Monday, April 12, 2010

ချစ်သော သမီးသို့  မွေးနေ့ လက်ဆောင်

သင်္ကြန် မိုးပြေးနဲ့ အတူ..
ပိတောက်ဝါပွင့်တွေ နဲ့ အတူ
လူ့ ဘ၀ထဲ ရောက်ခဲ့တဲ့ သမီး..
ခုဆို..တော်တော် ကြီးလောက်ပြီ..

ဒီ အချိန်ဆို..သမီး..ရေကစား..
သင်္ကြန် မှာပျော်နေမလား..

ဆွေမျိုးညာတိ ပေါင်းဖော်ကြား
ပျော်ရွှင်.မွေးနေ့ ပွဲ နွှဲနေတော့မလား

လက်ဖ၀ါးသေးသေးကလေး အုပ်စုံမိုး..
သြကာသ ရှစ်ခိုး ဦးခိုက်နေမလား..

တစက်စက်ကျနေတဲ့ ရေစက်ခွက်..
သမီး လက်နဲ့ ကိုယ်တိုင် ချနေမလား..
အဖေနဲ့ အမေကို ရည်စူး.
အသံစူးစူးလေး နဲ့ အမျှဝေနေမလား..

အမေတူ မျက်လုံးလေးတွေနဲ့ 
ဆံသွယ်လေးတွေ ခွေနွဲ့ ..
အပြစ်စင် အပြုံး..
ဖြူစင်ဆုံး နှလုံးသား.နဲ့ သမီးရယ်.
မြန်မာ..အမှောင်ထဲ ကျနေခိုက်
စိတ်နှလုံးသား ညစ်ပတ်မပေစေပါနဲ့ 
မျိုးရိုးမိဘ၏ ဂုဏ်သိက္ခာ သမီး စောင့်ရှောက်ပေးပါ။

မွေးနေ့ မှာ
အဖေ အမေဆီက လက်ဆောင်မပါလို့ 
နှူတ်ခမ်းစူ..ခြေဆောင့် စိတ်မကောက်လေနဲ့သမီး…

အဖေ ပေးတဲ့ ဥာဏ်ပညာ ဦးနှောက်လက်ဆောင်
သမီး အာရုံ ငါးပါးမှာ လွှမ်းခြုံ လက်နက်..
အမှားနဲ့  အမှန် ပိုင်းဖြတ်ရဲတဲ့ ယုံကြည်ချက်

အမေပေးတဲ့ သတ္တိ သွေးလက်ဆောင်
သမီး နှလုံးသားမှာ နီရဲစွာစီးဆင်းလျှက်..
မတရား အမိန့် အာဏာ ခေါင်းငုံမခံမဲ့  ဆုံးဖြတ်ချက်

ဘ၀များ စတေးထားတဲ့အဖေ နဲ့အမေ..
သမီးအတွက် စိတ်အင်အားကလွဲ..
မှတပါး ပေးစရာမရှိ..နတ္တိမွဲ..

ညညတိုင်းဆို.. အဖေ..
သမီးအတွက် အိပ်ယာဝင်ပုံပြင်တွေ..
ပြောပြောနေမိတယ်..
သမီးရယ် လေပြေတွေထဲမှာ ကြားပါ…

ဟိုးရှေးရှေးက ဗိုလ်ချူပ် အောင်ဆန်း ဆိုတဲ့သူမှာ..
အောင်ဆန်းစုကြည် ဆိုသူ သမီးလေးရှိတယ်..
သူက အဖေ့ ခြေရာနင်းတယ်..

ဟိုးရှေးရှေးက ကိုဂျင်မီ..ဆိုတဲ့သူမှာ..
ဖြူနေခြည်မင်းယု ဆိုသူ သမီးလေးရှိတယ်..
သူလည်းလေ အဖေ့ ခြေရာနင်းမဲ့သမီးလေးပါ..

အဖေ့ မျက်နှာကို သမီး မမှတ်မိပေမဲ့ 
အဖေ့ ရဲဂုဏ်သိက္ခာ.သမီးအမှတ်ရပါ။
သမီးအနားမှာ အမေ မနေနိုင်ပေမဲ့ 
အမေ့ ရဲ မေတ္တာကို.သမီး သတိရပါ။

တနေ့ နေ့ ပြန်တွေ့ မှာ အသေအချာသမီး..
မျှော်လင့်ချက် အပြည့်နဲ့  သမီးယုံကြည်
သုံးတိုင်သော မွေးနေ့  ကိတ်ပေါ်က ဖယောင်းတိုင်..
လေမှုတ်ငြိမ်းကာ..ဆုတောင်းပေါ့..
“ အဖေ အမေနဲ့ သမီး အမြန်ပြန်နေပါရစေတော့ ”

မသဒ္ဓါ ( ၄။၁၂။ ၂၀၁၀)

ဖေဖေ ဦးဂျင်မီ ( ဦးကျော်မင်းယု ကိုယ်စား ) သမီးလေးငယ် ဖြူနေခြည် မင်းယု ၏ ဧပြီ ၁၂ ရက်တွင် ကျရောက်သော (၃ ) နှစ်ပြည့် မွေးနေ့ အတွက် မွေးနေ့ လက်ဆောင်..

အပြည့်အစုံသို့ 

Saturday, April 10, 2010

စိတ်ဓါတ်သာရှိပစေ ..ပြောင်းလဲဖို့ ၂၄ နာရီဘဲလိုတယ်.


အဖေက ကျဆုံး..အမေက တာဝန်အရ..
တိုင်းပြည်က ခွာရတဲ့အခါ..
ပြည်ပမှာ ကြီးရတာမို့ 
အနောက်မျှော်တယ် ..ဘာညာ
နအဖ..အာမနာပ ပြောပေတဲ့..
အမေ ပြည်တော်ပြန်ခဲ့တာ.တကမ္ဘာလုံးအသိ..
ခင်ပွန်းလင် တယောက်လုံး ဆုံးတာတောင်
လှည့်မကြည့်နိုင်ဘူး
သားလူမမည်တွေ အမေပျောက်ဘဝ
မစဉ်းစားနိုင်ဘူး.
ရိုးသားကြည်လင် ပျော်ရွှင်တဲ့ မိသားစုဘဝ
ပြည်ဖုံးကားချခဲ့တာ..မြန်မာတမျိုးသားလုံးအတွက်..
ရဲဝံ့သော အာဇာနည်..အမေသည် ဒေါ်အောင်ဆန်းစုကြည်..

မြန်မာပြည်ကို ချစ်သော်ညား..
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်
စစ်အစိုးရကို ဒူးမထောက်ချင်သူများ..
စစ်ပြေးဒုက္ခ..အနှိပ်စက်ခံရသူများ..
အေးအေးလူလူ အလုပ်လုပ်လိုသူများ.
လုံခြုံရာ အေးရိပ် ရှာဖွေခဲ့သူများ
ကြောက်ရွှံ့ ဘေးဒဏ်ထွက်ပြေးခဲ့သူများ..
ပညာတတ်တတ်..ပညာမတတ်တတ်..
ကြုံရာနေ..ကြုံရာလုပ်..
ခေါင်းပုံဖြတ် သွေးစုတ်ခံရ..
မိန်းကလေးတွေ လိင်အနိုင်ကျင့်ခံရကြ..
ကျောက်ကပ်ကလီဇာထုတ် ရောင်းစား အသတ်ခံရ..
ကလေးငယ်တွေ ကျွန်ရောင်းဝယ် ခံရ..
သူတောင်းစား အမှိုက်ကောက်.
ပညာမရှိ ဗိုက်မှောက်..
အတွင်းရော အပြင်ပါ..
မြန်မာတွေ ဘ၀ပျက်နေကြပြီ..
ဒါ ဒို့  အားလုံးမှာ တာဝန်ရှိသည်။

ဘာ အနောက်လည်း မျှော်ရသည်မဟုတ်..
ဘာ အရှေ့ လည်း လက်ယပ်ခေါ်သည်မဟုတ်.
ခွေးလို ဘ၀..တောင်ဘက် လည်း မပြေးသာ..
မြောက်ဘက်ဘဲ မပြေးသာ
ချာချာလည်နေတာ..ဒို့ တွေပါဘဲ
အာဏာရှင်ယုတ် တအုပ်စုကောင်းစားရေး..
လူသန်းချီစတေးနေရ..
ဒို့ တွေ မြန်မာအစစ်မှဟုတ်ကြသေးရဲ့လား..
ဒို့ တွေ ဗုဒ္ဓဘာသာ အစစ်မှဟုတ်ကြသေးရဲ့လား..
ဗြဟ္မဇိုရ်တရား..ပါးစပ်ဖျားဘဲ အပြောကောင်းနေ..
ဆင်သေကို ဖုံးနေတဲ့ ဆိတ်သားရေ..

ဘယ်သူမှ အမိမြေက မခွါလိုဘူး..
မြန်မာတွေ တချိန်ကရောင်ရှိန်မြင့်တာ ပုံပြင်သာသာ..
အာရှရဲ့ မွဲပြာကျကြွက်..ဒါ ငါတို့ ရဲ့လက်ထက်..

ငါတို့ အဖိုးတွေ တော်လှန်တာ ကျွန်ပညာရေး..
ပိုးပုဆိုးဝတ် ရုံးတက်နိုင်ခဲ့တာ..ဒို့ မြန်မာ..
ဘော်လီတောင် ရွှေကြိုးတတ် ၀တ်နိုင်ခဲ့တဲ့ ဒို့ မြန်မာ
ဖိုးစိန်လို ဇာတ်မင်းသား ရွှေဒဂါးပြားဆုချနိုင်ခဲ့တဲ့ မြန်မာ.
ရှေ့ နေ မောင်သောင်းဖေ ပြည်တော်ပြန်ခဲ့တာ ဒို့ မြန်မာ..
ကျမ တို့ လက်ထက်ကျ ပြန်ရက်မရှိ..
သေတောင် အရိုးဘ၀သာ ပြန်ရမည့်ဘ၀တွေ..
ထိုင်ကြည့်နေရုံ အမြတ်မရှိ..
ဆက်တွန်းကြည့်စို့ လား..

ကံကြမ္မာဟာ မျက်လှည့်လိုဘဲ..
ဝီရိယဟာ..စွမ်းအားသစ်ဘဲ..
ဟောကြည့်..လူသာညီကြည့်
၂၄ နာရီ မရှိတရှိမှာ..ဖြုတ်ချနိုင်တာ
ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan) အစိုးရ..
ဒို့  တတွေ ဥပမာ ယူကြရအောင်။
နောက်ဆုံးတိုက်ပွဲ ထပ်နွှဲကြည့်ကြရအောင်။

မသဒ္ဓါ ( ၄။၁၀။၂၀၁၀)

ယခင် ရွှေဝါရောင်အရေးအခင်း...ယခု ကီရစ်ကစ္စတန်နိုင်ငံ (သို.) အကြမ်းမဖက်သော်လည်း လက်တုံ့ပြန်ခြင်း
Friday, April 9, 2010

Kyrgyzstan နိုင်ငံတွင် လျှပ်စစ်မီတာခ နှင့် စက်သုံးဆီ ဈေးများ ကို တိုးမြှင့် လိုက်ရာမှ လူထု အုံကြွမှု ဖြစ်
ဆန္ဒပြသူများက ပြန်လည် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ ဝင်များ အထိနာ
ဆန္ဒပြသူ များ က စစ်ကား တစ်စီး ကို သိမ်းပိုက်ထား
ရဲစခန်း နှင့် ရုပ်မြင်သံကြား ဌာန နှစ်ခု ကို သိမ်းပိုက် ထား
အတိုက်အခံပါတီ မှ ခေါင်းဆောင်များက ဤသို့ ချက်ခြင်း လာရောက် ၍ တရားဟောကာ ပြည်သူအား ဦးဆောင်မှုပေး
ဗုဒ္ဓဟူးနေ့ က ဆန္ဒပြပွဲ တွင် လူ တစ်ရာကျော် သေဆုံးပြီး နှစ်ရာနီးပါး ဒဏ်ရာရရှိ။
သမ္မတ နန်းတော်ရှေ့ တွင် ဆန္ဒပြသူများ
လည်း ပစ်သတ်ခံရကာ ရဲတပ်ဖွဲ့ ဝင် အချို့ ကို လည်း ဆန္ဒပြသူ များ ကဖမ်းဆီး
၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံ အမျိုးသမီး အာဏာရရှိ


