Saturday, January 19, 2008

ရှက်…ရှက် … ရှက်.


မှန်းချက်နဲ့  နှမ်းထွက်
မကိုက်ဖူး..ခပ်ရှက်ရှက်.
ဥာဏ်ဝင်းရဲ့ မျက်ခွက်.
ရီမရ ငိုမရ ..ခပ်ခက်ခက်.
လွတ်သွားပြီ။
မာစတာကြီး ထောက်ပန့် မဲ့
မဲခေါင်ရဲ့ ဖွံ့ ဖြိုးမဲ့ ငွေ၊ မျိုးမျိုး မြက်မြက်။

တစ်ပြား ရရ၊ နှစ်ပြား ရရ
အဘကြီးက လက်ဖြန့် ခံခဲ့ပါလေတဲ့..
အခုမှ လွတ်တဲ့ငါးက ကြီး
လောဘကြီးလို့  အီးလောက်ရ။
နအဖတွေ ချောက်ကျနေ။

နအဖ မှာရေပြတ်
ဒေါ်လာတွေ များများလို
စစ်စရိတ် ထောက်ပန့် ဖို့ လို
ကြံ့ဖွတ်တွေ ဒေါ်လာပေး လူရိုက်စေဖို့ 
ဥာဏ်ဝင်းရေ.။ မင်းကသူတောင်းစားကောင်း
ပတ်ချွဲ နှပ်ချွဲ ၊ အပြောကောင်းကောင်း
ပြည်အပြင်ထွက်၊ ဒေါ်လာတောင်းစေ။
တုံးလှတဲ့ နအဖဥာဏ်ရည်။

သူ့ လူ သတင်းထောက် ကိုသတ်.
ပျောက်နေတဲ့ ကင်မရာတောင် မရှာတတ်.
လုယူသွားတဲ့ စစ်သား.
ဘယ်မှာ အပေါင်ဆုံးသွား..
နအဖ ဒီလောက်မှအသုံးမကျ။
ယန်းရမလား..မျက်နှာချိုလာသပ်.
ပေးမယ်..အားကြီးကြီး.
သထာမယ်..မျှော်လင့်ပြီး
တောင်းခါနီးမှ..လာပြုံးပြ.
သူတောင်းစား နအဖရေ။
လျှာမြက် ပေါက်ပြီးသာသေ။

လူဆိုး သူခိုး.ဂျပိုးနဲ့ ပေါင်းတဲ့ ရေမြေ့ရှင်။
ဘယ်သူကများ ကြည်ညိုချင်။
မဲခေါင် ငါးနိုင်ငံထဲ..မင်းတနိင်ငံထဲကွက်ချန်..
မသဒ္ဓါရေစာ..မပေးကမ်းရန်
ဖြန့် နေ မင်းလက် ပလာသက်သက်။
ရှက်တတ်ရင်..အမြန် အိမ်ပြန်ရော့
ဒီသူတောင်းစား ခွက်ပျောက်နေပေါ့။

တဖြေးဖြေး..အကြံကကုန်
နအဖ ဂဠုန်ဆားချက်
ကျွန်ကုန်ကူးမယ် ရက်ရက်စက်စက်။
မိသားစု ရှင်ကွဲ၊ ရင်ကွဲပက်လက်
ကိုရီးယားကို ကျွန်ခံရန်ပို့ 
စင်္ကာပူ အိမ်ဖေါ်လုပ်ရန်ပို့ 
နဖူးက ချွေးကျ မှ ရမဲ့၊
ပညာတတ်များရဲ့ ကျွန်ခံလုပ်စာ။
အခန့် သား...၁၀ % နအဖ ခေါင်းပုံဖြတ်ကာ.
ရွှေဗမာပြည်မှာ
ပညာတတ်သူတွေအတွက် နေရာဘယ်မရှိ။
နလဗိန်းတုံးတွေသာ..အထက်မှာရှိ
ပုလ္လင်ပေါ်မှာမျောက်ဆိုးရောက်နေ၏။
တဖြေးဖြေး တတိတိ၊ လျှော့ကျခဲ့တဲ့ ပညာတန်ဖိုး
ဒို့ ဦးဏှောက်တွေ နအဖ ခိုးနေခဲ့ပြီ။

ပြည်သူတွေ..စည်းရုံးညီညီ
တိုက်ပွဲ ၀င်ရန် နှိုးဆော်ပါသည်။
သေတနေ့  မွေးတနေ့ 
အာဇာနည်တို့ သွေး..နီရဲစွေ့ စွေ့ ၊

ဒီလိုမှ မစွန့် ရဲက
နောင် အနှစ် ၂၀ ၊ ပညာတတ်သူရှား
တိုင်းပြည်ပိုပို ..စုတ်ပြတ်သွား.
ကယ်ယူကြပါ ပြည်သူတွေ.၊
ဒါ အမျိုးသားရေး တာဝန်တွေ.
ပါဝင်စုစည်း..တတ်နိုင်သမျှ နည်း
ဗမာပြည်ကြီးကို ကာကွယ်ကြပါစို့ ။
မြေးများသို့ ကောင်းမွေ ထားခဲ့ကြဖို့ ။

မသဒ္ဓါ ( ၁။၁၈။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */