Saturday, January 19, 2008

လုံအောင်ထိုင်နေ..ပြီးမှ မပြောမရှိနဲ့ 


ဘယ်သူတွေ ဘယ်လောက်ဆွေးနွေး
ဘယ်လိုစေတနာနဲ့ တွေး
မြန်မာပြည် ကောင်းစားရေး
လူယုတ် နအဖ ကမဖြုံသေး။
မထုံတက် တေးကလေး။

မိုက်..ပြီးရင် မိုက်။
ကုလားမကြား နားမကြားခိုက်။
လက်ပိုက်ကြည့်လို့ ကြာရှည်မဖြစ်.
တရက်တရက်. တိုးတိုး ပိုညစ်။
တိုင်းပြည် ဆင်းရဲတွင်း ပိုနင့်နင့်စေ။

နအဖ ဆင်တဲ့ ဗုံး..
တစ်လုံး ပြီး တစ်လုံး.
ဟိုနားပေါက်ပြ ဒီနားပေါက်ပြ
ပြည်သူကို မျက်လှည့် လာပြ..
ချောက်ကမ်းပါးအောက် တိုင်းပြည်မကျဖို့ 
စစ်တပ်ဘဲ ဆက် အုပ်ချုပ်ကြစို့ 
အော်..တယ်လည်း..အုပ်ချုပ်ရေးတော်ကြ
တတ်ကြတယ် မဟုတ်လား။
တပြည်လုံးက
မိန်းမတရုပ်တွေဆီ..XXX ခံရတော့မယ်။
တပြည်လုံးက
ယောက်ျားသား ကိုရီးယား ကျွန်ခံသွားရတော့မယ်။
တပြည်လုံး AIDS ပြန့် နှံ့ ။
တမျိုးသားလုံး မျိုးပြုတ်တော့မယ်
ကြည့်ကျက်လုပ်ပါဦးလား.ကိုဥာဏ်ကြယ်။

အတိုက်အခံက၊ ပြည်သူ့  ဘဏ္ဍာမစား
စစ်တပ်ဘဲ ဖြဲကား စားနေတာ.
မပိုင်ဘဲ..အလဟသ ဗုံးမခွဲ
ခွဲချင်းခွဲရင် စစ်တပ်ထဲ လာခွဲ
ကြံ့ဖွတ်ရုံးချုပ် လာခွဲ
အိမ်သာထဲ ။ ဘူတာထဲတော့ မခွဲဘူး ကိုယ့်လူ။
မပိုင်ရင် ခြင်တောင် မရိုက်သေးတဲ့လူ။

စစ်တပ်ထဲ ဗုံးကွဲ
နေပြည်တော် ၀န်ကြီးအိမ်တော်တွေ ဗုံးကွဲ
သန်းရွှေ သာ ဗန္ဓုလ လို သေပွဲဝင်ရင်
ကျုပ်တို့ မလုပ်လည်း..လုပ်တယ်ဂုဏ်ယူဆိုမယ်။
ဟင်း ဟင်း ဟင်း..
မင်း ပုဇွန်ချေးအကြံ..လူတိုင်းမြင်တယ်။

ပြည်သူတွေ အသက်ကို စတေး
မင်းဆက်တည်ရေး.. မင်းကြိုးစားလည်း.
မင်းတို့ ခွေးကျင့် ခွေးကြံ
လူမှန်ရင် သိတယ်။
ရရင်ရ..မရရင်ချ။
ဒီ တနည်းဘဲ ကျန်။
ဘာဘဲ ဖြစ်ဖြစ်
ဒို့ တတွေ အသက်ပေးတော်လှန်
မင်းတို့ အသက်၊ ဖက်နဲ့ ထုတ်ထားကြရန်။

မသဒ္ဓါ ( ၁။၁၈။၂၀၀၈)

1 comment:

Unknown said...

မဂ်လာပါအန်တီ။... အန်တီ့ကဗျာတွေဖတ်ရတာအရမ်းအားရတယ်။ ကျေးဖူးလည်းတင်ပါတယ်အန်တီ။ န.အ.ဖ ဆိုတာက နိုင်လိုမင်းထက် ၊အာဏာဖြင့် ၊ဖမ်းဆီးချုပ်နှောင်သည်။ လို့ အဓိပါယ်ရပါတယ်။

 
/* EOT ----------------------------------------- */