ကီရစ်ကစ္စတန်နိုင်ငံ (Kyrgyzstan) ပြင်းထန်တဲ့ ဆန္ဒပြပွဲတွေကြောင့် လက်ရှိအစိုးရပြုတ်ကျကာ ကြားဖြတ်အစိုးရ တက်လာပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ၆ လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ကြေညာလိုက်ပါပြီ....
ဒီလို လျှပ်စစ်မီတာခ နှင့် စက်သုံးဆီဈေးတက်လို့ ဆန္ဒပြ တဲ့ပထမဆုံးနိုင်ငံတွေထဲမှာ မြန်မာပြည်ပါ ပါ တယ်...၂၀၀၇ စက်တင်ဘာ..
ဘာလို့ဒီလို မအောင်မြင်ရတာလဲ...အကြမ်းဖက်နှိမ်နှင်းခံရ လို့ .....လက်တုံ. မပြန်နိုင်ခဲ့လို့ ....
ကျောင်းသားအရေးအခင်း ၂၀၀၆ ဒီဇင်ဘာ ...လှည်းတန်း ....(ပြည်သူ အချို့မသိလိုက်ကြ ) ...ဒီလိုဘဲဖြစ်ခဲ့တာပါဘဲ...
မအောင်မြင်တာတွေသုံးသပ်ပြီး ယခုဖြစ်ပေါ်လာတော့မဲ့ လူထုလူပ်ရှားမူကြီးကို ပြင်ဆင်ကြပါစို့......
ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ အာဏာရူးတွေနဲ့သူတို့ရဲ့ လက်ကိုင်တုတ်တွေကို ဒီလို (Kyrgyzstan)ပြည်သူတွေ လက်တုံ့ ပြန်တာ ဟာ အကြမ်းဖက်တယ်လို့မသတ်မှတ်နိုင်ပါဘူး ငြိမ်းချမ်းရေးကိုတည်ဆောက်တာဖြစ်တယ်....Kyrgyzstan မှာ သေဆုံးသွားကြတဲ့ ပြည်သူတွေဟာ ဒီနေ့ဘဲ ပြည်သူု. သူရဲကောင်းတွေ အဖြစ် တိုင်းသိပြည်သိ ကြေညာနိုင်ပြီဖြစ်ပါတယ်...မြန်မာပြည်ဟာ ဒီလို အောင်မြင်မူနဲ့ များစွာလွှဲချော်ခဲ့ ရတယ် ကျဆုံးခဲ့ရတဲ့ လူမသိ သူမသိ ရဟန်းရှင်လူ ပြည်သူကျောင်းသားကလေးငယ် က အစ သူရဲကောင်းများစွာတို့ ရဲ့ စာရင်းဟာသက်ဆိုင်သူများရဲ့နှလုံးသားထဲမှာသာ သိမ်းစည်း ထားနေရဆဲဖြစ်ပါတယ်.....လွတ်လပ်ရေးဆိုတာ အသက်သွေးချွှေး အနည်းငယ် သို့ များစွာပေးဆပ်ရတယ်ဆို တာမျက်မှောက်သက်သေ တစ်ခုပါ ဘဲ....ကျွှန်တော်တို့မြန်မာပြည် နအဖ တွေရဲ့ စစ်ကျွန် ဘဝ အောက်ကနေပြီး လွတ်လပ်ရေးရဖို့ လက်တွေ့ဘာလုပ်ကြရမလဲ...
ကျွန်တော်စက်တင်ဘာရွှေဝါရောင် အရေးအခင်းတုံး က ကြုံတွေ့ဖူးတာလေးတစ်ခုကို ချိန်ထိုးပြီးစဉ်းစားမိပါတယ်....
ကျွန်တော်စက်တင်ဘာရွှေဝါရောင် အရေးအခင်းတုံး က တာမွေကျောင်းရှေ့ ပစ်ခတ်ပြီး သေဆုံး ဒဏ်ရာ ရသူတွေ သယ်ထုတ်လို့ လူထု ရုတ်ရုတ် သဲ သဲ ဖြစ်နေချိန် ရောက်ရှိသွားခဲ့ ပါတယ်....ဒီဘက်မှာ ပစ်ခတ်လို့ သေကုန်ကျ ပြီ ....ရွှေဂုံတိုင်လမ်းမ ကတော့ တိုးယိုပေါက် တာမွေဘက်ထိ ဘတ်စ်ကား တွေ ပုံမှန်ပြေးဆွဲနေတုံး ဘဲ....
လူတွေကမဆိုင်သလိုဘဲ ...ဖြစ်ရမှာက လမ်းမတွေပိတ် .....စစ်အစိုးရပြုတ်ကျရေးကြွေးကြော် ......ဆက်လက်ပြီးအရှိန်မြင့် ..ဆန္ဒပြ သပိတ်စခန်းတွေဖွင့် .....ကျွန်တော်လဲညံ့တဲ့အထဲပါဝင်ခဲ့ပါတယ် အဲ့ဒီ အချိန်မှာ တက်ကြွတဲ့ လူငယ်များရဲ့ ကားတွေ က သွေးသံရဲ ရဲ ဖြစ်နေသူတွေကိုတင်ဆောင်ပြီး လူအုပ်ကြားကထိုးဖောက်ပြီး ဆေးရုံမောင်းသွားကြတယ်...ဆူးလေ မှာ နိုင်ငံခြားသားတစ်ယောက်သေနတ်မှန်သေ သွားပြီ ဆိုတဲ့ သတင်းရောက်လာတယ်.......ကျွန်တော် ရွှေညောင်ပင်မီးပွိုင့်ထိပ် ရပ်နေစဉ် လူတွေက လာ နေပြီ လာနေပြီ ဆိုပြီး အုံးအုံးကြွက်ကြွက် ဆိုင်တွေထဲကို ဝင်ပြေးကျတယ်.....ကျွှန်တော်လှမ်းကြည့်တော့ ဟိုးခပ်လှမ်းလှမ်း တာမွေရုပ်ရှင်ရုံဘက်ကနေ စစ်ကားတွေ လမ်းဘေး ဝဲယာ စစ်ပြေပြင်အသွင် နဲ့ လက်နက်တွေချိန်ပြီး ဖြေးဖြေး မောင်းလာတယ်..... ကျွန်တော်အပါအဝင်လူတစ်ချို. မပြေးပါ.... ရပ်ပြီး စစ်ကားတွေကိုပေကြည့်နေတယ်....ကျွှန်တော်သိပါတယ် သူတို့တွေရဲ့ မျက်လုံးထဲမှာ လဲ ကျွှန်တော့်လိုဘဲ မင်းတို့လား ကွ ကျောင်းထဲက ကလေးတွေကို ခုလေးတင် သေနတ်နဲ့ဝင်ပစ်သွား တာ ဆိုပြီး စပ်ဆုတ် ရွံရှာ စွာ ကြည့်နေမှာ သေချာ ပါတယ်......နေလောင်ထားလို့လူ့မျက်နှာ အသား အရည် မရှိ အဟာရပြတ် လို့ ပါးရိုး အပြိုင်းပြိုင်းထ နေ တဲ့ လူ့ငရဲသား စစ်သားတွေ ရဲ့ သေနတ်ပြောင်းတွေဟာ ကျွှန်တော့်တို့ ဆီ ထိုးချိန် သွားပြီးချိန် ရွှေညောင်ပင်မီးပွိုင့်ထိပ်မှာဘဲ ကားတွေရပ်ပြီး သေနတ်တွေတဖြောင်းဖြောင်းမိုးပေါ်ထောင်ပစ်ပြီးလူထု ကိုထပ် မိုက်ရိုင်းပြပြန်ပါတော့တယ်....လူထု အားလုံး ဘာမှ မ လုပ်တတ်ခဲ့ပါ ဘူး....
ဟုတ်ပြီ ဒီတစ်ခါငါတို့ အလှည့်ရောက်ရမယ် ......အကြမ်းဘက်မူကိုဘယ်လိုတန်ပြန်မလဲ......ကျွှန်တော်အကြမ်းဘက်သမားမလုပ်ချင်ပါဘူး ...ဒါပေမဲ့ ပြည်သူတွေအတွက်လိုအပ်ရင် ....လုပ်ပေးနိုင်ခဲ့ရင် ...ကျွှန်တော်လုပ်တော့မယ်....ကိုယ့်ကိုယ်ကို ကာကွယ်မူ ....လက်တုံ့ပြန်မူ ......
ကျွန်တော့်ရဲ့ယခုရေးသားချက်များသည် အကြမ်းဖက်မူကို ကြိုတင်ကြံစည် ခြင်းမ ရှိ ... ပြည်သူများကိုယ်ရေးကြုံ သက်လုံကောင်းရန်သာဖြစ်ပါသည်....ယခုနည်းလမ်းများကို နအဖ လက်ကိုင်တုတ်များဘက်မှ ကြိုတင်ကာကွယ်စဉ်းစားပြီးဖြစ်ပါသည်..သို့သော်ပြည့်သူ့အင်အားကိုသူတို့မကာကွယ်နိုင်ပါ....စွမ်းနိုင်သူများ ကျွန်တော့်ထက် ပြီးပြည့်စုံစွာ နည်းစနစ်များဖြင့်ရေးသားပေးစေလိုပါသည်....
(၁) ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေဆီကို အကြမ်းဖက်သတ်ဖြတ်ရန် စစ်ကား ရဲကား များ သွားရောက်ချိန် လမ်းမ တိုင်းက ပြည်သူများဟာ လမ်းပိတ်အောင်လုပ်ရပါမယ်.....ရန်ကုန်မှာ အကျယ်ဆုံး ပြည်လမ်းမ ကို ဘတ်စ်ကားရှည် လေးစီးကန့်လန့်ဖြတ် ရပ်ကြည့် ပါ ...နောက်ရောက်လာတဲ့ကားများနဲ့ အဲ့ဒီလမ်းမ မပိတ်ဘဲရှိနိုင်မှာ လား .....ထိုကြောင့်တက်ကြွသောလူများဖြင့်လမ်းမတွင်သွားနေသော ကားများကို ရပ်တန့်ရန်ဆောင်ရွက်နိုင်ရမည်....အခင်းဖြစ်ရာဝင်ရောက်လာချိန်မှာ သူတို့၏ အဝန်းအဝိုင်းကိုထပ်မံ ကျဉ်းကြပ်အောင်လုပ်ဆောင်ရမည်...
ရပ်ကွက် သက်ဆိုင်ရာလမ်းများကို လူထုအားနဲ့ လျင်မြန်စွာ ပိတ်ဆို့....
(၂)သူတို့လက်နက်ကိုကိုယ့်လက်နက်ဖြစ်အောင် သူတို့လူကိုယ့်လူဖြစ်အောင် လုပ်ရမှာဖြစ်တယ်....သူတို့ရဲ့လက်နက်များကိုပစ်ခတ်ခွင့်မပေးနိုင်ရင်အကောင်းဆုံးဖြစ်ပေမဲ့....သူတို့ကား မှာ ကျည်ဆံသောင်းသိန်းချီပြီးပါလာပါစေ ..ကျည်ကန့်သတ်ချက်ရှိပါတယ် ..ဒီကား ကြီး ဒီနေရာက လုံးဝ လူပ်ရှားလို့ မရတဲ့ အချိန်မှာ သူတို့လမ်းပိတ်မိနေချိန်မှာ ..... သူတို့ရဲ့ ရင်ထဲမှာ ကျည်တစ်တောင့်တောင်သုံးချင်စိတ်မရှိ ထွက်ပြေးချင်စိတ်သာ ရှိမှာ အသေအချာ ပါ.....ဆိုတော့လမ်းမများ ကိုပိတ်ဆို့ပါ ...သစ်သား သစ်ပင် ရ ရာ သုံး ပါ... ဒီထက်စွမ်းနိုင်ရင် သံဆူးကြိုး သို့ ရရာ ပျဉ်ပြားကိုသံချောင်းရိုက်ပြီး သူတို့ရဲ့ ကားတာယာကို ထိုးဖောက်ဖို့သူတို့ရဲ့လမ်းမှာ တားဆီးရမှာဖြစ်ပါတယ်...သွပ်ရိုက် သံများလမ်းပေါ်ကြဲတာ အကောင်းဆုံးဖြစ်နိုင်ပါတယ်....
(၃) ထို့ကြောင့် သက်ရှိရန်သူ စစ်သား ရဲသား အပြင် သက်မဲ့ရန်သူ ဖြစ်တဲ့ သူ တို့ရဲ့ မော်တော်ယာဉ် ...ဆက်သွယ်ရေးစက်တို့ ဟာလည်း ပစ်မှတ်ဖြစ်ပါတယ်....အထက်ပါအချက်များအောင်မြင်ပါက ရန်သူသည် လမ်းမများတွင်ထင်သလို မလူပ်ရှားနိုင်တော့ပါ.....ထိုအချိန်သံချပ်ကာ ကားသုံးပါက ယင်းသည်လည်းမီးအာမခံကားမဟုတ်ပါ.......
(၄) ကားတွေ ပေါ်မှာ လက်နက်ခဲယမ်းတွေပါပါတယ်....လူထုအားနဲ့ တစ်ယောက်ဆေးလိပ်တစ်တို့ပစ်တင်ရုံနဲ့ သူတို့ မီးဟုန်း ဟုန်းတောက်မှာ ဖြစ်ပါတယ်.......စက်တင်ဘာ အရေးအခင်းက မြို့လည်တိုက်ပေါ်က ရေနွေးပူနဲ့လောင်းချတယ်လို့ မှတ်သားဖူးပါတယ်...အဝတ် ဓါတ်ဆီစွတ်... မီးရှိ့ ပြီး ကားပေါ်ပစ်တင်... လမ်းဘေးကျောက်ခဲ ..သစ်သားတိုင် ယုတ်စွ အဆုံး ငရုတ်ဆုံ ငရုတ် ကျည်ပွေ့ က အစ လက်နက်ဖြစ်ပါတယ်...
သေဆုံးသွားခဲ့ရသော အာဇာနည်များ အကျဉ်းကျခံနေရဆဲ သူရဲကောင်းများ နာဂစ် မုန်တိုင်း ရဲ့သားကောင် အပြစ်မဲ့ပြည်သူ ကလေးငယ် သိန်းပေါင်းများစွာတို့ရဲ့ အကြောင်းကိုစဉ်းစားပြီး တိုက်ပွဲဝင်ပါ....
ဒီနေ့အဆင့်မြင့်အိုင်တီ ရဲ့ ကျေးဇူးနဲ ကုန်မာဆိုင်မှာ ဝယ်လို့ရ တဲ့ အရာ အားလုံးဟာ လုပ်သေနတ်...ဗုံးလုပ်ရင်ဖြစ်ပေမဲ့ .....မစမ်းသပ်သင့်ပါ.....
(၅) ယာဉ်မောင်းနဲ့ လက်နက်ကြီးကိုင် စစ်သား သို့ ရဲဟာ ပစ်မှတ်ဖြစ်ပါတယ်....လူထုအင်အားနဲ့ ဝိုင်းဝန်းပိတ်ဆို့ရင် ရန်သူမခံနိုင်ပါ.....
သူတို့မှာလဲကြောက်စိတ်ရှိပါသည်.....လူထုမှာ လက်နက်ရှိက အနားသို့ပင်ကပ်ရဲမည်မဟုတ်ပါ......
သူတို့ထွက်ပြေးလက်နက်ချရင်လဲ မိမိ အရပ်သားဖက်မှ အကြမ်းမဘက်ဖို့ လိုအပ်ပါတယ်...
ဆွမ်းကြီးလောင်းလိုသူများ အဲ့ဒီအချိန်မှာ အများအပြားထွက်ပေါ်လာတတ်ပါတယ်.....
(၆) စစ်တပ် နှင့် ရဲ ဟာ ပြည်သူကို သတ်ဖြတ် ညှင်းဆဲပေ မဲ့ ပြည်သူက ခွင့်လွှတ်တတ်တယ်ဆိုတာ လက်တွေ့ ပြ ပါ ..မိမိ ဘက်က စစ်ကား တစ်စီး စာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးရုံနဲ့ အင်အားသိန်းချီစစ်တပ်ကြီး ဟာ သေနတ် ပြောင်း ပြန်လှည့်ပြီး အာဏာ ဖီဆန်ကြမှာ ဖြစ်ပါတယ်....
(၇) ဒေါ်အောင်ဆန်းစုကြည် မရှိ သေးချိန်မှာ NLD မှခေါင်းဆောင်များက ချက်ခြင်း လာရောက် ၍ တရားဟောကာ ပြည်သူကို ဦးဆောင်မှုပေးဖို့လိုအပ်ပါတယ် ... စက်တင်ဘာအရေးအခင်းမှာ နိုင်ငံရေး ဦးဆောင်မူလိုအပ်ချက် ရှိခဲ့ပါတယ်...အကြမ်းဖက်မူကို မတုံပြန်နိုင်ခဲ့ပါ...
ဦးဆောင်ပြီး မထတမ်း သပိတ် စခန်းတစ်ခုမဖွင့်နိုင်ခဲ့ ပါ....
မြန်မာပြည်နိုးထရန်အချိန်တန်နေပါပြီ.....
၂၀၁၀ ရွေးကောက်ပွဲ မလိုအပ်ပါ......
နအဖ လဲ အကြပ်တွေ. နေပါပြီ ...
အရေးတော်ပုံနီးကပ်နေပါပြီ .....
မြန်မာပြည်သူများကြိုးစားရင် မကြာမီ အောက်ပါအတိုင်း ရင်ထဲက ဆန္ဒတွေကိုကြွေး ကြော် နိုင်တော့မှာ ပါ
ဒီမိုကရေစီရ ရှိရေး ဒို့အရေး ဒို့အရေး
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဒို့အရေး ဒို့အရေး
ပြည်သူ့လွတ်တော်ခေါ်ယူရေး ဒို့အရေး ဒို့အရေး
တိုင်းရင်းသားများ ညီညွှတ်ရေး ဒို့အရေး ဒို့အရေး
ပြည်သူ့စစ်သား ကျန်းမာပါစေ
အာဏာရူး နအဖ ကျဆုံးပါစေ
၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ အလိုမရှိ
အရေးတော်ပုံ အောင်ရမည် အောင်ရမည်
နိုင်ငံတကာသတင်းများမှာလဲ အောက်ပါအတိုင်းမကြာမီတွေ. ရမှာပါ.........
-မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲ ဥပဒေကိုစစ်အစိုးရမှ မတရားထုတ်ပြန်သောကြောင့် မြို့ကြီးများတွင်လူထု အုံကြွမှု ဖြစ်
-ဆန္ဒပြသူများက ပြန်လည် ပစ်ခတ်မှုကြောင့် စစ်တပ် နှင့် ရဲတပ်ဖွဲ့ ဝင်များ အထိနာ
-ဆန္ဒပြသူ များ ဘက်သို့ တိုးတက်သော အမြင်ရှိသည်. စစ်ခေါင်းဆောင်များကူးပြောင်း ရပ်တည်
-အတိုက်အခံပါတီ NLD မှခေါင်းဆောင်များက ချက်ခြင်း လာရောက် ၍ -တရားဟောကာ ဆန္ဒပြစခန်းများဖွင့်လှစ်၍်ပြည်သူအား ဦးဆောင်မှုပေး
-နေပြည်တော်မှရေဒီယိုရုပ်မြင်သံကြားဖြင့်တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားဆဲဖြစ်ကြောင်းဗြောင်လိမ်နေသော်လည်း စစ်တပ်ရင်း တပ်ဖွဲများမှမြို့ နယ်တိုင်းတွင် တစ်မြို့ ပြီး တစ်မြို့ ပြည်သူ့.ရင် ခွင်တွင်းသို့ဝင်ရောက်
-နအဖထိပ်တန်းခေါင်းဆောင်များနေပြည်တော်ကြပ်ပြေးတွင်ပိတ်မိ....တရုတ်ပြည်သို့ခိုလုံခွင့်တောင်းခံနေကြောင်းသတင်းများထွက်ပေါ်
- ၂၄ နာရီ အတွင်း အစိုးရအဖွဲ့ အားဖြုတ်ချနိုင်ပြီး အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူအပ်နှင်းသောအာဏာရရှိ
အောင်မျိုးနိုင်
http://www.yeyintnge.com/2010/04/blog-post_6437.html မှ

အပြည့်အစုံသို့ 

Friday, April 9, 2010

သုခမိန်..မင်းမဟော်သဓာ...ဤသားတရားစီရင်ပေးပါ။

အစွယ်ပြိုင်းနဲ့ ဘီလူးမ..
သူများသားကို သွားရည်ကျတဲ့အခါ..
သူ့ သားပါဆို လုခဲ့..
ရက်စက် ကြမ်းတမ်း..
အရမ်း ပတမ်း ဆွဲလု.
သားအသားတွေ သွေးချေဥမှာကြောက်တဲ့အမေ...
နောက်ဆုတ်တွေဝေ
ကရုဏာမျက်ရည်တွေနဲ့ ...
မလုရဲ တလှမ်းဆုတ်..
ကြောက်လို့ ရယ် မဟုတ်ဖူး..

တခါတခါ..အမှန်တရားဟာ..
အကြမ်းဖက်သမား လက်နက်ထဲပွန်းရှ..
ရှုံးနိမ့်ရတယ်လား?
လူယုတ်မာတွေလက်ထဲ
ငြိမ်းချမ်းလိုသူ..ခေါင်းငုံရမယ်လား.?

ဒါဆို..
မင်းတို့ ..ဒို့ တောင်းနေကြ တဲ့ ဒီမိုကရေစီ..
မှားနေသေးသည် ထင်သည်။

စာဖတ်သူရယ်..ဘယ်သူမှား ဘယ်သူမှန်..
ဘယ်သူဘီလူး..ဘယ်သူ မအေ...
သင်သည်သာ မင်းမဟော်သဓာ ပေါ့...
ဆုံးဖြတ်ပေးပါတော့
မဟော်သဓာရဲ့ ဖြတ်ထုံးပုံပြင်...
ဆင်ခြင် စဉ်းစားပါလော့...
အမှန်တရားအတွက် သင် သက်သေရပ်ပါလော့
မသဒ္ဓါ သည် အမေလော..ဘီလူးမလော..

သားကလေးက..ဘီလူးမလက်ထဲ..
ဟန်ဆောင်ဘီလူးမ အစွယ်မဲမဲ..
သူယုတ် သူမ ဘယ်သူလဲ။

မသဒ္ဓါ (၄။ ၉။၂၀၁၀)

မသဒ္ဓါ ဒီနေရာ မှာ အေးဆေးစွာ..အမှန်တရားအတွက်ကဗျာ..အာဇာနည်များအတွက် ဂုဏ်ပြုကဗျာရေးပါသည်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်..ကိစ္စ အလျှဉ်းမရှိ..
Google မှ အလကားရသော ဘလောက်အား တန်ဖိုးရှိသော အချိန်များမြှုပ်နှံ၍ ငွေအဿပြာ တပြားမှ မယူ ရေးနေသည် မှာ ၂ နှစ်ကျော်ရှိပါပြီ..
နိုင်ငံကို လူမြင်သူမြင်..သူအထင်ရှား အသက်စွန့် သူများ ရှိသကဲ့သို့ ..လူမသိသူမသိ သမန်ကာရှန်ကာဖြင့် အသက်ပေးသူ များရှိနေသည် ရှိနေသေးမည်ကို မည်သူမှ မညင်းနိုင်ပါ.။
အာဇာနည်ဆိုသည်မှာ..မည်သူကို ခေါ်ပါသနည်း..သေမှ အာဇာနည် မည်သည်လား..မသေဘဲ အာဇာနည်မမည် နိုင်ဖူးလား..လူသိမှာ အာဇာနည်လား လူမသိရင်ကော အာဇာနည် မဖြစ်နိုင်ပါဘူးလား။
ပါးစပ်ကအော်တိုင်း မိမိ အာဇာနည်ဖြစ်သည် မဟုတ်.. မိမိဘာလုပ်သည် သမိုင်းမှာကျန်ရစ်သည်။ မိမိ မည်သို့ စေတနာရှိသည် မိမိ ဖာသာသိသည်။ ဤ အာဇာနည်များ အတွက် မသဒ္ဓါ ကဗျာရေးပါသည်.။

လူတဦး၏ နိုင်ငံကို အသက်စွန့်ရခြင်း သတင်းသည် သတင်းသမားများမှ ...သတင်းအဖြစ်ဖော်ပြပြီး.. နောက်မကြာခင် ထပ်ထွက်သော...သတင်းအသစ် များကြားထဲတွင် တိမ်မြုပ်ပျောက်ကွယ်သွားမြဲဖြစ်သည်.။..

လူ၏ အသက်တချောင်း နာကြင်မှူ ဆုံးရှူံးမှူသည် သတင်းတပုဒ် အဖြစ် လေမှာဘဲ လွင့်မြောသွားပါသလား။ .သူ၏ အသက်တန်ဖိုးသည် ဒီလောက်ဘဲ အဖိုးထိုက်တန်ပါသလား..ဒီထက် ပို၍ မခြီးမြှောက်သင့်ပါသလား..
ဤအာဇာနည်၏ မိသားစု တကွဲတပြားဖြစ်မှု.မိတဆိုး ဖတဆိုးဖြစ်မှု.နာကြင်ပူဆွေး..ငိုကြွေးသော မျက်ရည်.များ ဖေးကူ တွဲမ မခြောက်စေသင့်ဖူးလား

ဤသည့်နောက်ဆက်တွဲများကို သတင်းသမားများ မစဉ်းစားကြပါသလော..
မသဒ္ဓါ ကတော့ စဉ်းစားပါသည်. မိမိ၏ ဖခင် မောင် အကို သားတို့  နိုင်ငံအတွက် စွန့် လွှတ်သွားသည်ကို ကြေကွဲသော ဆွေမျိုးသားချင်းများသို့  အကြင်နာ အားပေးစာ ရေးပါ သည်။ နောင် အနှစ် ကြာသည်အထိ အမှတ်တရ..တစုတစည်း..တနေရာထဲတွင်ထားခဲ့ရန်..
.အမှတ်တရ အညတရ အာဇာနည်များ၏ သချိုင်းကျောက်စာ...ဒါ မသဒ္ဓါ ကဗျာ၏ အစမူလ ရည်ရွယ်ချက် ဖြစ်ပါသည်။

မိမိ၏ ခံယူချက်ခံစားချက်ကို..ရေးသားရာတွင် အကြောင်းအရာ အချက်အလက် မမှားယွင်းရလေအောင်.. ရေးရသည်မှာ မည်မျှခက်ခဲကြောင်း..ရေးဖူးသူတိုင်းသိပါသည်။
သတင်းတပုဒ် ကို ကြားရုံနှင့် လူအများစု သတင်း ရေးနိုင်ကြမည် ဖြစ်သော်လည်း..သုတ ပါသော ခံစားချက်.. ရသစာပေဖန်တီးရခြင်းက ပိုမို ခက်ခဲပါသည်။

စာတကြောင်းရေးရာတွင်..ရေးသူ၏ အမည်သည် အလွန် အရေးကြီး ပါသည်။ ဤသည်မှာ နာမည်ကြီးချင်၍ မဟုတ်။ ကျော်ကြားလို၍မဟုတ်။ တစုံတခု မှားယွင်းပါက ရေးသူက တာဝန်ခံရသောကြောင့် ဖြစ်ပါသည်.။ မုန့် ဝေရန် မဟုတ်ပါ။ ဒုတ်ဝေရန် ဖြစ်ပါသည်။

မသဒ္ဓါ စရေးသည့် အချိန်မှစ၍ မသဒ္ဓါ ၏ ကဗျာများကို နှစ်သက်သော သူများမှ သူတို့ ၏ ဘလော့များတွင် တင်ပြ ယူသုံးကြပါသည်.။ အချို့ ကလည်း လေးစားစွာဖြင့် လာရောက် ခွင့်တောင်းပြီးမှ ယူသကဲ့သို့ ..တချို့ က လည်း..သူမသိ..ကိုယ်မသိ..ဒီလိုဘဲ ကြုံသလို ယူသုံးကြ သည် များ လည်း ရှိပါသည်။ လူကြီးပီပီ..မသဒ္ဓါ ကြည်ဖြူ စွုာ အခွင့်ပေးပါသည်။ မိမိစရေးကတဲကပင်..ကလေးများသိစေလိုသော အကြောင်းအရာ သုတကို.ပေးလိုသော စေတနာသာ ရှိသောကြောင့်..မည်မျှ တုန့် ပြန်ခြင်း မပြုဘဲနားလည်စွာ ခွင့်လွှတ် မေတ္တာထားပါသည်။ လိုအပ်သလို ယူသုံးနိုင်ပါသည်။ ရေးသူအမည်သာ တတ်ပေးပါ။

ဤသို့ အလားတူ ကဗျာကို ရေးသူအမည်မတတ်ဘဲ ဘလော့များ အီးမေးများတွင် တင်ပြခြင်းကို အခု တလော တွေ့ရပါသည်။ အထူးသဖြင့် အခံရဆုံးမှာ ကဗျာဆရာကောင်းကင်ကို ဖြစ်ပါသည်။
သူ၏ကဗျာများသည် EMAIL တွင်ပြန့် နှံ့ ကာ ရေးသူအမည် မပါပါ။ ယူသုံးလိုသော ကလေးငယ်များက မသဒ္ဓါ အား လာရောက်ဆက်သွယ်ဖူးပါသည်။ ကိုကောင်းကင်ကို ၏ ကဗျာ ကောင်းသောကြောင့် သုံးလိုသော်လည်း အမည်မပါသောကြောင့် မည်သူရေးသည် သိပါသလားဟု လာလာ မေးကြပါသည်။ မသဒ္ဓါ သိက ရေးသူ နာမည်ပြောနိုင်သော်လည်း မသိသောအခါများတွင်..ကဗျာခေါင်းစဉ် သို့ မဟုတ် စာသားကို Google search အောက်တွင်ရိုက်ကာ ရှာစေပါသည်။
ရေးသူ အမည်မသိပါက အမည် မသိကြောင်း ပွင့်လင်းရိုးသားစွာ ဖော်ပြပေးရန် နှင့် ရေးသူကို သိပါက သတင်းပေးကြပါ ဆိုသော စာတမ်းကို ရိုက်စေသောကြောင့် နောင်တွင် ..သိသူ စာဖတ်သူများမှ လာရောက် ပြင်ဆင်ပေးလေ့ရှိ ကြောင်းတွေ့ ရပါသည်။ အကယ်၍ မှားယွင်းစွာ ဖော်ပြမိ ပါက စာရေးသူအား တောင်းပန်လွှာ.. အသိပေးလွှာ ရေးတတ်သော ကောင်းမြတ် မွန်ရည်သော နိုင်ငံကြီးသားများ အမူအကျင့်ကို ကျင့်သုံးစေပါသည်။

မသဒ္ဓါ ၏ ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ ကဗျာကို.. နှစ်သက်၍ကူးယူသွားသူများက ရေးသူအမည် မတတ်ဘဲ email များတွင် ဖော်ပြခဲ့ကြရာ..မသဒ္ဓါ ကိုယ်တိုင်ပင် လက်ခံ ရရှိခဲ့ပါသည်။
ဒါ ငါရေးတာကွ ဟု မိမိ ကိုယ်ဖော် မသူတော် လက်မတထောင် ထောင်လုပ်လိုရင်းဆန္ဒ မရှိုသောကြောင့် မသဒ္ဓါ ဘာမျှ ၀င်မပြောဘဲ အေးဆေးစွာနေခဲ့ပါသည်၊ နောက်ဆုံးတွင် ၀ိဝါဒကွဲပြားပြီး ဒေါ်အောင်ဆန်းစုကြည် ရေးသယောင်ဖြစ်လာသောကြောင့် မိုးမခမှ ကိုရစ်က ၀င်ရောက်ရှင်းလင်းခဲ့ပါသည်။

နောက်ဆက်တွဲအဖြစ်ကတော့ နအဖ ဘက်တော်သားများ၏ အဆဲခံရခြင်းပါဘဲ။ ဤသည်က ရေးသူ အမည် ဖော်ရခြင်း ၏ နောက်ဆက်တွဲတွေ ဖြစ်ပါသည်။


အခု ဖြစ်သော သားတရားမှာ အခြားမဟုတ်။

မသဒ္ဓါ ၏ ကဗျာ တပုဒ်အား.ရေးသူ အခြားနာမည်တတ်၍ မြတ်လေးငုံ ဆိုသော ဘလော့ မှာတင်ထားကြောင်း သတင်းပေးတဦးက လာပြောပါသည်.။
ရေးသူ ၏အမည်မှာ လွယ်လုံသခင်မ ဟု အမည်တတ်ထားကြောင်းတွေ့ ရပါသည်။ သို့ ဖြစ်၍ မည်သူက လွယ်လုံသခင်မလောဟု ရှာဖွေသော အခါ...လွယ်လုံသခင်မ ၏ဘလော့တွင် ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံဖြင့်တွဲ၍ ဝေဆာစွာ..( မသဒ္ဓါ ဘလော့ထက်ပင် လှပစွာ တင်ထားပေးကြောင်းတွေ့ ရ၍ ကျေးဇူးတင်ပါသည်)။ သူမက သူမရေးသည်ဟု..သူမအမည် တတ်မထားပါ။ မသဒ္ဓါ ရေးကြောင်း သူမ သိချင်မှ သိမည်ဖြစ်သော် လည်း.. မရိုးသားမှုဖြင့် သူမအမည်ကို မထိုးထားသောကြောင့် ကဗျာခိုးမှု မမည်ပါ။ မသဒ္ဓါ ခွင့်လွှတ်ပါသည်။

ပြဿနာက မြတ်လေးငုံ က စပါသည်။ သူမ အားသိသူက ရေးသူ မှာ ကျမဖြစ်ကြောင်း..သူတဦးမှ သတင်းကောင်း သွားပေးသည်ကို...ရင့်သီးစွာ ငါးစိမ်းသည်လို ရန်တွေ့  လိုက်ခြင်းပါ.။ မိကောင်းဖခင်သားသမီး ပီသပါက..မိမိ မသိဘဲ အမှတ်တမဲ့ဖော်ပြသည်ကို လာရောက် သတင်းပေးသူအား ဤသို့  မစော်ကားသင့်ပါ။ ကျေးဇူးပင် တင်သင့်ပါသည်။

သတင်းပေးသူက လင့်ပေး၍ အတိအကျ မယုံပါကသွားကြည့်ရန် ပြောသည်ကို.. သူကဘဲ ရန်ထောင်လွှတ် သောကြောင့် မသဒ္ဓါ စိတ်အနှောက်အယှက်ဖြစ်ရပါသည်။ ရေးသူ ပိုင်ရှင်နာမည်မှားရေးတာ သိပါရက်နှင့် မပြင်ဆင်ခြင်းမှာ.ရေးသူကို စော်ကားခြင်းသာ ဖြစ်ပါသည်။ ဤ ကဗျာကို မသဒ္ဓါ ၏ ဖန်တီးရာတွင် အမှားကင်း ရလေအောင် ဗိုလ်ချုပ်၏ အထုပ္ပတ္တိအား အဖန်တလဲ သုံးရက်လေ့လာပြီးမှသာ တပင်တပမ်း ရေးထားရခြင်း ဖြစ်ပါသည်။

သွေးရိုးသားရိုး မသိ၍ ကဗျာကိုယူသုံးလိုခြင်း..အမည်မှားယွင်းမှု ကို မသဒ္ဓါ ခွင့်လွှတ်တတ်သော်လည်း.. သူကိုယ်တိုင် လာရောက် ကြည့်ပြီး ကျမရေးသည်မှန်း သိရက်နဲ့  သူမ၏ မှားယွင်းမှုကို. .ယဉ်ကျေးစွာ. တောင်းပန်ခြင်း စကားတခွန်းမှ မဆိုနိုင်သော အတ္တ ။ ငါဘာကောင်ဟေ့ အသားလွတ် လွဲမှားသောမာနတို့ ဖြင့် သတင်းပေးသူကို မောက်မာစွာ ပြန်လည် ရေးသားထားပါသည်။

စေတနာဖြင့် သတင်းပေးသူခမြာ..ပုဆိုးဖင်ပေါက်ဝတ်ထားသူ အ၀ှါပေါ်နေသောကြောင့် အရှက်မရစေရန် စေတနာဖြင့် " လှည့်ဝတ်လိုက်ပါဗျာ...ခင်ဗျားပူဆိုး ဖင်ပေါက်ကြီးနဲ့ ဗျ " ပြောခဲ့သူကို ပုဆိုးဖင်ကွဲနှင့်သူကရှက်ရမ်းရမ်းကာ " ခင်ဗျားအပူပါလား၊ ."လို့  ပြန်အော်ဆဲသော အပေါက်ဖြစ်နေလေသတည်း။။။

မသဒ္ဓါ နှလုံးသည်းပွတ်ဖြင့် ဖန်တီးထားရသော ဗိုလ်ချုပ်အောင်ဆန်း၏ ကဗျာ သည် မသဒ္ဓါ ၏ သားငယ်နှင့် အလားတူပါသည်။
လွယ်လုံသခင်မ က ဤသားငယ်လေးကို ရှင်လောင်းဝတ်စုံ ၀တ်ဆင်ကာ ရှင်ပြုပေးသူနှင့် တုပါသည်။
ဤ ကဗျာကို ကူးယူပြီး မြတ်လေးငုံအား ပေးပို့ သူမှာ..သူတကယ်ဘဲ မသိသောကြောင့် လွယ်လုံသခင်မ ရေးသည်ဟု ကဗျည်းတတ်ခြင်းဖြစ်မည်။ မြတ်လေးငုံက ဖော်ပြသည်။ ဤအထိ ကျမခွင့်လွှတ်၍ ရပါသေးသည်။

ခွင့်လွှတ်၍ မရသောအရာမှာ မိမိ မှားယွင်းကြောင်း သိပါရက်နဲ့  ပိုင်ရှင်ရှိမှန်း သိပါရက် တောင်းပန်စကားမဆို.. ဇွတ်အတင်း သူတွင် တာဝန်မရှိဟု ပေးသူရှိ၍တင်ခြင်းဖြစ်သည်ဟု ဖင်ပိတ်ညင်းခြင်းဖြစ်သည်။
ပေးသူ ကပေးသော်လည်း မိမိဘလောက်တွင်တင်သောအခါ..သေချာစွာစီစစ်ခြင်း အသိဥာဏ်မရှိပါပြီလော။ ဤ သို့ ဆိုပါက သတင်းသမားလုပ်ပြီး သတင်းအမှား အမှန် မသိတင်မည်လော။. ယုံကြည်စွာဖတ်မိသူ အရူုးဖြစ် ရမည်လော။ ကျော်ဆန်းသာ သိက..ပြည်ပဘလော့ဂါများ ညာနေသည် ဟု အလှောင်ခံရမည် သေချာလောက် ပါသည်။ မည်သို့  credit ပေးရမည်ပင် မသိပါ။

မိမိ အမှားကို မမြင်၍လော..အတ္တတရား များပြား၍လော. ခိုးရာပါပစ္စည်းနှင့် လက်ပူးလက်ကြပ် မိနေသည် ကို.ပြန် ရန်စောင်နေသောကြောင့် ဤမျှ စည်းကမ်းမဲ့ အကျင့်တရား စာရိတ္တမဲ့သောသူ လက်တွင်..မသဒ္ဓါ ၏ကဗျာ ကို မထားခဲ့နိုင်ပါ.

ကဗျာသည် ကောင်းသည်ဖြစ်စေ..မကောင်းသည်ဖြစ်စေ..ရေးသူ၏ သိက္ခာကို စာနာ နားလည်သင့်ပေသည်။ သူ မည်သူ ဘယ်ဝါ မသဒ္ဓါ မသိ.. ဘယ်အဆင့်အတန်းက လာသည်လည်း. ဂရုလည်းမစိုက်။ အပွေးမြင်လျှင် အပင်သိပါသည်. လေသံမြင်..အဆန်ရှိမရှိ သိလောက် ပါသည်။
မသဒ္ဓါ သိသည်မှာ သူသည် အတ္တကြီးစွာ...မောက်မာသော သားခိုး ဘီလူးမသာဖြစ်၏။
သူ၏ သားပါဟု သူလက်ထဲတွင်တွေ့ သော သူများ၏ ပစ္စည်းမှာ သူခိုးသည်မဟုတ် တစုံတယောက် ပေးသည် ဟုလွှဲချ၏။
မည်သို့ ပင်ဖြစ်စေ အမှုသွားအမှုလာတွင် ခိုးသည် မခိုးသည် ထက်..လက်ထဲတွင် ပျောက်ဆုံးသောပစ္စည်း. .လက်ပူး လက်ကြပ်မိခြင်းသည်..အမှုမြောက်ပြီဖြစ်၏။

ဤနေရာတွင်.စာဖတ်သူတို့ သည် မဟော်သဓာ သူ့ ခမိန်ဖြစ်၏။ ကျမ၏ သားငယ် အား ဘီလူးမလက်တော့ ကျမ ၀ကွက် မအပ်နိုင်လေပြီ...

ချစ်သော စာဖတ်သူ..

မင်းမဟော်..အသင်သည်...သားတရားကို မည်သို့ စီရင်မည်နည်း?
ဘယ်သူမှား၍ မည်သူ မှန်သနည်း။?

မိမိ၏အမှားကိုမှ..သုံးသပ်ပြီး အမှန်ကို မဖော်ပြရဲသော နိုင်ငံရေးသမားဘလော့ဂါဆိုသူ ၏ သတင်းသည် တန်ဖိုး ရှိပါမည်လော..မည်မျှ ယုံကြည်ရမည်လော...
အမှားကို သိက္ခာရှိရှိ..လာရောက် တောင်းပန်ခြင်းမရှိပါက..မသဒ္ဓါ ကဗျာ အား ဖြုတ်ပေးပါရန် တောင်းဆိုသည်။

နာမည်သည် လူ၏ သတင်းဖြစ်ပါသည်။
မမှန်ကန်သောသူ သည်...အမည်သေလေ၏။

အလကားရသော ဘလော့ရေးသူအချင်းချင်း...ဘာမှမဟုတ်သော မြန်မာပြည် မှ ပြည်ပရောက် ဒုက္ခရောက်နေကြသူ အချင်းချင်း..အရူးတမူး ပိုမရှူချင်ပါနှင့် ..ဘလော့ရေးတတ်ရုံ လူဖြစ်လေပြီ..စိတ်ကူးမယဉ်ပါနှင့်။

လူတဦးချင်း၏ သိက္ခာ သမာဓိ ဖန်တီးနိုင်မှူကို အချင်းချင်းလေးစားတတ်ရန် မသဒ္ဓါ မှ မြတ်လေးငုံအား စေတနာဖြင့်ရေးပါသည်။

အတ္တဆိုသည်..လူ၏ သိက္ခာမဟုတ်
လိမ်ညာခြင်းသည် ဖုံးကွယ်ရလိမ့်မည်မဟုတ်။
ရိုးသားမှူစေတနာသာ လူ၏ သိက္ခာဖြစ်သည်။
လူ ကိုလူလိုလေးစားတတ်ခြင်းသည် လူဘောင်လောကစည်းမျဉ်းဖြစ်ပါသည်။

အသေအချာ မှတ်ထားပါ.။
ကျမ၏ ကဗျာကို မူရင်းပိုင်ရှင် စာရေးသူအား အမှုမထား မောက်မာစော်ကားသူ၏ ဘလော့တွင်..လုံးဝ တင်ခွင့်မပေးနိုင်ပါ။
ကျမ ဘလော့ကို သေသေချာချာကြည့်ပါ copy Rights မှတ်ပုံတင်ထားပါသည်။ မသဒ္ဓါ ၏ မူရင်းကဗျာကို ဒီမှာဖတ်ပါ
အောက်ပါ PDF က မြတ်လေးငုံ ရင့်သည်းစွာ ရေးထားတာပါ။ သက်သေပြပါတယ်။
Aung San

အပြည့်အစုံသို့ 

မုန်တိုင်းထဲက တော၏ ပုံပြင်

မှတ်မိသေးတယ်. ဝေ့
မှောင်မိုက်တဲ့ ညလေးတစ်ည..
လက်နက်ကြီးရဲ့ ပစ်ခွင်းသံ
ကျပြီး..ပေါက်ကွဲသံ
ယိုင်သွားတဲ့ ၀ါးထရံတဲကလေး..
သားရဲ့ အော်သံက.. အမိုးရေ ပြေးပြေး...


အမှောင်ထဲကသေနတ်သံ
ဒိုင်းဒိုင်းဒက်ဒက်..ရဲနီသောသွေးစက်
ကရင်ရွာကလေးပျက်ပြီ..
မီးခိုးမဲမဲ မီးတောက်ရဲ..
ငရဲပျက်မတတ် အသံဆိုး.
ဒီရွာကလေးအဖို့ ကဌက်ဆိုး..


ရှိတဲ့အိုးခွက်..ရရာယူပြေး..
တောကြမ်းကလေးနဲ့တောင်ပေါ်
မိုင်းဗုံးအတိ..တောရဲ့အထိ
ဝါးရွက်ရဲ့ ကြမ်းလျှတဲ့ အရသာ.
မိသားစု တကွဲတပြဲ..
နေစရာ နေရာလည်းမဲ့..
တောတွင်းထဲ တိရိစ္တာန်သာသာ..
ဒီလိုနဲ့ ကျမဘ၀ ..အနှစ် ၆၀ တောင်ရပြီ..

သား ၃ယောက် သမီးတစ်ယောက်
မြေး ၁၀ယောက် ရှိပြီ..
ပြေးမဲ့ ဘေးက လွတ်ဘဲမလွတ်နိုင်ဘူး..
ဖထီးခုတ်ထားတဲ့ ဒီတောင်ယာ..
မစွန့် နိုင်လို့ ပါ..

သားတယောက် ပျောက်..
ချွေးမက သေ.
မြေးမအလောင်းက..မုဒိမ်းကျင့်ခံရ..
အမိုးငယ်ငယ်က လိုဘဲ ဝေ့
အမိုးတောင် အဖွားကြီိးမို့ ကံကောင်းတာလား..

အော်...ဒီ ဝဋ်တွေ ခုထိမကျွတ်သေးဖူး..
လူမမယ်..ခလေးတွေ လက်ဆွဲ
ပုလိုင်းတလုံး
ဒန်အိုးတစ်လုံး..ဆန်လေး နှစ်ဗူး..
ဟင်းမပါ ဗြောင်တမင်း စားရတယ်..
ဒါလေးသာ အဟာရ။

မဲလ ဆီ ခရီးကြမ်း..မြေးတွေနဲ့ အတူလှမ်း..
နို့ စို့ မြေးလေး..အမေနို့ မေးတဲ့အခါ..
အမေသေတာ..ဘယ်လိုပြောရပါ့
အဖွားနဲ့  နို့ ပိန်ကပ် ပါးစပ်ထဲတတ်တော့
နို့ ရည်မထွက်..ကုန်းကိုက်တဲ့ သွားချက်..
အသက်ထွက်မတတ်အောင်...

မငိုနဲ့  ရှူးတိုးတိုး..
စစ်သားအသံကြား..သူသိသွားမယ်..
ရယ်သံငိုသံ..ဘာသံမှမလုပ်ရ..
ကလေးဘ၀..အပျော်မဲ့..
ဒါကရင်တွေ ရဲ့ ဘ၀ဘဲ

တောတွေထဲ မိုးရွှဲ..
ပလပ်စတစ်မိုး အင်ဖက်မိုး..
ဖြစ်သလိုနဲ့ ဘ၀..
နို့ စို့ ကလေး..အစာမရ..
ငတ်ပြီး သေသွားတယ်..

တတောင်ကျော် တတောဖြတ်..
ခရီးကြမ်းတလစပ်
မဲလ အရောက်မှ အသက်ရှူချောင်တယ်
လမ်းမှာသေတာ မြေးနှစ်ယောက်
ခု..သားနှစ်ယောက် မြေးငါးယောက်..
အမိုးအသက် ခြောက်ဆဲ့ ခြောက်။

ဒီလိုနဲ့ တနှစ်ပြီးတနှစ်..
အမေရိက ရောက်လာဖြစ်တယ်..
အခုမှ..သမ္မာကျမ်းစာ..ရဲရဲ ဆိုရဲသူပါ..
ဟောကြည့် ကလေးတွေဆို
ငိုချင်သလို ငို..ရယ်ချင်သလို ရယ်
လွတ်လပ်မှူရဲ့ အရသာ..မြန်မာမြေမှာမရှိ..
သို့ ပေတည့်လား..ညတိုင်း အိမ်မက်..
မြန်မာပြည်တော့ လွမ်းမိလျှက်
အိမ်ပြန်ချင်သေးတယ်.
ဖထီးခေါင်းချတဲ့နေရာ သတိရတယ်။

ကြေကွဲစွာဖြင့်
မသဒ္ဓါ (၄။ ၈။၂၀၁၀)

အပြည့်အစုံသို့ 

အ၀ါရောင်လေးဝတ်ခဲ့ပါ အမေ..


သင်္ကြန်ကျပြီ..
ပွင့်လေပြီ..ရွှေဝါပိတောက်
နှစ်သစ်ချိန့်ရောက်...


မြန်မာ့ ဥသျှောင်..
အမေဟာ ခေါင်းဆောင်..
ဘယ်နေရာ နေနေ..
ဘယ်ဘဲ သွားသွား..
ကျမတို့ စိတ်နှလုံးထဲ..
ပိတောက်ပွင့်တွေ ဝေနေတဲ့အမေ...
ရွှေဝါရောင်ဝတ်စုံလေး နဲ့ အမေ...
တရက်မမေ့ ချစ်ခင်ဆဲလေ..

အေးအတူ ပူအမျှ
အမေနဲ့ဘဲ တူတူနေ
ပါတီ ပျက်ချင် ပျက်..
ကျမတို့ သွေး မပျက်ဖူး..
မတရားအသင်း ဖြစ်လည်းဖြစ်..
ပါတီရဲ့ မည်နာမက မညစ်ဖူး..
ညစ်တာ ကျမတို့ မဟုတ်ဘူး..

နှစ်သစ် အတာလေပြေ..
ပိတောက်ပန်းတွေနဲ့ နိုးထမဲ့ ၀ိညာဉ်
ရွှေဝါရောင်ဆင်...
အမေရယ် အလှဆုံးသာ ပြုံးပြ..
နှစ်သစ်သို့ စ..
ငြိမ်းချမ်းရေးတေး ဆက်ဆိုကြမယ်အမေ...

ရိုကျိုးစွာဖြင့်..
မသဒ္ဓါ (၄။၈။၂၀၁၀)

အပြည့်အစုံသို့ 

Wednesday, April 7, 2010

ရေကြည်လေးတပေါက်..သောက်ပါရစေ။

ရေ..
အေးမြကြည်လင်..အမောပြေမဲ့ရေ..
နွေးထွေးပူလောင်..အအေးဖြေမဲ့ရေ..
ရေပူရေအေး..ရေငွေ့ ရေခဲ..
ဘာပုံ သဏ္ဍာန်ဘဲဖြစ်ဖြစ်..
ရေဓါတ် ၅၅% မှ ၇၅% နဲ့ ဖွဲ့ စည်း လူသား၏ ခန္ဓာအတွက်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အစိုဓါတ်..
မရှိမဖြစ် လိုအပ်တယ်။

ဟိုက်ဒရိုရှင် နှစ်ဆ..အောက်ဆီဂျင်တစ်ဆ..
ပေါင်းစပ်ကြတဲ့အခါ..
အရောင်မဲ့..အနံ့ အရသာမဲ့..
PH ဆဲဗင်း..H2O ဘ၀..
ကြည်လင် စွတ်စိုတဲ့ရေ..
မိုးပေါ်ကကျ..မြေအောက်မှရ.
စီးဆင်းမြစ် စမ်းချောင်းရေ
သက်ရှင်ရန် အလိုအပ်ဆုံး..ဇီဝရင်းမြစ်..
သူသာလျှင်..ဖြစ်တယ်။

ထမင်းအသက်က ခုနှစ်ရက်..
ရေအသက်က တမနက်..
လူတဦးရဲ့ တနေ့ တာ လိုအပ်ရေက တစ်ဂါလန်ဝက်
မနက်ဖြန် အတွက် အသက်ဆက် စရာ။

ရေဆိုတာ တပိဿာရှိရင် သန့်တယ် ဆိုရိုးရှိပေမဲ့
ကြည်လင်သော ရေတပေါက်..
ရော့အင့် သောက်ဖို့ ပေးသော်လည်း..
မြစ်ချောင်း ရွှေရှာ..ပြဒါးသင့်တဲ့ရေ
စိန်အဆိပ်သင့် ပျော်ဝင်နေတဲ့ရေ..
နာဂစ် ဆားငန်သင့်..နုန်းရေနောက်ရေ..
ရေအောက်မြေလွှာညစ်..စမ်းပေါက်ရေ.
ခဲအဆိပ်သင့် မိလ္လာညစ်တဲ့ရေ..
အမှိုက်ပုံတွေကြား စီးမြောလာတဲ့ရေ
မြစ်ချောင်းကန်ရေ..ဆည်ရေ.တွင်းရေ.
သောက်သုံးသူ အဆိပ်သင့်
ဘက်တီးရီးယား.မှိုကပ်ပါး ဗိုင်းရပ်
ထုံးကျောက်၊စိန်၊ ခဲ ၊ benzene ဓါတ်ကဲ
Cryptosporidium parvum
အထက်လန် အောက်လျှော၊ ဝမ်းပျက်ဝမ်းကိုက်
အူယောင်ငန်းဖျား တိုက်ဖွိုက်.
အသည်းယောင် A အသားဝါရောဂါ
ကိုယ်တွင်းအင်္ဂါ ကင်ဆာ..ဖောယောင်နာ
ကမ္ဘာပေါ် ၁၅ စက္ကန့် လျှင် ကလေးတယောက်သေနှုံး..
မြန်မာ့ကလေးငယ်တသိန်းကျော် နှစ်စဉ်သေဆုံး..
ကာကွယ်.ကုသပေးသင့်သော ဤအရာ..
အဆိပ်သင့်ရေ၏ ပြဿနာ။
စင်ကြယ်၊ လျှင်မြန်ခြင်း
ကျော်စောခြင်း၊ မွတ်သိပ်ခြင်းမှ ကင်းရှင်း
အခြံအရံများမည်၊ အသက်လည်းရှည်
အဆင်းသဏ္ဍာန်လှ၊ ခွန်အားကြီးမားစွ
ဥာဏ်ပညာတံခွန်ထူ၊ ဥစ္စာချမ်းသာကြွယ်ဝမဲ့သူ
ဆယ်ပါးသောရေ၏ အကျိုး
မပန်သော်လည်း..လှူသူတန်ခိုး။
ကိုယ့်အမျိုးကို ကိုယ်ကာကွယ်ကြ..
ရေကို သန့် စင်ကြိုချက်ကြ
ရေညစ်ရေကန် သန့် ရှင်းကြ
မိုးရေချိုသန့်  သိုလှောင်ကြ
မိလ္လာစံနစ်ကျ စွန့် ပစ်ကြ
ကြည်လင်လှပသော်ညား.အဆိပ်ပျော်ဝင်နေတဲ့ရေ..
တနည်းအားဖြင့်..
လက်ပစ်ဗုံးစနက်တန်ဖြုတ် ကိုင်ထားရသူတွေ..
ဒါ ကျမတို့  သားချင်းတွေ..

အမိမြေအတွက်..ရေသန့် တပေါက်..
ရေတွင်း ရေကန် ဆောက်.
ရေဆာလောင် ငိုကြွေးသူသို့
ကြင်နာသနား.. စေတနာနဲ့ 
ရေလေးတစ်ပေါက်လောက်.သင်လှူလိုပါသလား.

ညောင်ညိုပင်ရိပ်က
ရေချမ်းစင် မြန်မာရိုးရာ ယဉ်ကျေးမှု..
မပပျောက်..အသင် စောင့်ရှောက်ပါစေချင်
အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ်ရှင်။

မသဒ္ဓါ (၄။၇။၂၀၁၀)
(ရှေးဟောင်းဓါတ်ပုံကို...http://dhammaganga.blogspot.com/2009_10_01_archive.html မှ ရယူပါတယ်။ ကျေးဇူးပါ။ )

ဒေသ တချို့မှာ ရေရှည် သောက်ရင် အဆိပ်သင့် နိုင်တဲ့ ရေ တွေ့ရှိ

ဧရာဝတီ တိုင်းနဲ့ ပဲခူးတိုင်းက ဒေသ တချို့ရဲ့ လက်တူး ရေတွင်းက ထွက်လာတဲ့ ရေတွေမှာ ရေရှည် သောက်ရင် အဆိပ်သင့် စေနိုင်မယ့် အာဆင်းနစ် (Arsenic) ဒြပ် သတ္တု ပစ္စည်း ပါဝင်မှု များ နေတာ တွေ့ရတယ်လို့ လုပ်ငန်းခွင် ကျန်းမာရေး ဌာနက သိရ ပါတယ်။ ဧရာဝတီတိုင်း မြောက် ဘက်ခြမ်းက ဟင်္သာတ၊ ကျုံပျော်၊ ဇလွန်၊ သာပေါင်း၊ ပန်းတနော် နဲ့ ပဲခူးတိုင်းက ဝေါ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျော်တံခါး၊ ဖြူးစတဲ့ မြို့နယ် တွေမှာ တွေ့ရ တာပါ။ သည် မြို့နယ်တွေ ထဲက အာဆင်းနစ် ပါဝင်မှု များတဲ့ ရေကို သောက်နေတဲ့ လူပေါင်း ၂၁,၅၄၆ ဦးကို စစ်ဆေးတဲ့ အခါ အဆိပ်သင့် နေတယ်လို့ သံသယ ဖြစ်ဖွယ် လူနာ ခုနစ်ဦး တွေ့ရ တယ်လို့ မတ်လ ၁၇ ရက်နေ့က ပြု လုပ်တဲ့ ကမ္ဘာ့ရေ သယံ ဇာတနေ့ အကြို ပွဲမှာ လုပ်ငန်းခွင့် ကျန်းမာရေး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။

အာဆင်းနစ်ပါတဲ့ ရေသောက်မိပြီး အဆိပ်သင့် ခံရ တယ်လို့ ဖြစ်နိုင်ဖွယ် ရှိတဲ့လူ၊ ရေရှည် သောက်မိပြီး အဆိပ်သင့် နေပြီလို့ သံသယ ဖြစ်ဖွယ်ကောင်း တဲ့လူနဲ့ သေချာပေါက် အဆိပ်သင့် နေတဲ့ လူဆိုပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က အဆင့် သုံးဆင့် ခွဲပြီး သတ်မှတ်တယ်။ သတ်မှတ်ချက် အရ မြန်မာ နိုင်ငံမှာ တွေ့ရှိထားတဲ့ လူခုနစ်ဦး ထဲက နှစ်ဦးသာ အဆိပ်သင့် ခံရတဲ့ လူနာ အဖြစ် သတ်မှတ် ခံရတယ်လို့ ဆိုပါတယ်။ အာဆင်းနစ် ပါဝင်မှု များတဲ့ ရေကို ရေရှည် သောက်မိရင် ပထမဆုံး အရေပြားပေါ်မှာ ညှင်းနဲ့ ဆင်တူတဲ့ မှိုပွင့်တွေ ထွက်လာတယ်။ နောက်ပိုင်း လက်ဖ၀ါး၊ ခြေဖ၀ါးမှာ အသားမာတက် ထူပိန်း လာတဲ့ အဆင့်ကနေ နောက်ဆုံး ကိုယ်တွင်း အင်္ဂါ ကလီစာ မှာ ကင်ဆာ ဖြစ်တဲ့ ဝေဒနာ ခံစားရတယ်လို့ ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။

နုန်းတင် မြေနု မြေအောက်လွှာ ပေါ်မှာ အခြေပြု ထားတဲ့မြို့(ဥပမာ မြစ်ဝ ကျွန်းပေါ် လိုဒေသ) ဧရိယာ နဲ့ မြစ်ဝှမ်း ဒေသတွေ၊ မြစ်၊ ချောင်း၊ အင်းအိုင် တွေရဲ့ ဘေးက မြေပြန့် လွင်ပြင် ဒေသတွေ စတဲ့ နေရာ မျိုးတွေက သောက်သုံးရေ (အ၀ီစိ ရေတွင်းက ထွက်လာတဲ့ရေ) ထဲမှာ အာဆင်းနစ် ပါဝင်နှုန်း များနိုင် တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄၀ ခန့်က မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ မသောက်ဖို့ ပညာပေး တားမြစ်တယ်။ အကာ အကွယ် မဲ့တာ၊ အညစ် အကြေး စွန့်ပစ်တာ တွေကြောင့် အထက်လန် အောက်လျှော၊ ၀မ်းလျှော၊ ၀မ်းပျက်နဲ့ အူရောင် ငန်းဖျား ရောဂါတွေ ဖြစ်နိုင် တာမို့ တားတာပါ။

မြေအောက်က ရေက သန့်လို့ ထုတ်သုံးဖို့ သက်ဆိုင်ရာက ပညာ ပေးတယ်။ သည်နောက်ပိုင်း မြေအောက် ရေထဲမှာ မြေအောင်း နေတဲ့ နှစ်ချို့သတ္တုဓာတ် တွေပါလာပြီး အာဆင်းနစ် အဆိပ်သင့် တာတွေ ဖြစ်လာ ရတယ်လို့ ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။ အာဆင်းနစ် ပါဝင်မှုများတဲ့ ရေကို ရေချိုး၊ အ၀တ်လျှော်၊ ဆေးကြောနိုင်ပြီး ကျိုချက်သောက်တာ၊ ထမင်းဟင်းချက်တဲ့ အထဲမှာ သုံးတာ တွေက လူကို အဆိပ်သင့် နိုင်ပါတယ်။

အာဆင်းနစ် ပါတဲ့ ရေကို ၄၈ နာရီ ည သိပ်ပြီး အပေါ် တစ်ဝက် သောက်ရေ အဖြစ် သုံး နိုင်တယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင် ကျန်းမာရေး ဌာနက တိုင်းနဲ့ ပြည်နယ် ၁၂ ခု၊ မြို့နယ် ပေါင်းများစွာ ကွင်းဆင်းပြီး သောက်သုံး ရေထဲမှာ အာဆင်းနစ်ပါ၊ မပါ စစ်ဆေး ပေးနတယ်။ သောက်ရေထဲမှာ အာဆင်းနစ် ပါဝင်မှု များတဲ့ ရွာတွေ၊ ရေအရင်း အမြစ်တွေ တွေ့ရင်သည် ရေကို ဒသခံ ပြည်သူတွေ ဆက် မသောက်ဖို့ အသိ ပေးတယ်။ သည်နောက်ပိုင်း အာဆင်း နစ်မပါတဲ့ သောက်သုံး ရေရအောင် သက်ဆိုင်ရာ အဖွဲ့ တွေနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးတယ်လို့ သိ ရတယ်။

ကွင်းဆင်း စစ်ဆေး ထားတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်ရှိပြီး မကြာခင်မှာ နောက်ငါး မြို့နယ် (စဥ့်ကန်၊ မြစ်သား၊ အူမဲ၊ သတက်ဦး နဲ့ မြောင်းစသည့်) ထက်တိုး စစ်မှာပါ။ ရွာနဲ့ ရပ်ကွက်ပေါင်း ၇၃၀၀ ကျော် စစ်ဆေး ထားပြီး စမ်းသပ် ထားတဲ့ ရေ နမူနာပေါင်း (ဂါလန် မဟုတ်ပါ) ၂၃၆၄၂၃ ရှိပြီ ဖြစ်တယ်လို့ လုပ်ငန်းခွငလုပ်ငန်းခွင့် ကျန်းမာရေး ဌာနမှ သိရကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၂၆ရက်နေ့ထုတ် မော်ဒန် သတင်း ဂျာနယ်တွင် ဖော်ပြ ထားသည်။
http://www.nfacforburma.info/2010/03/26032010_640.html

