Tuesday, January 22, 2008

နံသာဆီ နဲ့  အီး


အာဏာရူး။ စည်းစိမ်ရူး။
တဏှာရူး။ ပါဝါရူး
အာသာငမ်းငမ်း။
လောဘမသတ်နိုင်၊ သွားရည်တဖြန်းဖြန်း။
မနားတမ်း ကြိတ်။
မိသားတစုလုံး ငတ်ကြီးကျနှိပ်။
ရွှေငွေ အထည်ဆိုင် ပိုက်ဆံမပေး၊ လုယက်ကြ။
အလည် အခစားဝင်တဲ့ ၀န်ကတော်များ
ဝတ်စားသွားတဲ့ လက်ဝတ်စားတောင်
ကြိုက်တယ်ဆို အတင်းတောင်းရက်။

ကြီးဒေါ်ကြီး ရဲ့ လောဘမီးစက်။

ဝန်ကတော်တွေကြား၊ လက်တို့ ပြီးကဲ့ရဲ့။
သူုဆီ အခစားဝင် ။
ကောင်းတာတွေ ဆင်မသွားနဲ့ 
အရှက်ကိုမရှိခဲ့။ အတောင်းလည်းပက်စက်ရဲ့
ဝတ်သွားတဲ့ စိန်နားကပ် ချွတ်တောင်း ရင်
နားပေါက်ဟောင်းလောင်း
ဝန်ကတော်ငယ်လေး အိမ်ပြန်မကောင်း။
သူခိုးထက် သူဝှက်၊ ထက်မြက် လက်စောင်း
မချိပြုံး.လေးနဲ့  မပေးမကောင်း ပေးမကောင်း
မသထာဘဲ ဆက်သခဲ့ရပါကြောင်း။

လင်သေမုဆိုးမ၊ လုပ်မစားတတ်လို့ 
စစ်တပ်ထဲ နောက်လင်မဲချ။
ဂေါ်မစွံ ဘီလူးကြီးရထားရပြီး။
မေတ္တာဆိုတာ ဘယ်မှာလည်း? ။
အမှန်ဆို.ဒါ..မေထုံနဲ့ နွားသားဖေါက်ခြင်း။

သူ ကံကောင်းလို့ ဘုရင်ကတော်ဖြစ်
မိုးမမြင်လေမမြင်။ မီးယမ်းကုန်ညစ်။
ဆွေခုနှစ်ဆက်။ စားနိုင်အောင်
ပြည်သူ့ လည်ညှစ်။
မင်းမဲ့ တိုင်းပြည်ဖြစ်နေ။
ကြီးဒေါ်ကြီး ဟာ နန်းမတော် မယ်နု။
ထမီစုတ်တခု အရင်းပြု။

သူနာပြု ဆရာမလေး ဒေါ်ခင်ကြည်။
ဘုကလန့် ဂွစာယောက်ျား
ပျားများလို ကြိုးကြိုးစားစား အသေခံတုတ်။
နယ်ချဲ့တွေကို မောင်းထုတ်
တိုင်းပြည်အတွက်ဘဲ အသက်ရှင်တဲ့လူသား။
တော်ရုံမိန်းမ ဒီလိုလူ ယူရဲမလား။
ဒီ ကိုအောင်ဆန်းကို ရင်နဲ့ အမျှချစ်
ဘ၀ တစ်ခုလုံး ပေးခဲ့တဲ့အဖြစ်။

ဗိုလ်ချုပ်ဆို .အင်္ကျီအထည်နည်းနည်း
ရှိသမျှ နဲ့ ရောင့်ရဲ
ဘိနပ်လေး.တစ်ရံ။ နှစ်ရံထဲ
တိုင်းပြည်အတွက် အသက်စတေး
မိသားစုရေးတောင် သူမကြည့်
ကျဆုံးတဲ့ ဗိုလ်ချုပ်မိသားစု။
တိုင်းပြည်က ဘာတွေ ထောက်ပန့် မှုပြုခဲ့ပါသလည်း။
ကျမတို့  ဘာတာဝန်ကျေ ခဲ့ပါသနည်း။

သူနေတဲ့ အိမ်များ။ ပြတိုက်များဖြစ်။
နေစရာ အိမ်ရယ်လို့ 
(၅၄) တက္ကသိုလ်ရိပ်သာလမ်း.
ဒေါ်ခင်ကြည်ရဲ့ ဘ၀က ကြမ်းတမ်း။
ကိုယ်ကျိုးစွန့် နိုင်ငံခေါင်းဆောင်နဲ့  ချစ်ဇာတ်လမ်း။

လင်သေတဲ့ ခဏ
ခလေး (၂) ယောက်နဲ့မုဆိုးမ
နေ၀င်းက လက်စလက်န. အမျက်ရနိုင်တာမို့ 
ဥပါယ်တမျဉ် အကွက်ချ
တိုင်းပြည်က အလုပ်ပေး သယောင်ယောင်
ဟန်ဆောင် နှင်ထုတ်ခဲ့ ပြီ။
အနောက်ဖက်က အိန္ဒိယပြည်
ရှာစားပေတော့ မခင်ကြည်.
နင့် လင်သေတာ ဒို့ နဲ့ မဆိုင်င်္ပြီ။
ကံဆိုးမ သွားရာ မိုး တစက်စက်
ခလေးလက်ဆွဲ တိုင်းပြည်ကထွက်။

လင်သေ.သားဆုံး
အခုလည်း သမီးပါ ဘ၀ဆုံးအောင်
တိုင်းပြည်ကိုချစ်။ လင်သားကိုချစ်
နေ၀င်း မယားပေါင်း အဆက်ဆက်ယူလည်း.
လင်တဆက်ထည်း သစ္စာရှိတဲ့ မုဆိုးမ
အမေ ဒေါ်ခင်ကြည် ကမှ
မဟာသီရိသုဓမ္မဘွဲ့ ရ..
အာဇာနည်ဘဲ ဖြစ်ရတယ်။
မြန်မာပြည်သူ တွေကြား
ဘယ်တော့မှ သူဂုဏ်မငယ်။

အခု
အာဇာနည် မုဆိုးမအတွက်
တခုထည်းသော နိုင်ငံတော်ရဲ့ ထောက်ပန့် သမှု
ဖုန်းဆိုးစပြု နေတဲ့ ခြံဝန်း
သုတ်ဆေးကွာ အိမ်စုတ်တလုံး
အသံပျက် စန္ဒယားတလုံး
လင်ဆုံးတဲ့ သမီးလေးမုဆိုးမ
ခလေးငယ်ဘ၀က ဖခင်ဆုံးခဲ့တဲ့ သမီး
အပြင်ထွက်ခွင့်မရ အချုပ်အနှောင်တည်းပြီး
တပြည်လုံး ဒီအတိုင်းကြည့်နေကြ။
ဒို့ တွေ တရားမျှတပါ့မလားကွယ်။
ကျေးဇူးမသိ ။ မြန်မာလို့ ပြောရမှာတောင်
ကြာကြာလေ ရှက် ရှက်လာတယ်။

ဒို့ ပြည်သူ အားလုံး
ဇာတိ မညှိုးတဲ့
အာဇာနည်မျိုးရိုး ကို ကယ်ဆယ်ကြစို့ ။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သို့ 
ဆက်လက် တော်လှန်.
မြန်မာပြည် နဲ့ အတူ လွတ်လပ်ရန်။

မသဒ္ဓါ ( ၁။၂၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */