Friday, April 9, 2010

အ၀ါရောင်လေးဝတ်ခဲ့ပါ အမေ..


သင်္ကြန်ကျပြီ..
ပွင့်လေပြီ..ရွှေဝါပိတောက်
နှစ်သစ်ချိန့်ရောက်...


မြန်မာ့ ဥသျှောင်..
အမေဟာ ခေါင်းဆောင်..
ဘယ်နေရာ နေနေ..
ဘယ်ဘဲ သွားသွား..
ကျမတို့ စိတ်နှလုံးထဲ..
ပိတောက်ပွင့်တွေ ဝေနေတဲ့အမေ...
ရွှေဝါရောင်ဝတ်စုံလေး နဲ့ အမေ...
တရက်မမေ့ ချစ်ခင်ဆဲလေ..

အေးအတူ ပူအမျှ
အမေနဲ့ဘဲ တူတူနေ
ပါတီ ပျက်ချင် ပျက်..
ကျမတို့ သွေး မပျက်ဖူး..
မတရားအသင်း ဖြစ်လည်းဖြစ်..
ပါတီရဲ့ မည်နာမက မညစ်ဖူး..
ညစ်တာ ကျမတို့ မဟုတ်ဘူး..

နှစ်သစ် အတာလေပြေ..
ပိတောက်ပန်းတွေနဲ့ နိုးထမဲ့ ၀ိညာဉ်
ရွှေဝါရောင်ဆင်...
အမေရယ် အလှဆုံးသာ ပြုံးပြ..
နှစ်သစ်သို့ စ..
ငြိမ်းချမ်းရေးတေး ဆက်ဆိုကြမယ်အမေ...

ရိုကျိုးစွာဖြင့်..
မသဒ္ဓါ (၄။၈။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */