Friday, June 5, 2009

အညတြတစ်ယောက်မှ..အညတြများသို့ ဖိတ်ခေါ်ခြင်း


တချို့ သူတွေက
နာမည်ကျော်လိုတယ်..
တကယ်လည်း ကြိုးစားတယ်..
တော်လည်းတော်တယ်..
ကျော်လည်း ကျော်တယ်။
ရာနှုန်းဦးရေ နည်းတယ်။

တချို့ သူတွေက
နာမည်ကျော် ချင်တယ်..
တကယ်လည်း မကြိုးစား..
သူများခေါင်း နင်းပြီးမှ စားတယ်
ကျော်လည်း ကျော်တယ်။
ပုပ်စော်လည်း နံတယ်။
များသောအားဖြင့်ရှိတာ ဒီလူတွေ..

တချို့ သူတွေက
နာမည် မကျော်လို..
အသိစိတ်က တော်တယ်။
တကယ် ကြိုးစား..
ရိုးလည်း ရိုးသား..
ကျော်လည်း ကျော်တယ်။
ခေါင်းမမော်ဖူး။.
ဒီလူက လူနည်းစု။

တချို့ သူတွေက သာမန်
မဟုတ်တာ ငုံ့ မခံဖူး..
တတ်တော့ မတတ်သေးဖူး။
ဒါပေမဲ့ ကြိုးစားတယ်။
အသိစိတ်က အသင့်အတင့်
စေတနာက အဆင်သင့်။
အညတြဘ၀ အနစ်နာခံရန် ဘ၀င်မမြင့်
အသိစိတ်နဲ့ ဘဲ တာဝန်ထမ်းမယ်။
လွတ်လပ်ရေးရ
ကိုယ့်ဖာသာ လုပ်စားမဲ့သူ။
အလယ်အလတ်ဦးရေ မှာရှိတယ်။

ဒီလူတွေထဲက ကျမ..
စေတနာအရ သာ အလုပ်လုပ်မယ်..
အမိန့် ကြောင့် အလုပ်မလုပ်ဖူး။
စိတ်ယုံကြည်မှူအရ သာ အရှေုတိုးမယ်..
ငွေအာဏာ အကျိုးကြောင့်ခြေမထိုးဖူး.
ဘယ်သူ နှိမ်ကွပ်ကွပ် ဦးမကျိုးဖူး.
ဒီလို အမြင်တူတူ..
အဆင် တူတူ..အသွင်တူတူ
တိုင်းပြည် ချစ်သူ..အမျိုးကို ကူ..
လဲနေသူတွေ ကို ထူပေးမဲ့သူများ..
ဘ၀တူလူ တွေ အပေါ်
စာနာတတ်တဲ့ သာမန်လူသား..
ဘယ်နေရာကဘဲ စစ
အောက်ခြေကဘဲ ထောက်ပို့ ရ ပို့ ရ
ဒေါင်ကျကျ ပြားကျကျ
လိုက်ရဲသူတွေ ခေါ်ပါရစေ။

စည်းရုံးခြင်းသာ ဒို့ လက်နက်..
တာဝန်ကိုထမ်းဆောင်ကြစို့ ။
ငိုသံတွေကြား..နားများပါးကြစို့  ။
ဖိနှိပ်စော်ကား..ရေငုံမနေကြဖို့ ။
မတရားမှူကိုမြင် မျက်လုံးပိတ်မနေကြဖို့ ။

အညတြများရဲ့ အညတြ..
တော်လှန်ရေး သမိုင်းတစ်လျှောက်မှာ..
လူမသိ သူမသိ
စတေးခဲ့ကြတာ များပြီ။
ဆက်လည်း စတေးကြပါဦးမည်။

ကြယ်ကလေး ဘယ်လောက် မှိန်မှိန်..
အလင်းရောင်ရှိန်တော့ ရှိတယ်။

နှမ်းကလေး ဘယ်လောက်ပိန်ပိန်..
ဆီကလေး တစက်တော့ရှိသေးတယ်။

သဲလေးတစ်ပွင့် ဘယ်လောက်သေးသိမ်.
တံတိုင်းကြီးကို ထမ်းထားနိုင်ပါတယ်။

လူ သတ္တ၀ါသည်
သေရမှာ ဘယ်လို ကြောက်ကြောက်..
ချောင် တစ်ချောင် မှာပိတ်
နောက်ဆုံး အချိန်ရောက်တဲ့အခါ..
သေးနွယ်နွယ် မြက်ဖျား အမှိုက်စ..
လောင်မီးတို့ စ နိုင်တယ်။

ဂန္ဓ၀င် မဖြစ်ပေမဲ့ ..
အညတြ..ဘဝ
သမိုင်းမှာ သင် တာဝန်ကျေ..
စွန့် ရဲတဲ့ ဇာနည်ဆွေ..
စုရုံးပါလှဲ့  အမိမြေအတွက်..
လူမသိ..သူမသိ သွေးစက်များ..
သမိုင်း စာမျက်နှာကြားမှာ
မမှိန့် တမှိန် သင့်နာမည် လေးထားခဲ့ပါ။

မသဒ္ဓါ (၆။၎။၂၀၀၉ ) အရေးကြီးပါပြီ သွေးနီးကြပါစို့ ။

No comments:

 
/* EOT ----------------------------------------- */