Sunday, August 26, 2007

အမိမြေအတွက်သွေးချွေးစတေး..ကျွန်တော်၈၈၈၈ ကျောင်းသားလေးများ


သိပ်လည်းမကြောက်ပါနဲ့  ..နအဖ
ဒို့တတွေလက်ထဲမှာ..
ရှေ့ တဲ့တဲ့ကမှန်အောင်ပစ်တဲ့ လက်နက်မရှိ.
တိုင်းပြည်ရဲ့ထွက်သမျှဘဏ္ဍာသိုက်လည်းမရှိ.
ပြည်သူဆီကဂုတ်သွေးစုတ်ထား..လာဘ်လာဘများလည်းမရှိ
မတရား..ရေပေါ်ဆီလူတန်းစား..စည်းစိမ်များမရှိ.
မဆန့် မပြဲ..မဟားဒယားစား..ဗိုက်ပူကားကားကြီးများမရှိ.
သမီးငယ်အတွက်..စိန်မဆိုထား..ပလပ်စတစ်လက်ကောက်လေးတောင်မရှိ

လှေလှော်နေစဉ်တက်ကျိုး..
မဆလရဲ့..စံနစ်ဆိုး..
ကံဆိုးတဲ့အချိန်မှာအမေကမွေး
၈၈၈၈ကျောင်းသားလေးတွေပါခင်ဗျာ.

၈၈၈၈ကာလ
တဲ့တဲ့ပစ်ချတဲ့..လူသတ်ကျည်ဆန်
ဘေးနားကယောင်းရင်းတွေကိုမှန်
သွေးချောင်းလည်းစီးခဲ့
အသက်သွေးချွေးနဲ့ စတေးခဲ့
စာသင်ခန်းနဲ့ဝေးရဲ့
မိဘများလည်းပူဆွေးခဲ့
တောကြီးမြိုင်လည်.ဆင်းရဲငတ်ခဲ့
လန်းအောင်မပွင့်ရသေးခင် အကြွေစောတဲ့ပန်း
ဘ၀များနွမ်းကြေ
သွေးနဲ့ မျက်ရည်..မုန်တိုင်းကြားထဲ
ကံဆိုးမွဲတဲ့မျိုးဆက်လူငယ်..
အခုကျွန်တော်တို့ ..ဒုတိယအရွယ်ထဲမှာ။.

မဆလ ၂၆ နှစ်..န၀တ၁၉ နှစ်.
၄၅ နှစ်သက်တမ်းထဲ..
တိုင်းပြည်က..တဖြေးဖြေးမွဲ..
ပြည်သူတွေ..ဆင်းရဲ.
ခလေးတွေ..ပညာတောင်မရှိဘဲ..
နောင်အနာဂတ်..တိုင်းပြည်ဘယ်လိုဆက်ရပ်ကြမှာတုန်း..

နောင်လာမဲ့မျိုးဆက်သစ်..
ကျုပ်တို့ လို ထပ်အဖြစ်မခံနိုင်ဘူး
အနာဂတ်အတွက်တိုင်းပြည်သစ်..
ကျုပ်တို့ အနင်းခံဘ၀..စတေးရင် စတေးရပစေ.
ကျုပ်တို့ အားလုံး..ရှင်နေသော်လည်း
အာဏာရှင်အောက်မှ..သေလူများ…
မကြောက်တမ်း..မရွံ့ တမ်း..သေသွားစမ်းပစေ.
တွန်ခဲ့ပြီ..ခွပ်ဒေါင်းအိုးဝေ..
မသေမချင်း ဆက်တိုက်မဲ့ သံဓိဌာန်.
နောက်ဆုံးတယောက်ဘဲကျန်ကျန်..
လွင့်နေဦးမဲ့ ဒေါင်းဇာတိမာန်..ဒို့ ဒေါင်းအလံ။

လက်မှတ်တိုးပြီးလူစု..
အဖြူရောင်ရဲ့လှုပ်ရှားမှု..
ဒါ ရာဇ၀တ်မှုလား.. ရီစရာ..ဟား..ဟား..ဟား

ဝတ်ပြုဆုတောင်းရုံကလွဲ..ဘာအကြမ်းမှမဖက်ဘဲ..
အမြင်ကတ်ပုဒ်မနဲ့ ဆွဲတာ ဘယ်သူလဲ။
အဖြူရောင်ရှင်းသန့် စွာဝတ်ဆင်..
တနင်္ဂနွေနေ့ တိုင်းတွင်..
ဆီဈေးတက်..ကားခမရှိလို့လမ်းလျှောက်..
မရှိတဲ့..မတရားတဲ့ ဥပဒေကြီးနဲ့ချောက်နေတာ..
ဘယ်သူ မတရားတာ...
တရားတာ..ပြည်သူများသိတယ်။

ဒို့ တတွေဟာ..၈၈၈၈ကျောင်းသား
ကံခေသူနင်းပြားလူတန်းစား...
အနာဂတ်အတွက် စာနာစွာအလုပ်လုပ်.
နိုင်ငံ နွံ့ ထဲမမြုပ်စေဖို့ 
အာဏာရှင်စံနစ်ကို အပြုတ်ဖြုတ်
ကျွန်တော်တို့ တော်လှန်ရေး လုပ်နေ..
အမိပြည်သူအပေါင်း..လက်တွဲပါဝင်စေချင်..
တွဲလက်များ..ခိုင်မာလျှင်
နေခြည်မှာ..မြုခိုးလွင့်ပျောက်..
မြန်မာပြည်..ပြန်လည်.နိုးထ ရောင်နီမိုးသောက်အောင်.။.

မသဒ္ဓါ (၈။၂၆။၂၀၀၇)..

2 comments:

မိုးတိမ် said...

မသဒ္ဒါရေ .. လာလည်သွားတယ် .. ကဗျာတွေအရမ်းကောင်းတယ် ... Cbox အော်လို့မရဘူးဖြစ်နေတယ် ... ကျန်းမာရွှင်လန်းပါစေ ..

moe pyay said...

Cbox အော်လို့မရဘူးဖြစ်နေတယ် ...
Thanks For http://publicenemies.blogspot.com/

 
/* EOT ----------------------------------------- */