Wednesday, April 30, 2008

အပြောမဟုတ် အလုပ်နဲ့ သက်သေပြ


တော်ပါတယ်ဆို ကိုယ်ရည်ကိုယ်သွေး
မောင်းတီး ဆော်ပေးလည်း..
မျက်မြင်သက်သေ..ရဲ့သတင်း
လုပ်ဆောင်နေတာ..ဘယ်လို အချင်းချင်း
တိုးတီး တဖုံ..ကျယ်လောင်တမျိုး.
လူဆိုသည်
လူ့ သတင်း..လူချင်း ဆောင်တဲ့ အမျိုး။

ရိုးသားမှုသာ သစ္စာ။
နောက်ကွယ်ပြောတာက အတင်း။
လက်သီးပုန်း ဆိုတာ..အစွမ်းမရှိခြင်း။

အမှန်မပြောတာ မုသား
ကောက်ကျစ်သူ အချင်းက အလကား။
သမိုင်းတွင်မှာက မှန်ကန်ခြင်း၏တရား

မရှင်းလင်းတာ သတ္တိမရှိခြင်း။
ရိုးသားမှုသည်သာ တန်ဖိုးရှိသည်။
လူကောင်းဆိုရင်…ဖြောင့်မတ်တည်ကြည်.
အမှားဆိုတာ ၀န်ခံရဲရမည်။

ရင့်ရဲ တည်ကြည်သော နှလုံး.
ဗိုလ်ချုပ်လို ယောက်ျားသားတွေဆုံးရှုံး
ပေါ်လိုက်ကြတဲ့ ဗေထိ မင်းသားမောင်
၂ ယောက်ရှိရင် တစ် ယောက်
ဗိုလ်တက်လုပ်တဲ့ ကျောင်းသားခေါင်းဆောင်
တတိယနိုင်ငံတွေပေါ် တက်မထောင်..လက်မထောင်

ဝင်ကစွတ်ခရုအခွံတွေ..စင်ပေါ်နေခိုက်
အခွင့်အလမ်း အတွက်ဘဲ အချင်းချင်း တိုက်

လေတွေလျှော့ကြ..အလုပ်နဲ့သက်သေပြ။
ကဲ မညံ့ကြဘူးဆိုရင်..
ပြည်သူကို ခေါင်းဆောင်စေချင်။

တော်လိုက်ကြတော့ မင်းသားကြီးများ
ပြန့် ကြဲ လက်ချောင်းအား များစုစည်း
ရှင်သန်အား ကိုအဟုန်ယူပြီး
ပျင်းနေတဲ့ ခွပ်ဒေါင်းများ..
နိုးထလော့ ..အားတွေ..
စုစည်းကြလော့ ...လုံလတွေ
ခွပ်ချိန် ..ရောက်ပြီလေ။။

အမှန်တရားရဲ့ ရောင်ခြည်..
လမ်းပြပေးမဲ့ သူမြတ်များဆီ..
ရွှေဝါရောင်၏ တော်လှန်ရေး
ရဟန်းတို့ သွေးနဲ့ ဆေး
ကျောင်းသားတို့  အရိုးနဲ့ ခုခံပေး
လွတ်မြောက်ရေးသို့ တော်လှန်ရေး
မနှေး အောင်ရမည်။
ခွပ်လိုက်ကြတော့ ခွပ်ဒေါင်းနီနီ
လင်းကြက်တွန်မည် မြန်မာပြည်။
မကြာမီ ဒို့ ခေတ် ရောက်တော့မည်။

မသဒ္ဓါ ( ၄။၂၉။၂၀၀၈) အတ္တကင်းသော ညီညွတ်ရေးသို့ 

2 comments:

boboburma said...

ကောင်းတော့ကောင်းတယ် ၊ နည်းနည်းစပ်တယ် မူအားဖြင့် ‘‘ညီညွတ်ရေး-ဝေဖန်ရေး-ညီညွတ်ရေး’’ ဆိုတာကို နားလည်ပါ။
‘‘ကျောင်းသားတော်လှန်ရေးရဲ့..အမှောင်တိုက်..
နှစ် ၂၀ ကြာတာတောင် အလင်းမရှိ မိုက်’’ ဆိုတဲ့ စာသား ၂ ကြောင်းကို (ချစ်ခြင်းအားဖြင့်) ဖြုတ်လိုက်လျှင် ဆရာမဧ။် စေတနာကို သန့် သန့် စင်စင်
တွေ့ မြင်ကြလိမ့်မည်ဟု Freedom Fighter က ရိုးသားစွာ ယုံကြည်သည်။

Yan said...

ဒီကဗျာလေးထဲမှာ မသဒ္ဒါရဲ့ စေတနာတွေ တွေ့နေရပါတယ်. ထပ်တူထပ်မျှ ခံစားရပါတယ်.

 
/* EOT ----------------------------------------- */