Saturday, June 4, 2016

ဘုရင်မပါတဲ့..စစ်တုရင်ပွဲ

ဒို့ ဟာလေ..
စစ်တုရင်ပွဲထဲက..ဘုရင်မ..
အသုံးမကျတဲ့..ဘုရင်ဧကရာဇ် ကို..
အသက်ပေး..
ကာကွယ်ဖို့ လက်မနှေးတဲ့..မဟေသီ..
သစ္စာရှိတဲ့..ဒေ၀ီ..
ထက်မြက်တဲ့…ဧကရီစစ်သည်..

သံချပ်ကာဝတ်..
စစ်ဘုရင် ဒါးကိုဝင့်..
အလံကိုလွှင့်ကာလှမ်း..
တလှမ်း..ချင်းသာရွေ့ ..
မပိုင်တဲ့ ရုပ်သေးဘုရင်..
ရန်သူကိုအငုတ်မချွေနိုင်

ထက်မြက်တဲ့မိဘုရား..ဒို့ ..
ဒေါက်လိုက်ပဲပို့ ပို့ ..
အလျှားလိုက်ဘဲပြေးပြေး..
အနီးမှာလည်းစားနိုင်..
အဝေးသို့ လည်းသွားနိုင်
ကြိုက်သလို ကစားနိုင်

 ချစ်ကြင်သူမင်းကြီး ထံတော်ပါး..
အသက်နဲ့ ခန္ဓာ စတေးထား..
အချစ်ဝိဥာဉ်ကို..ပေးထား.
အနီးနား..ခစား…
အဝေးစစ်မြေပြင်သို့ စစ်တိုက်သွား
ဘက်စုံရတဲ့..ထိပ်ထား..

မျက်မှောက်ခေတ်ရဲ့..မိန်းမသား..
မှီခိုစားဖို့ ..ယောက်ျားကိုမလို..
ကိုယ်ကချစ်ရမဲ့..ယောက်ျား..
ကိုယ့်အပေါ်စစ်မှန်ချစ်မဲ့
ယောက်ျားသာ လိုအပ်.
လွတ်လပ်ခြင်းနဲ့ ..အမြင်ရှင်းမှု..
တူညီနားလည်..
လုပ်ပိုင်ခွင့်ဘဲလိုတယ်..

သာမှ..စားမဲ့ယောက်ျား..
မျက်နှာများမဲ့..ယောက်ျား..
သစ္စာမထားမဲ့ ယောက်ျား.
.ဖေါက်ပြန်မှားမဲ့..ယောက်ျား.
ဒို့ များမလို..
ကန်တော့ဆွမ်းဘဲဆိုမယ်..

ခုခေတ်အတွက်.
စစ်တုရင်ကစားနည်းအသစ်..
မသဒ္ဓါ တီထွင်ဖြစ်ရင်..
တကွက်ထည်းသာပြေးမဲ့..မင်းကြီး.
မိဘုရားကာကွယ်မှ..ဘေးရှင်းမဲ့မင်းကြီး..
ကိုယ်လွတ်ရှောင်..
သားရဲဘောကြောင်တဲ့မင်းကြီး မလိုဘူး..

ရှင်းထုတ်..
ဘုရင်မပါမဲ့..စစ်တုရင်နည်းသစ်..ထွင်
ဘုရင်မတယောက်ထဲဘဲ..
တိုက်ပွဲဝင်ချင်တယ်။

 မသဒ္ဓါ

အပြည့်အစုံသို့ 

Thursday, June 2, 2016

အဖိုးကြီးတစ်ယောက် ရဲ့ သောက



ငါ့ အသက်က ငါးဆယ် ငါး
မာဆယ်တွေ ပျော့တော့တော့
အရေပြားတွေ..တွဲပျော့ပျော့
testosterone ကျား ဟော်မုန်းတွေ ရော့
ဆံပင်တွေ လည်း ပါးပြီ ဆိုတော့
ဘုရား ဘုရား
ဗိုက်ကြီး ကား။
အရက်ပူ အဆီထူ မျက်နှာ
မှန်ထဲ မနက် အိပ်ယာ ထကြည့်
အံမယ်မင်း
ငယ်မယားတောင် လင်စိတ်သားစိတ်မရှိဖူး။

တသက်လုံး ရှာသမျှ
ငွေယားလေးများကြွကြွ
သေရင် ငါ့နောက် ဘာမှမပါလျှင်
ဒီအဖိုးကြီး မသေခင် ဘာလုပ်ရမလည်း။
MId life crisis ဟိုဒီမြောက်ကြွ
ငါ့ဟဲ့ ယောက်ျား..မအိုသေးပါဖူး။

ငယ်ပေါင်း မိန်းမတွေ ကျ
ဒီိအချိန် ကြွားကောင်းတဲ့အရွယ်ပေါ့။
ငါလင် ဘာလည်းရာထူးပြ။
ငါ့လင် ရှာတာ ဒီလိုနေနိုင်တယ်ကွ။
အိမ်ကြီးပြ။ ကားကြီးပြ။
သားသမီးပြ။ မြေးတွေပြ။
တရားဝင်ပြ။ ရေစက်ချပြ။
ခွေးတွေပြ။ ပန်းပင်တွေပြ။
ဟင်းခွက်တွေပြ။ ဖုံးတွေ ပွတ်ကြ
ရွှေတွေ တကိုယ်လုံးသီပြ
မျက်နှာတွေ ဆေးခြယ်သ
ဆင်ခန္ဓာ နဲ့ ဝက်ကိုယ်လုံး
လှမဆုံးတဲ့ မယားကြီးတို့ ရဲ့ ဂုဏ်ကျက်သရေ။

ငယ်တုန်းကတော့။ လူတိုင်းလှ
၅၀ ကျော်က လူတိုင်းကျတဲ့ အရွယ်
လေထိုးသလို ပူဖောင်း။
အရစ်တက်လာတဲ့ လည်ချောင်း
အစာဝလာ.. ပိုမြင့်လာတဲ့ မာန။
အနားကပ်မယ် ပြင်
ဟွန်း အဖိုးကြီးနော်
ကလေးကလားမနေနဲ့တဲ့
ကဲ ကျုပ် ဘာလုပ်ရမလည်း။

ယောက်ျား မာန..ငွေစ ကြွကြွ
ဟွန်း ဖွဲတဆုတ်တောင် မချဖူး
ဒင်းတို့  အနားမနေ ဘာဖြစ်လည်း
ရုံးမှာတော့ ညွှန်မှူးး
လှေခါးသုံးထစ်ဆင်းရင် ကိုယ်ပုရစ်ဖူး
သားတောင် မ၀တ်ရဲသော
ဆယ်ကျော်သက် ကြောင်ကြားစပ်ဖြဲအင်္ကျီ
ကာရာအိုကေသွားရင် ကိုယ်ဝတ်မည်။

အကိုကြီးအယားဖြေ ဒီမာဆတ်
အတန်င်္ကြီးတွေ တဖျတ်ဖျတ်
အလကားရတဲ့ငွေတွေ၊ အလကားပဲတင်းသွား
ကိုယ် ပျော်ဖို့ သာအရေးကြီးတယ်။
ကောင်မလေးတွေညုတတ်ပစေ။
ဘဘအပြုံးမရပ်ဖူး
ကိုကိုခေါ်သူ ရော့ ပိုများများယူ။
အကိုကြီး အချော့ကြိုက်သူ။

ဒီလိုနဲ့ ဒီလိုနဲ့ ..
ကိုကိုရယ် ဦးရယ် မထပ်
ဆယ်ကျော်သက်လေးတွေ မနူးမနပ်
ဘဘ အကဲဆတ်လိုက်တာ
ထောင်ချောက်ထဲ ဘဘမိတဲ့ကြွက်
ခုမှ ဒုက္ခ
ပိုက်ဘောနဲ့ ဂွကျပြီ။

မိန်းမကြီးရေ..
မင်းကြိုက်တာတွေ မင်းယူတော့
ငါကိုသာ ကွာပေးပါတော့
ငါ့ရာထူးတခုဘဲ ငါယူမယ်။
ကဲ့ထားတာလေးတွေ ဖွက်ထားပါသေးတယ်။

အခု နောက်ဆုံးကောင်မလေး
ကွာခြားတဲ့ အသက်က သုံးဆယ်ကျော်။
မယားကြီးလို ပညာအရည်အချင်း မလို
မယားကြီးလို သားဖောက်ပေးဖို့ မလို
အဖုအဖောင်း ဘဲ လိုတယ်။
မသေခင် ကိုယ်လုပ်ချင်တဲ့ ကလေးကလား
ဟီးဟီးဟားဟား ဦးဦး..ကိုကို
အဟင့် အဟင့်
ဒါဘဲ များများလို
ဘဘမျောက်မင်း မြီးတံတို။

အဘိုးကြီး ခါချဉ်ကောင်မသန် ဆေးဝါးနဲ့ ဆက်
အခုတော့ ဆေးသောက်များချက် နှလုံးပျက်
မယားဆယ်ကျော်သက်.နဲ့ လင်အို
လေသင်ဓုန်းဖြတ် ပက်လက်ငိုတယ်။

မယားငယ်ငယ် အရွယ်ကောင်း
လှေကြီးပေါ် လှေငယ်ဆင့်တဲ့ အကြောင်း
အသံတွေ ကြား မလှုပ်နိုင်တဲ့ဘဝ
တိတ်တိတ် မျက်ရည်ကျ ကိုယ်မှားပြီ။

အော် ခုတော့ သိပြီ
ငယ်မယားရေ…
မင်းကသာ ငါ့အတွက် မယားကောင်း
အခုတော့ ရော်ကြေးရ
စည်းစိမ်တွေနဲ့နေလို့ ကောင်းပြီပေါ့။
အများရဲ့ဂရုဏာ ရ မင်းက နံမည်ကောင်းသူပေါ့

ခုတော့
ငါ့ဘ၀ချောင်မှာငို သွေးပျက်
သစ္စာစူးသူရဲ့ ဒီမျှားချက်
အဖိုးကြီးမိုက် တစ်ယောက်ရဲ့ ရာဂ တဏှာ
လေဖြတ်တော့မှဘဲ ခါးသီးခဲ့တဲ့ ဒီဝေဒနာ။

မသဒ္ဓါ( ၅။၃၁။၂၀၁၆)

သူငယ်ချင်း အဖိုးကြီးများအတွက် နောက်ပြောင်တာပါ။ တိုက်ဆိုင်သူတွေ အတွက်ကျ ဘွာတေး..ဘွာတေး..

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */