Wednesday, December 5, 2007

ရှင်သန်ခြင်း၏ သစ်တပင်။ အမိမြေသို့ အလှဆင်။


ဗုဒ္ဓရောင်ဝါ၊ ထင်လင်းတဲ့ မြန်မာ ၊
မဂ္ဂင် ရှစ်ပါး၊ ပွါးများရာ မြန်မာ ၊
ဗြဟ္မာဇိုရ်တရား၊ ထွန်းကားတဲ့ မြန်မာ၊
ခန္ဓီစ တရား၊ လက်ကိုင်ထားခဲ့ မြန်မာ၊
ငါးပါးသီလ၊ ခါးဝတ်ပုဆိုးမက မြဲတဲ့ မြန်မာ၊
မေတ္တာ အကြင်နာ စေတနာ တရား
ရောင့်ရဲ ကိုယ်ချင်းစာတရား
သစ္စာတရားနဲ့ ဖူးဝေဆာ.
မွေးရပ်၊ အမိမြေ မြန်မာ။

ဒီလောက်လှပတဲ့မြေ။
ခုများ စစ်သံဖနောင့်အောက်ခြေ။
ကျောင်းသားများ ပညာရှုံး။
မျိုးဆက်သစ်များ..အနာဂတ်သုန်း။
သာသနာတော်အမွေ ပျက်ပြုန်း။
ဘုန်းဘုန်းများ..အသက်ဆုံးရှုံး။
ယူကျုံးမရ၊ ဗျာပါဒဆွေး
ရှိုက်ငိုကြွေး အသက်ပေးခဲ့ရ
လူ့ အခွင့်အရေး၊ ဆိတ်သုန်းသုည။

ခေါင်းငုံရင် ပိုဖိနှိပ်။
ဆိတိဆိတ်နေရင်..ပိုကြေ။
သည်းညည်းခံနေ..ပိုပိုသာဆိုး။
လက်မြှောက်လို့ မဖြစ်
ဒူးထောက်လို့ မဖြစ်။
အမိမြေကို ချစ်သူမှန်ရင်။
တူညီစွာပါဝင်နွဲ။ သပိတ်ပွဲသို့ ဝင်။

ခုစားနေတဲ့သရက်သီး
ဘိုးဘွားများ၏ ကောင်းမှုတော်.
ဒို့ စိုက်ဖို့ လို၊ ဒီသရက်ပင်အသစ်
မြေးမြစ်တွေ အတွက်ဖြစ်တယ်။
ရှင်သန်ခြင်းနဲ့ သစ်ပင်
စိမ်းရွက်ဝေလွင်။ ပုရစ်ဖူးစေဖို့ 
တယောက်တလက်၊ စုစည်းစို့ လား။
အသုံးချကြစို ၊့ ဒို့ ညီညွတ်အား။
လင်းလက်မဲ့ ၊ အနာဂတ်များသို့ ။

မသဒ္ဓါ (၁၁။၎။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */