဂျာနယ်တိုက် ထုတ်ဝေခွင့်ပိတ်..ကလေးအလုပ်သမားပုံ ဖေါ်ပြမိသောကြောင့်။

ရှေ့ နေတွေ နှိပ်စက် ထောင်ချ..နိုင်ငံရေးသမား တရားခံ အမှုလိုက်ပေးခြင်းကြောင့်။
ဆွေမျိုးမှန်သမျှ နှိပ်စက် ..ဦးဂမ္ဘီရနဲ့ အမျိုးတော်သာကြောင့်။
ကလေးငယ်တွေ ဖမ်းဆီး ..စစ်ထဲဝင်လိုသူမရှိသောကြောင့်။
အနုပညာသမားမို့ ထောင်ကျ ..ဘလော့ ရေးမိခြင်း ကြောင့်။
အဆိုတော် ဂီတစာဆို ထောင်ကျ ..နိုင်ငံရေး သီချင်းဆိုသောကြောင့်။

ရုပ်ရှင်မင်းသားအား ညှင်းပမ်းထား. နာရေးကူညီမှုအသင်း ဖွဲ့ သောကြောင့်။
စေတနာ့ ၀န်ထမ်းအုပ်စုတွေကိုဆွဲ ..လူသေမြုပ်ပေးတဲ့အတွက်ကြောင့်။
လူ့အခွင့်အရေးကာကွယ် သူများအရိုက်ခံရ ..ကောင်းတာ လုပ်သောကြောင့်။
သံလက်သီးအထိုးခံရသူ..လက်သီးရှေ့ မျက်နှာလာ ထိုးခံသောကြောင့်။
မုန်တိုင်းသင့်သူများအငတ်ထား..လက်ဝါးဖြန့်တောင်းသောကြောင့်။

တသက်လုံး မကြားဘူုးတဲ့အမှု
ဘယ်တိုင်းပြည်မှ မရှိသေးတဲ့အမှု
ရှေ့ နေကိုယ်တိုင် ဘာမှုမှန်းမသိတဲ့အမှု
နအဖလက်ထက်မှ အစပြုတယ်။

နိုင်ငံတော်အကြီးအကဲကို အရိုအသေမဲ့မှု။
ရုံးတော်ကို မထီမဲ့မြင်ရာ စော်ကားမှု။
နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု။
ဝရမ်းမပါဖမ်းဆီး. တံခါးဖွင့်ပေးရန်ပျက်ကွက်မှု။
လူရမ်းကား ကြံဖွတ်ရုံးထဲဝင်သွား ကြံဖွတ်ရုံးအားစော်ကားမှု။

အထိုးခံရသူ အားထိုးသူကစော်ကား။ အထိုးခံရမှု။
ဗိုလ်ချုပ်အောင်ဆန်းပုံ အလေးပြု ကျူရှင်ဆရာခေါင်းညွှတ်မှု။
မျက်စိပါ video ကြည့် စိန်စီသောည အခွေလက်ဝယ်မှု။
ကျောင်းသားတွေ စီတန်းလမ်းလျှောက် လမ်းပိတ်ဆို့ စေမှု။
ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ် နအဖ နားကလောမှု။

မတရားပိုက်ဆံလုပ်အားပေး ILO ကိုတိုင်ကြားမှု။
ပုန်းအောင်းကျောင်းသူနီလာသိမ်း..ခလေးနို့ မတိုက်ထွက်ပြေးတဲ့အမှု
သူ့ သားက အဖေ့အိမ်နေ ၀ရမ်းပြေးလက်ခံမှု။
လူမမည်အဖေအမေ ခလေးစစ်သား ၀တ္တရားနှောက်ယှက်မှု။
လှေခပေး စီးနင်းသူ လိုက်ပို့ လှေထိုးသား NLD လှေပေါ်တင်မှု။

မိဘ၀န်ထမ်းများ ရာထူးပြုတ် နိုင်ငံရေးသားသမီးများမွေးထားမှု။
ကျောင်းဆရာများရာထူးမတက် စစ်သားထက်ပညာတတ်သောအမှု။
မူစလင်ဘာသာဝင်ထောင်ထဲထဲ့ ဘုန်းကြီးရေလှုမှု။
NLD က ကိုမြသန်းထိုက်အား သေနတ်ကျည်ဆန်ထိမှန်မှု
ကဗျာဆရာစောဝေ.အချစ်ကဗျာပဟေဠိ ရေးမိသောသောအမှု။
မုန်တိုင်းသင့်သူများအတွက် ဒီချုပ်ဝင်က ဆန်လှု အသက်ကယ်တင်မှု။

တရားဥပဒေ ကလနားမရှိ.
သောက်မြင်ကပ်သော ပုဒ်မများ..
မဟားဒယား ကိုယို့ ကားယား
နအဖ မုဒိန်းအကျင့်ခံရတဲ့မြန်မာပြည်
ဥပဒေပျောက် ထီးကျိုးစည်ပေါက်
ခွေးသေကောင်လို လင်းတအဆွဲခံနေရတဲ့မြန်မာပြည်။
ဒါ ကျမ မွေးဖွားခဲ့တဲ့ ရွှေပြည်။
ဆေးရောင်ပျက် အောက်တန်းကျခဲ့ကြပြီ။

နိုင်ငံတော်ကို ဆူပူ လှုံ့ဆော်မှု ။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊
သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ ၂၉၅(က)၊
အီလက်ထရောနစ် ပုဒ်မ ၃၃(က)၊ ၃၈၊
ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ)၊ ၃၆၊
မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇၊ ၂ ၊
တရားမဝင် လူစုလူဝေးမှု ပုဒ်မ ၁၄၃၊
လူစုခွဲ ရန် ညွှန်ကြားချက် မနာခံမှု၊
ဆူပူမှုမှာ ပါဝင်စေရန်သွေးထိုးလှုံ့ဆော်မှုနှင့်
လုံခြုံရေးထိခိုက်ပျက်ပြားစေမှု ။
ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း ပုဒ်မ ၁၄၅
တရားမဝင် နယ်စပ်ဖြတ်ကျော်မှု။ (လဝက) အရေးပေါ် အက်ဥပဒေ ပုဒ်မ ၁၃(၁)
တရား စီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈
မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေ ပုဒ်မ ၆
ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊
ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊
ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ
အမျိုးသားညီလာခံအား ဆန့်ကျင် နှောင့်ယှက်သည့် ဥပဒေ ၅/၉၆၊
ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂ (ခ)/၃၆၊
အီလက်ထရောနစ်ပစ္စည်း ကိုင်တွယ်မှု ဥပဒေ ၃၃ (က)/၃၈
အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည)
ပုံနှိပ်ဖြန့်ဝေ ၁၇(၁၀)၊ ပုဒ်မ ၄၂၀
နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄
လိမ်လည်မှု (ပုဒ်မ ၄၂၀)
အခြားနိုင်ငံများအား အသရေပျက်စေမှု ပုဒ်မ ၁၃၀(ခ)
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)၊
ဘလာ ဘလာ..ဥာဏ်ဆင်ပုဒ်မများ.

လှုပ်မယ်မကြံနဲ့။
ကိုလိုနီခေတ် သခင်ပေါက်စက ထောင် (၆)လ
နအဖခေတ် ၈၈ ကျောင်းသားဘဝ ထောင်ကျ (၆၅)နှစ်
ငွေကြေးတင် ဖောင်းပွတာမဟုတ်
ထောင်ချနှစ်လည်း တဖြေးဖြေးဖောင်းပွလာတယ်။
သန်းရွှေကျမှ ထောင် လေးသင်္ချေချရမယ်။

တရားမ၀င်အစိုးရ ရဲ့ တရားမ၀င်တဲ့ ဥပဒေ
လက်ညှိုးညွှန်ရာ ရေဖြစ်မယ်ထင်သလား။
ဖိလွန်းရင်ကြွ..ထိလွန်းရင်ပြန်ချမယ်။
တရားဥပဒေ ဒို့ ဘက်မှာ အမြဲရှိတယ်။

မသဒ္ဓါ (၁၁။၁၂။၂၀၀၈)

အပြည့်အစုံသို့ 

Tuesday, November 11, 2008

လေးမြှားတစ်စင်းနဲ့ အနုပညာသည်။ ခေါင်းမငုံမဲ့ ဘလော့ဂါစစ်သည်။

သေနတ်ပစ်တတ်မှ..
လူသတ်တတ်တာ မဟုတ်

ဓါးနဲ့ ခုတ်တတ်မှ..
လူသတ်တတ်တာ မဟုတ်

ဒုတ်နဲ့ ရိုက်တတ်မှ..
လူသတ်တတ်တာ မဟုတ်။

ဓါးနဲ့ သတ်ပစေလေ။
တစ်ခါဘဲသေမယ်။
ဂုဏ်သိက္ခာသေ သူ့ တဆွေလုံးကြေမယ်။
ဓါးသွားထက် ကလောင်သွားထက်
ဓါးသွားထက် လျှာသွားကထက်
ဒါ မီဒီယာ လက်နက်၊ ပေါ့ပျက်ပျက်မထင်နဲ့ 
တယောက်စကား တစ်ယောက်နား.
မကောင်းသောသူ .လူယုတ်စာရင်းသွား
လူနဲ့  လူ့ အဖွဲ့ အစည်း.
လိမ်ညာဝါ ဖြီး၊.တနပ်ချည်းသာ
ရေပေါ်ကဆီ ရေနဲ့ မရောသာ။

လက်နက်ပြစား သည်းခံနိုင်တုန်းခဏ
တရားဥပဒေမမျှ တနေ့ တော့ ဆွဲချ။
အပေါ်မှာ တသက်လုံး မကောင်းသူ ဘယ်သူရှိဖူးသလဲ။
အောက်မှာ တသက်လုံး ကောင်းသူ ဘယ်သူနေရမလဲ။
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ။
အာဏာရှင် အညာစကား ဘယ်သူမယုံ။

ဘလော့ဂါစာရေး...ဘာဖြစ်သေးသလည်း။
မြင်တာတွေ ပကတိရေး..
မှင်မရှိ...သွေးနဲ့ဘဲ ရေးရပစေ။
ရှေးလူတွေရေးခဲ့ ၊ ဒို့ လေ့လာခဲ့ လူ့ သမိုင်း။
ဒို့ တတွေလည်းရေးမဲ့၊ ဒို့ ခေတ်ရဲ့ ဒို့ သမိုင်း
အမှန်ကို ထုတ်ဖေါ်ပြော ဘယ်သူ့ ကို ကြောက်ရမလဲ။

ပါးစပ်တွေပါတယ်…အော်ကြဖို့ 
မျက်စိတွေပါတယ်…မြင်တတ်ကြဖို့ 
နားတွေပါတယ် ..ကြားကြဖို့ ။
လက်တွေ ပါတယ်…ရုန်းကန်ကြဖို့ ။
ခြေထောက်တွေပါတယ် သွားလာကြဖို့ 
ဦးဏှောက်တွေပါတယ်..ဆင်ခြင်ဆုံးဖြတ်ကြဖို့ 

အသိဥာဏ်လွတ်လပ်ခွင့် လူသားမှန်ရှိသင့်။
အတွေးအခေါ်လွတ်လပ်ခွင့် နွံ့ မှာမနစ်သင့်။
ရေးသားထုတ်ဖေါ်လှစ် မွေးရာပါ အခွင့်။

အနုပညာ ကလောင်တစင်း..
အာဏာရှင်ရဲ့ လှိုင်းလှေတွင်း..
ရုန်းရင်း ကန်ရင်း..နစ်ရမှာလား.
စိတ်ဓါတ်သည်သာ အင်အား.
ငါသည် ဘလော့ဂါ နေဘုန်းလတ်
“ ငါ့ စိတ်ဓါတ်နှင့် အနုပညာ
ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . .
လူကိုသာ အကျဉ်းချလို့ ရချင်ရ၊
စိတ်ဓါတ်နဲ့ အနုပညာကို. အသေသတ်လို့ မရ"


ဦးဝင်းတင်လို နှစ် (၂၀) ထောင်ထဲ
ငါ့ မနေရဲဘူး ထင်လား.
မင်းကိုနိုင်လိုဘဲ
ငါ့သွေးမရဲဘူး ထင်လား.

ရွဲ့ နေတဲ့မြင်ကွင်း
ပဲ့နေတဲ့ မြန်မာ့သိက္ခာ
ဖွဲ့ ပြချင်တဲ့ သံစဉ်တွေ
ရင်ဘတ်ထဲ မျိုချ..
ပြတ်တဲ့ ဂစ်တာကြိုးစများ
လွန်းတင်ကျစ်ပြီး လေးကြိုးဖြစ်ခဲ့တယ်။
အနုပညာ လေးမြှားလက်နက်
ငါ တတ်ဆင်ထားတယ်။

ဘယ်တော့မှ ဒူးမထောက်.
ဘယ်တော့ မှ လက်မမြှောက်ဖူး
တနေ့ နေ့  တချိန်ချိန်
ငါ့လက်က ပျောက်ကျခဲ့တဲ့မြို့ တော်.
ဒီမိုကရေစီနဲ့  ပြန်ခေါင်းမော်စေရမယ်။

မသဒ္ဓါ (၁၀။ ၁၁။ ၂၀၀၈)
မောင်လေး ဘလော့ဂါ နေဘုန်းလတ်သို့ ။ အားမငယ်နဲ့မောင်လေး..ရောက်လုနီးပြီ ပန်းတိုင်ဆီ။

အပြည့်အစုံသို့ 

Wednesday, November 5, 2008

သိုရင်းလက်ဖျားပေါ်က ကွမ်းသွေးရဲ့ကျိမ်စာ


လွဲမှားတဲ့မာန.မောက်မာတဲ့မောဟ
ငါကွ ဟဲ့ငါ..ငါသာ အသိ
ငါနဲ့ငါသာနှိုင်းစရာမရှိ
ကျွဲခြေရာခွက်ရှိဖါးသူငယ်။
အပြောကျယ်ပင်လယ်
မမြင်မသိတယ်။

မော်ကြွားတံခွန်အတုမရှိ။
ကောက်ရိုးပုံစောင့်ခွေး အစွမ်းနတ္ထိ။
အူသာအူ.လူကမလေးစား
လည်လွန်းသောဘီး၊
ချီးသင့်မှာ သတိထား။

ပုဂံ နန်းရင်ပြင်ထဲ.
မောက်မာစွာ စော်ကားခဲ့တဲ့ သီဟသူ
တနေ့ မှာ တူသော အကျိုးပြန်ယူလှဲ့ 
ကြီးသူအပေါ် ဂါရဝမရှိခဲ့.

