Friday, January 4, 2008

ရွှေမင်းသမီး နဲ့  မိစ္ဆာ သရဲအိုကြီး။


သူမ ရဲ့ လှပတဲ့မျက်နှာကလေး.
ကမ္ဘာကအရေးတယူ ချစ်ခင်ကြ။
သူ့ ရဲ့ မဲ့ခွက်ခွက်နဲ့ မျက်နှာကြီး
တွေ့ တာနဲ့ ကြက်ဥပုပ်နဲ့ ပေါက်ချင်လှ။

သူမ ရဲ့ အပြုံး
လူသား အားလုံးရဲ့ စိတ်ကို ရွှင်ပြုံးစေ။
သူ့ ရဲ့ အပြုံးက ကျက်သရေ မဲ့
ဖနောင့် နဲ့ သာ ပေါက်ချင်စရာ။

သူမ ရဲ့ ဘိုးစဉ်ဘောင်ဆက်
တိုင်းပြည်အတွက် အသက်စွန့် ခဲ့တာ။
သူ့  ရဲ့ ဘိုးစဉ်ဘောင်ဆက်က၊ သတ္တိအပြင်မထွက်
လယ်ကတွတ်ပေါက် မှာ..ဖားကောက်နေ။

သူမ ရဲ့ နံမည်ကကျော်ကြား
ကမ္ဘာတလွှားမှာ ပန်းလေညှင်းလို တင်ပေါ်။
သူ့ ရဲ့ နံမည်ဆိုး.ပြောမိ ခဲ့ရင်.
ဖရုသ၀ါစာ နဲ့ ဆဲခံရဖို့ သာပြင်။

သူမကို ဂုဏ်ပြု.ဒေါက်တာဘွဲ့ ပေးကြ
ရေတွက်မရ..တစုတပုံ။
သူ့ ရဲ့ ငယ် ကိုရင်ဘွဲ့ တစ်ခုတောင်
ဘဘုန်းကြီး က ပြန်သိမ်းသွားပြီ။

သူမ ဟာ.ဂုဏ်ထူးဆောင်။
သေရင်တောင် အနှစ်တစ်ထောင်မေ့စရာမရှိ။
သူ ဟာအာဏာရူး လူမိုက်
နံမည်ဟာ ခွေးရေ ပုရပိုက်ထဲမှာ။

သူမ ဟာ.နံမည်ကျော်
ဆု တံဆိပ်တော်တွေ၊ အမျိုးမျိုးချီးမြှင့် ခံနေရ။
သူ ဟာ မိန်းမရဲ့ အတွင်းခံဘောင်းဘီတွေ ကြား
ပြေးပေါက်မှား၊ အသက်ရှုမှား၊ ဗျာများနေတဲ့သူ။

သူမ ရဲ့ ဇာတ်လမ်း.အောင်မြင်မှူအထွဋ္ဋ်အထိတ်နဲ့ 
ဇာတ်သိမ်းရမှာ ။
သူ့ ရဲ့ နိဂုံး သူသတ်ကုန်းမှာ စီရင်ချက်ချ၊
သေစားသေစေ။

သူမ ရဲ့ သားစဉ် မြေးဆက်။
သူ့ အတွက်ဟာ.မမေ့ မပျောက် ဂုဏ်ယူနိုင်ကြစေ။
သူ့ ရဲ့ လူယုတ် မျိုးနွယ်
သူသေတာနဲ့  မျိုးပြုတ်ကြတော့မှာ။

သူမ ဟာ.ဒေါ်အောင်ဆန်းစုကြည်။
အာဇာနည်မျိုးရိုး၊ သံမဏိ လေဒီ
သူ ဟာ လူကြီးမင်း

သာသနာဖျက် လူယုတ်မာလေ။

ပွဲဆုံးအောင်ကြည့်။
ဘယ်သူက အနိုင်နဲ့ ပိုင်း
ဘယ်သူက စားရမယ်..အရှုံးရဲ့ ကြက်ချေးတုံး။

မြန်မာရိုးရာ..ပီပီသသ
အပြစ် ထင်ရှားက
တံကျင်သျှိုသတ်မဲ့ လူထု အပြစ်ပေးပွဲ။
မင်း ဖင်ကွဲပြီး သေတော့မှာမလွဲ။
လူထပ် သတ်ရဲရင်..မင်းထပ်သတ်ကြည့်။
ပြီးမှ…မပြောမရှိ နဲ့ ။

မသဒ္ဓါ (၁။၃။၂၀၀၇)

1 comment:

Goldie Shwe said...

Dear Ma Thadar

This is so funny. I know where to come when I feel sad. I can imagine someone waiting by the paddy field to pick up frogs. I can also imagine the Abbot, taking away the title he's got when he joined the monkhood as a boy.
Are you quite sure that you haven't got Master degree in Burmese, as well as some other degrees that you have?

We are so lucky to have you to write poems like these for us. We are extremely proud of you.

With Myitta and Thissa

Nay Chi U

 
/* EOT ----------------------------------------- */