Monday, January 28, 2008

သင့် ကိုတိုင်းပြည်အတွက် အလိုရှိသည်။


အပြောကောင်းကောင်း.. ဦးအောင်သောင်း
အရှေ့ တောင်အာရှ တစောင်း
Made in Burma ဆေးမှကောင်းသတဲ့

ကျောက်ဆည်က အဘကြီးမွေးရပ်မြေ
စက်ရုံဖွင့်ပွဲ.. ဖားနေဆဲ။
ဗမာဆေး အစွမ်းပြသပါ့ဆို
စင်ကာပူသွား ဆေးမကုကြနဲ့
တုတ်ကွေးဖျား..ဂျင်းနဲ့ ထညက်ပြုတ်ရေသောက်
မိဖုရားကြီးခေါင်းတော်ခဲ..ဆနွင်းမှိုင်းတိုက်ရှူ
အကျောအချင်တက်ရာ..ကုတိုးနှာ နဲ့ နှာချေပါ
ရင်တုန်မောပန်း..သွေးဆေးတော်သောက်စမ်း
အဘကြီးသွေးတိုး..ဒန့်ဒလွန်ရွက်ဟင်းချိုသောက်။
ချောင်းဆိုးအသံဝင်.ကွမ်းရွက်ပြုတ်ရည် ဆေးထက်ဝင်။
ရှုရှု မပေါက်. သံမနိုင် ကျောက်မနိုင် ကျိုသောက်။
အ၀ှါမဖြစ်..ဆရာခဲ ဆေးတော်ကြီးရှိတယ်.
တိုင်းပြည်ဘဏ္ဍာနဲ့
ကျန်းမာရေးစစ်ဆေးမယ် ဆင်ခြေပြ
စင်ကာပူ ဈေးထွက်မ၀ယ်။

သွေးလွန်တုတ်ကွေးဖျား ခလေးများစွာ။
ဌက်ဖျားရောဂါ. ပိုးမွှားများ ဆေးပြီးလာ
AIDS မဆုံးနိုင်မဲ့ ရောဂါသံသရာ။
ဒီရောဂါများ
ကမ္ဘာ့ အမြင့်ဆုံး စာရင်းဝင်
ဖြစ်ပွါးတဲ့နေရာ မြန်မာ။
ကျန်းမာရေးစောင့်ရှောက်မှု
အဆိုးဆုံး စာရင်းဝင်တဲ့ နိုင်ငံ
ဘုရား ဘုရား လက်ကားယား
လက်ရှိ စစ်အစိုးရများက
ဘယ်သူမှ လာမတိုက်တဲ့ သူ့ တိုင်းပြည်အတွက်
စစ်စရိတ် ဘတ်ဂျက် ၄၀%
ကျန်းမာရေးစောင့်ရှောက်မှု ၀.၁ %
ပညာရေး ၁.၃ %
ဒီနိုင်ငံတိုးတက်ပါ့တော့မလား.
ခလေးများရဲ့ ၄၀% သာ အလယ်တန်းကျောင်းရောက်
ကျန်တဲ့ ၆၀% ဘယ်ပျောက်သွားပါသလည်း.
တပ်မတော်ကြီး ကို
အင်အားကြီးဖို့ ကူညီနေဆဲ
ခလေး စစ်တပ်ထဲမှာ။

အာရှနဲ့ ပိစိဖိတ်နိုင်ငံသားများ
သက်တမ်း (၇၀)ကျော် ရှည်လျှား
မြန်မာ့သက်တမ်း (၆၀.၂၉) နှစ်ဘဲရှိ။
ဒီလိုသာ ဆုတ်ကပ် နဲ့ သွားကြည့်
နောင်လာမဲ့ အနှစ်နှစ်ဆယ်..
မိုးထိမြင့်တိုက်များ.ရန်ကုန်တလွှားမှာ
နှုတ်ခမ်းနီိအရဲသား.၈နှစ်သမီးများ..
မှန်လှောင်အိမ်ထဲ..အလှရောင်းစားနေ။
ယောက်ျားချင်း လိင်တူကြေးစား
စင်မြင့်ပေါ် ကိုယ်လုံးတီးနီးပါး.
ဒေါ်လာများ..ဘောင်းဘီဖွင့်ပြီးလက်ခံ

ပေါများလာမဲ့ Night club.
ပညာတတ် လည်း။
ဗောင်းတော်ငြိတ်ဘဲ လုပ်တတ်
ပါးစပ်ပိတ်နေ အေးလေလေ
ထမင်းမငတ်ဘူး ဆိုတဲ့ဝါဒ
လူသားစိတ်တွေမှိုင်းမိကြ။
အများစု မိုးခါးရေသောက်ကြ။

စာသင်ခုံများ ဖုန်ထူထပ်နေ။
ဆရာမများ အလုပ်လက်မဲ့၊
ကြံ့ဖွတိထဲ ဝေလေလေ။
ဘုန်းကြီး ကျောင်းဝင်း..
ရုတ်ချည်း မျက်လှည့်ပြ
ဟော်တယ် နေရာသစ်ဌာန။
ရွှေမရှိတဲ့ ရွှေတိဂုံ။ ထုံးသင်္ကန်းဘဲရုံတော့။
ဘုရားမရှိ တရားမရှိ
ဖမ်းမှာ ကြောက်လို့ ဘုန်းကြီးဝတ်မဲ့လူမရှိ
တရားဓမ္မ သွန်သင် ပေးမဲ့ လူမရှိ.
မီးခိုးမဆုံး မိုးမဆုံး
တသက်လုံးမဲမှောင်တော့မည့် မြန်မာပြည်.

အနာသိ ဆေးရှိပါသည်။
အမှန်ကိုသိ..အားလုံး စေတနာရှိဖို့ လိုပါသည်။
သင် နေသည့် အိမ်အို ။
ပြိုမလဲ အောင်..
သင်နင်းသည့် ကြမ်းပြင်
ကျွံ့ မ၀င်အောင်..
ကျွန်ုပ်တို့ အားလုံးမှာ တာဝန်ကိုယ်စီ
စည်းရုံးညီညာ အောင်ကြောင်းဖြာကြစေ။

မသဒ္ဓါ ( ၁။၂၇။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */