Sunday, June 17, 2007

မြန်မာပြည်ရဲ့ ..အနာဂတ်နိမိတ်ပုံ

ဧရာမြစ်ခြေနဲ့ ..တူရင်းတောင်စွယ်ကျွန်း
ဗုဒ္ဓ ဘာသာရောင်ဝါထွန်းလင်းပေစွ..
မုဆိုးမပေလျှင်..ဘုရားတကာမ။..
တခါက..ပေါက္ကံပြည် ကြီးမှာ.
သာပြောဝေဆာ..ဒို့ ပြည်မြန်မာ.

၁၆ ရာစုရဲ့ ဘုရင့်နောင်..လက်ရုံးတန်ခိုးလျှမ်းလျှမ်းတောက်..
စုစည်းအင်အားပြည့်ဝ..အိမ်နီးနားဘုရင်များကမထိရဲကြ
ကိုယ်ထီးနဲ့ ကြဌာန်း..စည်းစိမ်နန်းနဲ့ 
ကျက်သရေဝေဖြာ ဒို့ ပြည်မြန်မာ

လက်ျာတောင်ကျွန်းနမိတ်ထွန်း..သယံဇာတကြွယ်ပေါ
ပညာမငယ်..မျိုးဇာတိဂုဏ်ထည်ထည်
ကောက်ပဲသီးနှံ..စပါးဆန်ရေ..ပိုလျံကြွယ်ဝ
အာရှရဲ့..စပါးကျီ..ဒို့ ရဲ့ မြန်မာပြည်..

အဘေးလက်ထက်က မြန်မာ.. အဘိုးလက်ထက်က မြန်မာ
အဖိုးလက်ထက်က မြန်မာ… အဖေ့လက်ထက်က မြန်မာ
ကျမလက်ထက်က မြန်မာ.. ဒို့ သမီးလက်ထက်ရဲ့ မြန်မာ
ဒို့  မြေးလက်ထက်ရဲ့ မြန်မာ.. .. ဒို့ မြစ်လက်ထက်ကျ မြန်မာ..
ဘာတွေများကွာခြားပါလိမ့်..
မျိုးဆက်ဆိုတာ..တဆင့်ထက် တဆင့်
မြင့်သထက်ကာပိုမြင့်..မြှင့်တင်နိုင်ခါမှ..ဒို့ တာဝန်ကျေ..
ဆန်းစစ်ကြပါစို့ လေ..ဒို့ ဟာဘယ်အဆင့်ရဲ့မိဘတွေ..

အနှစ် (၆၀) ကျော်ကျွန်ဘ၀..ဖြစ်..
မဆလ (၂၆)နှစ်..နွံတောထဲ..ညစ်..
အခု(၁၉)နှစ်ကြာ..မစင်တွင်းထဲ..နစ်..
၁၉၈၈..ကစ..ဆွမ်းခံရင်းဌက်သင့်သူများ
ဘေးသင့်ခဲ့ရတဲ့..စာသင်ခန်းထဲက.ယုန်ဖြူကလေးများ
ပြေးနိုင်တဲ့သုတွေ..လွတ်ကြမဟေ့..
ခံချတဲ့လူတွေ..များစွာအသက်စွန့် 
အိမ်ထည်းပုန်းနေသူများလည်း..အစာရေငတ်မွတ်..
အာဏာရလက်မရွံ့ များက..အောင်လံကိုကြမ်းကြုတ်စွာနဲ့ ဆွတ်..
တစတစနဲ့ ..ဒိုင်းနမိုက်မီးစ.လို.တိုတိုလာနေတဲ့..မြန်မာ့နိုင်ငံရေး
ဘယ်သူ..ရင်မလေးဘဲနေပါမယ်။

ဘာလုပ်ကြမလဲ..ဘာလုပ်ရမလဲ..
တွေးနေတောနေဆဲ…အမာခံတွေလည်းတဖြုတ်ဖြုတ်မြေပေါ်ကြွေ..
မဆိုင်သူ..ဆွေမျိုးတွေလည်း..အပြစ်မဲ့ထောင်ကျခံနေရနေ..
ဆိုးဝါးယုတ်မာခဲ့..လူမဆန်..ဖက်စစ်အစိုးရရေ..
ငါတယောက်မပါလှ..ဘာမှမဖြစ်ဘူးကွမင်းကတွေးတော..
အသက်နှမြောတတ်ရင်..အမှောင်ထည်းနောက်ထပ်အနှစ်၅၀
မင်းမြေးတွေလက်ထက်ကျ..ပိုငတ်မယ်

မုတ်ကောင်ရဲ့မျက်ရည်နဲ့ ..ပုလဲဖြစ်လာတာဟာ..သဘာဝ..
မြန်မာပြည်သားအားလုံးရဲ့မျက်ရည်တွေက စိန်ဖြစ်သွားတာဟန်မကျ..
သတ္တိရှိကြစမ်းပါ..
နိုင်ရာ..တယောက်တလက်..သဲလေးဘဲ..တပွင့်..နှမ်းလေးဘဲ..တလုံး..
စုရုံးရင်..ဒို့ တွေအနိုင်ရ..စည်းရုံးရင် ဒို့ တွေအောင်မြင်မှုရ
အသိတရားနဲ့ ပါဝင်ကြ..လက်မတို့ ပါရစေနဲ့ ကိုယ်လူ..
မင်းအနာဂတ်ကိုမင်းပြင်..မင်းဇာတိမာန်နဲ့ ငြမ်းကိုဆင်..
မင်းမြန်မာကိုချစ်ရင်.. မင်းမြန်မာဆိုရင်..

သစ်တောတွေပြုန်းလို့ ..မိုးလေ၀သကိုသတ်..
မိုးခေါင်ရေကြီးတော့..စပါးဆန်ရေတွေ..ပြတ်
ဌက်တုတ်ကွေးတွေမိ..အစာရေစာငတ်..
AIDS နဲ့ TB လက်ချက်ကြောင့်..ဗမာမျိုးတဖြေးဖြေးပြတ်.
အမျိုးကောင်းသမီးလေးတွေ..ညညအပြင်ထွက်..ရေလိုက်ခပ်
စာသင်ခန်းမဲ့..ခလေးလေးတွေ..ပညာရှေ့ ရေးကလည်းငတ်
အဓမ္မလုပ်အားပေးတွေလည်း..ကိုယ့်ထမင်းကိုယ်စား..အငတ်ငတ်အပြတ်ပြတ်
အစိုးရလခစားများ..ကျပ်ပြေးမှာ..မိသားစုတကွဲတပြားနဲ့ ဆိုက်တဲ့ကပ်.
ကျောင်းပြီးတဲ့..ခလေးတွေ..အလုပ်ရရေးအနာဂတ်ကလဲအသက်ရှုကျပ်..
ဘုရားပေါ်..၀တ်ပြုဆုတောင်းရုံကလေးနဲ့ …ထောင်ထဲမှာထည့်သော့ခတ်..
ဒီနိုင်ငံမှာ..ဘာသမာသမတ်..ရှိတာကျန်သေးပါသလဲ..

လွန်ခဲ့တဲ့ အနှစ်၅၀ ကသိပ္ပံမောင်ဝက..ဒီလိုတွေးတော..
ဆရာစောကျောင်းထဲကခလေးတွေ..ဘယ်လိုစာတွေတတ်
တိုင်းပြည်အတွက်ဘယ်လိုရပ်.မလည်း။
ဒို့ လည်းအခု..သူလိုတွေးတောဖို့ အချိန်တန်
ဒို့လက်ထက်က..ဆရာစောထက်ဆိုးတဲ့ကျောင်း..
နောင်အနှစ်(၅၀)..ဒို့ အနာဂတ်ကောင်းပါ့မလားကွယ်.

ကျန်စစ်သားမင်းကသတ္တိရှိရှိ..သူ့ ဂတိကိုပြည်သူ့ အားပေး.
ရွှေစည်းခုံကျောက်စာပေါ်တွင်…ကဗျည်းရေးတင်.
ချစ်ခင်သူနဲ့ ကွဲတဲ့ပြည်သူ့ မျက်ရည်..သုတ်ပေးလိုတဲ့မင်းကြီး
ညာလက်နဲ့ပေးမဲ့အစားအစာ.. ၀ဲလက်နဲ့ ကပေးမှာဝတ်တန်ဆာ..
ရင်ဝယ်ပိုက်သား…နွေးထွေးစွာပြုစုစောင့်ရှောက်..
ပုဂံပြည်ကြီးလျှန်းလျှန်းတောက်ခဲ့ဘူးတယ်..

ကျန်စစ်သား..ဘုရင့်နောင်..အလောင်းဘုရားတို့သာ..
ယနေ့တိုင်သက်ရှိထင်ရှားရှိ..
ဒို့ ခေတ်ဗမာပြည်ကိုလက်ပိုက်ကြည့်ကြမလား။
သေချာတယ်..အသည်းနာ..သူတို့ ဗမာဖြစ်ခဲ့ဘူးတာ..

ဒီလိုပုံနဲ့..မိုးက စုန်းစုန်းချုပ်..
လာဘ်စားဖို့ ဘဲကြည့်..စိန်ရဖို့ ဘဲသိ..
တဘို့ ထဲဘဲကြည့် …တိုင်းပြည်ရဲ့ ထရံတောင်ခွါရောင်းဖို့ ဘဲသိ..
အမျိုးချစ်သည့်ကြောင်း..ထပ်တလဲလဲဆို..
အပြောထက်မပိုတဲ့..လူကြီးမင်းတစ်စုလက်ချက်ကြောင့်
တိုင်းပြည်လည်းပျောက်..ရေမြေတွေလည်းရှိသမျှခြောက်..
ဘုရင့်နောင်စုထားသမျှမြန်မာ့မြေသား.
ကမ္ဘာ့မြေပုံထည်းက..တစစကြွေကျ..
ပြည်ကြီးအင်ပါယာလက်ထဲကျ..
နောင်အနှစ်၁၀၀မှာ..မြန်မာဆိုတဲ့လူမျိုး..
ပြတိုက်ထည်းမှာကဗျည်းထိုး..လူအရိုးဘဲကျန်တော့မယ်။

(မသဒ္ဓါ) ၆။၁၆။၂၀၀၇

No comments:

 
/* EOT ----------------------------------------- */