Monday, June 29, 2009

ရင်နှင့်အမျှ ကျေးဇူးတင်ရပါသည်။


နီးရာသွေးချင်း..ခင်ရာဆွေမျိုး..
နှလုံးသွေးတူ..စိတ်ထားဖြူရင်..
ရင်ခုန်သံတူသူ
ဒို့ အားလုံး အတူတူ..

ဒို့ မွေးတဲ့ ဥကျင်းမှာ..
သူတို့  မပေါက်ခဲ့ပါဖူး..
ဒို့  သောက်တဲ့ မြစ်ဧရာ
သူတို့ မသောက်ခဲ့ပါဖူး..
ဒို့ စိုက်တဲ့ စပါး
သူတို့ မစားခဲ့ပါဖူး..
ဒို့ ရဲ့မြေတလက်မ
သူတို့ ခြေမချခဲ့ကြပါဖူး..
မြန်မာမြေရဲ့ အကျိုးကျေးဇူး
ဒို့ တွေ လို သူတို့ မခံစား..
မစံစားဖူးပါဖူး
မြန်မာ့ သယံဇာတများ
သွားရည်တမြားမြားမကျခဲ့ပါဖူး။

ဒါပေမဲ့..
အမှန်တရား ပျောက်နေတဲ့ မြန်မာ..
အပြုံးတွေ ပျောက်နေတဲ့ မြန်မာ
စစ်သားထုရဲ့ မုဒိန်းကျင့်ခံနေရတဲ့ မြန်မာ
တရားဥပဒေပျောက် အမှောင်ထဲက မြန်မာ
လူလူချင်းမစာထောက် ဘီလူးတွေအောက်က မြန်မာ
မွေးရာပါလူ့ အခွင့်အရေး အငွေ့ ပျံခြောက်နေတဲ့ မြန်မာ..
ပြည်သူရဲ့ ဂုတ်သွေးကို စစ်တပ်က သောက်နေတဲ့ အခါ
သိုးငယ်ကိုအပြစ်ဖွဲ့ ရေကြည့်နှောက်နေတဲ့ အခါ
လုယက်စော်ကား..လူမျိုးပြုန်းအမြစ်ဖြုတ်နေတဲ့အခါ
လူသားဆန်သူများ..ဂရုဏာရှိသူများ
အားနည်းသူဘက်က ရပ်ကြတယ်..

ရင်နှင့်အမျှ ကိုယ်ချင်းစာ
တတ်နိုင်သမျှ ထွေးကူတဲ့ သူတို့ ရဲ့မေတ္တာ
ဘာမှ ကိုယ်ကျိုးမပါဖူး..
ဘာမှ အဆိုးမြင်ဝါဒီ မဟုတ်ဖူး..
ဘာမှ နယ်ချဲ့မှ မဟုတ်ဖူး..

သူတို့ ဟာ
လှပတဲ့ မြန်မာ့ ရေမြေတောတောင်နဲ့ ..
အပြစ်မဲ့ကလေးတွေ..ရယ်သံတွေ
လေပြေအမြူးမှာ ကြားချင်တယ်။
ဖေါ်ရွေတဲ့ မြန်မာ..
ဧည့်ဝတ်ကျေပြွန်တာ.
ဧည်သည်အဖြစ်လာ ခံစားချင်သေးတယ်။
သန်းပေါင်းများစွာသောပြည်သူ..
စစ်သား(၅) သိန်း ဖနောင့်အောက်က
လွတ်မြောက်တာမြင်လိုခဲ့တယ်။
ရဟန်းသံဃာ မေတ္တာ ဘာဝနာ
ဗုဒ္ဓရောင်ဝါ..အေးမြစွာ
ထွန်းလင်း စေချင်သေးတယ်။
ပျော်ရွှင်ကျမ်းမာ..ငြိမ်းချမ်းစွာ..
စစ်မက်ကင်းတရားမျှတ..
မြန်မာပြည်ကမ္ဘာတည်စေချင်သေးတယ်။

သူတို ဟာ အသားရောင်မျိုးစုံ.
ယုံကြည်ရာ ဘာသာမျိုးစုံ
နေထိုင်ရာ နေရာမျိုးစုံ
ကျင်လည်ရာ အသက်မွေးမျိုးစုံ..
အရွယ်မျိုးစုံ အသိအမြင်မျိုးစုံ
ပြောဆိုရာ..စကားမျိုးစုံ.
သို့ သော် မြန်မာမြေကို..
သူတို့ ချစ်တာ ဖြူစင်တာအမှန်
ဒို့ ယုံကြည်တယ်။

နိုဘယ်ဆု ရွေးချယ်သူများအဖွဲ့ ။
ဒေါ်အောင်ဆန်းစုကြည်အား ဆုတံဆိပ်ချီးမြှင့်သူများအဖွဲ့ 
နိုင်ငံတကာမှ မြန်မာနိုင်ငံအား
လွတ်မြောက်ရေးအတွက် ကြိုးစားပေးသူများအဖွဲ့ 
လူသားချင်းစာနာ လူစိတ် ငွေအား.စေတနာဖြင့်
ထောက်ပံ့နေသူများအဖွဲ့ .
ဒက်စမွန်တူးတူးနဲ့ “၀ါရင့်ပုဂ္ဂိုလ်များအဖွဲ့”
Dalai Lama. Betty Williams နှင့်
http://www.nobelwomensinitiative.org/
Prime Minister Gordon Brown နှင့်
64 for suu.org
နဲ့ ထောက်ခံသူများ
Burma VJ ဖန်တီးရှင်များ
Laura Bush, Hillary Clinton
နှင့် Madeleine Albright
Amnesty International, Red Cross, WHO, FAO,
အခြားသော NGO အဖွဲ့များ
အဆိုတော် U2 က Bono , Paul McCartney,
Black Eyed Peas, KT Tunstall R.E.M, Drumer Swiss Chris,
Jane Birkin , “Unplayed Piano” Damien Rice & Lisa Hannigan

သရုပ်ဆောင် Jim Carrey, Yoko Ono, George Clooney,
Brad Pitt, Sylvester Stallone
နှင့်
Burma: It Can't Wait Celebrity Campaign အဖွဲ့ သားများ
စွန့် စားအမြင့်တက်သမား Climber Mike Robertson,
ခြေပလာလျှောက်သူ Ewen Hardie,
ကဗျာဆရာ Jeffrey Hellman,
Burma Campaign USA နဲ့ UK အဖွဲ့ သား
မြန်မာblog တွေ ကြား သတင်းပေးတဲ့ Happy
အမည် ရှိသော်လည်း ကျမ မသိ
များပြားလှသော..နိုင်ငံခြားသား
အမှန်တရားကို မြတ်နိုးကြသူ..
မြန်မာကို ကူညီကြသူ..
ကျမ တို့ ဂုဏ်ယူ..
မှတ်တမ်းတင်ယူခဲ့ပါတယ်။။

ကမ္ဘာ့ အ၀ှမ်းမှ မြန်မာ့ချစ်ဆွေများသို့ 
နှလုံးသားနှင့်အမျှ မျှော်လင့်ပါသည်။
တနေ့ နေ့ တစ်ချိန်ချိန်..
"လွတ်မြောက်တဲ့ မြန်မာမြေရဲ့အလှ..
သင်လာကြည့်ရန် ဖိတ်ခေါ်ပါရစေ။"


သင်တို့ ၏ ချွေး..သင်တို့ ၏သွေး.
သင်တို့ ၏ မေတ္တာ..သင်တို့ ၏ဂရုဏာ..
ထားခဲ့သော စေတနာ
မေ့မရ မှတ်ကျောက်တင်..
ထားခဲ့မဲ့ မြန်မာရဲ့ သမိုင်းပန္နက်တင်..
ကျေးဇူးဥပကာရ အထူးတင်။

မသဒ္ဓါ ( ၆။၂၈။၂၀၀၉)
မြန်မာ့ အရေး လှုပ်ရှားပေးကြသူ နိုင်ငံခြားသား များ (သို့ မဟုတ်) သွေးချင်းမနီးသော ဆွေမျိုးများသို့  ကျေးဇူး တင်လွှာ

2 comments:

ဒီရေ said...

VERY GOOD!!! မကြီး... အရမ်းထိရောက်တယ်... နောက်ပြီး ရင်ဘတ်ထဲထိ လာမှန်တယ်ဗျာ...



အားပေးလျှက်
ဒီရေ

Nayminthuria said...

အမနဲ့ ထပ်တူပါပဲဗျာ....မြန်မာနိုင်ငံအတွက် ကိုယ်တိုင်ကိုယ်ကျအနစ်နာခံစွန့် လွှတ်ပေးကြသူအားလုံးကို ကျေးဇူးတင်လျက်ပါ။

နေမင်းသူရိယ

 
/* EOT ----------------------------------------- */