Wednesday, August 15, 2007

ဒီနေရောင်အောက်မှာ..အားလုံးဖြစ်စေနိုင်..

ဒီအလင်းရောင်..
အမှောင်ကိုခွင်း..နွေးထွေးခြင်း.

ဌက်ကလေးတွေ
အိပ်တန်းကထ..အစာရှာကြ

ပန်းကလေးတွေ
လန်းဆတ်ဖူးပွင့်..အသီးနဲ့ စွင့်

ကမ္ဘာမြေရဲ့..တမိုးသစ်ရောင်နီ
အရှေ့ဆီမှာထွန်းလင်း
မျှေိာလင့်ခြင်းများရဲ့ ..နံနက်ခင်းဆီ

အားအင်သစ်နဲ့ ရောင်ခြည်
ဇွဲမာန်စွင့်တဲ့..မျိုးဆက်သစ်သည်
နိုးကြားထကြွ..ညီညီ
ချီကြမည်..ဒီမိုကရေစီ
ဒို့ ယုံကြည်ချက်.ပန်းတိုင်ဆီ..

အောက်ဖက်ကအနင်းခံ
၈၈၈၈..အားမာန်နဲ့  မျိုးဆက်ဇာနည်
ဖိတ်ခေါ်သည်..၉၉၉၉ မျိုးဆက်များ
တက်ကြွ.ပေါင်းစည်း..စုံတညီ
မကြာခင်..လာမည်
၂၀၀၀ကျော်နှစ်..မျိုးဆက်သစ်
လက်တွဲမပျက်..ရှေ့ သို့ ဆက်လက်ချီ

သမဂ္ဂ..ဒေါင်းအလံနီနီ
လေပြေမှာမော်ကြွား ၀င့်ဝင့်
ငြီမ်းချမ်းစေမဲ့..မိမြန်ပြည်

သင်လည်းလေ..ပါဝင်လှည့်အုံး
ကျောက်အုတ်..မြေအုတ်
ရွှံ့ အုတ်များဘဲဖြစ်စေတော့ ညီညီသာစီ
မျိုးဆက်ကြီးငယ်..လက်ဆင့်ကမ်း
ဒေါင်းအလံထူ..တိုက်ကြစို့ 
ဒို့ များ..ဘာမထီစစ်သည်။

တောက်ပတဲ့ နေရောင်ထဲ
အလုပ်ရဲရဲ..အတွေးရဲရဲ
မနှေးဘဲ..သာလုပ်ဆောင်
စစ်အာဏာရှင်စံနစ်ဆိုးကိုတော်လှန်
ဒို့တွေရဲ့..အရှေ့ အရပ်က..ပန်းတိုင်
ဟော..ရောက်လုပြီ..သူငယ်ချင်း

မပျင်းနဲ့..အခုလာ
အားလုံး..တစ်ကပြန်စ..စို့လားကွာ
နေရောင်ခြည်ထဲ...မဖြစ်နိုင်တာ
ဘာမှမရှိတဲ့ အရာ..ယုံကြည်လှဲ့ ပါ။

မသဒ္ဓါ (၈။၁၄။၂၀၀၇)..

1 comment:

ကလိုစေးထူး said...

ကျနော် လာလည်သွားပါတယ်။ အန်တီသဒ္ဓါ။ :)စီဘောက်စ်မှာ အော်လို့လည်း မရဘူးဗျာ။ ဘာတွေလုပ်ထားတာလဲ မသိဘူး။ ရီဂျစ်စတာ လုပ်ရမယ်ဆိုလားပဲ။

 
/* EOT ----------------------------------------- */