Tuesday, January 15, 2008

တကယ်..စူးတဲ့ ၊ နအဖ ရွှေဥာဏ်တော်၊


မြန်မာပြည် ဧရိယာက
စတုရန်းမိုင်ပေါင်း ၂သိန်း ၆သောင်း
တောင်မှမြောက်ဆီ မိုင် (၁၂ရ၅) မိုင် ရှည်လျှား
အပူ အအေးပိုင်းဇုံမျဉ်း က
တကောင်းမြို့ နားမှဖြတ်သန်းထား
အပူုပိုင်းနဲ့  သမပိုင်းဇုံရာသီ
မုတ်သုန်ရာသီနဲ့ ခြောက်သွေ့ ရာသီ
မြန်မာပြည်မှာ ရှိကြသည်။

အနောက်၊ ပဲခူး၊ ရှမ်းရိုးမ တို့ 
တောင်ကြောသုံးဖြာ၊ ကာရံထား.
ဧရာ သံလွင်.စစ်တောင်းမြစ်အလျှဉ်
သွင်သွင်စီးနေ
ရေရရေး ပေါ် မူတည်။
ရာသီဥတု ပေါ် မူတည်၊
မြေဆီနူ ပေါ် မူတည်။
စိုက်ရာသီးနှံ၊ ကွဲပြားသည်။

မွန့်ပြည်က ရာဘာ၊ ချင်းတောင်ပန်းသီး.
ကချင်သစ်ခွ၊ ရခိုင်သဇင်
ရှမ်းပြည် လက်ဖက်၊ ရွေးချယ်လျှက်
ဒေသ လိုက်ဖက်
ထွက်မဲ့ စိုက်ကုန်၊ သီးနှံစုံ။
အလယ်ဝှမ်းမှာ၊ ဆီ ပဲနှမ်း
ဝါဂွမ်း နဲ့ ပြောင်း ဆေးပင်။
မြစ်ဝကျွန်း ပေါ် တွင် စပါး.
နေရာကွဲပြား၊ စိုက်ပျိုးထားကြ။

အလယ်ပိုင်းတွင် မိုးခေါင်ရေရှား
ခြောက်သွေ့ ရပ်ဝန်း တခွင်
အနော်ထာရဲ့ တန်ခိုး.ဆည်ရိုးတာဖွဲ့ 
လယ်တွင်းတဲ့ ကိုးခရိုင်.
ကျောက်ဆည်တရိုး။ စပါးသီးနှံဖြိုး။

ဆည်တွေ ဘယ်လောက် ဖောက်ဖောက်
ဆည်ရေတွေ ဘယ်လို သောက်သောက်
ယနေ့ ထိ မိုးခေါင်ရေရှား
နံမည်ကျော်တဲ့ ခြောက်သွေ့ သုံးခရိုင်
ကျောက်ပန်းတောင်း။
မကွေး နဲ့  ချောင်းဦး.
မြေဆီလွှာမွဲ။ ရွံ့ နုန်းသဲမြေ၊
ရေမနေ။ နေရှိန် ခမ်းခြောက်
တံလျှပ်ပေါက်တဲ့မြေ။
အပင်ခြေ.ရေမနေ။
ဝါဂွမ်းဘဲ စိုက်ရာမြေ။

အခုအခါ စစ်တပ်အတွက်ရိက္ခာ။
ဝန်ထမ်းမျှဖို့ ဆန်ရိက္ခာ.
နိုင်ငံပို့ ချင်လို့  စပါး လိုက်ရှာ။
အလွယ်ရစေ။ ဆင်ခြင်မဲ့နေ
လေထဲ ဆောက်တဲ့၊ နအဖရဲ့ စီမံကိန်း
မသိ မတတ်ဘဲ.အော်ဟစ်ကြိမ်း။
လာဆရာလုပ်တဲ့ နလဗိန်း
ရေမှ မထိန်းနိုင်တဲ့ သဲနုန်းမြေ.
စပါး စိုက်ပါလေ တဲ့။
တော်လိုက်တဲ့ လူကြီးမင်းတို့ အကြံ။
ဘိုးစဉ်ဘောင်ဆက်
စပါးတသက် မဖြစ်တဲ့မြေ
သကြားမင်း လာစိုက်ပါ တောင်
အပင်မပေါက်နိုင်ပါ တဲ့ စပါး။
နွားထီးကိုဘဲ ကိုယ်ဝန်ဆောင်ခိုင်းပါတော့လား.
ရေခွန် ကြီးလေး။
ဒါ လယ်သမားပေးရန်မလို။
ကိုယ်စိုက်ချင်လို့ ၊ရွေးတာမှမဟုတ်
ကြွေးတင် ရှင်ဘုရင်ဘဲဆပ်ပစေပေါ့။

တောင်သူလောက်မှ မင်းတို့ မတတ်
ဘာစီမံကိန်း တရပ်လည်း။
အစဉ်အလာ မပျက်။
ပုဆိုးယက်ခဲ့တဲ့ မလှိုင်ဝါ။
စပါးနဲ့ မလဲသာ။
အခု တမျိုး၊ တော်ကြာ တမျိုး
လူကြီးမင်းတို့ ၊ စီမံကိန်းလုပ်ရပ်၊
ကြာကြာလေ..တောင်သူငတ်.
စားနပ်ရိက္ခာတွေ ပြတ်.
တပြည်လုံး ငတ်စေရိုက်နှက်.
အဲဒါ..ဘယ်သူ့ ရဲ့ လက်ချက်။.

ကျွဲချိုမှာ နို့ ညှစ်။
မဖြစ်နိုင်တဲ့..အဓမ္မ စီမံကိန်း
လယ်သိမ်းချင်တဲ့ ချစ်တီးအကြံ
ဒါ နအဖက ဆင်ကြံကြံ.
တီဗွီ သတင်းထဲ
ကျော်ဆန်း လေဖြီးတဲ့
ထွက်မယ်ဆိုတဲ့ စပါးတင်းတစ်ရာ.
ဒီလောက်တောင် တော်လှ.
ကိုယ်တိုင် လယ်ထွန်မင်္ဂလာဆင်း
လာစိုက် လာရိတ်ပြကြပါ။
အပြောမဟုတ် ။
လက်တွေ့ ယုံကြည်စေရာ။

မသဒ္ဓါ (၁။၁၄။၂၀၀၈)

1 comment:

Goldie Shwe said...

Dear Sister Thadar

Yes, I do rember all those long and short term plannings and projects, which we had to learn, if you want a degree from the university. (hnit shay, hnit toe si man gane myar). Where are they all gone? Buried along with the dead bodies of Nay Win and San Yu, who planned them I guess, after the first 20 years of hell in the country.

Then the second 20 years of hell : more projects, more peace and quiet time in the country? All gone again with 2007 protests.

Now what ? More lies, more stupid projects ? Sun Flowers projects (nay kyar) for living longer ? More like (Thay Nar) project - they will get hurt and die and poeple won't even spit at their dead bodies.

Naychiu

 
/* EOT ----------------------------------------- */