Saturday, March 1, 2008

လက်တွေ့ ပြသ..နိုင်ငံသားကောင်းဗမာမှန်က


ဒီအချိန်..
တွေဝေရ ဖို့  မဟုတ်တော့ဘူး
ရန်ဖြစ်နေရ မဲ့ အချိန်မဟုတ်ဘူး
ငြင်းခုန်နေရ မဲ့ အချိန် မဟုတ်ဘူး..
ဆရာကြီးတွေ တသီးပုဂ္ဂလိက လုပ်
ငါမှ မှန်..မင်းက အကြံအဖန်
ဒါ လေကန်နေရ မဲ့ အချိန်မဟုတ်ဘူး။

မုံ့ ဆီကြော်က မရသေး..
နှုတ်ခမ်းနာနဲ့ တည့်မတည့်တွေး။
ငါက ဘဲ..၈၈၈၈ ကျောင်းသား
မင်းက မျိုးဆက်သစ်များ..ရန်ဖြစ်မနေနဲ့ ။
ငါကဘဲ..နိုင်ငံရေးသမား
မင်းသိတာ အလကား.ရန်ဖြစ်မနေနဲ့ ။

ဒို့ အားလုံးတူတူ.ဗမာပြည်ကိုချစ်သူ။
ဗမာမြေထက်..
ဗုဒ္ဓဘာသာ အမွေရှင်သန်စေချင်သူ။
ညီတူလက်တွဲ..
တစ်ရောင်ထဲသွေး နဲ့ တော်လှန်မဲ့သူ။

ဘာဘာညာညာ..ဆရာလုပ်ဖို့ မလို.
လေးစားစွာ..အရွယ်မရွေး.ဆက်ဆံကြမှ
စည်ရုံးရေးက အောင်မှာ.ကိုယ့်လူ။
အတ္တအရေခွံထူ မင်းခွါချ။
အရေးကြီးချိန်မှာ သွေးနီးကြမှ.

တိုင်းပြည်က.မွဲနေပြီ
စစ်ကျွန်ဘ၀..ဒို့ ကျောပြဲနေပြီ
စားစရာမဲ့..မျက်နှာငယ်ငယ်နဲ့ 
စစ်အာဏာရှင်အောက် ကျွန်လူသား.(သို့ ).
ရွှေ့ ပြောင်း..နိုင်ငံတကာရောက်အလုပ်သမား
စိတ်ဓါတ် ကို အညွန့် ချိုး။ ကာမ ကိုခိုး
ဂုတ်သွေးကို စုတ်။ အသက်ကို ချိုးဖြုတ်.
မျက်နှာငယ်လေးများ နဲ့ အလုပ်လုပ်..
ဒီမျိုးဆက်နဲ့တင်..မျိုးဖြုတ်ခဲ့ပါ ဒီဒုက္ခ
အားလုံး ညီညာရင်ရမယ်..
အားလုံး ပါဝင်ရင်ရမယ်..

မတရားဆွဲတဲ့ အခြေခံမူဥပဒေ
သပိတ်မှောက်ကြစေ.
သင်ကြောက်နေ..သင့် မျိုးဆက်သစ်များ ဖာဖြစ်
သင်ငြိမ်ခံရင်….
သင့်မြေးမြစ်မှန်သမျှ..လူဘ၀ရှုံးရမယ်။

ပညာရေးမရှိ..ခလေးစစ်သား. ဗျတ်ထိုးဈေးသယ်။
အမှိုက်ပုံမှာ အမှိုက်ကောက်ရမဲ့  သင့်မြေးကလေး
သင်ရဲ့ ဘိုးဘွားပိုင်အိမ်..စည်းစိမ်..
စစ်သားဒါးပြ..အာဏာနဲ့ သိမ်း.မတည်ငြိမ်။
သင်လှုထားတဲ့ ဘုန်းကြီးကျောင်း အမိုးနံရံဟောင်းလောင်း
ကျောင်းထိုင်ဘုန်းကြီးမရှိ။ မျိုးတုန်း နေကြောင်း ။

သင်သည် ဗမာ..
သင့်ဘိုးဘွား ကာကွယ်ခဲ့ အမိဗမာ.
သင့်တာဝန်တို့ ကြေပါ.

သင်၏ ကြောက်နေသောလက်
ဝိုင်းကူ ထူပေးပါရစေ.
သင်၏ နောက်တွန့် နေတဲ့ခြေလှမ်းချက်
စစ်ချီတေးနဲ့ အားပေးပါရစေ။
သေတူတူ..ရှင်အတူတူ.
သမိုင်းပေးတာဝန်။ ကျသမျှ ပုခုံးထမ်းယူ..
တိုက်ကြပါစို့ ။
ကျမတို့ အားလုံးရဲ့ အာဏာရှင် ဘုံရန်သူ

သင်သည်..သဲတပွင့်.
ကျမသည်.နှမ်းတလုံး..စုရုံးတော်လှန်..
တပြည်လုံးကျွတ် ဆန္ဒပြကြပါရန်။

မသဒ္ဓါ ( ၂။၂၉။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */