Saturday, December 29, 2007

သတိထားပါ . ကျွဲ နှစ်ကောင်ခတ်နေသည်။


Media တိုက်ပွဲဟာ၊ စစ်တုရင်ပွဲအလား။
အမှန်နဲ့ အမှား၊ သေနင်္ဂ ဗျူဟာ
ထောင်ချောက်နဲ့ ၊ တည်ထား တဲ့အစာ
ပရိယာယ် နဲ့ ဆိပ်လူးမျှား
အကွက်ချ ကစား၊
ဦးဏှောက်ဥာဏ်၊
အမှန် ကွန့် မြူးတတ်ဖို့ အရေးကြီးတယ်။

ဘုရင်သာ ကျ၊ ပွဲသိမ်း ရတာမို့ 
အရေးကြီးဆုံး၊ အကောင် မိဖို့ 
ပွန်းကလေး တလုံး၊ မြင်းကလေး တစ်ကောင်။
ဘိရှော့ တစ်လုံး။ ရထား တစ်စင်း။
စတေးချင် ယောင်ဆောင်၊
ပေးစားချင် သယောင်ယောင်
မာယာ နဲ့ လှည့်ကွက်။
ဥာဏ် သာမသာ၊ ကစားချက်။
စိတ် မပျက်ရဘူး၊ အား မလျှော့ရဘူး။
စိတ်အေးအေး မှန်မှန်။ ခုခံတတ်ပါက
နောက်ဆုံး သူ့ ဘုရင်ကျ။
နိုင်ဇာတ်ပွဲ သိမ်းရတာမျိုး။

သတင်းမှားတွေ လာလာပို့ 
ကိုယ်လူ သူ့ ဖက်သား အသွင်သို့ ၊
ကြာကြာလေ ၀ါးမှသိ။
အတွေ့ အကြုံ ရလာဒ်၏
စိတ်ဝင်စားစရာ တရပ်။
ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်လာတတ်။
မိတဲ့ ငါးနဲ့  ငါးမျှားစာတတ်။
ရန်သူသတ်ဖို့ ဖမ်းနေတဲ့ခဏ။
အပြစ်မရှိ ဖား။ အဆိပ်မရှိတဲ့ မြွေ။
ဘုမသိ ဘမသိ။ အစာဘဲ ရှိတာသိ။
ငါးမျှားချိတ်ကို၊ လာဟပ်သည့် အဖြစ်။
ဘယ်သူ့ အပြစ်လို့ ၊ ပြောဖို့ ကမဖြစ်။

သတင်းမှားကို တမင်တင်။
ကဲ့ရဲ့လာသူ၊ ဖျားယောင်းဆွဲငင်။
စေတနာပို။ အမှန်၏ဘက်တော်သားက
ရင်းနှီးဝေဖန် ပြောကြား၊
စေတနာမမှန်။ ခလောက်ဆန်သူများက
ကဲ့ရဲ့ တင်းဆို၊ ဆဲဆိုစောင်းမြောင်း
ဂျပိုးကို၊ လိပ်ဖြစ်စေကြောင်း။
ရွှေယုန်လေး လား၊ ကျားကြီိး လား၊
မိတ်ဆွေသစ်လား။ မိတ်ဆွေတု လား
ဆန်ကာတင်၊ ရွေးချယ်သမှုပြုနေ
လာအမှု မလုပ်ပါနဲ့ မိတ်ဆွေ။

ကြာကြာလေ..ဘယ်သူခါးမှန်းသိ။
ကြာကြာလေ..ဘယ်သူအတွင်းစည်းရှိ။
ညီညာစေ သွေးသောက်တို့ သတိ။
တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းများ
ကြောက်ရွံ့ လို့  နောက်တွန့်မည်မဟုတ်.
ခြောက်လှန့် လို့  စိတ်ပျက်မည်မဟုတ်။
ရှုံ့ ချ လို့ ပွဲပျက်ရလိမ့်မယ်မဟုတ်။
မနားတမ်း တက်သုတ်
တိုင်းပြည်အတွက်၊ ဒို့ တွေအလုပ်လုပ်။
စစ်ချီလမ်း ပေါ်၊ လာရှုပ်ခဲ့ ရင်
ဘယ်သူ မဆို ။ မတော်တဆ သေကျေ။
သဘာဝတွေ ဘဲ။

စစ်သည်ရဲ့  နှလုံးသား၊ စာနာအား ရှိပေမဲ့
ရဲရင့်တဲ့ ခြေလှမ်းများ၊ ရှေ့ သို့ ဘဲ ဆက်သွား။
ဝမ်းနည်း ရင်နင့်သော်ငြား။
နောက်လှည့်မကြည့်အား ပေ။
ရက်စက်တယ်ဘဲ မင်းဆိုစေ။

ဒါဟာ.. collateral damage ။
မရည်ရွယ်တဲ့ ထိခိုက်နစ်နာမှု တခု။
စေတနာကြောင့် သာ၊ လောင်လာ တဲ့မီး။
တိုက်ပွဲထက်စာ၊ ဘာမှ အရေးမကြီး။

ကျွဲ နှစ်ကောင်ခတ် နေတဲ့ကြား
ဝင်လာခဲ့တဲ့ ယုန်သူငယ်
သနားစရာရယ် ပေမဲ့
ဟိုခုန်ဆွ ဒီခုန်ဆွ နဲ့ ဒီယုန်
ကျွဲမာန်ဟုန် ကို အလေးမထား
ငါသိတာ..ငါ့ရဲ့ ပြေးနိုင်အား..
စမ်းကြည့်ထားတာမို့ ၊
ဘယ်သူ့ ဘယ်သူမ၊ှ အပြစ်မှမရှိ။
စစ်မြေပြင်လာ၊ မျှားမှန်တာထုံးစံဘဲ။
ပွဲရပ်ရင်ကျွဲ တစ်ကောင်သေမည့်မလွဲ
သတိ မပြတ်. အကဲခတ်
မိဘုရားအတွက်၊ ပွန်းတစ်ကောင်ကိုဘဲ သတ်
ဒီမိုကရေစီ ပွဲတော၊့ ဒို့ မရပ်နိုင်

မသဒ္ဓါ (၁၂။ ၂၈။၂၀၀၇)

1 comment:

Kaung Kin Ko said...

ကဗျာလာဖတ်ပါတယ် အစ်မ :-)

 
/* EOT ----------------------------------------- */