Saturday, December 22, 2007

ကောင်းခြင်း၊ ဆိုးခြင်း၏ ဂုဏ်ကျက်သရေ။


အော်..
တော်တဲ့လူတွေများ.
ကမ္ဘာတလွှားမှ ချီးကျူးလေးစား
ရွှေဆုပြား၊ ငွေဆုဖလား၊
ငွေသားများ၊ အသရေဂုဏ်သိက္ခာများ
ပန်းသင်းရနံ့ ၊ လေညှင်းလေဖန့် ဖန့် ကဆောင်ယူ
ကောင်းသတင်းဆိုတာ၊ ဖုံးထားဖို့ မလွယ်ကူ
ဒေါ်အောင်ဆန်းစုကြည်၊
အမည်ကျော်ဇော ဇမ္ဗူတလူ။
ဗမာဂုဏ်၊ အမျိုးကောင်းသမီးများအတွက် စံနမူ။

အော်...
ညံ့ချက်ရယ် များ၊ တကဲ့ သူမတူ

အာဏာရှင်လူသား
မှုန်ညစ် ရှုံတွ။ မိုက်လုံး ကြွနေသူ
သေခါနီး ရိက္ခာယူ။ သိက္ခာဆိုး ကမ္ဘာကျော်သူ
နတ်ပြည်နဲ့ ၊ အလှမ်းကွာဝေးတဲ့သု
ဘုန်းကြီး သတ်ပြီး။ အပယ်စရံသပ်သူ
အော် သွားလော့
တာတာ့။ ဘယ်သူမှ ၀မ်းမနည်းချင်။

နံသာဆီ နဲ့  အီး
ဘုန်းကြီးနဲ့ ဘီး ပါဘဲ။
ဂုဏ်သိက္ခာ ဆိုသောအရာ၊ ငွေပေးဝယ်မရ။
လူလေးစားမှုဆိုတာ။ လာဘ်ထိုး မရ။
ကောင်းလျှင်ကောင်းခြင်း၊ ကောင်းသတင်းကျော်၊
ဆိုးရင် ဆိုးခြင်း၊ ဆိုး အတင်းဇော်၊
ဒီကမ္ဘာထဲက၊ တနေ့ နေ့ မင်းပျောက်တောင်
ပုတ်ဟောင်နေတဲ့၊ မင်းရာဇ၀င်.
တံရော် ကင်ပွန်းနဲ ၊့ ဆေးကြောမစင်။
နွားနို့ ရေ ကြည်နဲ့ ဆေး။ အမင်္ဂလာ မပျောက်ချင်။
ကဲ... ဆိုးခြင်း ကောင်းခြင်း၊
ဘယ်ဒင်းက၊ ပိုကောင်းတဲ့ဂုဏ်အင်။
ချင့်သာတွေး၊
အချိန်ရှိသေး မင်းပြင်ချင်သေးရင်။

မသဒ္ဓါ (၁၂။၂၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */