Sunday, August 26, 2007

အမိမြေအတွက်သွေးချွေးစတေး..ကျွန်တော်၈၈၈၈ ကျောင်းသားလေးများ


သိပ်လည်းမကြောက်ပါနဲ့  ..နအဖ
ဒို့တတွေလက်ထဲမှာ..
ရှေ့ တဲ့တဲ့ကမှန်အောင်ပစ်တဲ့ လက်နက်မရှိ.
တိုင်းပြည်ရဲ့ထွက်သမျှဘဏ္ဍာသိုက်လည်းမရှိ.
ပြည်သူဆီကဂုတ်သွေးစုတ်ထား..လာဘ်လာဘများလည်းမရှိ
မတရား..ရေပေါ်ဆီလူတန်းစား..စည်းစိမ်များမရှိ.
မဆန့် မပြဲ..မဟားဒယားစား..ဗိုက်ပူကားကားကြီးများမရှိ.
သမီးငယ်အတွက်..စိန်မဆိုထား..ပလပ်စတစ်လက်ကောက်လေးတောင်မရှိ

လှေလှော်နေစဉ်တက်ကျိုး..
မဆလရဲ့..စံနစ်ဆိုး..
ကံဆိုးတဲ့အချိန်မှာအမေကမွေး
၈၈၈၈ကျောင်းသားလေးတွေပါခင်ဗျာ.

၈၈၈၈ကာလ
တဲ့တဲ့ပစ်ချတဲ့..လူသတ်ကျည်ဆန်
ဘေးနားကယောင်းရင်းတွေကိုမှန်
သွေးချောင်းလည်းစီးခဲ့
အသက်သွေးချွေးနဲ့ စတေးခဲ့
စာသင်ခန်းနဲ့ဝေးရဲ့
မိဘများလည်းပူဆွေးခဲ့
တောကြီးမြိုင်လည်.ဆင်းရဲငတ်ခဲ့
လန်းအောင်မပွင့်ရသေးခင် အကြွေစောတဲ့ပန်း
ဘ၀များနွမ်းကြေ
သွေးနဲ့ မျက်ရည်..မုန်တိုင်းကြားထဲ
ကံဆိုးမွဲတဲ့မျိုးဆက်လူငယ်..
အခုကျွန်တော်တို့ ..ဒုတိယအရွယ်ထဲမှာ။.

မဆလ ၂၆ နှစ်..န၀တ၁၉ နှစ်.
၄၅ နှစ်သက်တမ်းထဲ..
တိုင်းပြည်က..တဖြေးဖြေးမွဲ..
ပြည်သူတွေ..ဆင်းရဲ.
ခလေးတွေ..ပညာတောင်မရှိဘဲ..
နောင်အနာဂတ်..တိုင်းပြည်ဘယ်လိုဆက်ရပ်ကြမှာတုန်း..

နောင်လာမဲ့မျိုးဆက်သစ်..
ကျုပ်တို့ လို ထပ်အဖြစ်မခံနိုင်ဘူး
အနာဂတ်အတွက်တိုင်းပြည်သစ်..
ကျုပ်တို့ အနင်းခံဘ၀..စတေးရင် စတေးရပစေ.
ကျုပ်တို့ အားလုံး..ရှင်နေသော်လည်း
အာဏာရှင်အောက်မှ..သေလူများ…
မကြောက်တမ်း..မရွံ့ တမ်း..သေသွားစမ်းပစေ.
တွန်ခဲ့ပြီ..ခွပ်ဒေါင်းအိုးဝေ..
မသေမချင်း ဆက်တိုက်မဲ့ သံဓိဌာန်.
နောက်ဆုံးတယောက်ဘဲကျန်ကျန်..
လွင့်နေဦးမဲ့ ဒေါင်းဇာတိမာန်..ဒို့ ဒေါင်းအလံ။

လက်မှတ်တိုးပြီးလူစု..
အဖြူရောင်ရဲ့လှုပ်ရှားမှု..
ဒါ ရာဇ၀တ်မှုလား.. ရီစရာ..ဟား..ဟား..ဟား

ဝတ်ပြုဆုတောင်းရုံကလွဲ..ဘာအကြမ်းမှမဖက်ဘဲ..
အမြင်ကတ်ပုဒ်မနဲ့ ဆွဲတာ ဘယ်သူလဲ။
အဖြူရောင်ရှင်းသန့် စွာဝတ်ဆင်..
တနင်္ဂနွေနေ့ တိုင်းတွင်..
ဆီဈေးတက်..ကားခမရှိလို့လမ်းလျှောက်..
မရှိတဲ့..မတရားတဲ့ ဥပဒေကြီးနဲ့ချောက်နေတာ..
ဘယ်သူ မတရားတာ...
တရားတာ..ပြည်သူများသိတယ်။

ဒို့ တတွေဟာ..၈၈၈၈ကျောင်းသား
ကံခေသူနင်းပြားလူတန်းစား...
အနာဂတ်အတွက် စာနာစွာအလုပ်လုပ်.
နိုင်ငံ နွံ့ ထဲမမြုပ်စေဖို့ 
အာဏာရှင်စံနစ်ကို အပြုတ်ဖြုတ်
ကျွန်တော်တို့ တော်လှန်ရေး လုပ်နေ..
အမိပြည်သူအပေါင်း..လက်တွဲပါဝင်စေချင်..
တွဲလက်များ..ခိုင်မာလျှင်
နေခြည်မှာ..မြုခိုးလွင့်ပျောက်..
မြန်မာပြည်..ပြန်လည်.နိုးထ ရောင်နီမိုးသောက်အောင်.။.

မသဒ္ဓါ (၈။၂၆။၂၀၀၇)..

အပြည့်အစုံသို့ 

Saturday, August 25, 2007

ရှေ့ သို့ ရဲရဲချီတက်.ဒို့ လင်းလက်မဲ့အနာဂတ်အတွက်..

ဒို့ တတွေဟာ..ဗမာပြည်သူပြည်သား
ဗြဟ္မာစိုရ်တရားနဲ့ လူသား..
ဂရုဏာတရားရှိတယ်..မေတ္တာများရှိတယ်.
ကျေးဇူးများသိတယ်..မုဒိတာတရားရှိတယ်။
ဆာလောင်မှုရှိတယ်..ကိုယ်ချင်းစာတရားထားရှိတယ်.။

ဒို့ တတွေဟာ လူသား
လွတ်လပ်မှုကိုမင်.ဖိနှိပ်မှုမခံချင်.
မတရားမှုကိုစက်ဆုတ်..မင်းမဲ့စရိုက်ကိုရွံ့ မုန်း
ဒီမြေပေါ်တူတူမွေး..ဒီပြေရဲ့သွေး
ဒီမြေအတွက်.အလုပ်တူတူလုပ်.
အချင်းချင်းရေပေါ်ဆီဟန်လုပ်.
အခွင့်အရေး.ဂုတ်သွေးစုတ်တာခံရမလား..
ဟေ့..သွေးရဲတဲ့ဗမာပြည်သား.
မိစ္ဆာများကိုတွန်းလှန်ဖို့ အသင့်ပြင်ထား
ခုအချိန်ကျပြီဘဲ.
တော်လှန်ရဲစို့  တူတူညီ.

အမိမြေကို..ဒို့ကာကွယ်ရမယ်။..
အမျိုးသားရေး.စောင့်ရှောက်ပေးရမယ်။
မျိုးနွယ်ရှင်သန်ရေး..ထိန်းသိမ်းပေးရမယ်..
အနာဂတ်အတွက် စေတနာထားရမယ်။
ရဲရဲဝံ့ အမှန်တရားအတွက်..
သွေးနဲ့ အသက်..ပေးလျှက်ထားစေ..ဒို့ ည်ီစေ။

ဒီတော်လှန်ရေးထဲ..အသင်ဘဲသေသေ..
ကျွန်ုပ်ပဲကြေကြေ..ဘာမထီအားဆက်တင်းစေ
တဗိုလ်ကျ တဗိုလ်တက်..ရှေ့ ဆက်တက်မဲ့ခြေလှမ်းများ..
သွေးသောက်သားချင်းရဲ့ဇာနည်စိတ်ဓါတ်
သွေးတစက်ကျန်သေးသည်အထိ..
ဆက်တိုက်ကြစို့ ..
အမိမြေရဲ့ လွတ်လပ်ရေးသို့ 
အနာဂတ်ရဲ့ ငြိမ်းချမ်းရေးသို့ 

ညီညာစေ..အများ..
ဒို့ ပန်းတိုင်သို့ ဆက်သွားကြရအောင်။
လာ..လာလေ တွက်ခဲ့.။
လာ...လာလေ..ရှေ့ တက်ခဲ့။
အားငယ်ရင်..ဒို့ လက်ကိုတွဲ..
သပိတ်ပွဲ...ပြည်လုံးကျွတ်ဆင်ကာနွဲ..
အမှန်တရားသို့ ..တော်လှန်တိုက်ပွဲ
ဒီ..အရေးတော်ပုံ..အောင်မှာမလွဲ..
ကဲ..ကြာတယ်..လာလေ..
မင်း..တွေဝေမနေနဲ့ ..
ယောင်းရင်းတို့ ရေ
ဟေ..လာ..မောင်ရို့ ..၀ါး။

မသဒ္ဓါ (၈။၂၄။၂၀၀ရ)..

အပြည့်အစုံသို့ 

Tuesday, August 21, 2007

စောစောလမ်းလျောက်ကြပါစို့ 



အရေးကြီးပြီ.သွေးစည်းကြစို့ .လမ်းလျှောက်ကြဖို့ ဒို့ ခေါ်

ဒီမိုကရေစီ..နဲ့ လွတ်လပ်ရေးပန်းတိုင်
အိမ်မက်လမ်း..သို့ ရွယ်မှန်းပိုင်ပိုင်
တလှမ်းခြင်းလှမ်း..မနားတမ်းလျှောက်ကြစို့ 
အားလုံးအတူတူတွဲ..ရင်ကာဆိုင်
ကြောက်ရင်လွဲ...ရဲရင်..ဒို့ နိုင်ပြီ
မလျှော့ ဇွဲလုံ့ လခိုင်ခိုင်
ဆက်လျှောက်နေစေ
ဒို့ အောင်ပွဲ..ပြီးဆုံးသွားသည့်တိုင်။

မသဒ္ဓါ (၈။၂၀။၂၀၀၇)

အပြည့်အစုံသို့ 

Monday, August 20, 2007

တက်ခြေညီညီ..ပန်းတိုင်ဆီသွားမဲ့..ဒီခြေလှမ်းများ..

လူ့ ဘ၀..မွေးကတည်းက..ပါလာခဲ့တဲ့ခြေများ..
ရွေ့ လျားခရီး သွားဖို့ လေ..
မရပ်မနား..လမ်းလျောက်ဖို့ လေ။

စွမ်းအားနဲ့ လူသားဦးနှောက်..
အချိန်မကုန်..ခရီးပေါက်..
တီထွင်ခဲ့တဲ့ဘီး
တစ်ဘီး..နှစ်ဘီး..ဘီးအများကြီးနဲ့စက်ဘီး
တိရိစ္ဆာန်ဆွဲသည့်ယာဉ်.ရထား.
ရေနွေးအင်ဂျင်မီးရထား..လောင်စာအင်ဂျင်သုံးကား
နေရောင်ခြည် ဘက်ထရီသုံးယာဉ်များ..
အဆင့်ဆင့်တီထွင်..
လူမှ လူသာ အံ့မခမ်းဂုဏ်အင်..

လူရဲ့အဆင့်အတန်း..
ဤခြေလှမ်းများကပြောခဲ့..
သယံဇာတပေါကြွယ်ရာ..အမိရွှေပြည်..
အလျှံအပယ်..ဒို့ မြေအောက်က..ရေနံရွှေရည်..
ဖူလုံပြည့်ဝ..ပြည်ပတောင်ရောင်းရတဲ့.လောင်စာသဘာဝရည်..
နေရောင်ခြည်..ကြဲကြဲနဲ့ ..ပူနွေးတဲ့ ဌာနေရေမြေ.
အမိရယ်တဲ့မှ.. ဒို့ ဗမာပြည်

ချဉ်သီးပင်အောက်..ချဉ်သီးရှား
ရွှေမြေရဲ့ အပေါ် အကြင်နာခေါင်းပါး..
န၀တရဲ့ လုသတ်သမားများ
ဒင်းတို့ ဦးဏှောက်မရှိ..ခြကစား..
နိုင်ငံခြားငွေရဖို့ ဘဲသိ
လာဘ်စားဖို့ ဘဲ..သိ.
တိုင်းပြည်ထမင်းဝရေး..ဘယ်မတွေးကြည့်
ရှိ..ရှိသည့်..လောင်စာရေ..
စစ်တပ်ဘဏ္ဍာ..ဖြစ်စေဖို့ ။

သားအရင်း ကို..အမှိုက်တောင်းတဲ့စွန့် .
သွေးမရင်းတာတွေ..ကို ၀မ်ဝမ်စွေ့ နဲ့ ..အစာခွန့် 
အရဲစွန့် တော်လှန်သူ..မျိုးဆက်များကိုအပြုတ်
အာဏာရှင်..ဂုတ်သွေးစုတ်
ဒင်းတို့ ကမှ..အယုတ်..

အသိခေါက်ခက်..အ၀င်နက်
မှန်တာပြောလည်း..အပြင်ခက်
အမြင်ကတ်ပုဒ်မနဲ့ ..အသက်ထွက်
ဘုရားပေါ်တက်..စပိုင်က ချက်
လာဘ်မပေးက..အ၀င်မညက်
မကျန်းမာက..ဆေးပြတ်လျှက်.
သေပြန်ပါလည်း..သဂ်ြင်္ င်္ိုလ် ခက်
စပါးထွက်လျှက်..ဆန်အ၀ယ်ခက်..
သီးနှံပေါလျှက်..ငတ်နေလျှက်
ပင်လယ်ရှိလျှက်.ငါးရှားလျှက်.
ရေနံတွက်လျှက်..ဆီဈေးတက်..
ပြည်သူအတွက်...ဘာမရှိ
ပြည်သူ ကို..ပေးစားရမှန်းမသိ
စစ်အစိုးရသိတာ..တဖို့ ဘဲရှိ..

ဟေ့...ဖိနှိပ်တိုင်း ဦးကျိုးရမလား..
ဒို့ တွေဟာ..အံ့မခန်း..မဟာလူသား
ဘုရားပေးထားတဲ့..ဒီခြေထောက်..
မနားတမ်း...ဆက်လျှောက်မယ်..
ဒီမိုကရေစီဆိုတာ..မရမချင်း...ဒို့ တမျိုးလုံးမျက်နှာငယ်..
ကြိုးပမ်းစွာ..ပုခုံးထမ်း..အရေးတော်ပုံအောင်ရမယ်..

မသဒ္ဓါ (၈။၁၉။၂၀၀၇)
ကိုယ်ခြေထောက်ပေါ်လမ်းလျှောက်ရဲသော ကိုမင်းကိုနိုင်နှင့် မြန်မာပြည်သူများသို့  ..(လေးစားပါတယ်မောင်လေးရေ.အမြဲဂုဏ်ယူနေပါတယ်)

အပြည့်အစုံသို့ 

Saturday, August 18, 2007

ဒို့ တတွေ..မညံ့ဘူး..မိုးတိမ်လွှာကို.ခူးနိုင်မဲ့လူများ..။


ကြိုးတန်းပေါ် လမ်းလျှောက်စဉ်ကာလ
အောက်ကို ငုံမကြည့်လိုက်နဲ့ 
မှန်မှန်သာ..မင်းခြေလှမ်း
တလှမ်းပြီး..တလှမ်း
လျှောက်စမ်းခဲ့စေချင်
အားတင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ရေပြင်ထဲ.ရေကူးစဉ်ခဏ..
နစ်ဖို့ ကို မစဉ်းစားလိုက်နဲ့ 
မှန်မှန်သာလက်တကမ်း
လက်ပစ်ပြီးလှမ်း..
ကူးခတ်ခဲ့စမ်းစေချင်..
ဇွဲရင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

တောင်စောက်မတ်ကိုတွယ်တက်စဉ်ကာလ..
သံသယမရှိစမ်းနဲ့ 
တက်ခြေလှမ်းသာရဲရဲ
တွယ်ငင်လက်ကိုခိုင်မြဲ.
တလက်မချင်းအပေါ်သို့ ရွှေ့ လျား
အထက်ဖျားတက်စေချင်..
သတ္တိထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ပုဆိန်ရိုးရဲ့လက်ချက်
ကိုယ့်အသား ကိုယ်လှီးကာချက်
သူတို့ ရဲ့လက်ချက်နဲ့ စနက်
မျိုးချစ်များရဲ့ ခရီးထွက်မဲ့..အနာဂတ်လှေများ
တစင်းပြီး..တစင်းနစ်မြုပ်နေဆဲကာလ
ပန်းတိုင်ကိုဘယ်ကစကြ..မလည်း
လက်လျှော့ ပန်းပေး..မင်းလူညံ့လေးလုပ်မလား
ပန်းတိုင်ရှေ့ တက်ထောင်..မင်းလူရည်ချွန်လုပ်မလား..မောင်။
စဉ်းစား..စဉ်းစား..မင်းအနာဂတ်..မင်းပိုင်ချင်ခဲ့ရင်

လှေမရှိခိုက်ခဏ..ဆားဒယ်နဲ့ ဘဲခရီးနှင်..
ဘယ်လက်နက်မဆို..သုံးတတ်ရင်.အသုံးဝင်
ဥာဏ်ဝီရိယနဲ့ ထွေခင်း
စွမ်းအားနဲ့  အသက်ရင်း
ပန်းတိုင်ရောက်ဖို့ သာလိုရင်း
ဘယ်လှေနဲ့ ဘဲခင်းခင်း
ဘယ်ရေခင်းသံ..ဘဲ သံပြိုင် ဆိုဆို
တဖြေးဖြေး..ချီစေ..ရှေ့ ကိုတိုး
မညှိုးစေမဲ့..ဂုဏ်ရှိန်တေဇာ
သာကီဝင်မျိုးဟေ့..ဒို့ ဗမာ
ပြခဲ့ကြမည်...ဤမြေကမ္ဘာ
ဒီမိုကရေစီ အောင်ပွဲရဲ့နိဂုံးမှာ..။

မသဒ္ဓါ (၈။၁၇။၂၀၀၇)
အားငယ်ဖို့ မလိုဘူး.၊ စိတ်ပျက်ဖို့ မလိုဘူး။. ပုဂံဆီရောက်ချင်ရင်.မင်းမှန်မှန်သာ.ရွှေ့ ပေးနေ.။တနေ့နေ့ ..ဒို့ အောင်မြင်မှာ..အသေချာ.။

အပြည့်အစုံသို့ 

Thursday, August 16, 2007

ပြည်ဖောက်ပေးရမဲ့..အနာမြုံများ..


လာဘ်လာဘစား..
မတရား..တရား..
ရေများရာရေနိုင်..တရားဥပဒေကမပြိုင်နိုင်..

အရူးကိုဘုံမြှောက်..
အသက်ရှည်လိုစေ..ညောင်ကိုင်းထောက်..
ရာထူးမြဲစေ..နှာစေးနေတဲ့ယုန်တွေ..
အရောင်အဆင်းမရှိ..အဖတ်လေးတွေသာ.
ရင်ဘတ်ပေါ်ရှိတဲ့..ဦးနှောက်နတ္ထိ..စစ်မသူရဲကောင်းများ
ဗမာပြည်မှ..စက်ရုပ်လူသား..
ဝတ်စုံစိမ်းဝတ်..တကားကား.
အော်..ရှက်စရာပါတကား.

ကိုယ်ပျောက်ဝတ်ရုံကိုဝတ်..
ငါဘဲဘုရင်.. ဘုန်းကံရှင်..
လမ်းဘေးကခလေး..အမှန်ကိုပြောပေး
လုံးတီးအရှက်နည်း..ခေါင်းဆောင်ရဲ့မိုက်သွေး..
လှုပ်ရင်။။ပစ်မယ်..ပြောရဲတဲ့
ပုတ်အက်အက်နဲ့ ..နှုတ်ခမ်းတော်ရွှေရေး.
အစာဟောင်းမက်တဲ့..မင်းက..ဟိုသတ္တ၀ါလေး..

ရက်စက်ကြမ်းကြုတ်..မင်းတို့လူမဟုတ်..
ရာဇ၀တ်မှုကင်း နိုင်ငံရေးအကျဉ်းသားတွေ.
ထောင်ထဲထည့်မျိုးဖြုတ်..မင်းအမျိုးမဟုတ်တိုင်း

မသာကောင်း..အလောင်းလှအောင်ကုညီသူ
မျက်မုန်းကျိုးတာ..မရှက်ဘဲ..
မင်းဘဲပလ္လင်ပေါ်ငုတ်တုတ်..အနုတ်ဂုတ်စုတ်..
မင်းက..ထန်းပလပ်ရုပ်..ရှင်ဘုရင်..

မင်းကျင့် တရားဆယ်ပါး..
တပါးမှမညီတာတောင်..မင်းကမတုန်မလှုပ်..
ရှက်ကြောပြတ်..တိုင်းပြည်ကို..မျိုးပြုန်းဖြုတ်
အာဏာရှင်လူယုတ်..မင်းနံမည်
ခွေးသားရေ..ပုရပိုက်ထဲမှာ..ရှိနေသည်..

တရားမညီ..မင်းဆိုးညစ်လက်
ရာသီတွေ..ပျက်ပြီ သာမှတ်..
မိုးလေ ရေကြီး.မြေဆီခြောက်သွေ့ 
ဘေးကပ်ဆိုက်သင့်..ရွှေမြေ..
တိုးတက်နိုင်အောင်..သင်မလုပ်တတ်.
အမှန်ကိုသိအပ်ပြီ..
သင့်ဘုန်းဝတ်ရုံ..တကယ်ရှိသည်..မရှိပြီ..

ပြည်မှည့်နေတဲ့အနာ…နာမကျန်းနေတဲ့ပြည်မြန်မာ..
စေတနာဖြာ..စောင့်ရှောက်ကု…
သင်လည်းလေ..မြန်မာတယောက်.
သင့်လက်ထဲက..အာဏာ..
မတန်သာရင်..လုပ်နိုင်သူကိုလွှဲ..
စေတနာမြဲမြဲ..မင်းသတ္တိရဲပါ ဘိုးတော်..

အပ်နဲ့ ထွင်းလို့ ရနေသေးခိုက်
အချိန်တွေ..မဆွဲလိုက်ပါနဲ့ 
မင်းသမီးစိန်ဝတ်နိုင်ခါမှ..မင်းအဖေကောင်းမဟုတ်..
ဗမာ သန်း ၅၀ကျော်လူသား..၀မ်းဝရေးမင်းမလုပ်နိုင်..
ဘယ်လိုရှင်ဘုရင်..မြေကမ္ဗလာသာ..မင်းဆင်းတိုင်..
တတ်နိုင်သူလုပ်ပါစေလား…အရှက်လေးရှိ..မင်းစေတနာထား
ဒို့ဗမာပြည်သူများအား…

အချိန်တွေဆွဲ ကြာနေရင်..
ပေါက်ဆိန်ထွင်းဖြတ်ရတော့မဲ့..
အတွင်းကြေ အနာအခဲစိုင်..
မြန်မာရဲ့ နှလုံးအသည်းစိုင်
ဘယ်သူနာနာ..ငါ့ငတေတော့ မာမာ..
မင်းမလုပ်သင့်တော့ပါ။

မသဒ္ဓါ (၈။၁၅။၂၀၀၇)..

အပြည့်အစုံသို့ 

Wednesday, August 15, 2007

ဒီနေရောင်အောက်မှာ..အားလုံးဖြစ်စေနိုင်..

ဒီအလင်းရောင်..
အမှောင်ကိုခွင်း..နွေးထွေးခြင်း.

ဌက်ကလေးတွေ
အိပ်တန်းကထ..အစာရှာကြ

ပန်းကလေးတွေ
လန်းဆတ်ဖူးပွင့်..အသီးနဲ့ စွင့်

ကမ္ဘာမြေရဲ့..တမိုးသစ်ရောင်နီ
အရှေ့ဆီမှာထွန်းလင်း
မျှေိာလင့်ခြင်းများရဲ့ ..နံနက်ခင်းဆီ

အားအင်သစ်နဲ့ ရောင်ခြည်
ဇွဲမာန်စွင့်တဲ့..မျိုးဆက်သစ်သည်
နိုးကြားထကြွ..ညီညီ
ချီကြမည်..ဒီမိုကရေစီ
ဒို့ ယုံကြည်ချက်.ပန်းတိုင်ဆီ..

အောက်ဖက်ကအနင်းခံ
၈၈၈၈..အားမာန်နဲ့  မျိုးဆက်ဇာနည်
ဖိတ်ခေါ်သည်..၉၉၉၉ မျိုးဆက်များ
တက်ကြွ.ပေါင်းစည်း..စုံတညီ
မကြာခင်..လာမည်
၂၀၀၀ကျော်နှစ်..မျိုးဆက်သစ်
လက်တွဲမပျက်..ရှေ့ သို့ ဆက်လက်ချီ

သမဂ္ဂ..ဒေါင်းအလံနီနီ
လေပြေမှာမော်ကြွား ၀င့်ဝင့်
ငြီမ်းချမ်းစေမဲ့..မိမြန်ပြည်

သင်လည်းလေ..ပါဝင်လှည့်အုံး
ကျောက်အုတ်..မြေအုတ်
ရွှံ့ အုတ်များဘဲဖြစ်စေတော့ ညီညီသာစီ
မျိုးဆက်ကြီးငယ်..လက်ဆင့်ကမ်း
ဒေါင်းအလံထူ..တိုက်ကြစို့ 
ဒို့ များ..ဘာမထီစစ်သည်။

တောက်ပတဲ့ နေရောင်ထဲ
အလုပ်ရဲရဲ..အတွေးရဲရဲ
မနှေးဘဲ..သာလုပ်ဆောင်
စစ်အာဏာရှင်စံနစ်ဆိုးကိုတော်လှန်
ဒို့တွေရဲ့..အရှေ့ အရပ်က..ပန်းတိုင်
ဟော..ရောက်လုပြီ..သူငယ်ချင်း

မပျင်းနဲ့..အခုလာ
အားလုံး..တစ်ကပြန်စ..စို့လားကွာ
နေရောင်ခြည်ထဲ...မဖြစ်နိုင်တာ
ဘာမှမရှိတဲ့ အရာ..ယုံကြည်လှဲ့ ပါ။

မသဒ္ဓါ (၈။၁၄။၂၀၀၇)..

အပြည့်အစုံသို့ 

Sunday, August 12, 2007

မျိုးဆက်သစ်များသို့ ..ခွန်အား.

အားတင်းထားတော့ မောင်ငယ်..ညီမငယ်
တပြည်တရွာ..ဝေးတဲ့တစိမ်းနယ်ပယ်
တယောက်ထည်းမို့ မင်းယောင်ချာမယ်
ခံနိုင်ရည်အားကို..ဆောင်ထားစေချင်တယ်

အနာဂတ်.ဟာ ဆူးခင်းလမ်း..ဖြစ်ချင်ဖြစ်မယ်
ပန်းသင်းလမ်း..ဖြစ်ချင်ဖြစ်မယ်
အဓိက.ကမင်းဘဲဖြစ်တယ်။
စိတ်ဓါတ်အားကို..ကြံခိုင်နိုင်စေ။
ဝီရိယအားကို..တင်းထားနိုင်စေ။
မောဟများအားကို..ချိုးထားနိုင်စေ။
ဇွဲခွန်အားကို..မင်းပိုင်ဆိုင်နိုင်စေ။

အနာဂတ်ဟာ..ဒို့ ပိုင်ဆိုင်တယ်
ဘာဘဲဖြစ်ဖြစ်..မင်းနိုင်နိုင်တယ်
ရောင်ခြည်ဦးကို..မင်းချူနိုင်တယ်
ဇွဲလုံလ ဟာ.မင်းကိုယ်ပိုင်လေ
စိတ်ခွန်အားပေါ် အရှုံးအနိုင်တည်တယ်
ပျော့ညံ့မှုကိုဘေးဖယ်စေချင်
လောကဓံကို..မင်းရင်ဆိုင်နိုင်ရင်
အောင်မြင်မှုဟာ...မင်းရင်ခွင်တွင်

အနာဂတ်.ဟာ လှိုင်းပြင်းတဲ့ပင်လယ်.ဖြစ်ချင်ဖြစ်မယ်..
ကျိုင်းနင်းတဲ့.. အောင်မြေ..ဖြစ်ချင်ဖြစ်မယ်..
ပဓါနက.ကမင်းဘဲဖြစ်တယ်.
မြင့်မြတ်မှုကို..စွဲခိုင်ကြည်စေ။
ရိုးသားမှုကို..အရင်းခံပါစေ။
ယုံကြည်မှုကို..လက်ကိုင်ပြုစေ။
အဓိကအမြစ်က..မင်းကိုင်တိုင်ပေ။
ရှင်နေမင်းကို..မင်းပိုင်ဆိုင်စေ။

ဖန်တီးမှုရဲ့..အားအင်
မင်းလက်ဖ၀ါးများပေါ်တွင်
ယုံကြည်စွာအသုံးချ..မင်းမုချအောင်ရမယ်။

ဥာဏ်ကြီးတဲ့..စွမ်းအားသခင်
မင်းမှမင်းသာပင်..
အောင်မြင်စွာ..ထွန်းတောက်..မင်းပန်းတိုင်..ရောက်ရမယ်။

မသဒ္ဓါ (၈။၁၂။၂၀၀၇)
မောင်ငယ်..ညီမငယ်လေးများသို့ ..ဆက်လက်သာလှော်.ရှေ့ မှာပန်းတိုင်ရှိတယ်..

အပြည့်အစုံသို့ 

Wednesday, August 8, 2007

၈၈၈၈ မှ သည်..တောက်ပသော..အနာဂတ် များဆီသို့ 


မယုံရင်..ပုံပြင်သာမှတ်..
ကမ္ဘာကျော်..လူသတ်အစိုးရ.
ဒို့ ဗမာပြည်မှာရှိနေတယ်..ယနေ့ ထိတိုင်။

တပါတီမဆလက..သေနတ်ပြလုခဲ့တဲ့ အာဏာ
ဗုံးခွဲ.လူသတ်..အနာဂတ်ကို..မှိုင်းချခဲ့တဲ့.စစ်တပ်.
ဒို့ မြန်မာပြည်..ကိုလိုနီကလွတ်မြောက်ခဲ့ ပြီးနောက်.
ကိုယ့်လူုမျိုးနဲ့ကိုယ်စစ်တပ်အောက်မှာ..
ကျွန်သဘောက်..ဘ၀ထက်တောင်ဆိုးနေ။

အနှစ် ၂၆ စံစား..ကိုရွှေဆိုရှယ်လစ်များက..
ဒီအပေါ်ဘဲအိပ်..ဒီသားရေလေးတွေဖဲ့ဖဲ့စား
တိုင်းပြည်ကြီးတဖြေးဖြေး..နွံထဲ နစ်နစ်သွား
နောက်ဆုံးရခဲ့တဲ့..ဒီ..နံမည်သစ်..
ကမ္ဘာ့အဆင်းရဲဆုံး..တိုင်းပြည်အဖြစ်.။

ဌက်ဆိုး..ထိုးနေတဲ့ မြန်မာပြည်..
ဇောင်ချမ်းကွဲ တွေ ရေပေါ်ပေါ်နေတဲ့ မြန်မာပြည်...
မခံနိုင်တော့တဲ့..ကျောင်းသားထု.
အဖြူအစိမ်းနဲ့ ..ကျောင်းလုံချည်.
ခွပ်ဒေါင်းရုပ်နဲ့ ..ခေါင်းစီးနီနီ..
ဇောက်ထိုးကလေးနဲ့..မဆလအလံကိုချည်..
ငြိမ်းချမ်းစွာ..အစာငတ်ခံဆန္ဒပြ..
နေပူကြဲကြဲ..ပလက်ဖောင်းပေါ်က
စည်းရုံးကြွေးကြော်..တိုက်ပွဲခေါ်..
သတ္တိသွေး..မိုးထိခေါင်ဝင့်မော်
၈၈၈၈ လုပ်ရပ်က..ကမ္ဘာကျော်...

အာဏာပါးကွက်လုံထိန်း.
အကြမ်းဖက်တက်သိမ်း။
သံချပ်ကာကားကလမ်းပေါ် တ၀ီးဝီး
မာရှယ်လောထုတ်ပြီး
ပြည်သူ့ ဘဏ္ဍာနဲ့  ၀ယ်ထားတဲ့သေနတ်..
ဒို့ ပြည်သူ့ ကိုပြန်သတ်..

ပေတရာ..လမ်းမ..သွေးများနဲ့ဆေးကြောခဲ့ကြ..
ပုဆိုးစိမ်းပေါ်.စွန်းထင်း..သွေးနဲ့ချင်းချင်းနီ..
အတောင်ကျွတ်ချိုးဖြူများ..တေးသွားသံဆိတ်သုန်းခဲ့.
သာယာကျောင်းခေါင်းလောင်းသံ..ဥသြဆွဲသံများဖြစ်ခဲ့
ဒေါင်းခေါင်းစီးနီကလေးများ..မြေပြင်ပေါ်သွေးတနင့်နင့်
မေ့သားလှရွှေသွေး..ရေတိမ်ထဲမှာနစ်..
တပြည်လုံးကြိမ်မီး အုံး..ယူကျုံးမရတွေဖြစ်။
သွေး..ချွေး..အသက်..၀ိညာဉ်နဲ့ ခန္ဓာ.
စတေးခဲ့တဲ့..ဒီကာလ..၈၈၈၈ ဘယ်မေ့မရ..

မသေမရှင်များ..ကျီးငါးစာအဖြစ်
မြစ်တကြောမြှော..ရင်နာဘွယ်အဖြစ်.
အရှင်လတ်လတ်လည်း..မြေတွင်းထဲမှာဖို့ ပစ်.
ကျန်ရစ်သူမိသားစု..မျက်နှာလေးတောင်ကြည့်ခွင့်မရှိ
ဆိုးဝါးလှသည့် တိရိစ္ဆာန်လူစစ်သား.
လူတွေကို ငပိသိပ်..အချုပ်ကားထဲအတင်းထည့်ပိတ်..
လေရှူစရာမဲ့...ဘ၀ဆုံးရှုံး
ဒို့သမိုင်းရဲ့ အမဲဆုံးရက်ကလေးများ။
ဂုံနီအိပ်ခေါင်းစွပ်..ရိုက်နှက်.
တောင်ထဲမရောက်ခင်..အသက်ထွက်
မိန်းခလေးများကို..မတရားပန်းဦးချွေ..
ဘီလူးစီးနေတဲ့..ဦးနေ၀င်းစစ်တပ်..
တရားမမျှတကင်း..တဲ့ မြန်မာပြည်ရဲ့စစ်တပ်..
ကျမတို့ ဗိုလ်အောင်ဆန်းရဲ့ သားမောင်စစ်တပ်..
အာဏာရှင်ဘက် ရပ်နေတာ..ပြည်သူရင်နာ။

ဒီအာဏာရှင်..စံနစ်..၁၉နှစ်..ပိုးတိုးလောက်ကိုက်
နောက်ဆုံး..ကြွက်မနိုင်ရင်..ကျီကိုမီးနဲ့တင်ရှို့ 
လူဆိုးတချို့နဲ့ တိုင်ပင်နေတဲ့မောင်တွေ..
ဆိုးညစ်ညစ်အကြံ
နောက်ဆုံးကျည်ဆန်က..နျူကလီးယားနဲ့ ခြိမ်းချောက်ရန်.

အနာဂတ်ခေတ်တခေတ်ကိုပြောင်း..ဒို့ခွပ်ဒေါင်းကစတယ်..
နေခြည်မှာရွှေရည်လောင်းစေဖို့ ..ညသန်းခေါင်ကိုဒို့ ဖြတ်ဖူးရမယ်.
အောင်မြင်မဲ့တိုက်ပွဲပေါင်း..ရှုံးဖူးမှ..နိုင်အောင်တိုက်နိုင်တယ်..
အားမာန်ဇွဲ..ပေါင်းစုကြပါ..ညီငယ် နှမငယ်..

ဒို့အနာဂတ် ဟာ..ဒို့ဘဲပိုင်ဆိုင်တယ်..
အမှန်တရားနဲ့ လမ်းကိုပြင်..
ဇွဲမာန်လုံလ..လက်နက်ဆင်..
အားလုံးပါဝင်..စုစည်း..
သပိတ်တိုက်ပွဲ..အသစ်စပြင်
တဆင့်ဆင့်တက်လှမ်း..အမြင့်လမ်းသို့ ငြမ်းကောင်းဆင်
အမှောင်လမ်းက.တိုးထွက်လျှင်..
မနက်ဖြန်ရဲ့ မင်္ဂလာနံနက်ခင်း..
လင်းကြက်တွန်ရင်း..ရောင်နီပေါ်.
မြန်မာပုံနိမိတ်..ကောင်းခြင်းများနဲ့..ကမ္ဘာမှာကျော်.

မသဒ္ဓါ (၈။၈။၂၀၀၇).....
၈၈၈၈ တွင်ကျဆုံးသော..အာဇာနည်များကိုအလေးပြု၍ ကောင်းရာသုဂတိလားပါစေရန်..တသက်လုံး ပြုပြုခဲ့ သမျှ..မသဒ္ဓါ၏ ကောင်းမှုအဖို့ ဘာဂ..တို့ ကို.ဤနေရာမှအမျှပေးဝေလိုက်ပါသည်။

အပြည့်အစုံသို့ 

Tuesday, August 7, 2007

8888 uprising documentary Part 2


အပြည့်အစုံသို့ 

8888 uprising documentary Part 1


အပြည့်အစုံသို့ 

Sunday, August 5, 2007

သတ္တိအားမာန်ဇွဲ..အုတ်ကြားထဲက..မြက်တစ်ပင်..


လေဟုန်စီး..လွင့်မြောကျ
ပေါင်းစေ့လေး..တစ်စ..
ရေမရ.သွေ့ ခြောက်
မြေမာမာ..တလင်းအောက်..
မရှင်သန်လောက် .နိုင်တဲ့ဝန်းကျင်..
ကျရောက်..အစို့ ပေါက်
ရှင်သန်ခြင်း..ရောက်ခဲ့ပြီ။

ကျောက်ဖျာမြေကြောတင်းတင်း
ခြောက်သွေ့ တဲ့..တလင်း..
မာကြောတဲ့အုတ်သား.အပေါ်များကဖိနင်း..
မသဲကွဲအလင်းရောင်..အုံ့ ခပ်မှောင်မှောင်
ခွန်အားသာအသက်..အညွန့် ကိုရုန်းထွက်
မြေကမ္ဗလာမှာ..မါးမါးရပ်
စိမ်းရွက်သစ်...တလူလူ..
ဘ၀..အောင်လံထူခဲ့။

ရာသီက..ရက်စက်
လူတွေ.မညှာတာနင်းရက်..
ပိပြားတဲ့.အုတ်ရိုးကြား
ခွန်အားနဲ .့မြက်တပင်..
ရေနည်းလျှင်..အမြစ်တို့ ဆဆပွါး
အညွန့် သစ်များ..ခိုင်ထွားစေ
အပွင့်ဝေေ၀ဆာ..အသီးဝေဖြာပွါး.
အစေ့များ.ကြဲချခဲ့ပြီ
ဝန်းကျင်..တ၀ိုက်ဆီ..

မြောက်ပြန်လေ..အမြူး.
နံဘေးတခွင်..မျိုးကြဲစဉ်..
အုတ်ကြားမြက်ရဲ့
မျိုးဆက်သစ်သို့ ..အားအင်..။

မသဒ္ဓါ (၈။၅။၂၀၀၇).....
ဘယ်နေရာရောက်..ရောက်.ဒို့ မြန်မာ..ဂုဏ်မငယ်ပါဘူး.။အခြေအနေမပေး.အမိမြေနဲ့  ဝေးရတဲ့.အမိမဲ့သား..မျိုးဆက်သစ်များကိုအားပေး လက်ကမ်းကြိုပါတယ်။.ဘယ်ရောက်ရောက်ကြိုးစားကြပါ.။

အပြည့်အစုံသို့ 

Saturday, August 4, 2007

သွေးနဲ့ စတေးခဲ့သောဒဏ္ဍာရီ.သို့ အမှတ်တရ..(၈၈၈၈)


အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */