Friday, June 18, 2010

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်

ငြိမ်းချမ်းရေးရဲ့ ပြယုဂ် (သို့ မဟုတ်) အမေ ဒေါ်အောင်ဆန်းစုကြည်

အပြည့်အစုံသို့ 

Monday, June 14, 2010

ဟိုဘက်ကမ်းနဲ့ .ဒီဘက်ကမ်း

ဟိုဘက်ကမ်းမှာ အနာဂတ်..ဒီဘက်ကမ်းမှာ ငတ်။
ဟိုဘက်ကမ်းမှာ သန့်ပေ့ရေ..ဒီဘက်ကမ်းကခြောက်ခမ်းနေ
ဟိုဘက်ကမ်းမှာ စားတဲ့အစာ..ဒီဘက်ကမ်းက စိုက်ပေါ့ ယာ..
ဟိုဘက်ကမ်းမှာ သက်ရာကျော်..ဒီဘက်ကမ်းက လေးဆယ်ကျော် မသာပေါ်
ဟိုဘက်ကမ်းမှာ ပညာတတ်..ဒီဘက်ကမ်းက ပညာငတ်
ဟိုဘက်ကမ်းမှာ ကလေးကစားကွင်း..ဒီဘက်ကမ်းက စက်ပစ်ကွင်း
ဟိုဘက်ကမ်းမှာ လူ့ အခွင့်အရေးမြှင့် ..ဒီဘက်ကမ်းက ကျွန်စနစ်

ဟိုဘက်ကမ်းမှာ မှီကျမ်းမာရေး..ဒီဘက်ကမ်းက ကွမ်းရွက်ပြုတ်ဆေး
ဟိုဘက်ကမ်းမှာ အထူးကု..ဒီဘက်ကမ်းက ရမ်းကု
ဟိုဘက်ကမ်းမှာ ကွန်ပြူတာ..ဒီဘက်ကမ်း ဈေးတွက်လက်ချိုးပုစ္ဆာ
ဟိုဘက်ကမ်းမှာ တိုးချဲ့ပညာပေး..ဒီဘက်ကမ်းက ကွန်ဒုံနဲ့ဝေး။

ဟိုဘက်ကမ်းမှာ လွှတ်တော်ထဲမှာ မိန်းမ..ဒီဘက်ကမ်းက ပြည်တန်ဆာမယ် မိန်းမ
ဟိုဘက်ကမ်းမှာ ငြိမ်းချမ်းရေး ..ဒီဘက်ကမ်းက ငါးသိန်း တပ်ပြေး.
ဟိုဘက်ကမ်းမှာ အသက်ပြည့်စစ်သား..ဒီဘက်ကမ်းက ပြန်ပေးကလေး စစ်သား.
ဟိုဘက်ကမ်းမှာ တရားဝင် ၀င်ငွေ..ဒီဘက်ကမ်းက လက်ဖက်ရည်ဖိုးငွေ
ဟိုဘက်ကမ်းမှာ ဥပဒေ ဒီဘက်ကမ်းက ပေး လာဘ်ငွေ

ဟိုဘက်ကမ်းမှာ လူဘ၀..ဒီဘက်ကမ်းက ကျွန်ဘဝ
ဟိုဘက်ကမ်းမှာ စိုပြေတိုးတက်..ဒီဘက်ကမ်းက ပိန်ခြောက်ညှက်
ဟိုဘက်ကမ်းမှာ မိုးလေ၀သ..ဒီဘက်ကမ်းက လွတ်ရာပြေးကြ
ဟိုဘက်ကမ်းမှာ အခွန်ပေးတံတားဆောက်..ဒီဘက်ကမ်းက ကိုယ်ထူကိုယ်ထလမ်းဖောက်

ဟိုဘက်ကမ်းမှာ ဆေးပညာတံခွန်ထူ..ဒီဘက်ကမ်းက AIDS တကယ်ထူ
ဟိုဘက်ကမ်းမှာ လွတ်လပ်ရေး..ဒီဘက်ကမ်းက အာဏာရှင်စိုးမိုးရေး
ဟိုဘက်ကမ်းမှာ လွတ်လပ်သောမီဒီယာ..ဒီဘက်ကမ်းက ရေးသူ ထောင်ထဲ တသက်လာ.
ဟိုဘက်ကမ်းမှာ ကျောင်းသား..ဒီဘက်ကမ်းမှာက ထောင်သား
ဟိုဘက်ကမ်းမှာ မီးထိန်ထိန်..ဒီဘက်ကမ်းက မီးမှိန်မှိန်

သဘာဝ ဓါတ်ငွေ့  ရောင်းစားရင်း..
လမုတောတွေ မီးသွေးဖုတ်ရင်း..
လူ့ ဘ၀ မွေးရာကစ..လူမပီလေခြင်း..
ရာဇ၀င်မှာ…ဘယ်လိုရှင်းကြမလဲကိုယ်လူ..
မင်းကြီး ဖျက်ခဲ့တာ..ဒို့ အမျိုး
ဒေါ်လာမက်ဖျက်ခဲ့တာ..ပြည့်အကျိုး

ဟိုဘက်ကမ်းနဲ့ .ဒီဘက်ကမ်း
သူတို့ လည်း လူ…ဒို့ လည်းလူ..
လူသားအချင်းချင်း…ဘာတွေ အပိုပါ ငြင်းမနေနဲ့ ..
ဒီမိုကရေစီ..မြန်မာနဲ့ မတန်ပါ..ဗြင်းမနေနဲ့ ..
အမှီ လိုက်ရမဲ့ ဟိုဘက်ကမ်း..
ကိုယ့်တာဝန် ကိုယ်ထမ်းရမဲ့အတူတူ..
တော်လှန်ကြပါတော့ အာဏာရှင်လူ…
မျောက်လက်က မီး..
လူယုတ်လက်က..နျူကလီယား..
မတန်ရာ မတန်ရ..လူပါးမ၀နဲ့ ..
မလုပ်တတ်ရင် ဆင်းကြပေါ့..နအဖရယ်..
ဒို့ ဖက်ကမ်းကို မီးထိန်အောင်တောင် မလုပ်တတ်ကြ..
မူလတန်းပညာနဲ့  တိုင်းပြည်ကို ထအောင်မလုပ်နိုင်တဲ့အခါ..
ဖယ်ကြပါတော့..ဆင်းကြတော့..

မသဒ္ဓါ ( ၆။၁၄။၂၀၁၀)

အပြည့်အစုံသို့ 

အစိမ်းရောင် ဤတော်လှန်ရေး..မြကမ္ဗလာ ပန်းချီရေးစို့ 



ပြာလဲ့ ကောင်းကင်၊ ဖြူသား တိမ်စင်
ကြည်လင် မိုးစက်၊ စိမ်းလက် သစ်ပင်.
တောင်စဉ် တောတန်း. ၊ တင့်ဆန်း သမုဒ္ဒရာ
ကျွန်ုပ်တို့ ၏ မြေကမ္ဘာ

ဘယ်က အစ၊ ဘယ်ခါမှာ ဆုံး..
ငြင်းခုန်နေဆဲ၊ ရှာဖွေဆဲ
ဤမြေ၏ နိဂုံး လူသားက အဆုံးအဖြတ်ပေးမယ်။
ကျွန်ပ် တို့  မလိမ်မာ..
သက်တမ်းတော့ သိပ်မကြာ။

တိုးတက်သော သိပ္ပံ ပညာ
သုံးပြုလောင်စာ..မီးရှို့ စွမ်းအင်စု
ညစ်ညမ်းလာသော ဤလေထု
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် CO2 ။ မီသိန်း CH4 ,
နိုက်ထရက်စ်အောက်ဆိုဒ် N2O နဲ့  chlorofluorocarbon halomethane (CFC) ဖုံး
ဖန်လုံအိမ် ဓာတ်ငွေ့များ (Greenhouse Gases) ဆဆပွါး
ထုတ်လွှင့်မြင့်မား လာတဲ့အခါ
၁၈၅၀ ခုနှစ် ကထက် ကမ္ဘာမြေ အပူချိန်မှာ
တိုးလာတဲ့ ပျမ်းမျှ အပူချိန် ၁.၇ (°F)
၂၁၀၀ ရောက်ရင် ၂.၅ မှ ၁၀.၅ (°F)
တဖြေးဖြေး..အဖျား ဒီကရီ တရိပ်ရိပ်
အပူရှိန် ဖိတ်လာတဲ့ ကမ္ဘာမြေ

