Sunday, March 9, 2008

ကမ်းပေးနေတဲ့လက်..လှမ်းတက်ချင် လာပါ


တော်လှန်ရေး အဆက်ဆက်..
သွေးမြေသက်ခဲ့တာတွေ.များပြီ..
ထောင်နဲ့ အကျဉ်းစခန်းတွေမှာ..
အမှန်တရားကို..သတ်နေတဲ့
ဒုတ်တပြက်..ဓါးတပြက်.
နှိပ်စက် ခံရချက်..
ငိုမျက်ရည်စက်..
လူမဆန် ရက်စက်
ဇီဝိညာဉ် ကြွေသက်
ပန်းကြွေခက် ကလေးတွေ..

ကြွက်လှောင်အိမ် ပခြုတ်ထဲ
နှစ်ရှည် ထောင်ကျနေဆဲ
အစာငတ်မွတ်.ကျန်းမာရေးမွဲ
ခြုံစရာစောင် က နတ္တိ.
ညစ်ပတ် ကျင်ငယ်နံ့ နံ အိမ်သာမရှိ
ကြမ်းတမ်းတဲ့ ထောင်ဝန်းကျင်
လေဖြတ်သွေးတိုး.ဆီးချိုနဲ့ ရောဂါအမျိုးမျိုး
မျက်တိမ်ခိုးကွယ်။
ကိုယ်ပြည်သူကို ကိုယ်ပြန်သတ်တဲ့
" မင်း "ဆိုတဲ့ ဘေးအန္ထရာယ်
ထောင်တန်း ထဲမှာလည်း..
ဆီမီးတိုင်များ မီးစာတွေသေ.

၁၉၈၈..လူမမယ်တွေ..
မိဘနဲ့ဝေး..သူပုန်လေးတွေလာဖြစ်
ကျောင်းသား စစ်တပ်ရင်း.
စစ်ဖိနပ်ဖိုး တောင်မတတ်နိုင်ခဲ့ခြင်း။။
ဌက်ဖျားနှိပ်စက်.အသက်ထွက်
ရေ၌ နစ်လျှက်.အသက်ထွက်
စစ်တပ်သတ်လျှက်..သွေးမြေသက်..
မိဝေး ဖဝေး..ကြင်သူဝေး
ခေါင်းလောင်းသံဝေး
တွေးကြည့်ရင်..အနှစ် ၂၀
မဆုံးနိုင်သေးတဲ့တော်လှန်ရေးနယ်။

(၂၀၀၇)..ဗမာရဲ့ အမှောင်လွမ်းတဲ့ခေတ်
သာသနာ..စစ်နွံနစ်.
တိုင်းပြည်ကို..တကယ်ချစ်ရင်..
အရေးကြီးရင်..သွေးနီး
သာသနာ.စောင့်ရှောက်ချင်လျှင်.ပါဝင်ပြီး
အမျိုးသားရဲ့ တပ်ပေါင်းစု
ညီညာမှုပြုစို့ သူငယ်ချင်း

အချင်းချင်း ကပ်ခါဖဲ့
အချင်းချင်း ခြေထိုးလျှက်
အချင်းချင်း အသုံးပြုလျှက်
အချင်းချင်း တဏှာကျချက်
အချင်းချင်း..သစ္စာဖေါက်ခဲ့ 
ဒီလိုလူတွေ..ပစ်ပယ် ရှင်းရှင်း
မင်းကို..ဒို့ မလိုတော့ဘူး သူငယ်ချင်း။

ကောင်းမွန်သော..
စိတ်ဆန္ဒ မြင့်မြတ်ဝါဒီ
အရွယ်မရွေး ဖိတ်ခေါ်သည်။
လူကောင်း.. လူမွန်.
လူမြတ်.. လူသန့် 
သာသနာတော်နဲ့  နိုင်ငံတော်ဘက်ကရပ်
ကိုယ်ကျိုးစွန့် သတ္တိရဲ
အူမလည်း တောင့်ခံနေဆဲ.
မလျှော့ ဇွဲနဘဲ.
အမှန်တရားကို ယုံကြည်ရဲသူတွေလာပါ.
အမိမြေဗမာ..အမှန်တကယ်
လိုအပ်နေတာ..သင့်ကိုပါ။

မသဒ္ဓါ ( ၃။၀၉။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */