Friday, December 21, 2007

အယူတိမ်းတဲ့ နတ်စိမ်း၊ မျက်ရည်ကျရမဲ့ လွမ်းဇာတ်သိမ်း။


နိုင်ငံလူ့အခွင့်အရေး ပဋိဥာဉ်စာတမ်းကြီး၏
စံထားချက်တွေနဲ့ အခြေခံမူတွေကို
လေးစား လိုက်နာကြဖို့
တကမ ၻာလံုးမွာ တာ၀န္ရွိ။
မြန်မာစစ်အစိုးရ သူမသိ
ရူးကြောင်ကြောင်
မူးယောင်ယောင်လုပ်
စစ်မင်းဆက်တော့။ သူပြုတ်ချင်နေပြီ။

ဥပမာဆို လူတိုင်းဟာ
သာတူညီမျှ၊ လွတ်လပ်စေရ
မွေးရာပါ အခွင့်အရေးတွေ ရှိ၊
ခံစားခွင့်၊ စံစားခွင့်
လူ့ဂုဏ်သိက္ခာနဲ့အညီ၊ နေထိုင်နိုင်ခွင့် 
ဒါ အခြေခံအဆင့်။
ဘာယဉ်ကျေးမှု၊ ဘာသာ၊
အစဉ်အလာအရ၊ မလိုက်နာနိုင်ပါက။
အာဏာရှင်၊ သူယုတ်အစိုးရ.
မိမိပြည်သူအပေါ်မကြင်နာက
ကမ္ဘာက၊ လက်မခံနိုင်တဲ့ တခဏ
ကုလသမဂ္ဂက၊ ဒီတိုင်းကြည့်မနေနိုင်ကြ။
လူညစ်အစိုးရကို..ဆွဲချခွင့်ရှိတယ်။.
ဒါ..နအဖ နားလည်ပါရဲ့လား။

ဒီ စာချုပ်၊
ကျုပ်လက်မှတ်ထိုးတာ ၀ုတ်ဘူး။
သိဘူး။ သိဘူး၊
ကျူပ်တို့ နဲ့ ဆိုင်ဘူး။
အရင်လူတွေ ထိုးခဲ့ကြ၊
ဘယ်မလဲ ပြ၊
ကျုပ်လက်မှတ် ဘယ်နေရာမှမပါဘူး။

ဘူးတလုံးဆောင်၊ အိုတောင်မဆင်းရဲ၊
ကုလားမကြား၊ နားမကြား။
ကုလ ၀င်မပါနဲ့ အလကား
ကြားစကားတွေမသိဘူး။
ဗမာ စတိုင်နဲ့ ဗမာ၊
တခြားသူစွက်ကူမှာ..မလိုပါ။

အနာဂတ်ဆက်ပေါင်းကူး
ကောင်းခြင်းပြည့်စုံ ၊
(၇) ချက် လမ်းညွန်မြေပုံကြီးရှိတယ်။
စစ်တပ် ကလွဲရင်
တပြည်လုံးဘဲ ကုန်ကုန်
လက်မရွံ့ သတ်ပစ်မယ်.ယုံ

တရုပ်အဖေကြီးကယူမယ်တဲ့ 
ဘာဘဲ ဖြစ်ဖြစ်၊ လူမပါရင်တောင်
မြေပါရင်ပြီးမဲ့ ၊ ဗမာပြည်ရဲ့ မြေပုံ
သူ့ ဆီမှာ လူစွမ်းအားအစုံ၊
နေစရာ မြေဗမာ၊
တစတစ..ချော့ပြီး၊
အချိုသပ်ကာ ယူ။

ကျုပ်နောက်မှာ လူဆိုးတွေရှိတယ်။
ခေတယ်များ ထင်နေလား၊
ကုလလောက်များ..နအဖမဖြုံ။
ဆက်ပလီ ညာနေမည်သာ၊
ပြောပြမယ်..လည်ဆည်တဲ့
မဆုံးနိုင်။ တထောင့်တစ်ညရဲ့ ပုံ။

ဂျပိုးလည်း လိပ်ဖြစ်
နအဖ ခေတ်မှာ..
ဘယ်လောက်ဘဲ ညစ်ညစ်၊
ဘယ်လောက်ဘဲ လိမ်လိမ်၊
ကလိမ်ကကျစ်ဆို တာဟာ၊
ဆင်သေကို ဖုံးတဲ့၊ ဆိတ်သားရေပါးဘဲ.
ကမ္ဘာကမသိ၊ အော်... ရှိနိုင်ပါသလား။
မင်းတို့ သာ.. ခပ်တုံးတုံးများ၊
အရှက်နည်းပါး။ နှစ်ခွနဲ့ မြွေလျှာဖျား။

အာဏာဘဲချစ်၊ တိုင်းပြည်မချစ်
ပြည်သားကိုနှစ်၊ အနာဂတ်တွေညစ်
မင်းဆိုးမင်းညစ်၊ သမိုင်း တွင်ရစ်
မှန်ကန်သူတွေ၊ ကြည့်မဖြစ်တဲ့တခဏ
၁၀၁ ပါးမင်းအမိန့် က..၀ရဇိန်လိုရှခဲ့ပြီ။
ဗမာနအဖ၏ ဇာတ်သိမ်းသည်။
ဘယ်သူ ငိုမည်၊
ဆက်လက်စောင့်ကြည့်ပါ၊
ငွေရောင်ပိတ်ကား ထက်ဆီ။

မသဒ္ဓါ (၁၂။၂၁။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */