Saturday, January 26, 2008

အသံမမြည်တဲ့ ကိုယ်ပေါ်က ချိန်ကိုက်ဗုံး


ခုခံအားကျဆင်းမှုရောဂါ (သို့ မဟုတ်) AIDS
မြန်မာပြည်မှာနှိပ်စက်
လူမှုရေး စည်းကမ်းပျက်.
စီးပွါးရေးမခိုင် ပြိုလဲချက်။
နိုင်ငံရေးဖိနှိပ်ချက်။
မခံနိုင် ဆန္ဒပြ ထောင်ချ။
မိသားစု ရှာစားမရအောင်ထိုးနှက်
လယ်သိမ်း မြေသိမ်း
ကုန်စိမ်းသည် ဈေးဘန်းအစသိမ်း
လာဘ်မထိုးနိုင်သမျှ လုပ်ကွက်မရ
လူလတ်တန်းစားများ အဆင့်ကျ။
တစတစ..လူမွဲများ ပိုပိုဂျောက်ကျ။
အလယ်အလတ်လူတန်းစားပျောက်
ရေပေါ်ဆီ လူ့ မလိုင်များ နဲ့ 
အနယ်မှုန် ဆင်းရဲလူတန်းစား
နှစ်တန်း နှစ်စား ဘဲကျန်တယ်။

ယောက်ျား မွဲရင် စစ်ထဲဝင်။
မိန်းမ မွဲ က XXX ဖြစ်ကြ။
နိုင်ငံရေး ဂုတ်သွေးစုတ်မှု
လူမှုရေးအရ ကျွန်ပြု
စာရိတ္တတွေ.အူမကြောင့်မတောင့်ခံနိုင်ပါဘု
ဝမ်း တွေက ဆာ
ဗိုက်တွေက နာ
သားသမီးအရင်းတွေ ရောင်းစားကြ
နိုင်ငံခြားကို လိင်ကုန်ကူး
အာရှ တစ်ခွင် မှာ
ရိုးသား တည်ကြည်တဲ့ ဗမာမိန်းမ
ရှက်ကြောက် ဖြူစင်တဲ့ ဗမာမိန်းမ
နအဖ ကြောင့် XXX ဖြစ်ဖူးပြီ။

ယောက်ျားလေး တန်ဆာ..
လိင်ဆေးဖေါ်ရန် ဈေးကွက်ကျ
ခလေးတွေ သတ်ဖြတ်ပြီး..
ဝှေးစေ့ ထုတ်ရောင်းကြတယ်တဲ့
အမလေး..မကြားဝံ့ မနာသား
တိုင်းပြည်က လောက်စား
တပ်မတော်အောက်မှာ ပဲ့ရွဲ့ နေပြီ။
ကျားကန်ပါတောင်..အချိန်သိပ်မမီ။

တော်ပါတော့ နအဖ
တိုင်းပြည်မွဲတေ ကျနေပြီ။
ဗမာမတွေ.AIDS ရနေပြီ။
စစ်သားမယားတွေ ရောဂါကူး
စစ်သား ၅သိန်းလည်း သိပ်မကြာ
ပွဲသိမ်းရတော့မှာ။

ရောဂါသည်ပေါင်း ( ၃) သန်း (၆) သောင်း
စစ်တပ်ထဲမှာတင် လူ (၁) သောင်း
မကြာခင်
အာရှရဲ့ ကူးစက်မဲ့ ရောဂါ လေပူပေါင်း
ဗမာပြည် လူသူမရှိ ဟောင်းလောင်း
မသာအလောင်း တန်းစီတော့မယ်၊

ထပ်မမိုက်ကြပါနဲ့ တော့ နအဖ။
ပြည်သူဆီ တိုင်းပြည် ပြန်အပ်ကြပါတော့။
တိုင်းပြည်ဟာ ချောက်ကမ်းပါးဝ မှာမဟုတ်
နွံ အိုင်ပုပ်ထဲမှာ
လှုပ်လေလေ နစ်
မြုပ်လေလေ..ပိုပို စိတ်ညစ်
ကြိုးကွင်းပစ်ကယ်မဲ့သူ အလာ
မူတူတူ ခေါင်းခါ မနေပါနဲ့ တော့
ပြည်သူကို ကယ်တင်လှဲ့ ပါတော့

မသဒ္ဓါ (၁။၂၅။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */