Monday, December 24, 2007

ဟာဟာ့..ပျင်းတောင်…ပျင်းသေးတယ်။


(၂၀၀ရ) ဗမာပြည်က ဘာသာရေးစစ်။
ဘုန်းကြီးအတု နဲ့  အစစ်ပြဿနာ။
နအဖ ရဲ့ ရွှေဥာဏ်တော်ကြီးမားစွာ။
ခွဲခြားတယ်..တုတ်နဲ့ ခေါင်းကိုထု.
ဖရဲသီးရွေးသလို..အစစ်နဲ့ အတု။
မှတ်သားစရာ..မယုံရင်ဇာတ်လမ်းပမာ။

လက်အုပ်ကြီး လူကြားထဲတချီချီ
"ခြင်းကပ်မှ.. မင်းဆက်မပြတ်" တဘောင်အညီ
မသထာရေစာ..အလှုရေစက်ချပြီ။
တကယ်ဆို..
ဒါ ပြည်သူ့ ဘဏ္ဍာလွဲသုံးစားမှုဖြစ်သည်။

ညအခါ မှောင်ရင်..
ဘုန်းကြီးကျောင်းတွေ၊ ဒါးပြတိုက်
တောမီးလောင်တဲ့ခဏ
တောကြောင်ကထခိုက်
ပညာရှိခြောက်ခမ်း။
လူဆိုးသူခိုးတွေနေရာရလိုက်။
ကြံ့ဖွတ်စွမ်းအားရှင်တဲ့။ ပြည်သူရဲ့ရန်သူများ
အမဲဖျက်။ အမှည့်ချွေ
ကိုယ့်အမျိုးကိုယ်သတ်
နအဖရဲ့ ၀ံသာနုစိတ်ဓါတ်။

ကုလကိုယ်စားလှယ်.
လာစစ်မဲ့ပြည်ဝင်ခွင့်
ကြောက်ရွံ လေးဖင့်ဆွဲ..အကြောင်းမရှိဘဲ
မင်းနိုင်ငံဘယ်သူ လာချင်မလဲ
ရှိသမျ လူတွေတောင်..
ခွေးတိုးပေါက်က ထွက်ပြေးနေရ
မင်း က လူသတ်အစိုးရ
ဆွဲချဖို့ တော်နေပြီ။

ကုလကိုယ်စားလှယ်၊
ထုံးစံအတိုင်းလာဘ်တိုးမယ်မကြံနဲ့ 
မသင့်မတော်...ချောင်ထိုးမယ်မကြံနဲ့ 
လေးစားစွာ ဆက်ဆန်.
ဒါဟာ
ကမ္ဘာ့ ကိုယ်စားပြု သံတမာန်။
မွန်ဂိုသံသတ်လို့ ၊ပျက်ပြုန်းခဲ့ ပုဂံနမူနာ
သမိုင်းသေရာပါ၊ ဥပမာ။

ဒီထက်ဖိအားပေး
ဗမာပြည် စစ်မှန်စွာ၊ ဒီမိုကရေစီရရေး
ကမ ၻာ့အေရး။ အေမရိ္ကန္ရဲ့အေရး
ပြည်သူနဲ့ ထိုက်တဲ့၊ လွတ်လပ်ခွင့်ကို
ထပ်ခါတလဲလဲ..ပြောနေမှာပါဘဲ။
မင်းမကြိုက်ရင်။ လဲသာသေပွဲ။
စစ်မှန်တဲ့ အမျိုးသားပေါင်းစည်းရေးအတွက်
မနားမနေကျိုးစား၊ ကုလကိုတွန်းအားပေးထား
မှန်ကန်ဘက်မှာ ကျုပ်တို့ ရပ်
သန်း ( ၅၂ )သော ဗမာပြည်သား
ကျုပ်လေးစားတယ်..
ဂျင်တာရယ်..မင်းတွက်သွားစမ်း။
မင်းထက် ငါကြမ်းတယ်။

မင်းထက်အကောင်ကြီး၊
ဆာဒန်ကြီး ဖြိုရဲတာကျုပ်
မင်းမလောက်လေး မလောက်စား။
ငယ်ငယ်က..ဘုန်းကြီးကျောင်းမှာကပ်စား၊
ကြီးလာတော့ ဘုန်းကြီးသတ် လူယုတ်များ။

ကျုပ်လိုလူ လာမပြိုင်နဲ့ 
ကျုပ်က George W. Bush ၊
အမေရိကန်သမတ၊
ရွေးကောက်ပွဲ မဲနိုင်ထားရသူ
လက်ရည်မမျှဘူး လူကလေးသန်းရွှေ..
သနားတယ်လေ။..
အကျောပေးတောင် ကစားနိုင်။
ဖါးတု ခရုခုန်၊ ဒီအိုင်ပျက်ရုံပေါ့။
ကျုပ် လက်ပျက်ပါ့ မောင်ရာ
ပျင်းတောင်…ပျင်းသေးပါ့ဗျာ။

မသဒ္ဓါ (၁၂။ ၂၃။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */