Friday, April 9, 2010

သုခမိန်..မင်းမဟော်သဓာ...ဤသားတရားစီရင်ပေးပါ။

အစွယ်ပြိုင်းနဲ့ ဘီလူးမ..
သူများသားကို သွားရည်ကျတဲ့အခါ..
သူ့ သားပါဆို လုခဲ့..
ရက်စက် ကြမ်းတမ်း..
အရမ်း ပတမ်း ဆွဲလု.
သားအသားတွေ သွေးချေဥမှာကြောက်တဲ့အမေ...
နောက်ဆုတ်တွေဝေ
ကရုဏာမျက်ရည်တွေနဲ့ ...
မလုရဲ တလှမ်းဆုတ်..
ကြောက်လို့ ရယ် မဟုတ်ဖူး..

တခါတခါ..အမှန်တရားဟာ..
အကြမ်းဖက်သမား လက်နက်ထဲပွန်းရှ..
ရှုံးနိမ့်ရတယ်လား?
လူယုတ်မာတွေလက်ထဲ
ငြိမ်းချမ်းလိုသူ..ခေါင်းငုံရမယ်လား.?

ဒါဆို..
မင်းတို့ ..ဒို့ တောင်းနေကြ တဲ့ ဒီမိုကရေစီ..
မှားနေသေးသည် ထင်သည်။

စာဖတ်သူရယ်..ဘယ်သူမှား ဘယ်သူမှန်..
ဘယ်သူဘီလူး..ဘယ်သူ မအေ...
သင်သည်သာ မင်းမဟော်သဓာ ပေါ့...
ဆုံးဖြတ်ပေးပါတော့
မဟော်သဓာရဲ့ ဖြတ်ထုံးပုံပြင်...
ဆင်ခြင် စဉ်းစားပါလော့...
အမှန်တရားအတွက် သင် သက်သေရပ်ပါလော့
မသဒ္ဓါ သည် အမေလော..ဘီလူးမလော..

သားကလေးက..ဘီလူးမလက်ထဲ..
ဟန်ဆောင်ဘီလူးမ အစွယ်မဲမဲ..
သူယုတ် သူမ ဘယ်သူလဲ။

မသဒ္ဓါ (၄။ ၉။၂၀၁၀)

မသဒ္ဓါ ဒီနေရာ မှာ အေးဆေးစွာ..အမှန်တရားအတွက်ကဗျာ..အာဇာနည်များအတွက် ဂုဏ်ပြုကဗျာရေးပါသည်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်..ကိစ္စ အလျှဉ်းမရှိ..
Google မှ အလကားရသော ဘလောက်အား တန်ဖိုးရှိသော အချိန်များမြှုပ်နှံ၍ ငွေအဿပြာ တပြားမှ မယူ ရေးနေသည် မှာ ၂ နှစ်ကျော်ရှိပါပြီ..
နိုင်ငံကို လူမြင်သူမြင်..သူအထင်ရှား အသက်စွန့် သူများ ရှိသကဲ့သို့ ..လူမသိသူမသိ သမန်ကာရှန်ကာဖြင့် အသက်ပေးသူ များရှိနေသည် ရှိနေသေးမည်ကို မည်သူမှ မညင်းနိုင်ပါ.။
အာဇာနည်ဆိုသည်မှာ..မည်သူကို ခေါ်ပါသနည်း..သေမှ အာဇာနည် မည်သည်လား..မသေဘဲ အာဇာနည်မမည် နိုင်ဖူးလား..လူသိမှာ အာဇာနည်လား လူမသိရင်ကော အာဇာနည် မဖြစ်နိုင်ပါဘူးလား။
ပါးစပ်ကအော်တိုင်း မိမိ အာဇာနည်ဖြစ်သည် မဟုတ်.. မိမိဘာလုပ်သည် သမိုင်းမှာကျန်ရစ်သည်။ မိမိ မည်သို့ စေတနာရှိသည် မိမိ ဖာသာသိသည်။ ဤ အာဇာနည်များ အတွက် မသဒ္ဓါ ကဗျာရေးပါသည်.။

လူတဦး၏ နိုင်ငံကို အသက်စွန့်ရခြင်း သတင်းသည် သတင်းသမားများမှ ...သတင်းအဖြစ်ဖော်ပြပြီး.. နောက်မကြာခင် ထပ်ထွက်သော...သတင်းအသစ် များကြားထဲတွင် တိမ်မြုပ်ပျောက်ကွယ်သွားမြဲဖြစ်သည်.။..

လူ၏ အသက်တချောင်း နာကြင်မှူ ဆုံးရှူံးမှူသည် သတင်းတပုဒ် အဖြစ် လေမှာဘဲ လွင့်မြောသွားပါသလား။ .သူ၏ အသက်တန်ဖိုးသည် ဒီလောက်ဘဲ အဖိုးထိုက်တန်ပါသလား..ဒီထက် ပို၍ မခြီးမြှောက်သင့်ပါသလား..
ဤအာဇာနည်၏ မိသားစု တကွဲတပြားဖြစ်မှု.မိတဆိုး ဖတဆိုးဖြစ်မှု.နာကြင်ပူဆွေး..ငိုကြွေးသော မျက်ရည်.များ ဖေးကူ တွဲမ မခြောက်စေသင့်ဖူးလား

ဤသည့်နောက်ဆက်တွဲများကို သတင်းသမားများ မစဉ်းစားကြပါသလော..
မသဒ္ဓါ ကတော့ စဉ်းစားပါသည်. မိမိ၏ ဖခင် မောင် အကို သားတို့  နိုင်ငံအတွက် စွန့် လွှတ်သွားသည်ကို ကြေကွဲသော ဆွေမျိုးသားချင်းများသို့  အကြင်နာ အားပေးစာ ရေးပါ သည်။ နောင် အနှစ် ကြာသည်အထိ အမှတ်တရ..တစုတစည်း..တနေရာထဲတွင်ထားခဲ့ရန်..
.အမှတ်တရ အညတရ အာဇာနည်များ၏ သချိုင်းကျောက်စာ...ဒါ မသဒ္ဓါ ကဗျာ၏ အစမူလ ရည်ရွယ်ချက် ဖြစ်ပါသည်။

မိမိ၏ ခံယူချက်ခံစားချက်ကို..ရေးသားရာတွင် အကြောင်းအရာ အချက်အလက် မမှားယွင်းရလေအောင်.. ရေးရသည်မှာ မည်မျှခက်ခဲကြောင်း..ရေးဖူးသူတိုင်းသိပါသည်။
သတင်းတပုဒ် ကို ကြားရုံနှင့် လူအများစု သတင်း ရေးနိုင်ကြမည် ဖြစ်သော်လည်း..သုတ ပါသော ခံစားချက်.. ရသစာပေဖန်တီးရခြင်းက ပိုမို ခက်ခဲပါသည်။

စာတကြောင်းရေးရာတွင်..ရေးသူ၏ အမည်သည် အလွန် အရေးကြီး ပါသည်။ ဤသည်မှာ နာမည်ကြီးချင်၍ မဟုတ်။ ကျော်ကြားလို၍မဟုတ်။ တစုံတခု မှားယွင်းပါက ရေးသူက တာဝန်ခံရသောကြောင့် ဖြစ်ပါသည်.။ မုန့် ဝေရန် မဟုတ်ပါ။ ဒုတ်ဝေရန် ဖြစ်ပါသည်။

မသဒ္ဓါ စရေးသည့် အချိန်မှစ၍ မသဒ္ဓါ ၏ ကဗျာများကို နှစ်သက်သော သူများမှ သူတို့ ၏ ဘလော့များတွင် တင်ပြ ယူသုံးကြပါသည်.။ အချို့ ကလည်း လေးစားစွာဖြင့် လာရောက် ခွင့်တောင်းပြီးမှ ယူသကဲ့သို့ ..တချို့ က လည်း..သူမသိ..ကိုယ်မသိ..ဒီလိုဘဲ ကြုံသလို ယူသုံးကြ သည် များ လည်း ရှိပါသည်။ လူကြီးပီပီ..မသဒ္ဓါ ကြည်ဖြူ စွုာ အခွင့်ပေးပါသည်။ မိမိစရေးကတဲကပင်..ကလေးများသိစေလိုသော အကြောင်းအရာ သုတကို.ပေးလိုသော စေတနာသာ ရှိသောကြောင့်..မည်မျှ တုန့် ပြန်ခြင်း မပြုဘဲနားလည်စွာ ခွင့်လွှတ် မေတ္တာထားပါသည်။ လိုအပ်သလို ယူသုံးနိုင်ပါသည်။ ရေးသူအမည်သာ တတ်ပေးပါ။

ဤသို့ အလားတူ ကဗျာကို ရေးသူအမည်မတတ်ဘဲ ဘလော့များ အီးမေးများတွင် တင်ပြခြင်းကို အခု တလော တွေ့ရပါသည်။ အထူးသဖြင့် အခံရဆုံးမှာ ကဗျာဆရာကောင်းကင်ကို ဖြစ်ပါသည်။
သူ၏ကဗျာများသည် EMAIL တွင်ပြန့် နှံ့ ကာ ရေးသူအမည် မပါပါ။ ယူသုံးလိုသော ကလေးငယ်များက မသဒ္ဓါ အား လာရောက်ဆက်သွယ်ဖူးပါသည်။ ကိုကောင်းကင်ကို ၏ ကဗျာ ကောင်းသောကြောင့် သုံးလိုသော်လည်း အမည်မပါသောကြောင့် မည်သူရေးသည် သိပါသလားဟု လာလာ မေးကြပါသည်။ မသဒ္ဓါ သိက ရေးသူ နာမည်ပြောနိုင်သော်လည်း မသိသောအခါများတွင်..ကဗျာခေါင်းစဉ် သို့ မဟုတ် စာသားကို Google search အောက်တွင်ရိုက်ကာ ရှာစေပါသည်။
ရေးသူ အမည်မသိပါက အမည် မသိကြောင်း ပွင့်လင်းရိုးသားစွာ ဖော်ပြပေးရန် နှင့် ရေးသူကို သိပါက သတင်းပေးကြပါ ဆိုသော စာတမ်းကို ရိုက်စေသောကြောင့် နောင်တွင် ..သိသူ စာဖတ်သူများမှ လာရောက် ပြင်ဆင်ပေးလေ့ရှိ ကြောင်းတွေ့ ရပါသည်။ အကယ်၍ မှားယွင်းစွာ ဖော်ပြမိ ပါက စာရေးသူအား တောင်းပန်လွှာ.. အသိပေးလွှာ ရေးတတ်သော ကောင်းမြတ် မွန်ရည်သော နိုင်ငံကြီးသားများ အမူအကျင့်ကို ကျင့်သုံးစေပါသည်။

မသဒ္ဓါ ၏ ဒေါ်အောင်ဆန်းစုကြည်၏ သေတမ်းစာ ကဗျာကို.. နှစ်သက်၍ကူးယူသွားသူများက ရေးသူအမည် မတတ်ဘဲ email များတွင် ဖော်ပြခဲ့ကြရာ..မသဒ္ဓါ ကိုယ်တိုင်ပင် လက်ခံ ရရှိခဲ့ပါသည်။
ဒါ ငါရေးတာကွ ဟု မိမိ ကိုယ်ဖော် မသူတော် လက်မတထောင် ထောင်လုပ်လိုရင်းဆန္ဒ မရှိုသောကြောင့် မသဒ္ဓါ ဘာမျှ ၀င်မပြောဘဲ အေးဆေးစွာနေခဲ့ပါသည်၊ နောက်ဆုံးတွင် ၀ိဝါဒကွဲပြားပြီး ဒေါ်အောင်ဆန်းစုကြည် ရေးသယောင်ဖြစ်လာသောကြောင့် မိုးမခမှ ကိုရစ်က ၀င်ရောက်ရှင်းလင်းခဲ့ပါသည်။

နောက်ဆက်တွဲအဖြစ်ကတော့ နအဖ ဘက်တော်သားများ၏ အဆဲခံရခြင်းပါဘဲ။ ဤသည်က ရေးသူ အမည် ဖော်ရခြင်း ၏ နောက်ဆက်တွဲတွေ ဖြစ်ပါသည်။


အခု ဖြစ်သော သားတရားမှာ အခြားမဟုတ်။

မသဒ္ဓါ ၏ ကဗျာ တပုဒ်အား.ရေးသူ အခြားနာမည်တတ်၍ မြတ်လေးငုံ ဆိုသော ဘလော့ မှာတင်ထားကြောင်း သတင်းပေးတဦးက လာပြောပါသည်.။
ရေးသူ ၏အမည်မှာ လွယ်လုံသခင်မ ဟု အမည်တတ်ထားကြောင်းတွေ့ ရပါသည်။ သို့ ဖြစ်၍ မည်သူက လွယ်လုံသခင်မလောဟု ရှာဖွေသော အခါ...လွယ်လုံသခင်မ ၏ဘလော့တွင် ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံဖြင့်တွဲ၍ ဝေဆာစွာ..( မသဒ္ဓါ ဘလော့ထက်ပင် လှပစွာ တင်ထားပေးကြောင်းတွေ့ ရ၍ ကျေးဇူးတင်ပါသည်)။ သူမက သူမရေးသည်ဟု..သူမအမည် တတ်မထားပါ။ မသဒ္ဓါ ရေးကြောင်း သူမ သိချင်မှ သိမည်ဖြစ်သော် လည်း.. မရိုးသားမှုဖြင့် သူမအမည်ကို မထိုးထားသောကြောင့် ကဗျာခိုးမှု မမည်ပါ။ မသဒ္ဓါ ခွင့်လွှတ်ပါသည်။

ပြဿနာက မြတ်လေးငုံ က စပါသည်။ သူမ အားသိသူက ရေးသူ မှာ ကျမဖြစ်ကြောင်း..သူတဦးမှ သတင်းကောင်း သွားပေးသည်ကို...ရင့်သီးစွာ ငါးစိမ်းသည်လို ရန်တွေ့  လိုက်ခြင်းပါ.။ မိကောင်းဖခင်သားသမီး ပီသပါက..မိမိ မသိဘဲ အမှတ်တမဲ့ဖော်ပြသည်ကို လာရောက် သတင်းပေးသူအား ဤသို့  မစော်ကားသင့်ပါ။ ကျေးဇူးပင် တင်သင့်ပါသည်။

သတင်းပေးသူက လင့်ပေး၍ အတိအကျ မယုံပါကသွားကြည့်ရန် ပြောသည်ကို.. သူကဘဲ ရန်ထောင်လွှတ် သောကြောင့် မသဒ္ဓါ စိတ်အနှောက်အယှက်ဖြစ်ရပါသည်။ ရေးသူ ပိုင်ရှင်နာမည်မှားရေးတာ သိပါရက်နှင့် မပြင်ဆင်ခြင်းမှာ.ရေးသူကို စော်ကားခြင်းသာ ဖြစ်ပါသည်။ ဤ ကဗျာကို မသဒ္ဓါ ၏ ဖန်တီးရာတွင် အမှားကင်း ရလေအောင် ဗိုလ်ချုပ်၏ အထုပ္ပတ္တိအား အဖန်တလဲ သုံးရက်လေ့လာပြီးမှသာ တပင်တပမ်း ရေးထားရခြင်း ဖြစ်ပါသည်။

သွေးရိုးသားရိုး မသိ၍ ကဗျာကိုယူသုံးလိုခြင်း..အမည်မှားယွင်းမှု ကို မသဒ္ဓါ ခွင့်လွှတ်တတ်သော်လည်း.. သူကိုယ်တိုင် လာရောက် ကြည့်ပြီး ကျမရေးသည်မှန်း သိရက်နဲ့  သူမ၏ မှားယွင်းမှုကို. .ယဉ်ကျေးစွာ. တောင်းပန်ခြင်း စကားတခွန်းမှ မဆိုနိုင်သော အတ္တ ။ ငါဘာကောင်ဟေ့ အသားလွတ် လွဲမှားသောမာနတို့ ဖြင့် သတင်းပေးသူကို မောက်မာစွာ ပြန်လည် ရေးသားထားပါသည်။

စေတနာဖြင့် သတင်းပေးသူခမြာ..ပုဆိုးဖင်ပေါက်ဝတ်ထားသူ အ၀ှါပေါ်နေသောကြောင့် အရှက်မရစေရန် စေတနာဖြင့် " လှည့်ဝတ်လိုက်ပါဗျာ...ခင်ဗျားပူဆိုး ဖင်ပေါက်ကြီးနဲ့ ဗျ " ပြောခဲ့သူကို ပုဆိုးဖင်ကွဲနှင့်သူကရှက်ရမ်းရမ်းကာ " ခင်ဗျားအပူပါလား၊ ."လို့  ပြန်အော်ဆဲသော အပေါက်ဖြစ်နေလေသတည်း။။။

မသဒ္ဓါ နှလုံးသည်းပွတ်ဖြင့် ဖန်တီးထားရသော ဗိုလ်ချုပ်အောင်ဆန်း၏ ကဗျာ သည် မသဒ္ဓါ ၏ သားငယ်နှင့် အလားတူပါသည်။
လွယ်လုံသခင်မ က ဤသားငယ်လေးကို ရှင်လောင်းဝတ်စုံ ၀တ်ဆင်ကာ ရှင်ပြုပေးသူနှင့် တုပါသည်။
ဤ ကဗျာကို ကူးယူပြီး မြတ်လေးငုံအား ပေးပို့ သူမှာ..သူတကယ်ဘဲ မသိသောကြောင့် လွယ်လုံသခင်မ ရေးသည်ဟု ကဗျည်းတတ်ခြင်းဖြစ်မည်။ မြတ်လေးငုံက ဖော်ပြသည်။ ဤအထိ ကျမခွင့်လွှတ်၍ ရပါသေးသည်။

ခွင့်လွှတ်၍ မရသောအရာမှာ မိမိ မှားယွင်းကြောင်း သိပါရက်နဲ့  ပိုင်ရှင်ရှိမှန်း သိပါရက် တောင်းပန်စကားမဆို.. ဇွတ်အတင်း သူတွင် တာဝန်မရှိဟု ပေးသူရှိ၍တင်ခြင်းဖြစ်သည်ဟု ဖင်ပိတ်ညင်းခြင်းဖြစ်သည်။
ပေးသူ ကပေးသော်လည်း မိမိဘလောက်တွင်တင်သောအခါ..သေချာစွာစီစစ်ခြင်း အသိဥာဏ်မရှိပါပြီလော။ ဤ သို့ ဆိုပါက သတင်းသမားလုပ်ပြီး သတင်းအမှား အမှန် မသိတင်မည်လော။. ယုံကြည်စွာဖတ်မိသူ အရူုးဖြစ် ရမည်လော။ ကျော်ဆန်းသာ သိက..ပြည်ပဘလော့ဂါများ ညာနေသည် ဟု အလှောင်ခံရမည် သေချာလောက် ပါသည်။ မည်သို့  credit ပေးရမည်ပင် မသိပါ။

မိမိ အမှားကို မမြင်၍လော..အတ္တတရား များပြား၍လော. ခိုးရာပါပစ္စည်းနှင့် လက်ပူးလက်ကြပ် မိနေသည် ကို.ပြန် ရန်စောင်နေသောကြောင့် ဤမျှ စည်းကမ်းမဲ့ အကျင့်တရား စာရိတ္တမဲ့သောသူ လက်တွင်..မသဒ္ဓါ ၏ကဗျာ ကို မထားခဲ့နိုင်ပါ.

ကဗျာသည် ကောင်းသည်ဖြစ်စေ..မကောင်းသည်ဖြစ်စေ..ရေးသူ၏ သိက္ခာကို စာနာ နားလည်သင့်ပေသည်။ သူ မည်သူ ဘယ်ဝါ မသဒ္ဓါ မသိ.. ဘယ်အဆင့်အတန်းက လာသည်လည်း. ဂရုလည်းမစိုက်။ အပွေးမြင်လျှင် အပင်သိပါသည်. လေသံမြင်..အဆန်ရှိမရှိ သိလောက် ပါသည်။
မသဒ္ဓါ သိသည်မှာ သူသည် အတ္တကြီးစွာ...မောက်မာသော သားခိုး ဘီလူးမသာဖြစ်၏။
သူ၏ သားပါဟု သူလက်ထဲတွင်တွေ့ သော သူများ၏ ပစ္စည်းမှာ သူခိုးသည်မဟုတ် တစုံတယောက် ပေးသည် ဟုလွှဲချ၏။
မည်သို့ ပင်ဖြစ်စေ အမှုသွားအမှုလာတွင် ခိုးသည် မခိုးသည် ထက်..လက်ထဲတွင် ပျောက်ဆုံးသောပစ္စည်း. .လက်ပူး လက်ကြပ်မိခြင်းသည်..အမှုမြောက်ပြီဖြစ်၏။

ဤနေရာတွင်.စာဖတ်သူတို့ သည် မဟော်သဓာ သူ့ ခမိန်ဖြစ်၏။ ကျမ၏ သားငယ် အား ဘီလူးမလက်တော့ ကျမ ၀ကွက် မအပ်နိုင်လေပြီ...

ချစ်သော စာဖတ်သူ..

မင်းမဟော်..အသင်သည်...သားတရားကို မည်သို့ စီရင်မည်နည်း?
ဘယ်သူမှား၍ မည်သူ မှန်သနည်း။?

မိမိ၏အမှားကိုမှ..သုံးသပ်ပြီး အမှန်ကို မဖော်ပြရဲသော နိုင်ငံရေးသမားဘလော့ဂါဆိုသူ ၏ သတင်းသည် တန်ဖိုး ရှိပါမည်လော..မည်မျှ ယုံကြည်ရမည်လော...
အမှားကို သိက္ခာရှိရှိ..လာရောက် တောင်းပန်ခြင်းမရှိပါက..မသဒ္ဓါ ကဗျာ အား ဖြုတ်ပေးပါရန် တောင်းဆိုသည်။

နာမည်သည် လူ၏ သတင်းဖြစ်ပါသည်။
မမှန်ကန်သောသူ သည်...အမည်သေလေ၏။

အလကားရသော ဘလော့ရေးသူအချင်းချင်း...ဘာမှမဟုတ်သော မြန်မာပြည် မှ ပြည်ပရောက် ဒုက္ခရောက်နေကြသူ အချင်းချင်း..အရူးတမူး ပိုမရှူချင်ပါနှင့် ..ဘလော့ရေးတတ်ရုံ လူဖြစ်လေပြီ..စိတ်ကူးမယဉ်ပါနှင့်။

လူတဦးချင်း၏ သိက္ခာ သမာဓိ ဖန်တီးနိုင်မှူကို အချင်းချင်းလေးစားတတ်ရန် မသဒ္ဓါ မှ မြတ်လေးငုံအား စေတနာဖြင့်ရေးပါသည်။

အတ္တဆိုသည်..လူ၏ သိက္ခာမဟုတ်
လိမ်ညာခြင်းသည် ဖုံးကွယ်ရလိမ့်မည်မဟုတ်။
ရိုးသားမှူစေတနာသာ လူ၏ သိက္ခာဖြစ်သည်။
လူ ကိုလူလိုလေးစားတတ်ခြင်းသည် လူဘောင်လောကစည်းမျဉ်းဖြစ်ပါသည်။

အသေအချာ မှတ်ထားပါ.။
ကျမ၏ ကဗျာကို မူရင်းပိုင်ရှင် စာရေးသူအား အမှုမထား မောက်မာစော်ကားသူ၏ ဘလော့တွင်..လုံးဝ တင်ခွင့်မပေးနိုင်ပါ။
ကျမ ဘလော့ကို သေသေချာချာကြည့်ပါ copy Rights မှတ်ပုံတင်ထားပါသည်။ မသဒ္ဓါ ၏ မူရင်းကဗျာကို ဒီမှာဖတ်ပါ
အောက်ပါ PDF က မြတ်လေးငုံ ရင့်သည်းစွာ ရေးထားတာပါ။ သက်သေပြပါတယ်။
Aung San

2 comments:

မောင်ပါလ said...

မကြီးသဒ္ဓါ........ အမြဲလာဖတ်သလို အမြဲလည်းမန့်ခဲ့တတ်ပါတယ်။ ခုလည်းမန့်ခဲ့ပါတယ်။ မဟော်သဓာမဟုတ်သလို ကြားဝင်သူလည်းမဟုတ်ပါဘူး။ အရှည့်အရှည်တွေ မဖြစ်ကြဖို့တော့ တောင်းပန်ပါရစေ။ လူတွေလေလည်ပြရင် ခွေးတွေသားရည်ကျတတ်ပါတယ်။ အစဉ်လေးစားအားပေးလျက်ပါ။

Ma Thadar ( မသဒ္ဓါ ) said...

မကြီးကလည်း.. အကျယ်အကျယ် ဖြစ်ချင်သူမဟုတ်ပါ။ ရေးသူနာမည် မဖော်ပြဘဲ..ရေးတဲ့ ဘလော့တွေတောင် မကြီးက ခွင့်လွတ်တယ်။ တကယ်ဘဲ ရိုးသားစွာ မသိလို့  နာမည်မှား တတ်တာလည်း ခွင့်လွှတ်တယ်။ လွယ်လုံသခင်မကိုတောင် ပြဿနာ မရှာပါဘူး.။
စိတ်ထဲမှာ ရေးသူကို သိရက်နဲ့  တစုံတဦးက သက်သေပြရက်နဲ့ ဟိုကောင်ပေးတာ ငါနဲ့ မဆိုင်ဘူး.ငါမသိဖူး ဆိုတဲ့ တာဝန်မဲ့မှုကို စိတ် ကသိကအောင့်ဖြစ်တာပါ။ မကြီးလိုချင်တာ ရန်ဖြစ်ဖို့ မဟုတ်ပါ. အမှန်တရား ကို အမှန်တရားအတိုင်း လက်ခံ တတ်တဲ့ အကျင့်လေးကို မွေးမြူစေချင်တဲ့ စေတနာပါဘဲ. ဘာမှအကျယ် အကျယ်ဖြစ်စရာလည်း မရှိပါဘူး.. လူတိုင်း မှားဘူးကြတာပါ. အမှားသိရင် အမှန်ပြင်တတ်တဲ့ ဗီဇ တွေလျှော့ပါးနေလို့  အခုလို ဒို့ တမျိုးသားလုံး ဒုက္ခရောက်နေကြတယ်လေ..ဒါကြောင့် ဒို့ တွေ ဒီမိုကရေစီ တောင်းနေတာပေါ့။ မဟုတ်ဖူးလား။ ရှက်တတ်တဲ့သူတွေ ညိမ်လေလေ မရှက်တတ်တဲ့လူတွေက ဖြဲစား ခြောက်စားနေတဲ့ခေတ်မို့ ..အမှိုက်ကစ ပြဿဒ် မီးမလောင်အောင်.. နောင်တခေတ် အတွက် ဂျာနယ်လစ် ဖြစ်ချင်ရင်.. အမှားလုပ်မိရင် တာဝန်ခံရဲတဲ့ သတ္တိလေးတော့ ရှိသင့်တာပေါ့ မဟုတ်ဘူးလား။
စိတ်မပူပါနဲ့မောင်ရယ်.. မကြီးပြောတာ ဒါ အကုန်ပါဘဲ။ ဘာမှ ဆက်ရန်ဖြစ်စရာမရှိ။ စိတ်ထဲ ဘာမှမရှိ။ ပကတိ အဖြူပါ။ ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့လည်း ဂရုမစိုက်ပါ..အမှန်တရားဟာ ကျမရဲ့ယုံကြည်ချက်ဘဲ။ နောက်ဆုံးတော့ သားငယ်ဟာ အမေရင်ခွင်ဘဲပြန်လာမှာပါ။
ကြားဝင်ဖြန်ဖြေပေးတာ ကျေးဇျူးတင်ပါတယ်။ မကြီး ဘက်မှ သားငယ်ကို ဆက်မဆွဲတဲ့အတွက်..ဘာမှ ဆက်ဖြစ်စရာမလိုပါ။ အားလုံး အဆင်ပြေသွားမှာပါမောင်ငယ် စိတ်မပူပါနဲ့ ။ အမေရင်း မှန်တဲ့သူကို မဟော်သဓာ ရှာဖွေတွေ့ နိုင်ပါလိမ့်မယ်။ ဒါ ဓမ္မပါ။

 
/* EOT ----------------------------------------- */