Sunday, August 12, 2007

မျိုးဆက်သစ်များသို့ ..ခွန်အား.

အားတင်းထားတော့ မောင်ငယ်..ညီမငယ်
တပြည်တရွာ..ဝေးတဲ့တစိမ်းနယ်ပယ်
တယောက်ထည်းမို့ မင်းယောင်ချာမယ်
ခံနိုင်ရည်အားကို..ဆောင်ထားစေချင်တယ်

အနာဂတ်.ဟာ ဆူးခင်းလမ်း..ဖြစ်ချင်ဖြစ်မယ်
ပန်းသင်းလမ်း..ဖြစ်ချင်ဖြစ်မယ်
အဓိက.ကမင်းဘဲဖြစ်တယ်။
စိတ်ဓါတ်အားကို..ကြံခိုင်နိုင်စေ။
ဝီရိယအားကို..တင်းထားနိုင်စေ။
မောဟများအားကို..ချိုးထားနိုင်စေ။
ဇွဲခွန်အားကို..မင်းပိုင်ဆိုင်နိုင်စေ။

အနာဂတ်ဟာ..ဒို့ ပိုင်ဆိုင်တယ်
ဘာဘဲဖြစ်ဖြစ်..မင်းနိုင်နိုင်တယ်
ရောင်ခြည်ဦးကို..မင်းချူနိုင်တယ်
ဇွဲလုံလ ဟာ.မင်းကိုယ်ပိုင်လေ
စိတ်ခွန်အားပေါ် အရှုံးအနိုင်တည်တယ်
ပျော့ညံ့မှုကိုဘေးဖယ်စေချင်
လောကဓံကို..မင်းရင်ဆိုင်နိုင်ရင်
အောင်မြင်မှုဟာ...မင်းရင်ခွင်တွင်

အနာဂတ်.ဟာ လှိုင်းပြင်းတဲ့ပင်လယ်.ဖြစ်ချင်ဖြစ်မယ်..
ကျိုင်းနင်းတဲ့.. အောင်မြေ..ဖြစ်ချင်ဖြစ်မယ်..
ပဓါနက.ကမင်းဘဲဖြစ်တယ်.
မြင့်မြတ်မှုကို..စွဲခိုင်ကြည်စေ။
ရိုးသားမှုကို..အရင်းခံပါစေ။
ယုံကြည်မှုကို..လက်ကိုင်ပြုစေ။
အဓိကအမြစ်က..မင်းကိုင်တိုင်ပေ။
ရှင်နေမင်းကို..မင်းပိုင်ဆိုင်စေ။

ဖန်တီးမှုရဲ့..အားအင်
မင်းလက်ဖ၀ါးများပေါ်တွင်
ယုံကြည်စွာအသုံးချ..မင်းမုချအောင်ရမယ်။

ဥာဏ်ကြီးတဲ့..စွမ်းအားသခင်
မင်းမှမင်းသာပင်..
အောင်မြင်စွာ..ထွန်းတောက်..မင်းပန်းတိုင်..ရောက်ရမယ်။

မသဒ္ဓါ (၈။၁၂။၂၀၀၇)
မောင်ငယ်..ညီမငယ်လေးများသို့ ..ဆက်လက်သာလှော်.ရှေ့ မှာပန်းတိုင်ရှိတယ်..

No comments:

 
/* EOT ----------------------------------------- */