ရာဇသင်္ကြန်ရဲ့ ဖျင်သိုရင်းလက်ပေါ်
တကြိမ်တစ်ခါ သာထွေးတဲ့ ကွမ်းသွေး။
တရံရောအခါ.
ဒါ..သွေးကြွေးဟေ့ သွေးကြွေး.

စိမ်ခေါ်ရင်..ဘယ်သူဘွာမခတ်.
နန်းရင်ပြင်က စတဲ့ဇာတ်..
ဆင်ခြေထောက်အောက်မှာ
ဘ၀ အဆုံးသတ်တယ်။
ကွမ်းသွေး တစက် ရဲ့တန်ဖိုး
သွေးစက်နဲ့  ပြန်ဆပ်ခဲ့တယ်။
မောက်မာသူ သီဟသူငယ်။

မသဒ္ဓါ (၁၁။၀၄။၂၀၀၈)

အပြည့်အစုံသို့ 

Thursday, October 23, 2008

မွေးရပ်မြေသို့ မေတ္တာပို့ 


မြင်လိုသေးသည်၊ မေ့မွေးမြေ၌
အာရုံနေခြည်။ မိုးသောက်နီိတွင်
သံဃာဆွမ်းခံကြွသည်ကို။


ကြားလိုသေးသည်၊ မွေးမြန်ပြည်၌
စည်ဗြောမစဲ။ အလှူပွဲဖြင့်
သာသနာ့ မွေခံကြသည်ကို။

ရှုလိုသေးသည်၊ အမိမြေ၏
တောင်စဉ်မိုးမောက်၊ ထုံးရောင်တောက်သော
စေတီပုထိုး.များသည်ကို။

ဂုဏ်ယူစမ်းချင်။ မြန်မာမြေတွင်
အကြင်နာပွါး။ စေတနာများ။
ဗြဟ္မဇိုရ်တရား။ ရင်၌ထား၍
ကြွယ်ဝအပြုံး၊ဖြူနှလုံးဖြင့်၊
ဆန်ရေများပြား၊ ပီတိများဝေ
တရားမျှတ။ စုံကြွယ်ဝဖြင့်
မြန်မာ့ဦးကင်း တံခွန်ထူု။

ရိုးသားတည်ကြည်၊မြဲသစ္စာရည်၊
ခိုင်ကြည်သိက္ခာ၊ရိုးသားစွာဖြင့်။
မြန်မာ့ ၏ ဒေါင်း။ ရောင်နီလောင်းချိန်
နိုးထတွန်ကြူး ကြသည်ကို။

မသဒ္ဓါ (၁၀။၂၃။၂၀၀ဂ)

ဘဘကြီး ဦးဝန် (မင်းသုဝဏ် [၁၉ဝ၉ - ၂ဝဝ၄] ) ၏ ထင်ရှားကျော်ကြားသော ပေါက္ကံပြည်၌ ကဗျာကို မှီးထားပါသည်။
မသဒ္ဓါ သည် စင်စစ် တတ်ကျွမ်းသော ကဗျာဆရာမ မဟုတ်သေးပါ။ စေတနာအလျှောက် နိုင်ငံကို ချစ်မြတ်နိုး၍ မြန်မာ့ဦးစွန်း ကမ္ဘာပေါ်တွင် ပြန်ထွန်းကား စေလိုသူ သာမန် မြန်မာ အမျိုးသမီးသာဖြစ်ပါသည်။
အမှားရှိပါက ခွင့်လွှတ်ကြပါ။

အပြည့်အစုံသို့ 

Tuesday, October 21, 2008

သစ္စာဆိုခြင်း ရန်မာန်ရှင်းစေ။ အမှန်တရား၏ အဖြေ


ရုပ်နာမ် ခန္ဓာ (လေးပါး) တို့သည်
စိတ်လျှင်သာ ပဓါန ရှေ့သွား
စိတ်လျှင်သာ အကြီးအမှူးရှိကုန်၏၊
စိတ်တို့ ဖြင့် ပြီးကုန်၏၊

ပြစ်မှားစိတ်ဖြင့်၊ ပြောဆို ပြုလုပ်
ကြံစည်ကျိုးကုပ်။ အားဆောင်ထုတ်သော်
ဝန်ဆောင်နွား၏ ခြေရာသို့
အစဉ်လိုက်ဘိ၊ လှည်းဘီးနှယ်၏။
ဆင်းရဲခြင်းသည် ။ ထပ်ချပ်မကွာ
ဤသူယုတ်ထံသို့ အစဉ်လိုက်တတ်၏။

သန့်ရှင်းကြည်လင် စိတ်အစဉ်ဖြင့်
ပြောဆို ပြုလုပ်၊ ကြံစည်ထုတ်သော်
ကောင်းမှု အထိပ်။ အေးချမ်းရိပ်သည်
ထိုသူပါးသို့ ချမ်းသာသုခ အစဉ်လိုက်လေ၏။

သူတဦး၏ နတ် နိဗ္ဗာန်
သုံးတန်သော ချမ်းသာမျိုးကို
အမိအဖသည် မပြုစွမ်း နိုင်၊
ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်၊
ကိုယ်ပိုင်စိတ်နှလုံး၊ ကောင်းစွာမွေးမြူအပ်ပါမှ
ထိုသူ၏ဘဝ၊ မြင့်မြတ်သောဘုံ ရောက်ရှိပါတုံအံ့။

သူတစ်ပါးတို့၏ မလျော်အပြစ်၊
သူတစ်ပါးတို့၏ အပြစ်အနာအဆာ
သူတစ်ပါး၏ ကောင်းမှုမကောင်းမှု ပြုမပြု
လက်ညှိုးထိုးလှောင်ပြောင် မကြည့်ရှုရာ၊
မိမိ မည်မျှ ကောင်း မကောင်း
ကောင်းမှု မကောင်းမှု ပြု၏ မပြု၏
မိမိဖာသာ ဆင်ခြင် သုံးသပ်ရှုရာ၏။

အိပ်မပျော် နိုးသူအား ညဥ့်တာရှည်၏၊
ခရီးပန်းသူမှာ ယူဇနာခရီးသည် ရှည်၏။
သူတော်ကောင်းတရားကို မသိသူ
လူမိုက် သံသရာ ရှည်လျား၏။

မိုက်သောသူပင်ဖြစ်စေ
မိမိ မိုက်ကြောင်း အပြစ်ကိုသိ၏၊
အပြစ်ကိုပြင် ပညာရှိဖြစ်နိုင်သေး၏၊
ရူးမိုက်ဝါကြွား၊ ငါသာပညာရှိ တကားဟု
မိမိကိုယ်ကို ထင်မှတ်ယူပါမူ
ဤသူသည် စင်စစ်လူမိုက်ဟူတကား၊

ခိုင်ခံသော ကျောက်တောင်သည်
(အရပ်လေးမျက်နှာမှ) လာသောလေကြောင့်
တုန်လှုပ်ခြင်းအလျှဉ်းမရှိ။
ပညာရှိ တို့သည် ချီးမွမ်းခြင်း
ကဲ့ရဲ့ခြင်းတို့ကြောင့် စိုးစဉ်းငယ်မျှမတုန်လှုပ်ကြကုန်။
(ဓမ္မပါဒ တရားတော်)

အောင်မြင်ခြင်း ၊ ကျဆုံးခြင်း ၊
ချမ်းသာခြင်း ၊ ဆင်းရဲခြင်း ၊
အခြွေအရံ များခြင်း ၊ နည်းခြင်း ၊
ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း အားလုံးသည်
လောကပါလ ၏ နိယာမ၊ သဘာဝတရားများ
( လောကဓံတရား ရှစ်ပါး သာ ) ဖြစ်သည်။

ချီးမွမ်းလျှင် ခုနှစ်ရက်
ကဲ့ရဲ့သော် ခုနှစ်ရက်
အကဲ့အရဲ့ စဉ်းငယ်မျှ လွတ်သောသူ
မည်သူမျှ လောကမှာမရှိ။
ဘုရားရှင် ကိုယ်တောင်တိုင်ပင်
အကဲ့ရဲ့ မလွတ်၊ လောကဓံ မှမလွတ်နိုင်သေးပါက
သာမာန်လူမသဒ္ဓါ..တရားနှင့်ဖြေနိုင်ပါသည်။

မိဘကောင်းမှ မွေးဖွား သမီးကောင်း၏
ဘ၀တစ်ကွေ့ ၌ မိဘယုတ်မှ မွေးဖွား
မသွန်သင်ထားသော သူယုတ်မာအား
ကံအကျိုးမလှတွေ့ ဆုံရသောအခါ.

အမိယုတ်သား ကြမ်းတမ်း၊ ယုတ်မာလပ်ပေ၏။
ရှက်စရာသည် မည်သည့်အရာဟူသည်ကိုပင် မသိ
ခွေးရူး နွားရူးနှယ် မြင်ရာ ရမ်းတတ်၏။
အဆင့်အတန်းနှင့် မလျှော်သော
သိမ်ဖျင်းစကား ပြောကြားတတ်၏။
မိမိ ၏ အဆင့်အတန်း ဖော်ပြကြွားဝါ
ရှက်ဖွယ်ရာ လိလိ။
လည်သောဘီး ချေးသင့်ချိန် ရပ်မည်သာဖြစ်၏

ပညာတတ်သည် ဆိုသည်မှာ
တက္ကသိုလ်မှ အောင်လက်မှတ်ဆိုသည်ထက်
အမှန် အမှားကို ကိုယ်ပိုင်ဥာဏ်တို့ ဖြင့်
ပိုင်းဖြတ်သောဓမ္မပါဒ တရားကိုသိသူသာ
ပညာရှိ အမှန်ဖြစ်၏။

ဘုရားဂုဏ် တရားဂုဏ်
သံဃာ့ ဂုဏ်။ ဆရာ့ ဂုဏ်
အမိဂုဏ်။ အဖဂုဏ်
ဆွေ ဂုဏ် မျိုးဂုဏ်
သူတော်ကောင်းဂုဏ်
ပညာရှိဂုဏ်.အားသိအပ် မြတ်နိုးအပ်သော
လူသားတစ်ဦး၏ ဘ၀ ရရှိခဲ့ရခြင်းကြောင့်
အသိအမြင် ဥာဏ်ပညာကို ရရှိခဲ့ခြင်းကြောင့်
ဂုဏ်တော်တို့ ၏ ကျေးဇူးအားရှစ်ခိုးဦးတင်.
မသဒ္ဓါ ပန်ဆင်ပါသည်။

ဤ မှန်ကန်သော သစ္စာတရားကြောင့်
အမှန်တရားသည် နွံတွင်မညစ်သော
ပတ္တမြားကျောက် ကဲ့သို့ 
ရောင်ဝါ ထွန်းလင်းပါစေ။
မဟုတ်မမှန် သူယုတ်မာ၏
ကဲ့ရဲ့ ဆိုသောစကားများသည်။
လက်ခံသူ လက်မခံလိုပါက.
ပေးလှာသူ မှ တဖန်ပြန်လည် ယူဆောင်ရရိုး
ထုံးစံသာ ဖြစ်ပေ၏။

ထိုသူ၏ ပြုလာသော စေတနာနှင့် အမျှ
တဖန်ပြန်လှန် အာနိသင်သက်ရောက်ကြပါစေ။
တူသောအကျိုးခံစား စံစားရပါစေ။
ဤမြေပံသု ကိုတည်..
ကျမသည် သစ္စာ ဆိုပါ၏။

လူသားများအပေါ်
တရားမျှတ လောကပါလတရား ဖြင့်နေနိုင်စေရေး
သွန်သင်ညွှန်ပြ ထားခဲ့သောစေတနာကြောင့်
မြန်မာပြည်သား အားလုံး
အေးချမ်းသောဘ၀ အားလုံးရရှိ
ငြိမ်းချမ်းလွတ်လပ် ပျော်မြူးနိုင်ကြစေ။

မသဒ္ဓါ (၁၀။ ၂၀။ ၂၀၀၈)

အပြည့်အစုံသို့ 

Saturday, October 18, 2008

အတောင်စုံငြိမ်းချမ်းရေးဌက်..ဝေဟင်ထက်ဆီ ပျံလမ်းဆီသို့ 


လူကြီး လူငယ်..
အမြင်မှားကြတာ ထုံးစံဘဲ
အိမ်ထောင်စု တစ်ခုတောင်..
အဖေနဲ့ သားတောင် ဝိဝါဒ မူကွဲ
အရွယ်ရောက်ဌက် လေဆန်ပျံကြည့်ချင်တာဘဲ။

အချိန်က အသိုက်ထဲက ထွက်
တောင်ပန်တွေ ဖြန့်ကျက်
ဒို့ တွေလည်း ပျံခဲ့ဖူးတယ်
နားလည်မှူ တစ်ခုဘဲလိုတယ်။
လူကြီးကလည်း ခွင့်ပြုပေးတတ်ရမယ်။
လူငယ်တွေ အပေါ် ယုံကြည်တတ်ရမယ်။
လူငယ်ကလည်း လူကြီးကို လေးစားတတ်ရမယ်။

လူငယ်ဆိုတာ တက်လူတွေ.
တက်ကြွအားမာန် စိတ်ဓါတ်သန်တယ်။
အသစ် အသစ်တရား လက်တွေ့ ရှာဖွေလိုတယ်။
အချိန်တန် အရွယ်ရောက်.
အပြင်လောကကို စနည်းနာလိုတယ်။

လူကြီးဆိုတာ အတွေ့ အကြုံရင့်တယ်
ပြဿနာနဲ့  လောကဓံတရားတွေ
ရင်ဆိုင်ခဲ့ဘူးတယ်။
အမှားဆိုတာ
ထောင်ချောက် ဘယ်ဟာ ဘယ်မှာ မြင်သိတယ်။
မှန်မှန်နှေးနှေး.အမှားကင်းအောင်နေတယ်။
လူငယ်အပေါ် စေတနာထား သွန်သင်ဆုံးမပေးတယ်။

မှန်ကြပါတယ် နှစ်ဖက်စလုံး.
လူငယ်တွေရဲ့အမြင်..လူငယ်တွေ ရဲ့ လုပ်လိုအား.
ငါလူကြီးဘဲ ချုပ်မထားသင့်ပါဘူး။
စိတ်ပူ ကြောင့်ကျ ဘေးမရှိစေချင်ပေမဲ့
ပျံချင်တဲ့ ဒေါင်းဌက်.လွတ်လပ်စွာ ပျံပါစေ။
လူငယ်ဘာဝ အမှန်တရား လက်တွေ့ ရှာဖွေပါစေ။

အမှားဘယ်ဟာ ရှင်းပြတာ လူကြီးတာဝန်။
ဘယ်လိုသွား ဘယ်နေရာ..ဘာလုပ်သင့်တာ
ပြောပြရမှာ လူကြီးတာဝန်။
လိုက်နာတာ မလိုက်နာတာ..လူငယ်နဲ့ အလုပ်.
ဝေဟင်ထဲ မုန်တိုင်းလာ..ဘာတွေ လုပ်..
စာတွေ့ ..ပြောပြတာ က အလွန်လွယ်။

လက်တွေ့ မုန်တိုင်းထဲက ဒေါင်းကလေး.
အခက်အခဲ.တွေ ကိုယ်တွေ့ ကြုံတဲ့အခါမှ
တသက်မမေ့ အမြဲသတိတရ။.
သူ လူကြီးဖြစ်လာခဲ့ရင်..
သူတဆင့်လက်ဆင့်ကမ်းမယ်။
လူကြီုးဖြစ်ဖို့  လူငယ်ဘ၀ ဖြတ်သန်းရဖူးတယ်။

ကြိုဆိုပါသည် NLD မှ လူငယ်များ..
ဒီအချိန်ဟာ ပျံသန်းရမဲ့အချိန်။
လူကြီးတွေ ရဲ့စေတနာကို ကျေးဇူးဆိုခဲ့ရမဲ့အချိန်။
လေဆန်ကိုမော့ ပျံပါတော့
သိန်းဌက်ကို ရှောင်.
မုန်တိုင်းကို ရှောင်.
သတိထားပါ၊ အမှားမရှိအောင်။

သင်သည်..လူငယ်၏အားမာန်.
လွတ်လပ်မျှတ လူ့ ဘောင်တည်ထောင်ရန်.
အတောင်စုံ ပျံချင်ကြတာဘဲ..
ကံကောင်းဖို့ ဆုတောင်းပေးဆဲ..
တနေ့ လူကြီး..မင်းစေတနာထားတတ်မှာမလွဲ..
ကဲ ပျံသန်းကြစေ.။ ငြိမ်းချမ်းရေးဌက်.
ဝေဟင်ထက်မှာ အမှန်တရားသို့ ရှာ။

မသဒ္ဓါ ( ၁၀။ ၁ရ။၂၀၀၈)
NLD မှ လူငယ်များအတွက်.အားမာန်ပေးပါတယ်။ နိုင်ငံအတွက်ဆက်လက် ထမ်းဆောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းများဖြင့်

အပြည့်အစုံသို့ 

မုန်တိုင်းလေဆန်မဲ့ ခွပ်ဒေါင်းများသို့ အားပေးခြင်း


ဒေါင်းကလေးများတို့ ရေ..
ပင်လယ်ထဲပျောက်ရှသွားတဲ့ ရေတစ်စက်အတွက်.
ဘာမှ စိတ်ပူပင်မနေပါနဲ့ 
ထပ်ရွာဦးမဲ့တိမ်တိုက်တွေ အဆင်သင့်မိုးပေါ်မှာရှိတယ်

အနောက်ဖက်ဝင်သွားတဲ့ နေလုံးကြီးအတွက်
ဘာမှ ငိုကြွေးမနေပါနဲ့ 
မနက်ဖြန် မနက်ထပ်ထွက်လာမဲ့ နေလုံးကြီးရှိသေးတယ်။

ဖိတ်ကျစင် ကွဲသွားတဲ့ ထောပတ်တစ်ခွက်အတွက်.
ဘာမှ စနိုးစနောင့်မဖြစ်စေနဲ့ 
ထပ်ရှိတဲ့ နွားများ..ထောပတ်စားဖို့ မွေးရမယ်။

လွန်ခဲ့တဲ့ နှစ် (၂၀) အတွက်.
ဘာမှ နောင်တဖြစ်မနေနဲ့ ။
ကုန်လွန်ခဲ့တဲ့ နှစ်များ အမှားပြင်ဖို့  အမှန်ရှာ။
အမှားကို သိ အမှန်ရှိတယ်။

ဘ၀မှာ ဘာမှ အလကားဆိုတဲ့ အရာမရှိဖူး။
လွယ်လွယ်ရတဲ့ အရာ တန်ဖိုးတတ်မရှိဘူး။
တော်လှန်ရေးရဲ့လမ်း ပန်းခင်းလမ်းမဟုတ်ဖူး။

အဓမ္မဆိုတာ ဓမ္မရဲ့ ပျော့ပြောင်းတဲ့ပျော့ကွက်ကို
ငြိမ်းချမ်းရေးရဲ့ သာယာတဲ့တေးသံကို
ပျောက်ကွယ်ဖျက်ဆီးတတ်တဲ့ ဌက်ဆိုးထိုးသံ
မတရားမှုဆိုတာ သူပျင်းသူယုတ်များရဲ့ အတ္တနဲ့ 
လောဘ မောဟ တွေကြား..
စာနာခြင်းတရား လွင့်ပါးနေမှုဘဲ။
မေတ္တာတရား ခြစားနေမှုဘဲ။

အမှန်တရားကရှိတယ်..
ဒါပေမဲ့ လာမယ် ကြာမယ်။
ဒီအတွက် ဒို့ တတွေ စတေးရမယ်။
ဓမ္မ အတွက် ဒို့ သွေးတွေရင်းရမယ်။
အမိမြေအတွက် အသက်စွန့် ရမယ်။
မှန်ကန်မှူအလင်းရရှိအောင်..နောက်မတွန့် ရဘူး။

မှန်မှန်သာရွေ့ ။ တက်မထောင်ကြနဲ့ ဟေ့။
နှစ် (၂၀) ပေး သင်ခန်းစာ. လေ့လာကြဟေ့။
တူညီခွန်အားမခိုကပ်ကြနဲ့ ဟေ့။
ကြားလေ သွေးထိုးစကား နားမယောင်ကြနဲ့ဟေ့။

ဘယ်လောက်ကြီးတဲ့ အင်ပါယာဖြစ်ဖြစ်..
ဘယ်လောက် အင်အားသာ တပ်မဟာဘဲဖြစ်ဖြစ်.
ဘယ်လောက်မြင့်မား စစ်တံခွန်များဘဲဖြစ်ဖြစ်.
အောင်မြင်မှူဟာ ရေတစ်ပွက်ပါဘဲ.
ပြိုပျက်တဲ့အခါ.သင်္ချိုင်းသာသာ ပြာမှုန်ဘဲ။

ရိုမန်၊ ဟန်းတရုတ်၊ မက်ဆီဒိုးနီးယား
ပါသေ့။ ပါရှင်း။ ဘေဘီလိုးနီးယန်း။
အီဂျစ်။ ဂရိ။ အာမေးနီးယန်း။
မွန်ဂို ကုဘလေခန်။ မဂို အာသောက။
ကြီးမားပေ့ဆိုသမျှ အင်ပါယာ
လူဝီ။ နပိုလီယန်။ ဇာ။ ဟစ်တလာ
မိုဆိုလိုနီ ပေါ့ပေါ့၊ ချောင်ဆက်စကူ။
ခုံမေနီ။ ရှား။ မားကို့ စ် ။ ဆာဒန် အစရှိတဲ့
တန်ခိုးထွားပေ့သူများ.နောက်ဆုံးဘယ်လမ်းများ သွားကြပါလိမ့်။
မြန်မာပြည်သံဃာသတ် လူသတ်သမား.သူဖုန်းစား
သူတို့ လည်းဘဲ ဒီလမ်းသွားပါလိမ့် မယ်။

သူယုတ်ဆိုတာလည်း ချို မရှိဘူး။
အပျော့ အချိုကိုဆို..
ဘာဆိုလိုသလည်း အရိုးသာ ကြည့်ရှောင်။
မျက်နှာဖုံးတပ် မျက်နှာပြောင်ပြောင်
ဘုရားလူကြီး အယောင်ဆောင်တယ်။
စစ်ယူနီဖောင်းအပေါ်က တင်တဲ့ ပိတ်ဖြူတဘက်
သွေးစွန်းလက်နဲ့ သွန်း ရေစက်ခွက်
အရောင်ပြ ဗုဒ္ဓဘာသာ လိမ်တယ်။

ညစ်တဲ့ တရားသူကြီး
တခါ နိုင်ပွဲ ဆုမပေးတဲ့ အလိမ်မျိုး
နောက်တခါ ဒို့ အနိုင်ရလည်း
ပေးပါ့မလား သံသယ သာ ကြွယ်။
လျှာဖျားနှစ်ခွ မြွေဟောက်..
ဒို့ ပြန် အလမ္မါယ်ပြတတ်ရမယ်။

အင်အား စုစည်း ညီညာပြီး.
ရသမျှ အင်အား.မလျှော့တမ်းတော်လှန်သွား.
တရွေ့ ရွေ့  တစ်နေ့ တစ်နေ့ 
ပုဂံ ဘယ်ရွေ့ မလည်းဟေ့။
သင်သည် အမိမြေရဲ့ သူရဲကောင်းချစ်သား
အာဇာနည်များ သေသော်ငရဲမလား.

ဒို့ တတွေ အမှန်လူသား..
ထောင်တန်းမကြောက်ဖူးဟေ့
ရေနှယ် ကြည်လင်တဲ့ မြန်မာပြည်သား..
အငွေ့ ပျံအောင်လုပ်တာ.
ဘယ်သူလည်းဟေ့။

ပူလွန်းရင် ကြွ
ဆူလွန်းရင် ထ။
ဖိလွန်းရင် ပေါက်ကွဲကြစို့ ရဲ့။
အေးနေရင်..ပိုအနှိပ်စက်ခံရရုံရှိ။
ခေါင်းစင်းခံလေ..ထင်းတစ်ချောင်းချင်းသာပဲ့ကြွေ
စုစည်းရင်နွားအုပ် ကျားငစဉ်းလဲကိုတောင် မောင်းထုတ်
ရပ်ကြည့်နေ..နောက် ၂၀ ကျွန်ခံပေဦး
သွေးကြောင်နေ ဒို့ တွေအရှုံးဘဲ အနိုင်မရှိ
ရရင် ရ မရရင်ချ ကြဖို့ ဘဲရှိ
ကြောက်မွေးပါ ဇာကနာနဲ့သာ နှုတ်ခဲ့
လာဟေ့ ခွပ်ကြတော့ သူငယ်ချင်း။

သွေးနဲ့ ရင်းမှ တော်လှန်ရေး.
ကျန်တဲ့ရာဇ၀င်ကြွေး နောက်လူက ဆက်ရေးမယ်။
ပြိုင်သူသာတွန်း ကိုယ့်တာဝန်ကျေဖို့ ဘဲလိုတယ်။

တိုက်ပွဲသို့ ပြင်။ ဒေါင်းဆိုလျှင်.
ခွပ်၍သာ အသက်စွန့် ကြရိုး.
ရာဇ၀င်မှာ ကဗျည်းတင်စေမည်။
ခွပ်ဒေါင်းစစ်သည် မြန်မာဓါးကိုသွေး.
အာဏာရှင်ဇက်သွေး နဲ့ ဒို့ ခြေဆေးမည်.။
မုချ အောင်ရမည်။

မသဒ္ဓါ (၁၀။ ၁၇။၂၀၀၈)

အပြည့်အစုံသို့ 

Wednesday, October 15, 2008

မြေခွေး ဘာကြောင့် အူရသနည်း။


တရံရောအခါ.
တောကြို အုံကြားက
စဉ်းလဲတဲ့ မြေခွေးတကောင်

ရွာကြိုအုံကြား ဇနပုဒ်
စားကြွင်းစားကျန်ရလိုငြား
အနံ့ ခံ.ရှာဖွေ ခိုးသုတ်
ကပြာကရာ ပြာရိပြာရာ
ချွတ်နင်း လာရှာတဲ့
ခိုးကြောင်ခိုးဝှက်မြေခွေးသူခိုး.
အစာမရ..ဘာမရ
တည်ထားတဲ့ မီးနေသည်မ ရဲ့ ဆနွင်းအိုး
တိုးမိတဲ့အခါ သူ့ ကိုယ်ပေါ်မှောက်
အမွေးအရောင် ဆနွင်းထိန်တောက်
မြေခွေး ဂုဏ်မောက်တယ်။
ငါဟာလေ..ရွှေအတိ အဆင်း..
ဘယ်မြေခွေးမနဲ့မှ မတန်လေချင်း။

မြေခွေးငယ်က စိတ်ကြီးဝင်
င့ါ ၏ ခန္ဓာ ရွှေရုပ်သွင်
မတူညီပါ ထူးခြားတဲ့ ငါ
ငါသာ ငါလျှင်..မြေခွေးဘုရင်.
ဘယ်သူ့ ကို ဖူးစာရှင်ရွေးရပါ့။
ငါဟဲ့ အတ္တ။
တဏှာထ..ရာဂကြွ
လောဘ တားမရ..
မောဟများတဲ့အခါ

မိုးအာကာ ထက်က
လမင်းကို သူမြင်..
ငါသာလျှင်..ရွှေမြေခွေး.
လမင်းလေးနဲ့ မှတန်တဲ့..
ငွေလမင်းကလေးရဲ့ လမင်းကိုကို..
ရွေလင်ဘန်းနဲ့  ဆီဆမ်းထမင်း
အချောင်ခို စားချင်စမ်းတယ်။
စိတ်ကူးယဉ်ပို..မတန်ရာကို မှန်း.
အနူလက်နဲ့ ရွှေခွက်ကို တမ်း။
မြေပြင်က ရော်ရမ်း.
မပိုင် ဇာတ်ခင်းချင်။

ပြည့်လ ရွန်းရွန်း
လ၀န်းကိုမော့ကြည့်..
မြေပြင်က အူနေသည့် မြေခွေး..
ရင်သာ ကြေကွဲ
လမင်းကတော့ကြွေမလာ..
မြေခွေးသာ. အာခေါင်ခြောက်ရေဆာ..

ရေဆာတဲ့ မြေခွေး..
ရေရှာရန် ချောင်းကိုပြေး..
ချောင်းရေထဲ သာနေတဲ့ လမင်းငယ်..
ဟော တွေ့ ပြီ..သူဘဲ သူဘဲ
" လမင်းကလေးသာ ကိုကို့ ဖူးစာရှင်..
လာဟဲ့ ငါတဲ့ကွ.."
တအားပြေး ခုန်ဖမ်း..

ချောင်းရေကအလှုပ်..
ဂယက်ငယ် အပုတ်
လမင်းက ကွယ်ပျောက်ငုတ်.
မြေခွေးသာ ရေထဲမြုပ်..
ချောင်းထဲ ဇီဝိန်ချုပ်ခဲ့တယ်။

မတန်မရာ..ကြံစည်တဲ့မြေခွေး.
ရေထဲမှာ အလောင်းကျ.
သေပုပ်တဲ့ မရဏ
လင်းတက မျိုချခဲ့ပြီ..
နိဂုံးချုပ်ခဲ့ပါပေါ့။
မာန်ဝင့်သော မြေခွေးတစ်ကောင်သည်။
လမင်းတော့ မရ..အသက်သာသေတော့သည်။

မသဒ္ဓါ ( ၁၀။၁၄။ ၂၀၀၈)
ဖေဖေပြောပြဖူးတဲ့ အိပ်ယာဝင်ပုံပြင်ပါ။ စိတ်ကူးယဉ်သူများအတွက်..ရည်စူးပါတယ်.

အပြည့်အစုံသို့ 

ရာသီဆဲ့နှစ်ပွဲနွှဲခဲ့ ၊ ပျော်ရွှင်တဲ့နှလုံးသားရဲ့မြေမဟီ


သီတင်းကျွတ်လပြည့်ည.
ကောင်းကင်ကိုကြည့်မိတဲ့အခါ
မှုန်တရေးရေး..လွမ်းမိတဲ့ ငယ်စဉ်ခါ.
သီတင်းကျွတ်ချိန်ကာလ..ပန်းဆီမီးဝင်းထိန်ဖြာ.
ကြီးသူတွေရိုသေသမှု ပြုကြတဲ့ ချိန်ခါ.
လွမ်းမိတယ်..အမိမြေရဲ့
လှပဖူးတဲ့ အကြင်နာရွာ။

ဆယ်နှစ်ရာသီပွဲတော်များ ကျင်းပ.
တန်ခူးနွေလ ကျင်းပကြသင်္ကြန်။
ကဆုန်လ ညောင်ရေသွန်းပြန်။
နယုန်လမှာဆို စာပြန်ပွဲ
ဝါဆိုလကျ ၀ါဆိုပန်းခူးပွဲ
စာရေးတံမဲပွဲ ဆွဲကြတဲ့ လ၀ါခေါင်
ခါ တော်သလင်း ရိုးရီးလေးလေး လှေပြိုင်တဲ့မောင်
ဆီမီးထိန်ကြည် သီတင်းကျွတ်ကာလ
ကထိန်ပွဲတော်ခင်း တန်ဆောင်မုန်းတဲ့လ
စာဆိုတော်ဆုချီးမြှင့်မည် နတ်တော်ရာသီ
ပြာသိုလသည် လွတ်လပ်ရေးအောင်ပွဲ
ထမနဲထိုးပွဲနွဲ…လမြတ်တပို့တွဲ
တပေါင်းလဆီ နွဲခဲ့ပြီ..တပေါင်းပွဲတော်သည်။

၁၂ လဆီ ပွဲတော်များ
မြန်မာ ဓလေ့ မပျောက်စေသား
ဆုတောင်းထားခဲ့ လည်း.
တဖြေးဖြေး မှိန်ဖျော့ကွယ်ပျောက်.
သာသနာလည်း အမှောင်အောက်မှာ.
ရာသီပွဲတော်ဆိုသည်.လေတဲ့လွင့်တဲ့ရွက်ယော်
၄၆ နှစ်အတွင်း မြန်မာပြည်ဆိုသည်..
ပါးလျှားသွားတဲ့ အ၀တ်စုတ်လို
စုတ်ပြဲ အနာတရ..
ကျမတို့ ငယ်စဉ်ကာလ မြန်မာဘဝ..
ဘယ်တော့ မှ ပြန်မရ
အဝေးက မျှော်ရမ်း လွမ်းခဲ့တဲ့ အမိမြေ..
ကျမျက်ရည်မိုးစွေ။
ရင်ထုမနာ..နှမြောတသမိပါ ပေ။

မသဒ္ဓါ (၁၀။ ၁၅။၂၀၀၈)

အပြည့်အစုံသို့ 

ဓါတ်ပုံများကပြောပြခဲ့ ဘွားရဲ့မွေးရပ် တချိန်ကရွှေမြေ


မြန်မာမှန်ရင်
ဘယ်လောက် ဆင်းရဲဆင်းရဲ
စားမဲ့ဆန်ထဲ က လက်တစ်ဆုတ်
တမူး တပဲ တကျပ်တပြား.
စေတနာတရား အကြင်နာထား.
ဂရုဏာ စာနာသဒ္ဓါပွါး
လှူဒါန်းကြပေသည်။

ညောင်စေ့လောက်ဘဲ သေးပစေ
စေတနာအတိသာဆို..ရမဲ့ ညောင်ပင်ကြီးထိအလှူ
ရေစက်ခွက် လက်ဆွဲ
ပဒေသာပင်..မြေမှာသီး.ခဲ့တဲ့မြေဆီ.
ခုခါမှာ..ရိုးရာတွေ ကွယ်ပျောက်.
ကုသိုလ်လည်း ခြောက်ခမ်းခဲ့ပြီ။

ဘယ်မှာလည်း..မနက်ခင်းရဲ့ ကုလားတက်သံ
ဘယ်မှာလည်း..ဆွမ်းတော်ဗျို့ တဲ့ ကြေးစည်သံ
ကြားခွင့်မသာရတော့ အသံမစဲပဌာန်းပွဲရဲ့ ရွတ်ဖတ်သံ
တိတ်ဆိတ်ခဲ့ စာသင်ခန်းထဲ ခလေးများရဲ့ စာအံသံ
မတွေ့ မြင်ရ ပန်းခြံတွေထဲ ခလေးများဆော့ကစားသံ
ပြုံးပျော်နေ..မိသားစုများရဲ့ ရယ်မောသံ။
ရှင်ပြုပွဲ မစဲတဲ့ စည်ဗြောသံ။

လူဟူသည်..
ကိုယ်ခန္ဓာ ဘယ်မျှ ပင်ပန်းပန်း
စိတ်ပင်ပန်းမှုကို မခံနိုင်ကြ။
မိမိ ထမင်းလုပ်.မိမိဖာသာ အလုပ်လုပ်
ရောင့်ရဲ ကျိုးကုပ်သော်ညား
တရားမျှတမှုကို လိုသည်။
ကိုယ်ပင်ပန်းရကျိုး ကိုယ်ခံစားလိုသည်။
ခေါင်းပုံဖြတ် ဖိနှိပ်သည်မကြိုက်ပြီ။

ကျေနပ်ပါက စိတ်ပျော်ရွှင်.
စိတ်ကျန်းမာမှ..အားတက် ဘ၀င်
အားတက်ပါမှ သင်သည် စွမ်းအားရှင်.
စွမ်းအားရှင်အပေါင်းရှိမှ ပြည်ရွှာသာစေကြောင်း.
လူ့ ဘောင်လောက..လူသားအားလုံးအသုံးဝင်ကြ
စိတ်လက်ချမ်းသာပျော်ရွှင်မှူက..အရေးကြီးဆုံးပဓါန။

ခုများက..တကိုယ်ကောင်းဝါဒီ
တိုင်းပြည်ဂုတ်ခွထိုင်နေသည်။
သွေးစွန်းတဲ့ ၀ါရွှေသင်္ကန်း..
ဖုန်မြေလူးနေတဲ့ သာသနာ့အလံ
ခေါင်းလောင်းဆိတ်တဲ့ ကျောင်းဝန်း
ခလေးစစ်သားပေါတဲ့ တိုင်းပြည်.
လာဘ်တွေ စားတဲ့ စားဖားတို့ ပြည်.
သင်္ကန်းရောင်ဝါလည်း
ရုပ်သေးရုပ်သံဃာတော်များရဲ့ပြည်..
ပညာတတ်သူထွက်ပြေး..
လူယုတ်ဓါးမြကြီးစိုးရာ ပြည်။
ကြုံဘူးပလေ..နှစ် ၄၆..
အပြစ်စင် သာသနာတော် ရေကြည်နောက်.
နောင်ကို ပြည်ပျောက်မယ်။

နောင်လာမဲ့ မြေးမြစ်လောင်းများတို့ ရေ..
ရာဇ၀င်အစဉ်အဆက်
ထက်မြက်တည်ကြည်တဲ့ မြန်မာ့နှလုံးသား
အာဏာရှင် ခွေးအ အစားမှာ ပုပ်သိုးသွားတယ်။
ရောင့်ရဲတတ်သော မြန်မာ့နှလုံးသား
စစ်ဖိနပ်အောက်မှာ ပြားသွားတယ်။
မြေအောက်က ခေါင်းခွံများ.
ဟစ်တလာသတ်တဲ့လူထက်များတယ်။
ဓါတ်ပုံထဲက ဘီလူးကြီး..
အာဏာရူးမှုးကြီးသန်းရွှေ ဆိုတဲ့လူရူး
ဒို့ မြေကို ဖျက်တာသူ။
ဒို့ ဘာသာကို ဖျက်တာသူ။
ဒို့ ခလေးတွေအနာဂတ် ရေနှစ်သတ်တာသူ။

မွန်ဂို အုပ်ဖူး၍ မြန်မာမျိုးမပျက်
ရှမ်းသိုဟန်ဘွား. မင်းကြီးရန်နောင် နှိမ်နင်းခဲ့
ဗြိတိသျှ အုပ်စိုး ဘုရားမြေ ဖိနပ်မစီးအောင်တားနိုင်ပါရဲ့
ဂျပန် အတက်..ပြန်မောင်းထုတ်နိုင်ခဲ့
လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်တို့  အသက်ပေးခဲ့ပါရဲ့
ဘွားတို့ ခေတ်မှ..မြန်မာကို မြန်မာအုပ်စိုး.
မြန်မာ့ အောင်လံကျိုးတယ်..
တွေးရင်းရှက်တယ် မြေးတို့ ရယ်.

မြန်မာဆိုတာ
အိမ်မက်ထဲက သာယာတဲ့ရွှေပြည်..
စေတီပုထိုး ပေါများရာပြည်။
ဆီကိုရေချိုး။ ဆေးရိုးမီးလှုံ၊ စပါးတောင်ပုံခဲ့တဲ့ပြည်။
တမူးရလို့  တပဲလှူ.ဒါန ရက်ရောပါတဲ့ပြည်။
ရွှေတွင်းငွေတွင်း ပယင်းဒုတ္တာပေါများတဲ့ပြည်။
ရတနာ စိန်ကျောက်ဇယ်တောက်ကစားခဲ့တဲ့ပြည်။
ရေနံဆိုတာ ချောင်းရေလိုစီး.လက်ယက်တွင်းနဲ့ရေနံထုတ်ရာပြည်။

ခုတော့
ထွက်တဲ့ ရေနံဓါတ်ငွေ့  ကိုယ်တိုင်မသုံးရတဲ့ပြည်။
ဆန်ကောင်းထွက် ဆန်ကွဲစား.ချဉ်သီးရှားတဲ့တိုင်းပြည်။
လူသေကောင်ပုပ် ငါးပူတင်းစားပစေအမိန့် ပေး
ငါးအပေါ် သထာတတ်တဲ့တိုင်းပြည်။
ဆာလောင်နေသူတွေ..အစာမကြွေး.
တမင်းရည်တိုက်စေတဲ့တိုင်းပြည်..

ဒီပြည်ကြီးရှိခဲ့ဘူးတယ်..
တချိန်က ကမ္ဘာကြီးရဲ့ ဒီနေရာမှာလေ..
ခုများတော့ တရုပ်ပြည်ရဲ့ ပင်လယ်ထွက်ပေါက်.
မြောက်ကိုရီးယားရဲ့
ရွေ့ ပြောင်း နျူကလီယားလက်နက် သိုလှောင်ရာ
ရုရှတို့ ရဲ့ ယူရေနီယမ်ရှာရာ မိုင်းတွင်း.
အီဂျစ်ခေတ်က ကျွန်များ.၊
ဟစ်တလာ့သားကောင် ဂျုးများလိုဘဲ
အစာရေစာမဝ၊ အဲဒီ ပိန်ညောင်သေးကွေး
စက်ရုပ်လို ခေါင်းလှုပ် လက်လှုပ်နေရတဲ့
ဂလီဗာ ပုံပြင်ထဲက လူပုကလေးတွေဟာ
ဘွားတို့ အမျိုး ရွှေုမြန်မာပေါ့.

အိမ်နီးနားချင်းတွေ က သယံဇာတတွေ ၀ိုင်းကြိတ်
ကမ္ဘာကလည်း သူ့ ပြည်တွင်းရေးဘဲဆို မျက်စိမှိတ်။
UN က မကူညီခဲ့ တိတ်တိတ်ဆိတ်ဆိတ်
ပြည်လူတွေ သေမှာကြောက် ခေါင်းငြိတ်ကောင်းလိုက်တာ
နိုင်ငံကို ဖဲ့ရောင်း သမီးကိုစိန်ဆင်ကောင်းတဲ့လူတွေကြောင့်
အခုတော့ မြန်မာ..တရုတ်အောက် အင်ပါယာ
ကျွန်သဘောက်ဘ၀...ဒူးထောက်ကျခဲ့ကြပြီ။

မယုံရင် ပုံပြင်မှတ်..
ထူးမြတ်လှ တဲ့ ရွှေပြည်..
ဒီကမ္ဘာပေါ်ရှိခဲ့ဘူးသည်။
ဒါ ဘွားမွေးရပ်မြေ မြန်မာပြည်။

မသဒ္ဓါ (၁၀။ ၁၅။၂၀၀၈)
စွမ်းအားရှင်.ဆိုသည်မှာ နအဖ၏ လက်သပ်မွေး စွမ်းအားရှင်ကို ဆိုလိုခြင်းမဟုတ်ပါ။ ;)

အပြည့်အစုံသို့ 

Monday, October 13, 2008

မျက်ဖြေ သံဝေဂ လင်္ကာ (အနန္တသူရိယအမတ်ကြီး)


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိမ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာကား
သမုဒ္ဒရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကြည်
အတည်မမြဲ၊ ဖောက်လွဲတတ်သည်
မချွတ်စသာ၊ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်
သံသရာစက်၌ ၊ ကြိုက်လတ်တုံမူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မာန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊
ငါ့ခန္ဓာတည်း။

(အနန္တသူရိယ)

အနန္တသူရ သည် ပုဂံခေတ် ကထင်ရှားကျော်စောသော ပညာရှိသုခမိန်အမတ်ကြီးဖြစ်သည်။
မြန်မာနှစ် - ၅၃၃ (ခရစ်နှစ် - ၁၁၇၁ ) တွင် ပုဂံထီးနန်းကို သိမ်းပိုက်စိုးစံသော ဘုရင် မင်းယဉ်နရသိင်္ခ သည် ညီတော်အိမ်ရှေ့စံ နရပတိစည်သူ၏ မိဖုရား ဝေဠုဝတီကို အတင်းအဓမ္မ သိမ်းပိုက် ယူသောကြောင့် မြန်မာနှစ် -၅၃၆ တွင် ညီတော်နရပတိစည်သူက နောင်တော်ကို ပုန်ကန်သတ်ဖြတ်လုပ်ကြံပြီး နန်းတက်သည်။ ထို့ နောက် နောင်တော်၏ အထိန်းတော်သားလည်းဖြစ်၊ လူရင်းအဖြစ် ခစားသူလည်းဖြစ်သည့် အနန္တသူရိယ အ မတ်၏ အပေါ်တွင် အထင်လွဲ အမျက်ပွား အငြိုးထားပြီး "ဖမ်း၍သတ်စေ"ဟု သူသတ်တို့အား မိန့်မှာ လေ၏။

ရဲရင့်တည်ကြည်သော အနန္တသူရိယသည် အသတ်ခံရအံ့ဆဲဆဲတွင် လောက၏ ဖြစ်ပျက်ဓမ္မတာ သဘောကို ဆင်ခြင်၍ အေးဆေး တည်ငြိမ်စွာ "သူတည်းတစ်ယောက် ကောင်းမှုရောက်မူ" အစဖြာသော မျက်ဖြေ လင်္ကာ ကို သူသတ်ကုန်းတွင် ရုတ်ချည်း စပ်ဆို ပြီး မင်းကြီးအား ဆက်သပါဟု မှာကြားခဲ့လေသည် ။
မင်းချင်းတို့ ဆက်သသော သံဝေဂ အလင်္ကာ ကို နရပတိစည်သူမင်း ကြားလေသော်. သံဝေဂ ရ၍ ချက်ခြင်း လွှတ်ရန် အမိန့်ပေးသော်လည်း အနန္တသူရ အမတ်ကား လွန်ခဲ့လေပြီ။

မှတ်ချက်။ ။
မသဒ္ဓါအား..ဤရက်အပိုင်းအခြားတွင် "နောင်တခေတ်၏ အောင်စစ်သည်" ဟု မိမိကိုယ်အမည် တတ်ထား သော၊ မိမိကိုယ် မိမိ မျိုးချစ်များ ဟု ထင်မြင်ပြောနေကြသူ၊ နိုင်ငံတော်၏ ထောက်ပံ့မှု ပြည်သူ၏ အခွန်ဘဏ္ဍာ အားစားသုံး၍ နိုင်ငံကြီး တစ်နိုင်ငံတွင် ပညာသင်ကြားနေကြသော စစ်သည် အသိုင်းအ၀ိုင်းမှ ခလေးများက လာရောက်၍ ရန်စ ပါသည်။

ယခင်ကတည်းက နိုင်ငံရေးအခြေအနေ မငြိမ်မသက်သော အချိန်များ၌ နိုင်ငံရေး ဘလော့ဂါ မိန်းကလေးများ၏ ဘလောက် နှင့် CBox များတွင် လာရောက် ဖိနှိပ်စော်ကားခြင်း၊ စကားအရာ ညစ်ညမ်းစွာသုံးစွဲ၍ ရန်စခြင်းတို့  ရံဖန်ရံခါ ရှိခဲ့ရိုး ထုံးစံရှိပြီး ဤသည်မှာနအဖ ၏ မီဒီယာ လက်နက်များ ဖြစ်ကြပါသည်။ အထူးသဖြင့် လင်း လက်ကြယ်စင်၊ မမေငြိမ်း၊ မခင်မင်းဇော် နဲ့ကျမ အား အမြဲတမ်းလိုလို လာရောက် တိုက်ခိုက်လေ့ရှိကြပါသည်။

ဤ အကြိမ်တွင် ရန်စလာသူများသည် မသဒ္ဓါထက် အသက်အရွယ် ငယ်မြစ်သော မလိမ်မိုးမလိမ်မာ က လေးများ ဖြစ်သောကြောင့် ကျမ အနေဖြင့် လူကြီး ပီသစွာ ခန္ဓီစ ပါရမီ အား မိမိဖာသာ မွေးမြူ၍ ခွင့် လွှတ် ခဲ့ပါသည်။ သူတို့ ကလေးများ၏ ပြူမူချက်မှ ကျမ ၏ ခွင့်လွှတ် နိုင်သော ပါရမီအား ရင့်ကျက်လာစေခဲ့ပြီး၊ စိတ် ဓါတ်၏ ကြံ့ခိုင်အားအပေါ် တစုံတခုသော အတိုင်းအတာအထိ မှတ်ကျောက်တင်နိုင်ခဲ့သည့် အတွက် မသဒ္ဓါ အနေဖြင့် ကျေးဇူး အထူးတင် ရှိပါသည်။

ကျမအနေဖြင့် ခလေးများ၏ ငယ်ဂုဏ်။ အမျိုးဂုဏ်။ ရာထူးဂုဏ်၊ ပညာဂုဏ်၊ မောက်မာမှုတို့ အပေါ် တတ်နိုင် သမျှနားလည် ခွင့်လွှတ်ပြီး လာရောက်စော်ကား ရေးသားချက်များကို အခြားသော စာရှူသူများ ဖတ်မိပါက နောင်တခေတ် အတွက် အရာရှိရာထူး အုပ်ချုပ်ရေး ရာထူးနေရာများတွင်တက်လာမည့် စစ်အရာရှိ လောင်း များ၏ အတွေးအခေါ် အယူအဆ၊ မျိုးချစ်စိတ်၊ အသိဥာဏ် ပညာ။ အကျင့်သိက္ခာ၊ ဂုဏ်သိက္ခာ မကျဆင်း ရလေ အောင် ရေးသားသမျှကို ဖျက်ပေး ထားပါသည်။

လောကဓံတွင် တည်ကြည် ရင့်ကျက်ခဲ့သော လူကြီးတယောက်အနေဖြင့် ခလေးတစ်ယောက်၏ အပြစ်တင်ဆဲ ရေး ပုတ်ခတ်မှူအပေါ် မည်မျှပင် မည်သို့ စော်ကား စေကာမူ မည်သည့် စကားနှင့်မျှ တစုံတရာ ပြန်လှန် ပြော ဆို ခြင်း၊ ပြန်လှန် ရန်ဖြစ်ခြင်းများ ကို မသဒ္ဓါ အနေဖြင့် စိုးစဉ်းမျှတုန့် ပြန်မှူ ပြုမည်မဟုတ်ပါ။ IP address အတု များသုံး၍ လက်သီးပုန်း ထိုးနေကြသော်လည်း တနေ့ သောအခါတွင် မိမိ ဘာပြောခဲ့သည်။ မိမိ ဘာလုပ်ခဲ့ သည် ကို မိမိဖာသာ မိမိသိကြပြီး နောင်တရကြမည် ဖြစ်ပါသည်။

သို့ ပါသော်လည်း..သူတို့ လေးများ၏ မွေးဖွား ကြီးပျင်းခဲ့သော ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ မျိုးရိုး မိဘတို့ ၏ ဂုဏ်သိက္ခာအား ထိမ်းသိမ်းစောင့်ရှောက်မှု၊ ယုံကြည် ချက်၊ အတ္တ၊ လောဘ၊ မောဟ၊ ဂါရ၀။ ကိုယ်ချင်း စာတ ရား။ မေတ္တာတရား။ ကတိ သစ္စာ နှင့် အရွယ်နှင်ယှဉ်၍ ရှိအပ်သော ပါရမီများအပေါ် အမေအရွယ် မြန်မာ မိန်းမတစ်ဦး အနေဖြင့် ရင်သပ် ရှူမောစွာ ဆင်ခြင် သုံးသပ်မိပါသည်။

လူလိမ်မာသား ယဉ်ပါး၍ သူယုတ်သား ဆိုးသွမ်း ရမ်းကားတတ်သော လူ၏ သဘောသဘာဝ နှင့် ပတ်ဝန်းကျင် နှင့် ရေမြေ အသက်မွေး ဝမ်းကျောင်းမှူသည် လူတဦး၏ သိက္ခာ သမာဓိနှင့် အကျင့်စရိုက်တို့ အပေါ် မည်သို့  အရောင် လွှမ်းမိုး တတ်ကြောင်း သင်ခန်းစာ ရရှိပါသည်။

အမျိုး မမှန်ပါက၊ ဗီဇ မမှန်ပါက တနေ့ တွင် မည်သည့် အပင်မျိုး ဖြစ်ကြောင်း ဗူးပေါ်သလိုသာ ပေါ်ရရိုး ထုံးစံ ဖြစ်ပါသည်။ အမျိုးမမှန်သော မျိုးစေ့မှ ထပ်ကျ၍ ပေါက်ကြမည့် အပင် ကလေးများသည် လည်း ဘမျိုးဘိုးတူ ကလေး များသာ ဖြစ်လိမ့်မည်ဟူသော ကောက်နှုတ်ချက်ကိုသာ ရင်လေးစွာ ချမိခဲ့ပါကြောင်း။

ဤ အတွက် ဖြစ်ပျက်တတ်သော သဘောသဘာဝ လူတို့ ၏ ဖြစ်တည် ချုပ်ငြိမ်းရာသည် နောက်ဆုံးတွင် လားရာ နေရာမှန်မှာ တမျိုးသာ ရှိကြောင်း အများသိစေရန် ဤ သံဝေဂ အလင်္ကာ ကို တင်ပြကိုးကားပါသည်။

ခင်မင်စွာဖြင့်
မသဒ္ဓါ (၁၀။၁၃။၂၀၀၈)

အပြည့်အစုံသို့ 

Saturday, October 11, 2008

မျိုးဆက်သစ်၏လှိုင်းတံပိုး..စစ်အာဏာတံတိုင်း ကိုချိုးမဲ့သူ

အမျိုးဂုဏ်အရောင်..ထွန်းရှိန်ပြောင်တဲ့..
ဇာနည်နွယ်ဘွား..ဗမာပြည်သားဆိုတာ..
ကဗျည်းထိုးရာဇဝင်မှာ..

ရှေးအစဉ်အဆက်..ဒါးရောင်လက်လက်.
သတ္တိထက်စွာ..ကာကွယ်ကြ
အမိမြေရဲ့ မြေတလက်မ..
အသက်သွေးကျ..စတေးခဲ့ကြတဲ့ဗမာ.။

သူ့ ကျွန်အဖြစ် နွံ့ နစ်မခံ..
လွတ်လပ်ရေးကို ခုခံကာကွယ်ရန်.
အမျိုးမြင့်မြတ်..ယုတ်လတ်မဟူ.
ပါဝင်ကူ၍
ရာဇသွေး၊ သံဃာ့သွေး။
လယ်သမား၊ အသည်သား။
တိုင်းရင်းသား၊ ကျောင်းသား
ပေါင်းစည်း သွေးသား..
ဒို့ ပြည်ကြီး လွတ်လပ်ရေးရခဲ့ဖူးတယ်။

လက်နက်ရှိသူ ဓါးထက်ထက်.
မတရားသက်သက်.အာဏာမက်
ရက်စက် ခြေမှုန်း.
လောင်းရိပ်မိ အညွန့်တုံး
တိုင်းပြည် မီးဟုန်းဟုန်းထ..
လွတ်လပ်ရေးဆုံးခဲ့ရ..အမှောင်ကျခဲ့သည်။
တွေးကြည့်မိရင်. နှစ် ( ၄၆)
ခုထိ အာဇာနည့် သွေးတွေ မခြောက်သေးဘူး။
ခုထိ စတေးမှု တွေ မပျောက်သေးဘူး။

ဘယ်အရာမဆို..လွယ်လွယ်နဲ့မရ..
လွတ်လပ်ရေး မှန်က..သွေး အသက်ရင်းရ.။
ခုလည်း..ဆက် ရင်းကြရဦးမယ်။
ဒို့  တတွေကလည်း စိန်ခေါ်ရဲ
သူတို့ ကလည်း..ဆက် ညှင်းဆဲကြဦးမယ်။..
သတ္တိရင်း..အံကြိတ်ရင်း..
ဒို့ လက်ထက်မှာ ရင်းမလား..
နောက်မျိုးဆက်သစ်ကျမှ..ထိုးကြွေးမလား။
ဒို့ တွေ တာဝန်ကျေပြီလား။

အမွေ ဆိုတာ..
ကောင်းမွေသာ ပေးကြရရိုး..
အကြီးမှန်က
ဆိုးမွေကို..အံကြိတ်ခံရရိုး.
နောင်လာမဲ့ ပန်းငုံတွေ..
အနှောင်မဲ့ ပွင့်လန်းကြပါစေ။
လွတ်လပ်ခြင်း အမွေအနှစ်
ခံစားစံစား ထိုက်ပါစေ။

ဒို့ တတွေ မှာ..ဒဏ်ရာတွေ ဗလပွ.
နောက်တချက်ထပ်ရလည်း ပိုမနာတော့.
ရာဇဝင်ကြွေး.ဒီမှာဘဲ ပေးခဲ့ပါမိတ်ဆွေ..
နောက်လူတွေ ကံကောင်းကြပါစေ။
နောက်လူတွေ လွတ်လပ်ကြပါစေ။

ကိုယ်စိုက်တဲ့ မျိုးစေ့၊ ကိုယ်ရိပ်သိမ်းရမှာဘဲ။
တော်လှန်ရေးကို စထားသမျှ..
ဒို့ မသေခင် အပြီးသတ်ရမှာဘဲ..
ဒေါင်းဆိုတာ..တိုက်ပွဲစ..
တွန်သံပြ..မာန်ဟုန်မချ..
မသေမချင်း ပြန်လှန်ထ
ဆက်ခွပ်ကြစို့  သူငယ်ချင်း။

ပင်ပန်းနေသည်…ဒို့ သိသည်။
မလွယ်တမ်း ရင်ဆိုင်ရမည် ဒို့ သိသည်။
လက်နက်အား မပြိုင်နိုင်သည်.ဒို့ သိသည်။

သို့ ပါသော်ငြား..
သတ္တိအားစိတ်ဓါတ်..ဒို့ ကသာသည်။
အာဇာနည် ၏ သွေး..
ရာဇ၀င် အစောင်စောင်မှာရေးခဲ့..
အမိမြေ တလက်မအပေါ်.
မရေနိုင်အောင် စွန်းထင်းစေခဲ့
ဒို့ တွေသွေးစက် အပေါ်ကထပ်.
လူုဖြစ်ရမြတ်တယ် သူငယ်ချင်း။

မျိုးဆက်သစ်လူငယ်များ အစည်းအရုံး
ဒို့ တတွေ ဆက်လက်တော်လှန်နေဆဲ.
အဖြေမှားတဲ့ပုစ္ဆာ မှန်ကန်အောင်ပြင်ဆင်ဆဲ
ပျက်နေတဲ့ သံစဉ်..တေးသွားအမှန်ညှိနေဆဲ
လှေခွက်ကြီးကျန်..အလံမလှဲ..
အသက်သွေးစတေးရဲ..ဆက်လက်တိုက်မြဲ..
ဒို့ ခေတ်ကျမှ သွေးမကြဲ။

တယောက်ဖမ်းစေ..ဆယ်ယောက်ကြမ်းစေ..
တယောက်သေ..ဆယ်ယောက်မွေးဖွား..
အမှန်လမ်းကို သွားကြမဲ့သူ။
အမိမြေကို ချစ်မြတ်နိုးကြသောသူ..
အမိမြေလွတ်လပ်ရေး.အသက်ပေးမဲ့သူ..
စစ်အာဏာရှင်ကို အပြတ်သုတ်သင်ကြမဲ့သူ။
ရာဇ၀င် ကဗျည်းထူခဲ့
သမိုင်းသစ်ထိုးမဲ့ ဒို့ အာဇာနည်..
ကျနော်တို့ ဟာ
Generation wave လူငယ်များ ဖြစ်ကြပါသည်။

မသဒ္ဓါ ( ၁၀။ ၁၁။ ၂၀၀၈)
Generation wave တနှစ်ပြည့်အတွက်..
အမိမြေအတွက် အခွင့်အရေးမယူ။ လစာရိက္ခာမယူ။ အာဏာမယူ၊ နာမည်မယူ၊ ကျော်ကြားမှုမယူ၊ အမှန်ကို အမှန်အတိုင်း ရိုးရှင်းစွာမြင်. နိုင်ငံ၏ လွတ်လပ်ရေး အတွက် ရရာနေရာမှ.ရရာ လက်နက်ဖြင့် ရွတ်ရွတ်ချွံချွံ တော်လှန်သော သံမဏိ စိတ်ဓါတ်နှင့် မြင့်မြတ်သော ရဲဝံ့သော ကလေးများ အား လေးစားဂုဏ်ပြုပါသည်။

အာဇာနည်မျိုး သေရိုးမရှိ..
ဆက်လက် တိုက်ခိုက်အောင်မြင်ပါစေကြောင်း မသဒ္ဓါ နှစ်လည်ဆုမွန်တောင်းပေးပါသည်။

အပြည့်အစုံသို့ 

Thursday, October 9, 2008

လူ့ ဘောင်ဘဝ ပျက်စီးမှု၏ အခြေခံဇစ်မြစ်


ပြည်ရွာ ပျက်ခြင်း.
လူတို့ ၏ အသက်အဆင်း
ယုတ်လျှော့ခြင်း၏ အခြေခံ
မူလ အရင်းမြစ်တို့ အား..
မြတ်စွာ ဘုရားသည်
ဤသို့  ရှင်းလင်းပြတော်မူပေ၏

ချစ်သား ရဟန်းတို့ ...
၁) ပစ္စည်းဥစ္စာမရှိသူတို့အား
မင်းနှင့်ပြည်သူ၊ မပေးကူက
ဆင်းရဲခြင်းအား ပိုပွါးစေ၏၊

၂) ဆင်းရဲခြင်းတို့  ပွါးများ နောက်ဆက်
သူတစ်ထူး ဥစ္စာ ခိုးယူလာ၏၊

၃) လိမ်လည်ခိုးယူမှု ပွါးသမှုသည်
လက်နက် ပွါးများ တိုးတက်လာ၏၊

၎) လက်နက်ပွါး များ ပေါများလာသော်
အသက်သတ်မှု တိုးတက်ပြု၏၊

၅) အသက်သတ်မှု ပွါးများဘိသော်
မဟုတ်မမှန် ပြောမှု များပြားလာ၏၊

၆) လိမ်ညာပြောမှု ပွါးများလာသော
ကုန်းချောမှု ပွါးများလာ၏၊

ရ) ကုန်းချောမှု ပွါးများလာသော်
ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှုလာလေ၏၊

၈) ကာမဂုဏ်အာရုံ မှားယွင်းစွာပါက -
ကြမ်းတမ်းသော စကား
သိမ်ဖျင်းသော စကား
တရားနှစ်ပါးတို့ ပွါးများ ကုန်၏၊

၉) ထို တရားနှစ်ပါးတို့ ပွါးများလာသော် -
လိုချင်တပ်မက်ခြင်း (အဘိဇ္ဈာ)
ပျက်စီးစေလိုခြင်း (ဗျာပါဒ) တို့ ပွါးများ လာကုန်၏၊

၁၀) ထို တရားနှစ်ပါးတို့ ပွါးများလာကုန်သော် -
မှားသော အယူဝါဒ ပွါးများလာ၏၊

၁၁) မိုက်မှား အယူဝါဒ ပွါးများပါက...
မတရားသော တပ်မက်ခြင်း (အဓမ္မရာဂ)၊
အလွန်အကြူး တပ်မက်ခြင်း (၀ိသမလောဘ)၊
မှားသော အကျင့်တရား (မိစ္ဆာဓမ္မ) ၊
တရားသုံးပါးတို့ ပွါးများလာကုန်၏၊

၁၂) အဆိုးတရား ဤသုံးပါးတို့ ပွါးများလာသော် -
အမိကို မသိ
အဖကို မသိ
သံဃာဂုဏ်မသိ
ဗြာဟ္မဏဂုဏ်မသိ
ကောင်းစွာ ပြုသင့်သောကျင့်ဝတ်ကို မပြု
အမျိုးကို မလေးစား
ကြီးသူတို့ကို ရိုသေဂါရဝမဲ့ခြင်း ဟူသော...
မကောင်း တရား တို့သည် ဆင့်ကဲ ပွါးများလာကုန်သတတ်။

၁၃) ဤသို့  မကောင်းသော တရားတို့ ပွါးများလေလေ
ပြည်ရွာပျက်ကြေ။ အမျိုးစုတေ
ထိုလူတို့၏ အသက် ဆုတ်ယုတ်တတ်၏၊
အဆင်းသည်လည်း ဆုတ်ယုတ်၏၊

မသဒ္ဓါ (၁၀။ ၉။ ၂၀၀၈)
စက္က၀တ္တိသုတ် (မှ)၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။
နာဂစ် အတွက် ဖြန့် နေသော လက်ဖဝါးများကိုသတိရနိုင်ကြပါစေ၊

အပြည့်အစုံသို့ 

အမှန် ရှာစေ..အိုချစ်ဆွေတို့ ။

(မှန်ပြီ ဟု မယူဆသင့်သော အချက် ဆယ်ပါး။)

တနေ့ သောခါ.
ကေသမုတ္ထိ နိဂုံးသား၊ ကာလာမမင်းတို့က
မြတ်ရှင် ဗုဒ္ဓ၊ ဂေါတမ အား
ချဉ်းကပ်လျှောက်တင်။ မေးမြန်းလေ၏

“ အသင် ဗုဒ္ဓ။
အချို့သော သမဏ ။
အချို့သော ဗြာဟ္မဏ တို့သည်
မိမိတို့ ၏ အယူဝါဒ
မိမိသာလျှင် ကောင်းကြောင်း
ချီးမွမ်းတတ် ကြပါကြောင်း။
အခြားသော အယူဝါဒ များကို ရူတ်ချ
ဟောပြောကြပါကြောင်း။

သို့ ဖြစ်သောကြောင့်
မည်သူမှန်သည်
မည်သူမှားသည် မသိရဘဲ
အစဉ်ပင် ယုံမှားသံသယ
ဖြစ်ကြရပါသည်”

ထိုအခါတွင် မြတ်စွာဘုရားအရှင်က
ဤသို့မိန့်တော်မူ၏ ။

" ကာလာမ မင်းတို့ ၊
သင်တို့မှာ ယုံမှားသံသယ
ဖြစ်သင့်လှပေစွ၏ ။
သင်တို့သည်

၁) တစ်ဆင့် စကား၊
ကြားပါများ ယုံ ဟုတ်မှန်နိုင်သည်
မယူဆသင့်။

၂) ရှေးက ဆိုရိုး၊ ဘေးဘိုး စဉ်ဆက်
ပြောကြားချက်ဖြင့်
မှန်ပြီ ဟူသည် မယူဆသင့်။

၃) သမိုင်း ထောက်ထား
ရှိသည်များ ကြောင့်၊
မှန်ပြီဟုလည်း မယူဆနှင့်။

၎) စာပေ ကျမ်းဂန်
ညီညွတ်ပြန် ဟု
မှန်ပြီဟုလည်း၊ မယူဆသင့်။

၅) မိမိကြံစည်၊ မှန်ရမည်ဟု
တက္ကဗေဒ၊ နည်းနာမျှ လည်း
မှန်သည် ဆိုငြား၊ မှတ်မမှားနှင့်။

၆) သူများ လုပ်ထုံး၊ နည်းမှီသုံး၍
မှန်ပြီဟုလည်း မယူဆသင့်။

ရ) ကျိုးကြောင်း ထောက်ထား
နှစ်သက်သွား ၍
ကိုယ်မှန်ပြီဟု မယူဆသင့်။

၈) သူများဝါဒ၊ ငါတို့ ဝါဒသည်
စဉ်းစားတူညီ၊ အယူနှင့်ညီမျှ
မှန်လေစွဟု ။ မယူဆနှင့်။

၉) ယုံကြည်ထိုက်သူ။
လေးစားသူကြောင့်
အမှန်ဝါဒ ဟုတ်မှန်လှဟု မယူဆသင့်။

၁၀) ငါ၏ ဆရာ။ လေးစားရာ၏
ငါ၏အကြီးကဲ၊ မြွက်ဆိုလှာ၏။
ဤသာအမှန် လက်ခံရန် ဟု
မျက်ကန်းတစ္ဆေ ၊ မယုံလေနှင့်။

အိုဘဲ့ ချစ်သား၊ အမျိုးသားတို့

ဤ အကျင့်သည်
ကောင်းလည်း မကောင်း၊
လျော်လည်း မလျော်
အပြစ်လည်း ရှိ၊
ပညာရှိကဲ့ရဲ၊ အကျိုးမဲ့ဆုတ်။
ယုတ်သောအကျင့်၊
ဆက်လက် ကျင့်က
အကျိုးမဲ့ကင်း၊ စီးပွါးမဲ့ခြင်း၊
ဒုက္ခအလျှဉ်း။ ဆင်းရဲခြင်းတိုး
ဤဆိုးကျိုးသာ ရရှိလာ၏
ကိုယ်တိုင်သိမူ
နားလည်ယူက။
ဆိုးကျင့်ကိုဖျောက်။ အမှန်ရောက်စေ။
ပြုပြင်လေ။

ဤ အကျင့်သည်
ပညာရှိသူ ချီးမွမ်း ယူ၍
ကုသိုလ် တရား။ စီးပွါးဥစ္စာ။
သုခ ချမ်းသာ၊ ရတနာတို့ 
ပေါကြွယ် တိုးမည်။ မုချမည်၏
မြတ်သော အကျင့်၊ ကောင်းသော အကြံ၊
မှန်သော အယူ။ ဖြူသော နှလုံး
ပြုမူထုံးက၊ လိုက်နာ သင့်စွ
ပြုကျင့်ကြ"


ဗုဒ္ဓ ရှင်မြတ်။ မိန့်မှာ အပ်သည်။
ကြားသိပါစေ။ ချစ်မိတ်ဆွေသို့ ။
အမှားအမှန်။ ကိုယ်တိုင် ဝေဖန်
ဆန်းစစ်စို့ ။

မသဒ္ဓါ (၁၀။၈။၂၀၀၈)

(အဂုင်္တ္တရ နိကာယ် ပါဠိတော် ပထမတွဲ ။ ကာလမ သုတ္တန်အရ)
ယုတ်သော အကြံ။ မှားသော အကျင့်နှင့် နှလုံးခြစားနေသော..မိတ်ဆွေများ အတွက်. မေတ္တာဖြင့် ဓမ္မ လက်ဆောင် ဝေမျှပါသည်။
မိမိဖာသာ..အမှန် ရှာဖွေနိုင်ကြပါစေ။

အပြည့်အစုံသို့ 

Wednesday, October 8, 2008

သက်ရောက်မှူတိုင်းမှာ တူညီသော တန်ပြန်အားရှိသည်။


မသဒ္ဓါ
ဤနေရာမှာ အမှန်တရား၏ ကဗျာ..
အေးဆေးစွာ ရေးပါသည်။

လူကြီးသူမ ဘဝ
အမှားတွေ မြင်ရတဲ့အခါ
မြန်မာရိုးရာ ထုံးစံ
သက်ကြီးစကား သက်ငယ်ကြားနိုင်ရန်
မသေခင် အမှန်ကို ဆုံးမပြုပြင်ခဲ့
စေတနာနဲ့ ကဗျာ..
မေတ္တာနဲ့ ကဗျာ.
ထိုက်သူ ယူ
မထိုက်သူ မရပါဘူး

ယူချင်သူ ယူ..
မယူသူ..ခေါင်းခါပြန်ပေါ့။
ကျမတော့ ဘယ်ခါ လက်မလျှော့
ယုံကြည်ချက် ဂရုဏာသာ ပဓါန။
ကျမ မည်သည့်အကြောင်းနှင့်မှ စိတ်ဓါတ်မကျ။

စွေစောင်းသာ..အရင်ရန်စ.
ခလေးမို့ ဖက်ပြန် ရန်မဖြစ်ပါဘူး.
သူ့ အမေကို သာ အမေချင်း စာနာ..
သူ့ မိဘကိုသာ မိဘချင်း စာနာ..
ကိုယ်သာ သူ့ အမေ နေရာ..
ရှက်လို့ သာလဲ သေလိုက်မဲ့ဖြစ်ချင်း
အမြင်ရှင်းရှင်း ဘဲရေးမိတယ်။
သားသမီးမကောင်းတာ မိဘမှာတာဝန်ရှိတယ်။

မသဒ္ဓါ (၁၀။၇။၂၀၀၈) စွေစောင်း၏ ဘလော့တွင်တင်ထားသော post အား အရင်သွားရောက်ဖတ်ရှု စေချင်ပါသည်.။
မသဒ္ဓါ ရေးထားသောကဗျာတွင် စွေစောင်းအပေါ် တိုက်ခိုက်ခြင်းအလျှဉ်းမရှိခဲ့ဘူးပါ။
စည်းကို စကျော်လာသူ က လူကြီးမိဘ ကိုမသိ ဘုန်းကြီး သံဃာကိုမသိ ဘုရားမသိသူဖြစ်၍ ပြန်ရေးပါသည်။

အပြည့်အစုံသို့ 

မြန်မာပြည်၏ မျက်လုံးပွင့်နေတဲ့ တရားဥပဒေစောင့်နတ်သမီး။


ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့တဲ့ကိုထင်ကျော်
နအဖက နှုတ်ထမ်းထော်
နိုင်ငံတော်ကို အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)
နိုင်ငံတော် လုံခြုံမှုကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)
ဒါ လုပ်ကြံတဲ့ပုဒ်မ။

ဦးစိုးမြင့်ထိန်နှင့် အဖွဲ့
ဆင်းရဲသားကို ဆန်လှူဒါန်းခဲ့သူများ မနာလို မရှုစိမ့်အား
နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု
ထောင်ထဲ နှစ်ကြာကြာနေစေဟု။

သူတို့ ဘဲသေနတ်နဲ့ပစ်၊ ဒဏ်ရာရသေသေ ဘာဖြစ်ဖြစ်။
ဒို့ က ပစ်တာမဟုတ်
တရားခံ ကသာ ဒို့ ပြောင်းဝကို လာတိုး
သေနတ်ပြောင်း ရှေ့ နှောက်ယှက်မှု
ကိုမြသန်းထိုက် အတွက်. ၄ နှစ် ထောင်ဒဏ်ဆု။

စီတန်းဘဲ လမ်းလျှောက်၊ ဘုရားတက်ဘဲ ဝတ်ပြု
သတင်းဘဲ ရေးရေး၊ ဘလော့ဘဲ ရေးရေး။
နိုင်ငံရေး DVD ဘဲ ကြည့်ကြည့်
တရားခွေ CD ဘဲလက်ထဲရှိရှိ
မေတ္တာသုတ်ရွတ်တာ အပြစ်
ဆန်လှူရင် အပြစ်။ ဆွမ်းလှူရင် အပြစ်။
ရေလှူရင် အပြစ်။ ငါးလွှတ်ရင် အပြစ်
မသာသဂြို င်္လ်ပေးသူ အပြစ်။ လူမှုရေးလုပ်ရင် အပြစ်
အင်တာဗျုးရင် အပြစ်။ သတင်းမှန်ရေးရင် အပြစ်
အချစ်ကဗျာရေးရင်အပြစ်။ ပျက်လုံးထုတ်ရင် အပြစ်
သီချင်းဆိုသူ အပြစ်။ ထုတ်ဝေသူ အပြစ်
သံလက်သီးနဲ့အထိုးခံရသူ အပြစ်
ဒီပဲယင်း ကားတန်းလိုက်စီးမိတာ အပြစ်
လူအခွင့်အရေးတောင်းဆိုမိတာ အပြစ်၊ မေဒေး နေ့  တက်ရောက်မိတာ အပြစ်
ဗိုလ်ချုပ်ဓါတ်ပုံ အလေးပြုမိတာအပြစ်၊ အလံထောင် စက်ဘီးစီးမိသူ အပြစ်
သံဃာတော်တန်း လက်တန်းကာမိသူအပြစ်၊ ကဗျာစာရွက် လက်ကမ်းမိတာအပြစ်၊
မှန်တာပြော အင်တာဗျုးမိတာအပြစ်၊ ၈၈ ကျောင်းသားဘဝ လူဖြစ်မိတာအပြစ်
မုဒိန်းကျင့် ခံစားရသူက အပြစ်၊ အစာငတ် လက်ဖြန့် မိတာအပြစ်
AIDS ရောဂါသည်များ အားပေးမိတာအပြစ်၊ အဓမ္မ လုပ်အားပေးကိစ္စ တိုင်စာပို့ တာအပြစ်
နိုင်ငံရေးလှုပ်ရှားသူ လင်ယူမိတာအပြစ်၊ ဦးဂမ္ဘီရ ယောက်ဖတော် မိတာအပြစ်
NLD အဖွဲ့ဝင်က လှေဌား.လှော်မိတဲ့သူအပြစ်
၈၈ကျောင်းသားဆွမ်းကြွေးပွဲ ဆွမ်းဘုန်းပေးတာအပြစ်။
နယ်ဘုရားဖူးသူများ ဘုန်းကြီးကျောင်းလက်ခံမိတာအပြစ်
NLD ရေဘေးကယ်ဆယ်ရေး ဥက္ကဌ ကယ်ဆယ်မိတာအပြစ်

နအဖဖော်လံဖား ဆောင်းပါးရေးသူဆို ကောင်းစား
သခင်ကြီးစားစရာ လာဘ်ရှာပေး. သမီးပေးစရာ သမက်ဖြစ်
ခေါင်းငြိတ်ကောင်းသူများ ညီလာခံ တိုင်းရင်းသားခေါင်းဆောင်များဖြစ်
စစ်ဗိုလ်ကတော်များ ရာထူးကောင်းကောင်းနေရာတိုးမြှင့်။
ပုဝါတကားကား နာဇီ မိန်းမအသင်းဖြစ်
ဓါးမြတိုက် လူသတ်ရဲသူများ ရာထူးတိုးမြှင့်
ထောင်ထွက်လူသရမ်း.စွမ်းအားရှင်ဖြစ်
စစ်တပ်သက်သာချောင်ချိရေးလုပ်ငန်း အနှိပ်ခန်းဖြစ်
ရှိသမျှ စက်ရုံများ. ပေါချောင်ကောင်း အိပ်ထဲလေလံပစ်
လေဘေး ရံပုံငွေ ဒေါ်လာဖြတ်စား.သပိတ်ဝင်အိပ်ဝင်သူဌေးဖြစ်
ဒုက္ခသည်ထောက်ပံ့ရေးပစ္စည်း စစ်ရိက္ခာများတဖြစ်လဲဖြစ်
စစ်တပ်ကိုလှူသူ..သီရိသုဓမ္မ ဘွဲ့ ရှင်အဖြစ်။
ရှိသမျှ ဆောက်လုပ်ရေးမှန်သမျှ..ထူး အစာဘဲဖြစ်။

ခလေးစစ်သား တွေ စစ်ကျွန်ဖြစ်
မိန်းခလေးပျို ယောက်ျားပျိုများလိင်ကျွန်ဖြစ်
တိုင်းရင်းသားပေါင်းစုံ စစ်ပြေးဒုက္ခသည်ဖြစ်
ပညာတတ်လူတန်းစားများရှား ဦးဏှောက်ယိုစီးမှုဖြစ်
ကူးစက်ရောဂါများ AIDS အများအပြားဖြစ်
ပတ်ဝန်းကျင်ပျက်ပြုန်း ရေကြီးမိုးခေါင်ဖြစ်
ပညာမရှိရှား ပညာရေးအဆင့်အတန်း နိုမ့်ပါး
ခလေးတွေ ဆော့ချိန်မရှိ မအား..အမှိုက်ပုံထဲ အစာရှာစား
ဗဟုသုတနည်း ကမ္ဘာ့လူတန်းစေ့ လိုက်မမှီမွဲ
ပြုံးနိုင်သူမရှိ..မျက်နှာသေမွဲမွဲ
လှပတဲ့မြန်မာ..စိတ်စေတနာအပြည့်မြန်မာ
ဗုဒ္ဓရောင်ဝါအောက်မှ မြန်မာ.
တိမ်မဲညို မစွန်းသင့်ပါ.

ကောင်းတာလုပ်သူမှာအပြစ်
မကောင်းတာလုပ်တတ်မှ နအဖချစ်
ဒီလိုတိုင်းပြည်မှ..မြောက်ကိုရီးယား လိုမဖြစ်.
ဘယ်နိုင်ငံဖြစ်ရဦးမလည်း။
ကြာကြာနေ စစ်တပ်လစာ
ဆန်နို့ ဆီဗူးနဲ့ ခြင် လခပေးတော့မှာ။

စားနေတာလည်း ကုန်တော့မယ် တော်ပါတော့။
ဖျက်ဆီးခဲ့သမျှ ကြေမွနေပြီဘဲ တော်ပါတော့။
သဘာဝပတ်ဝန်းကျင်ပျက်တော့မယ် ထိမ်းသိမ်းပြုပြင်ပါလော့
မြေပေါ်မြေအောက်သယံဇာတ ဘေးနိုင်ငံတွေဆွဲစားနေတာ ရပ်ပါတော့။
ချဉ်သီးပင်အောက်ချဉ်သီးရှား.မြန်မာစားဖို့ ချန်ခဲ့ပါဦး
ဒီမြေသည်. ဘိုးဘွားအမြေ.
ဆိုင်ကြတယ် မြန်မာအားလုံး။
ခုများတော့
စာရင်းမရှိ အင်းမရှိ.
ဘုန်းနေတာ မသေမချင်း အံတိုနေသည်အထိ
သေခါနီးမသာ..ပန်းပန်နေသည် အရှက်မရှိ

စစ်တပ်သမတ လခ..သမီးကို စိန်ဆင်နိုင်ပါသလား။
စစ်ဗိုလ်ချုပ်လခ..အိမ်ဘယ်နှစ်လုံး ဝယ်နိုင်ပါသလည်း။
ဝန်ကြီးလခ..ကားဘယ်နှစ်စင်း ၀ယ်နိုင်ပါသလည်း။
ချိပ်ပိတ်ကာ စစ်ဆေး..
တရားမ၀င်တဲ့ ငွေမဲ..သူတို့ မခိုးဘဲ ဘယ်ကရမလည်း။

ဘာဘဲလုပ်လုပ်. အယူခံဘယ်လောက်ဝင်ဝင်
ဥပဒေပုဒ်မ..ဘာဘဲ ကိုးကား
အမှန်ဆို မသိ မမြင် မကြား.
နအဖ ထီထွင်တာ
သက်သက် အမြင်ကပ်ပုဒ်မများ။

၂၀၀၈ မှာ နိုင်ငံရေးအကျဉ်းသား ၂၁၂၃ ထိ တိုးမြင့်
ပြန်လွှတ်သူ ၉၀၀၀ကျော် က ရာဇ၀တ်သားများ
လူသတ်ဓါးပြများ အပြင်ထွက်..
လာဘ်စားသူများ အပြင်ထွက်..
မုဒိန်း သမားတွေ စော်ကားကြပစေတဲ့
တိုင်းပြည်ကို ဆက်ဖျက်ကြစမ်းဟဲ့
စစ်တပ် လက်အောက် မနေလိုသူ
မညှာမတာ အမျိုးသာ ဖြုတ်ခဲ့ 
လူနာ မျက်ဖြုဆိုက်..ဆရာကကြိုက်
တိုင်းပြည် မငြိမ်တုန်ခိုက် နအဖကြိုက်.
ပြည်ကြီးမဟာ တည်မြဲဖို့ အရေး..
တပ်မတော်အရေး..ဒို့ တာဝန်အရေး..
တကယ်ကျ..ကိုယ့်မယားဝဖို့ အရေး။
ကိုယ်ဗိုက်ပြဲကားစားရဖို့ အရေး..
နအဖ ဒါဘဲတွေး.
ခလေးငယ်တွေ ဘာဘဲဖြစ်ဖြစ်.
မိန်းခလေးတွေ ဘာဘဲဖြစ်ဖြစ်.
သံဃာတွေ ဘာဘဲဖြစ်ဖြစ်
သာသနာ မစစ်..ဘယ်လောက်ညစ်ညစ်
ဒို့ မသာ မဖြစ်ဖို့ သာအရေးကြီးတယ်.
သံသရာ.ငရဲ ဘာညာ နအဖမကြောက်.
ဘုန်းကြီးရဲ့ ခေါင်းခေါက်။

ခုတော့ မြန်မာပြည်ရဲ့ တရားစီရင်ရေး.
ငွေများရာ တရားကနိုင်
ကျည်ဆန်လာမဲ့နေရာ..တရားကနိုင်.
လာဘ်ပေးပါမှ နိုင်ဖဲကိုင်
ရှေ့ နေဆိုတာ မလိုအပ်တဲ့အချိန်.
တရားသူကြီးများ အမြီးကျက် အမြီးစားချိန်.
ခေါင်းကျက် ခေါင်းစားချိန်
မျက်စိပိတ်ထားတဲ့ တခြားနိုင်ငံက
တရားဥပဒေရဲ့ နတ်သမီး..
မြန်မာပြည်မှာကျ မျက်စိပြူးပြီး..
ဘယ်ဘက်က လာဘ် ပိုများ
ဘယ်ဘက်က အာဏာ ပိုများ
ချိန်ခွင်နဲ့ ချိန်ပြီး စားတယ်။
မြန်မာ့ခုံရုံးရှေ့ ရေးရင်လေးဖွယ်။
မြန်မာပြည်မှာ တရားဓမ္မ ရှာလေလေဝေးတယ်။

မသဒ္ဓါ (၁၀။ရ။၂၀၀၈)

အပြည့်အစုံသို့ 

Tuesday, October 7, 2008

သူငယ်ချင်းရေ..မင်းနားကိုက်ခံရမှာစိုးသောကြောင့်


အမယ်မင်း ရှက်လှပါချည့်..
သားသမီးမတော်ရင်..မိဘခေါင်း..
မသဒ္ဓါ၏ အရွယ်တော်တန်း
ကျောင်းတော်က သူငယ်ချင်းဟောင်း
စွေစောင်း၏ မိဘကောင်းများ..
ဘယ်လိုများ သားသမီးကို
သွန်သင် ဆုံးမ ထားခဲ့ပါသလည်းကွယ်။
မင်း တို့  အစား ကိုယ်ရှက်တယ်
သူငယ်ချင်းတို့ ရယ်။

မင်းရဲ့ ရှူမငြီးတဲ့ သားလေးရွှေသွေး
စွေစောင်းဆိုတဲ့ စစ်ဗိုလ်ကလေး..
ငယ်စဉ်က.ရခဲ့တဲ့ ဘုရားစာ
ရှင်ပြုစဉ်..မှ.ဆိုခဲ့တဲ့ သင်္ကန်းတောင်း
ဦးပြည်းခေါင်းပြောင်..ကိုရင်ဆံချ..
သတိရဖူးမှာပါ..
မင်းတို့ မောင်နှံ ဝမ်းသာမျက်ရည်စို့ ဖူးတာ
ဗုဒ္ဓဘာသာဝင်..ခလေးဘဝသားအလိမ္မာ။

ဒီလို လိမ်မာခဲ့ဖူးပါသောသား..
ခိုးသားစခန်းရောက်..ကျေးသား
ပတ်ဝန်းကျင်၏အလို ကြမ်းတမ်းစကား
စစ်ဗိုလ်ဖြစ် မောက်မာသွား.
အမလေး..ကြားလို့ မယုံ နားဝခါး။
ဘာတွေ များ ဖြစ်သွားပါသလည်းကွယ်။

ငါနဲ့ ငါသာ နှိုင်းစရာ..
ငါ သာလျှင်မြတ်..အတ္တကပ်..
မောဟထပ်ထပ်..တဏှာနဲ့ဆုံးဖြတ်.
တနေ့ သုံးနပ်ဖဲစားနိုင်တဲ့ အစာ.
တနေ့  သုံးထည်ဘဲဝတ်နိုင်တဲ့အထည်.
တချိန်မှာ..တခါဘဲဝင်နိုင်တဲ့ အိမ်သာ။
တချိန်မှာ..တခါဘဲထိုင်နိုင်တဲ့ ခုံနေရာ။
တချိန်မှာ..တစီးသာဘဲ စီးနိုင်တဲ့ ကား။
မင်းရဲ့ သားလေး ရွှေသွေး မောင်စွေစောင်းလေး
ဘယ်လောက် ကြာကြာ..ဖားနိုင်မလဲ
ဘယ်လောက် ကြာကြာ..စားနိုင်မလဲ.
ဘယ်လောက် ကြာကြာ.. ကြွားနိုင်မလဲ။
ဘယ်လောက် ကြာကြာ..ကောင်းစားနိုင်မှာလဲ။

ဘယ်လောက်ရွှေမှုန်ကြဲကြဲ
အပုပ်ကောင်ရုပ်ဆောင်တဲ့ လူသား
ဘဝဆိုတာ တကယ်ကျ..အလကား။
သေကောင်ကျရင်..စွန့် ပစ် လင်းတစား။

အနန္တသူရိယ ပြောကြားခဲ့တဲ့ အလင်္ကာ.
ဘဝဟာ ရေပွက်ကလေးသာ.
ရာထူးစည်းစိမ်..နိမ့်လျှော တစ်နေ့ သောအခါ
ဦးပေါ်ဦးပြခဲ့  ခေါင်းတလားအပြင်ဘက်က
ပလာနတ္တိ လက်ဖဝါးသက်သက် လူသေလက်
နောက် တမိနစ်..တစက္ကန့်  ဘာဖြစ်မယ် မသိခဲ့
အားလုံးဟာ..သံသရာ၏ သားကောင်..
မင်းသား မောင်က..မောဟနွံ အလူးလူး
လောဘနဲ့ အစွယ်ကြူးကြူး။
ပုတ်သင်တကောင် အဿပြာလည်ဆွဲ..
ခေါင်းတမော့မော့..အမှန်မမြင်ဘူး.။

ဗုဒ္ဓ ဘာသာပြယ်..
တရားဓမ္မ ကို ဖယ်..
မတရားသမျှ အမှန်ရယ်..
လူဆိုးဓါးပြ..စစ်နအဖအောက်ဆွဲမယ်..
ကိုယ်ဗိုက်ပြည့်..ငတေမာရင်.ပျော်တယ်.
တည့်တည့် အလင်းမမြင်တဲ့
သားလေး အမှောင်ဖုံးရင်..
မိဘတို့ တာဝန်မကျေ
မင်းမွေးရ ဝမ်းရေစပ်တယ် သူငယ်ချင်းရယ်။

လူကြီးကို..စော်ကား..တရားမရှိ
ဘုန်းကြီးစော်ကား..ဘုရားမရှိ.
ကိုယ်ချင်းစာတရား..နှလုံးသားမရှိ
စွေစောင်းလိုသားမွေးထားရ..
မင်းဘ၀ရှုံး၏။

ငယ်စဉ်က နာဘူးတဲ့ ပုံပြင်တပုဒ်..
ခိုးတတ်သော သားအား
အမွမ်းတင်ဖူးသော အမေ
ခိုးရာပါ ပစ္စည်းစား
" တော်လှချည့် ငါ့သား။ များများသာ ယူခဲ့
မိုးခါးရေဆို သောက်သာသောက်..ရရင်ခိုးခဲ့ "
ဥာဏ်မရှိမိုက်မဲ သူခိုး၏မိခင်..
သား ကိုဖမ်းမိ..
ကားစင်တင်တဲ့အခါ မှ..
သားက နားရွက်ကိုကိုက်
သား ခိုး တတ်တာ..
မှန်ရာ မသွန်သင်တဲ့ အမေမိုက်..
မင်း မှောင်မိုက်မှာ မငိုစေချင် သူုငယ်ချင်း။

အချိန်မလွန်ခင်..မင်းသွန်သင်ခဲ့..
မင်းသား လူသွမ်းကြီးစွေစောင်းခမြာ
အင်္ဂလိမာလ လို..
လက်ချောင်းရှာခဲ့ ဆရာကဆိုတိုင်း..
မွေးမေ့ လက်တောင်ဖြတ်မဲ့သား..
ကံကြီးမထိုက်ခင်..သွန်သင်ခဲ့ပါလား..
ဒါမှသာ..မင်းဟာ အမေကောင်း..
မင်းသားလည်း ဇာတ်သိမ်းကောင်းမယ်။

မသဒ္ဓါ (၁၀။၆။၂၀၀၈)
စွေစောင်း (သို့ ) နေလင်းမောင်၊ ကိုယ်ပိုင်နံပါတ် ၃၅၇၅၆၊ အဖကားဒရိုင်ဘာ၊ နေရပ် မန္တလေး ပိုက်ကျုံး၊ လက်ရှိနေရပ် Mephi University (Russia, Moscow)၊ (http://oppositeyes.blogspot.com/) ၏ မိခင်..မသဒ္ဓါ၏ သူငယ်ချင်းသို့  " စိတ်မကောင်းပါဘူး သူငယ်ချင်းရယ်။ ဖော်လံဖား..စစ်ဗိုလ်အမေ လုပ်ရတာ..ဂုဏ်ရှိတယ် ထင်ရသော်လည်း..ကုသိုလ် က တပဲ ငရဲက တပိဿာ "

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */