Wednesday, January 16, 2008

ဟစ်တိုင် ဆီကအသံများ

အမေရိကန်က ဘယ်လို၊ ရုရှားက ဘယ်ဝါ ၊ တရုပ်နဲ့ ကုလားက ဘယ်ချမ်းသာ၊ ငြင်းမနေကြပါနဲ့တော့ ။ ဒီက ကိုယ့် ကိုယ်ကို ခေါင်းဆောင်တင်ထားတဲ့ အရူးကြီး တွေ တစ်ရက်ကို ဘယ်နှစ်နာရီများ တိုင်းပြည်ကောင်းစား ရေး စဉ်းစားဘူးသလဲ။ စင်္ကာပူ မှာ ၁၅ဒေါ်လာပဲ ပေးရတဲ့ ဟန်းဖုန်းကဒ်က ရန်ကုန်မှာ သိန်း၃၀ ဖြစ်နေတာ ဗမာပြည် ကောင်းစားရေးလား။

ခုနက ဦးပွကြီးပြောတဲ့ အိန္ဒိယမှာ ဆလွန်းကား တစ်စီး ဒေါ်လာ ၂၅၀၀၊ ဗမာငွေနဲ့ဆို ၃၂ သိန်းလောက် နဲ့ဝယ် လို့ရတယ်တဲ့ ။ အခုဒီမှာ ဈေးကြီးနေတာ တိုင်းပြည် ကောင်းစားရေးမူဝါဒ လား။

ရဲ ရဲ့လစာ နဲ့ သူ့မိသားစု ဘယ်လောက်ပါ့မလဲ။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းပြချက်နဲ့ဘဲ သူခိုး ဓမြ ဘ၀ကို ခံယူမှာ လား။ အဲဒီလို ရတဲ့ ပိုက်ဆံနဲ့ သူဌေး လုပ်မှာလား။

အမှန်ကို ရင်ဆိုင်ကြစမ်းပါ။ ဆက်ကြေး မတောင်း၊ မခိုးပဲ ဘယ် ရဲကများ နေနေလို့လဲ။ ၀န်ထမ်း ဆိုသူတွေ လည်း ဒီလိုပါပဲ။ ရုံးက ဓါတ်ဆီထုတ်ရောင်းတာ အပြစ်ကင်းရဲ့လား၊ ကုသိုလ် လား၊ သူခိုး အလုပ်လား၊ ဗမာဆို တာ သူခိုးမျိုး လား၊ သူခိုးကြီး ကို ဆရာတင်ပြီး သူခိုး တပည့်ဘ၀နဲ့ သေတော့မှာလား၊ လစာက မလောက်လို့ ပါတဲ့ ၊ မိသားစု အားလုံး အလုပ်လုပ်တာ မလောက်သေးဘူးလား။ ဟိုအရင်က ဗမာပြေမှာ တစ်ယောက်လုပ် ရင် တမိသားစုလုံး ထိုင်စားလို့ရတယ်ဆို။ အဲဒါ ဒဏ္ဍ္ဒာရီ လား ။

ဘယ်ကဟုတ်ရပါ့။ ဗမာပြည်မှာ ပိုက်ဆံတွေကို အတိုင်းအဆမရှိ ရိုက်ထုတ်ပြီး ဖြုန်းနေတာ အာဏာရူးတွေ ကြောင့် တိုင်းပြည် နာတာပေါ့ ၁၉၈၈ နောက်ပိုင်း ငွေစက္ကူတွေ ဘယ်လောက်ရိုက်ထုတ်သုံးပြီးပြီလဲ ဘာလို့ ရိုက်ထုတ်လိုက်တဲ့ ငွေပမာဏကို မကြေငြာရဲသလဲ အဲဒါ ခိုးနည်း ၂၅ မျိုး ထဲက တမျိုးပဲ ၊ အာဆီယံမှာ တိုးတက် နေပါတယ် ဆိုတဲ့ နိုင်ငံတွေ မှာရော ဒီလိုပဲလား။ တရုပ်ပြည် လဲ ဒီလိုပဲလား ဘယ်ကဟုတ်ပါ့မလဲ ။

ဘယ်အစိုးရ ကမှ ပိုက်ဆံကို ထင်တိုင်းကြဲ ရိုက်ထုတ်ခွင့်မရှိဘူး: ကဲ ပြောစမ်းပါ ၊စင်္ကာပူ ဘယ်လို တိုးတက် ခဲ့သလဲ ၊ တရုပ်ဘယ်လို တိုးတက်ခဲ့ သလဲ ၊ ၁၉၈၈ ထဲက ပညာရှင်တွေ၊ သာဓု ခေါ်လောက်တဲ့ လုပ်ရပ်တွေ ဘာတွေများရှိသလဲ ။ တိုင်းပြည်မှာ မြို့တော်အသစ် တည်တယ်ဆိုတာ ဂျော့ဘုရှ ပူတင် ကျန်ဇီမင်းတို့ တစ်ဦး တည်း တစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ အရာမဟုတ်ဘူး ။

အစိုးရ ကက်ဘိနက်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက် နဲ့တောင် မြို့တော်အသစ် ဆိုတာတည်လို့မရပါဘူး ။ အခြေခံဥပဒေမှာ ဒီလိုပါ လေ့ပါထမရှိဘူး ။ ရန်ကုန်ဟာ ဘယ်အချက်တွေနဲ့များ မြို့တော် မဖြစ်သင့်ရသလဲ။ အဲသလိုမျိုး တတိုင်း ပြည်လုံးရဲ့ ပိုက်ဆံတွေကို ငါ့ပိုက်ဆံ အထင်နဲ့ ရှောက်သုံးနေတာ ပြည်သူ့ခေါင်းဆောင် လား။ ဓမြခေါင်းဆောင် လား ၊

စစ်တက္ကသိုလ်က ပညာရေးတက္ကသိုလ် တွေလိုပဲ ပညာရှင်တွေ မွေးထုတ် ပေးနေတယ် တဲ့ ၊ ဒီမှာ . . .ပညာရှင် ဆိုတာ သူတတ်တဲ့ပညာကိုပဲသစ္စာခံတယ် ၊ ပညာကမှားတယ် လို့ပြောတာကို အမှန်လို့ ဘယ်တော့မှ မလိမ် ဘူး။ တက္ကသိုလ်က ဘွဲ့ပေးလိုက်တယ်၊ ပညာရှင်လေး လွတ်လပ်စွာ ပျံသန်းတော့ ၊ အရာရာကိုပညာနဲ့ သာ ဆုံးဖြတ်တော့ ၊ လောကကို ပညာနဲ့ အလှဆင်တော့ ၊ ဘ၀ကို ပညာ နဲ့ တည်ဆောက် တော့ ၊ တိုင်းပြည် ကို ပညာ နဲ့အကျိုးပြုတော့ ၊

စစ်တပ်ကဘွဲ့ပေးလိုက်တယ်။ လူငယ်လေး ငါ့ထံ ဒီတစ်သက် ကျွန်ခံလေတော့ ၊ အရာရာ ငါခိုင်းတာလုပ်တော့ လောကကို သေနတ်နဲ့  အနိုင်ကျင့်လော့ ၊ ဘာမဆို မျက်စိမှတ်ခိုင်းတဲ့ အတိုင်း လုပ်တော့ ၊

သန်းရွှေဟာ အဖေပဲ အမေပဲ။ ဒီလောက်ဆို တို့တတွေအားလုံး ကိုယ့်ကိုယ်ကို မှန်ထဲ ရဲရဲကြည့် ၊ ငါ အခုဘာ လုပ်နေသလဲ ၊ ပညာသုံးပြီး ဘ၀ရဲ့အရှင်သခင်လား၊ သူများရဲ့အာဏာရူးလက်ဝေခံလား ၊ တိုင်းပြည်ကို ဖျက်ဆီး နေမိပြီလား၊ စဉ်းစား စဉ်းစား

တစ်ရာနှင့်တစ်ရက် မသိမှုကို ဆရာတင်၊ နှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သိမှုပညာကိုအဖော်ပြု၊ တစ်ရက် အသက်ရှင်ရတာက ပိုပြီးမြင့်မြတ်တယ်ဆိုတာ ဒို့ ညီအကိုတွေ သိလာမှာပါ။ လုပ်သင့်တယ်ဆိုရင် ဒီစာတွေကို ဆိုက်ပေါ်တင်ပေးပါ

မောင်မောင်မသိ:
(၁။၁၅။၂၀၀၈မသဒ္ဓါ ၏ cboxတွင် လာေ၇ာက်ဆွေးနွေးပေးသော..မောင်မောင်မသိ ၏ အကြံပေးစာဖြစ်ပါ သည်။ ကျေးဇူး တင်ရှိပါသည်။ နောင် လည်း လာရောက်ဆွေးနွေး နိုင်ပါသည်ရှင့်။

No comments:

 
/* EOT ----------------------------------------- */