Tuesday, December 25, 2007

ကဲ..သတင်းစာ ရှင်းလင်းပွဲ ဗျို့ ။


အဟမ်း အဟမ်း..
ကျုပ် ကျော်ဆန်း။
အလိမ်အညာ၊ အဖြီးအဖြန်း။
အလွမ်းကောင်း၊ အဟောကောင်း၊
ဘုရားကိုးဆူနဲ့ ၊ကွက်စိတ်ဆရာ။
ပြန်ကြားရေးမှူး၊ ဗိုလ်မှူးချုပ်။
သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်။
ယုံသူနားထောင်၊ မယုံသူဘေးရှောင်။

စက်တင်ဘာ အရေးအခင်း
ဘာညာ၊ လာလာမငြင်းနဲ ။
ကျောင်းသားတွေက သွေးဆိုး၊
အမေရိကန်က ခြေထိုး၊
အပိုးမကျိုးတဲ့၊ ၂% ရှိတဲ့ ဘုန်းကြီးတု၊
လမ်းမပေါ်စု ဆန္ဒပြ။ အသေးအဖွဲ ကိစ္စပါ။
အော်.. ဘယ်လိုသိလည်း.၂% ကိစ္စ ? တိကျပါရဲ့လား..?
အော်..၁% က ကျုပ်တို့ ဘုန်းဘုန်း၊
၉ရ% က ထောင်ထဲမှာ ခုတိ ဖမ်းထားတုန်း၊
၁၀၀ က နှုတ်ကြည့် ။
လမ်းလျှောက်တာ ဒီလောက်ဘဲရှိ။

၄၀ ကျော်၊သက်တမ်းလူသားများ။
အားလုံးဟာ ၈၈၈၈ ကျောင်းသား။
တွေ့ မရှောင်၊ အချုပ်ထဲထည့်ထိမ်း။
ဘုန်းကြီးကျောင်းမှန်သမျှ၊ ညဖက်တက်သိမ်း။
လမ်းပေါ်မှာ၊ တင့်ကား ပြရမ်း။
ကြံ့ဖွတ်တွေ..တုတ်ပြ ကြမ်း။
ရန်သူ့ ဆွေမျိုးမှန်သမျှ၊ ပြန်ပေးဆွဲစမ်း။
မည်းမည်းမြင်။ အသေသာ ပစ်ကြစတမ်း
ဟော။ အခြေအနေ၊ အခု ပြန်လည်ငြိမ်းချမ်း။

အခြေခံဥပဒေကြမ်းဆွဲ။
အပြင်လူတွေ ၀င်စရာ၊ ပြည်သူ ပါစရာ
NLD ၀င်မလာစေရာ။ မလိုပေါင်ဗျာ
လူများလေလေ။ စကား ရှုပ်မှ ရှုပ်
ကျုပ်တို့ တွေဘဲ၊ တိတ်တိတ်လေး
ခြင်ထောင်ချပြီး၊ ဥပဒေရေး။
နအဖ ကောင်းစားရေး၊ စစ်တပ်လွမ်းမိုးရေး
မပြုတ်တမ်းခေါငိးဆောင်ရေး.
မ၀တမ်း၊ စားနိုင်စေရေး။
ဒါ ဒို့ အရေး ဒို့ အရေး.
ပြည်သူ့ အရေး၊ တပြားသားမပါ။
ဝေးဝေးသာ၊ လက်ရှောင်နေပါ။

၃ခါတောင် တွေ့ ပြီးသား
အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်၊
ဘာဆွေးနွေးတာ၊ ကျုပ်မသိ။
အရေးပါတာလည်း၊ သူတို့ ပြောခွင့်မရှိ
အလာဘ သလာဘ။ ဓါတ်ပုံ ရိုက်ပြ
နအဖ ဟန်ဆောင်၊ စိတ်ကောင်း ပြနေတာ။
ဒါမျိုးတွေ လုပ်နေကျလေဗျာ။
ကျုပ်တို့ လည်ပါတယ်..ဌဲ ဌဲ ဌဲ။
အထင်ရယ် မစမောကြပါနဲ့ 

ဗျာ.? တွေ့ ဆုံဆွေးနွေးပွဲ ဘယ်တော့လဲ?
ဟုတ်ကဲ့ ၊ ယတြာနဲ့ ရက်ကောင်း
ဗေဒင်ဆရာ အချိန်ရွေးနေတယ်။
လောလောဆည်၊ ရက်ရာဇာ မရှိသေး။
ရာဇပလ္လင်လှုပ်နေသေး လို့ 
တွေဖို့ လေ ဝေးဝေး ။ ခဏလေးစောင့်နေပါ။
လာမယ်..ကြာမယ်၊ နောက်ထပ်အနှစ် (၂၀) မှာ။

အမျိုးသား ညီလာခံအတွက်
ခေါင်းမရှိသူတွေသာ..လာတက်
ခေါင်းညိတ်တတ်။ လက်ခုတ်တီးတတ်။
လက်မှတ်ထိုးတတ်ရင်.တက်ဖို့ ဖိတ်ခေါ်
ကြံ့ဖွတ်၊လဒ၊ ပုတ်သင်များအတွက်
အခွင့်အလန်းပေါ်၊ ခန်းမထဲ အိပ်စက်ပွဲ။
တော်သူဆိုမ၀င်ရ။ ဝေဖန်လိုသူမလာရ။
ဒါ နအဖရဲ့ မူဝါဒ။

ရော်..ခက်နေပါလား.
ကျုပ်တို့ ထင်ရာလုပ်ဖို့ ကအဓိကပါဆိုမှ။
ပြည်ပအကြံ လိုပါမလား။
ပြည်သူ့ ကိုယ်စားလှယ်များ။ ကျုပ်တို့ နဲ့ ပဏ္ဍာမစား
မ၀င်စေချင်လို့ ၊ ဘေးဖယ်ထား၊
ချောင်ထိုးထား ထောင်တွေထဲထည့်ထား၊
အခုမှလာ..ပေးဝင်ရမလား။
ကျုပ်တို့ ရဲ့၊ ပေါကြောင်ကြောင်မူဝါဒများ
သူများတွေ ရိပ်မိသွားမှာပေါ့။
ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက်
ဥပဒေဆွဲထားတာ၊ ကျုပ်တို့ စိတ်ကြိုက်။

တစ်နှစ်နဲ့ တစ်နှစ်၊ အချိန်ဆွဲခဲ့ပြန်
(၁၄) နှစ်ကြာခဲ့တဲ့၊ အမျိုးသားညီလာခံ
အစကပြန်ဆွဲရင်.နောက်ထပ် (၁၅) နှစ်၊
ဒါကြောင့်၊ သူများဝေဖန်လို့ မဖြစ်
အစကတည်းက၊ ကျုပ်တို့ မလျှော့
သေသည်တိုင်.ခံချမှာနော့
မပြောမရှိနဲ့ ။ ကြမ်းရဲတာ..နအဖ။
ဘယ်တော့မှ မိုက်ဇာတိဂုဏ်မကျ။
အမြဲ စင်ပေါ်က။

ငါ့မြင်းငါစိုင်း၊. စစ်ကိုင်းရောက်ရောက်
အနောက် အကူုအညီကို မလို။
အရှေ့ မှာ ကျုပ်အဖေ တရုပ်ကြီးရှိ။
နျူကလီယာ ဆရာသမား..
ရုရှားနဲ့ မြောက်ကိုရီးယားရှိ
ပြင်ပအဖွဲ့ အစည်း. ဘာကြီးမှမလို။
ဘွင်းဘွင်းနဲ့ ရှင်းရှင်း.
အတိုက်အခံတွေ၊ ရှိသမျှ သာဗြင်း
ကြောက်ကန်ကန်၊ ခြေစုံငြင်း
ကုလသမဂ္ဂ၊ ဖက်စွက်ဖြေရှင်း
ဟင့်အင်း ကျုပ်တို့ မလို။

နိုင်ငံငယ်ပေမဲ့ ။ မမိုက်ရဲဘူးမထင်နဲ့ 
ဇီးစေ့ပေမဲ့၊ မြင့်မိုရ်တောင်ကိုပြန်ချ။
ရောမလိုဘဲ၊ ပြိုကျလည်းပြိုကျ။
ဘာညာ၊ ဂရုစိုက်ရမလည်း။

ကျုပ်တို့ မှာ
ခလေးစစ်သား၊ တွေရှိတယ်။
ဗိုက်ပူကား၊ လာဘ်စား ဗိုလ်ချူပ်များရှိတယ်။
ချောက်တီးချောက်ချက်၊ တရုပ်သေနတ်စုတ် များရှိတယ်။
ပျက်ကျမဲ့ သက်တမ်းကုန်၊ လေယာဉ်စုတ်တွေရှိတယ်။
မျိုးချစ်စိတ်ပုတ်လောက်ရေးပေးတောင်၊
မသိတဲ့ ကျုပ်နောက်လိုက်များရှိတယ်။
နိုင်ငံခြားထွက်ပြေးဖို့ stand by ထား၊
တေဇ လေယာဉ်ပျံရှိတယ်။

ဘာမှအသဲမငယ်။
အမိန့် ပေး၊ ငယ်တဲ့ စစ်သားတွေကတိုက်မယ်။
ဒေါ်လာပေး၊ ကြံ့ဖွတ်တွေက ရိုက်မယ်။
အိမ်ကြက်ချင်း၊ အိုးမဲသာသုတ်။
ကျုပ်တို့ ဘဲ၊ အမြတ်ထုတ်။
ယာက လည်းညက်၊ . ကြက်လည်း မောစေ။
လူနာကမျက်ဖြူဆိုက်။ ဒါဆို နအဖ အကြိုက်။
တသက်လုံးဆင်းမယ် မထင်လိုက်နဲ့ ။
နောက်ဆုံးစက္ကန့် အထိဆိုက်။
ကျုပ်တို့ တော့ ဆက်ဆက် မိုက်နေမှာ။

မသဒ္ဓါ (၁၂။၂၅။ ၂၀၀၇).

No comments:

 
/* EOT ----------------------------------------- */