သစ်ပင်နဲ့  သဘာဝ ပတ်ဝန်းကျင်
အပြန်အလှန် အမှီသဟဲပြု
ဆက်စပ်နေသော ဤကမ္ဘာ
သစ်တောတွေပြုန်း မြေဖုံး အကာမဲ့
တောင်ကမ်းတို့ ပြို ရေစီးတွေပိတ်
ရေကြီး မိုးခေါင်၊ ပူလိုက် အိုက်လိုက်
အိုဇုန်းလွှာ စုတ်ပြဲ၊ ရေခဲတောင် အရေပျော်..
မြင့်တက်လာနေ ပင်လယ် ရေမျက်နှာ..
ရေထဲ ပျောက်ကွယ် ရေမြုပ်ကျွန်းများ၊
အိမ်မက်တွေ လား..တကယ် လား။

ပတ်ဝန်းကျင် ပူ..ရေငွေ့ ဆူ
မုန်တိုင်းများဖြစ် ငလျှင် သင့်
မြက်ခင်း ပူခြောက် တောမီးတောက်
မီးတောင် မြေပူ ထထပေါက်
eco system ပျောက်တဲ့ အခါ
စားရ မဲ့မဲ့ မျိုးတုန်းတဲ့ တိရိစ္ဆာန်.
အော်...လူ တောင် ကျန်ပါတော့မလား။

ပြိုလုဆဲဆဲ အိမ်အို၊
ငိုယိုနေသော ပထ၀ီမြေကြီး.
ငရဲမီး လို ပူလောင်တဲ့ ဖန်မိုး ပတ်ဝန်းကျင်..
သင်..အေးမြစေချင်သလား..
တခု ထဲသော အဖြေ..
ဒီ အပူအဆိပ် ၏ ဖြေဆည်ရာ..
တတ်နိုင်သောအရာ မှာ..
သိသူ ဖော်စား..မသိသူ ခုတ်သွား..
စိမ်းရောင်ခြယ်..သစ်ပင်ကလေးများဖြစ်တယ်။.

ဥတု ရာသီ တော ကိုမှီ၏။
သဘာဝ ၏ ပတ်ဝန်းကျင်
ရာသီဥတု မျှတမှု အေးမြမှု
သစ်တော သစ်ပင်..မ ပပျောက်အောင် ပြင်ဆင်
အစိမ်းရောင်တော်လှန်ရေး ကို စတင်သင့်ပြီ။

သစ်ပင် ဟူသည်..
လေထုက ကာဗွန်ဒိုင်အောက်ဆိုက် ကို စုတ်
နေရောင်ခြည် နဲ့ အစာချက်လုပ်
အောက်ဆီဂျင် ကို စွန့် ထုတ်တယ်။
ဂေဟဗေဒ..အကျိုးပြုမယ်။

အမြစ်မွှား က မြေတိုက်စားမှု ကာကွယ်..
ကမ်းပြို မလွယ်..မြေဆီလွှာ ထိမ်းသိမ်း.
အရိပ်ကျ မြေကို အေးမြစေတယ်။

ကြွေကျတဲ့ သစ်ရွက် ကလေး..
ဆွေးမြေ့တဲ့အခါ မြေဆီ သြဇာ..
နိုက်တရိုဂျင် ၏ ဤသံသရာ

အမြစ် ထိုးဖောက် ရေကို သောက်
မြေကို မွစေ..ထိမ်းမဲ့ရေ။

နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏
အရွက် အပွင့် အခက် အဖူး..
အသီး အငုံ..အသုံးစုံ ၏
စိုက်သင့်၏။

မြန်မာပြည်က ဒါးပြ လူမသမာ...
ရှိသမျှ သစ်တောခုတ်..
ဒေါ်လာ လုပ်တဲ့ အခါ
လိပ်ကြောလို ပြောင်နေတဲ့ တော
သစ်ပင် ငုတ်တိုနဲ့  ရိုးမ တကြော..
မြေဆီ ခမ်းခြောက်..စမ်း လည်းပျောက်..
နွေအခါ..ရေတောင် သောက်စရာမရှိဖူး။
အင်းလေးကန် ခမ်းတာ ယုံနိုင်စရာတောင်မရှိဖူး..
မကြာခင်
အီသီယိုပီးယား ကို အပြေးပြိုင်တဲ့ မြန်မာယုန်
ချံပီယံ သာ ဆို..ယုံမလား..

မြေသား ပူလျှက်..လေပူမြင့်တက်..
လစ်ဟာတဲ့ လေဟာနယ်.
ပင်လယ် လေအေး က အစားထိုးမယ်။

ရေငွေ့ အပြည့် နဲ့  ပင်လယ်လေ
မြေကို စီးချင်းထိုး မဲ့ နာဂစ် ရာသီဥတု..
အကြိမ်ကြိမ် အခါခါ..ဆိုင်း မပါဘဲ လာမယ်။

သစ်ခုတ် ငွေရှာ..ဒီ ဒေါ်လာတွေ
ဘယ်သူက ကျားဗိုလ် ဆွဲ..
လက်သင့်ရာ ဘဲ စားတော်ခေါ်ပွဲ။
ဘယ်သူ မှာ တာဝန်ရှိပါသလဲ။

ထိုင်ကြည့်နေ..ရင်နာတယ်။
ပြောနေ ကြာပါတယ်၊
ဒို့ တိုင်းပြည် ဒို့ ပြန် ထူထောင်ကြမယ်။

ဘယ်သူ မပြု မိမိမှု..
လူပါးဝနေသူ ကို ခေါင်းငုံခံ တာ...
ဂုတ်သွေးစုတ်သူ ကို ဒူးထောက် ခစားတာ...
မတရားသော အမိန့် အာဏာ ဖီမဆန်ရဲ တာ..
ငါ မပါ..နှမ်းတလုံးနဲ့ ဆီမဖြစ်ဆိုသော စိတ်ဓါတ် ဟာ..
ကျွန့်ဖြစ်နေတာ သခင်စိတ် မမွေးလို့ ပေါ့
သူမန ကျောပေါ် က ဒဏ်ရာ..
မိမိတို့ ညံ့တာ..၀န်ခံကြပါ။

ဒို့ တတွေ လည်း တာဝန်ရှိတယ်..
ဒို့ တတွေ လည်း တာဝန်သိတတ်ကြရမယ်။

ဒို့ တတွေ အမိမြေ ကို
အစိမ်းရောင် ၀တ်စုံ ပြန်ဝတ်ပေးကြစို့ရဲ့..
တပြည်လုံးချစ် တဲ့ ဒို့ အမေရဲ့ မွေးနေ့ မှာ..
တပြည်လုံး သစ်ပင် စိုက်ကြပါစို့ ရဲ့၊

စစ်အစိမ်းရောင် ကို ပြည်သူ မုန်းပေမဲ့..
မြစိမ်းရွက် အရောင် ဒို့ တွေ ချစ်ကြစို့ ရဲ့..
စိမ်းလမ်းမဲ့ မြေကမ္ဘာ..
အစိမ်းရောင်တော်လှန်ရေး ဟာ..
ငါတို့ ၏ အနာဂတ်သို့ စေတနာ..
သစ်ပင်ကလေး တွေ စိုက်ခဲ့ကြပါ။

မသဒ္ဓါ ( ၆။၁၅။၂၀၁၀)
အားပေးသော..မောင်လေး ဟန် အတွက်..
ကျေးဇူးပါ မောင်ငယ်...

အပြည့်အစုံသို့ 

 
/* EOT ----------------------------------------- */