သောက်သုံးရေ ရှားပါးမှုအတွက် ရေရှည် အဖြေရှာရန်လို
ဆလိုင်းပီပီး | စနေနေ့၊ မေလ ၀၂ ရက် ၂၀၀၉ ခုနှစ် ၁၁ နာရီ ၃၇ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ လတ်တလော သောက်ရေရှားပါးမှု ပြဿနာသည် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒဏ်ခံခဲ့ရသော မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသများတွင် အရေးတကြီး အာရုံစိုက် ဖြေရှင်းရမည့် အဓိက စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောသည်။

“ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်နဲ့နီးတဲ့ ဒေသတချို့မှာ ကြုံနေရတဲ့ သောက်ရေရှားပါးမှုကို ချက်ချင်းဖြေရှင်းဘို့ လိုတယ်” ဟု မြန်မာ ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမကို ပြောသည်။

ယမန်နှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ နေရာအများအပြား ဆားငံရေ ဖုံးလွှမ်းသွားခဲ့သည်။ ဤမုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ သေဆုံးခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းခန့် အပြင်းအထန် မုန်တိုင်းဒဏ် ခံခဲ့ရသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးသည့်အခါ သောက်ရေရရှိရာ ရေအရင်းအမြစ်များဖြစ်သော ရေတွင်းရေကန်များတွင် တင်ကျန်ခဲ့သော အပျက်အစီးများကို ကောင်းစွာ မဖယ်ရှားရသေးဘဲ အဆိုပါ ရေကန်များမှာ ဆားငံရေများ ဝင်ရောက်ခြင်းလည်း ခံခဲ့ရသည်။

“ဒီလို အကျိုးဆက်တွေကြောင့် ဧရာဝတီတိုင်းက ပင်လယ်နဲ့ နီးတဲ့ဒေသတွေမှာ လတ်တလော သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်” ဟု မြန်မာကယ်ဆယ်ရေး လုပ်သားက ပြောသည်။

အဆိုးဝါးဆုံး ရင်ဆိုင်နေရသော ဒေသများမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ပိုင်း လပွတ္တာမြို့နယ်ရှိ ပြင်ခရိုင်ကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများ ဖြစ်သည်။

ဤသောက်ရေ ရှားပါးမှု ပြဿနာ စိန်ခေါ်မှုသည် ခြောက်သွေ့ရာသီတွင် ပိုဆိုးလာသည်ဟု World Vision Asia Pacific အဖွဲ့၏ ဒေသဆိုင်ရာ ဆက်သွယ်ရေး အကြံပေးအရာရှိ ဂျိမ်းအိစ် (James East) ကလည်း ဤအတာအတွင်း ပြောဆိုလိုက်ပါသည်။

“မုန်တိုင်း တိုက်ပြီးတဲ့အခါ ချက်ချင်း ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးက ရေမလုံလောက်တဲ့ ကိစ္စဘဲ၊ ခု ခြောက်သွေ့ရာသီမှာ ပိုတောင်ဆိုးလာတယ်” ဟု James East က မဇ္ဈိမကို ပြောသည်။

World Vision အပါအဝင် နိုင်ငံတကာအန်ဂျီအို (INGOs) များက မုန်တိုင်းဒဏ်ခံ ဒေသများရှိ ဒုက္ခဒဏ်ခံနိုင်စွမ်း အားမရှိသော ကျေးရွာသားများကို သောက်ရေ တိုးတက်ရရှိရေးအတွက် အကူအညီများ ပေးအပ်ခဲ့သည်ဟု ဂျိမ်းစ် က ပြောသည်။

“ရေကန်တွေထဲက အပျက်အစီး အမှိုက်သရိုက်တွေ ရှင်းပေးတယ်၊ ရေသန့်စက်တွေ တပ်ပေးတယ်၊ မိလ္လာစနစ်တွေ လုပ်ပေးတယ်၊ ကျန်းမာရေး သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို World Visioin လို အန်ဂျီအိုတွေက ပေးတယ်၊ ဒါတွေလုပ်ပေးလို့ ရေရရှိမှု ပိုလာတယ်” ဟု James East က ပြောသည်။

အခြား ဒေသခံကယ်ဆယ်ရေး လုပ်သားတဦးကလည်း သူတို့အနေနှင့်လည်း ရေသန့်ဘူးများ ဝေပေးခြင်း၊ ပြည်တွင်းဖြစ် စဉ့်အိုးလို ပလပ်စတစ် ရေပုံးလို ရေသိုလှောင်နိုင်သော ပစ္စည်းများပေးခြင်း၊ စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် မိုးရာသီတွင် သောက်ရေများ သိုလှောင်ထားနိုင်မည် ဖြစ်ကြောင်း ပြောသည်။

“သောက်ရေဝေပေးတာက ၂ ရက် ၃ ရက်ဘဲခံမှာ။ သောက်ရေနဲ့ တခြား ကူညီနိုင်င်တာတွေ ကူညီနေတာက ပြဿနာကို ခုလောလောဆယ်ဘဲ ဖြေရှင်းပေးနိုင်တာ” ဟု သူက ဆက်လက် ပြောကြားသည်။

ခြောက်သွေ့ရာသီတွင် သောက်ရေ ရှားပါးမှု ပြဿနာကို ကာကွယ်နိုင်ရန် ရေရှည် အဖြေတရပ် လိုအပ်နေကြောင်း ဖြင့် World Visioin မှ James East က ပြောပါသည်။ “ခြောက်သွေ့ရာသီမှာ ရေပြတ်လပ်မှုကို ရှောင်ရှားနိုင်ဘို့အတွက် ရေရှည် ဖြေရှင်းနည်းတွေဖြစ်တဲ့ ရေသန့်တဲ့ရေစစ်တွေ မိသားစုတွေကို ပေးတာ၊ သင့်တော်တဲ့ နေရာတွေမှာ ရေတွင်းတွေ တူးပေးတာ ဆိုတာတွေက အရေးကြီးတယ်” ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
http://www.mizzimaburmese.com/special/1year-after-nargis/2874-2009-05-02-05-20-57.html

အပြည့်အစုံသို့ 

Friday, April 2, 2010

ချစ်သမီးလေးကဉ္စန..အမေ သတိရတယ်..

ဒီနေ့ မှာ..
သမီးလေးအသက် သုံးနှစ်တင်းတင်း.ပြည့်တဲ့နေ့ 
မိဘတွေ ဘယ်သူသမီးများမေ့ နေမလား..
သံတိုင်တွေ ကြားထဲက ကျမ..
မျက်ရည်ဘဲ..ကျမိတယ်..
သမီးရယ်..လွတ်လပ်မှ ပြန်တွေ့ တာပေါ့..

လွတ်လပ်တဲ့ အမြင့်ပျံဌက်..
သမီးမြင်တဲ့အခါ..မလွတ်လပ်တဲ့ဘ၀ကို တွေးစာနာပါ။

မိုးရေစက်ကြား တေးဆိုတဲ့ဖား..
သမီးမြင်တဲ့အခါ..ပျော်ရွှင်တဲ့ဘ၀ကို သမီးအဖြေရှာပါ။

နေခြည်ထဲက..ပန်းကလေးများ..
စမ်းချောင်းထဲက ငါးကလေးများ..
ချစ်တေးသီသော ဌက်ကလေးများ..
လွတ်လပ်မျှတခြင်း၏ အဓိပ္ပါယ်..
သမီးတို့ အနာဂတ်အရောင်ခြယ်နိုင်ဖို့ 
အမေနဲ့ အဖေ..လမ်းဖောက်ဖို့ ကတာဝန်..
စာနာမှု စတေးမှု..ပေးဆပ်မှု..
ဘ၀တခုကို အရင်းပြုတဲ့အခါ
အဖေ..အမေ မျက်နှာကို မတွေ့ မမြင်ဖူး..
မိသားစုပျော်ရွှင်မှုကို..မရဖူးတဲ့ သမီးငယ်..
လွတ်လပ်ခြင်း ဆုံးရှုံးရတဲ့ လူဘ၀ရယ်
ကြီးလာရင်..
အမေနဲ့ အဖေ့ ဘ၀ကို ကူနားလည်…
သူ....
အဖေတူလား..အမေတူလား..
လိမ်မာရဲ့လား..ချစ်စဖွယ်လား..
အရပ် ဘယ်လောက်ရှိပြီလည်း..
သွားလေးဘယ်နှစ်ချောင်းရှိပြီလည်း..
ဘုရားရှစ်ခိုး ဘယ်လောက်တတ်ပြီလည်း..
ကကြီးခကွေး ရေးတတ်ပြီလား..
လက်ချောင်သေးသေး..

ဆံပင်လေးစည်းလေး။ ကြက်တောင်မွှေး..
ပလီပလာ တီတာတာ..ဘာတွေပြောတတ်..
ဘာတွေ ချွဲတတ်..ကြားလို မြင်လို..
ရင်တွေဖိုတယ်..
တွေ့ ချင်လိုက်တာ သမီးရယ်..

အမေရယ်..ကျမ သမီးမျက်နှာ မြင်လိုလှပေမဲ့
သံတိုင်တွေ ကြားတော့ ခေါ်မလာခဲ့ပါနဲ့ ..
ကျမ ကို အမြင်တမျိုးနဲ့  သမီး.မြင်မှာ..
အမေကို ရာဇ၀တ်သားလို့ မျက်လုံးစိမ်းနဲ့ ကြည့်မှာ..
ခံနိုင်ရည်မရှိသေးပါဘူး..
ဝေးဝေးကသာ..လွမ်းပါရစေ..အမေ။

အမေတဦးရဲ့ မေတ္တာသွေး
သမီးမျက်နှာကလေး..စိတ်ကူးထဲရေးရေး..
အိမ်မက်ထဲတောင်တွေးမိတယ်..
ရင်ကဖြစ်တဲ့ နို့ ချိုတောင် သောက်စို့ ခွင့်မရ..

အကျဉ်းကျနေတဲ့..အမေနဲ့ 
အပြင်ဘက်က သမီးလေးရဲ့ ဘ၀.

ယူကြုံး မရပေမဲ့..
အားတင်းထားသမီး..
ခွပ်ဒေါင်းမျိုးဆက် သွေးမပျက်စေ..
အမေ့သွေးတစ်စက်ကျန်တဲ့အထိ တိုက်သွားပါရစေ..

အဖေနဲ့  အမေ တနေ့ အိမ်အပြန်လမ်း..
မှုန်သနပ်ခါး..ပါးကွက်ကြား
အမွှေးသားနဲ့  သမီးကြို..

မသဒ္ဓါ ( ၄။၁။၂၀၁၀)

မိဘနှစ်ပါးနှင့် ရှင်ကွဲ ခွဲခံထားရတဲ့ ကိုဂျင်မီ (ကိုကျော်မင်းယု)နဲ့  နီလာသိမ်းတို့ ၏ သမီးလေး ဖြူနေခြည်မင်းယုရဲ့  ၃နှစ်မြောက် မွေးနေ့အတွက်..
မကြာခင်..မေမေ ပြန်လာမှာပါ သမီးငယ်..
မေမေ ပြန်လာရင် နို အဝပြန်စို့ ..
ဖေဖေပြန်လာရင်..အုန်းသီးတွေ ခွဲစားကြရအောင်..

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */