Saturday, December 22, 2007

ဆက်လျှောက် သူငယ်ချင်း။ ဇွဲသာတင်းလော့၊


အားမငယ်နဲ့ မောင်ငယ်
ဒို့ တတွေမွေးလာ၊ စစ်ကျွန်သဘောက်ကာလအတွင်း။
လက်နက်ပါ၊ သွေးဆာနေခဲ့ မြင်ကွင်း၊
ပြည်သူဆို..အမဲလိုက်။ အသဲပျက်ခဲ့လေခြင်း။
ရင်ကိုကော့။ ခေါင်းကိုမော့
မင်း အားကိုသာတင်း။

ဇွဲတင်းထားကွဲ့ မောင်ငယ်
ဒို့ တတွေလျှောက်နေ၊ စမ်းတ၀ါး အမှောင်တွင်း။
ခွေယိုင်လဲပြို၊ ပြန်ထ ဇွဲမာန်တင်း
ထွေးပွေ့ ကူညီ၊ ဘ၀တူအချင်းချင်း။
လမ်းဆုံးသာ ဆက်လျှောက်စေ၊ တွေ့ ရမယ်
တောက်ပတဲ့ အလင်း။

လုံ့ လရင်းခဲ့ မောင်ငယ်
ဒုက္ခတွေ ဆိုးလှစေ၊ ကူညီစာနာရိုင်းပင်း
ဂရုဏာ၊ မေတ္တာ၊ စစ်မှန်ရင် အောင်မြင်နိုင်ခြင်း
လူသားအတူ၊ ကြည်ဖြူ ချစ်သူငယ်ချင်း။
မုန်တိုင်းထဲအတူတူ။ ဖြတ်ကျော်စေ
သွေးသောက်ဖော် ယောင်းရင်း။

လမ်းကြမ်းပေါ် လွှဲမှားချော်လဲ
ခလုတ်တိုက်လဲတဲ့၊ ကျောက်စရစ်ခဲကလေးများ
ဂရုမထား၊ အမှုမထား။
ဒါ အသေး အဖွဲ ၊
အရေးငယ်သော အနှောက်ယှက်များ။
ဖုန်ခါချ ဆက်သာသွား၊ အချိန်တွေဖင့်သွားမယ်။
မျှော်လင့်ချက်ကြီးသူ ။ အပိုအချိန်မအား.
သွားသာ သွား။ ပန်းတိုင်သို့ မရပ်မနား
မင်းဟာ နေရောင်ခြည်ခူးမဲ့ မဟာလူသား။
ကျောက်ခဲလုံးများ..မင်းကိုမယှဉ်အား
လစ်ချိန် မှာမရိုးမသား။ ခြေထိုးမှုများ သာဖြစ်တယ်။

ခွေးဟောင်တိုင်း ထကြည့်၊
အိပ်ရေးပျက်သည့်ပုံပြင်။
မင်းဘာတွေ လုပ်နေ။ မင်းဘဲသိ
မင်းစေတနာ၏ စွမ်းအင်။ မင်းရဲ့ ဂုဏ်အင်။
မင်းရာဇ၀င်..မင်းသွေးနဲ့ ရေးသည်ပင်။
လူလူချင်း အသရေဖျက်။
သူများလဲမှ ငါအသာရ၊
ငါ အခုနေရာ ရပြီဟ။
ငါမှ ငါကွ ပြောသူများ။
အတ္တငြူစူ၊ မောဟထူသူများ။
မိမိတန်ရာနေရာ၊ မိမိမသိ၊
ကိုယ့်ကိုကိုယ်၊ ဂုဏ်ယူနေဘိလည်း။
အများ သူငါက သိ။
မသူတော် အမည်ရသည့်
ဘယ်လို လူစားက၊
ကိုယ့်ကိုကိုယ်၊ မိုက်ဂုဏ်ဖေါ်တတ်၏။

မသဒ္ဓါ ( ၁၂။ ၂၁။ ၂၀၀၇) မောင်လေး မင်းကိုနိုင်နှင့် အေးလွင်အတွက်။

No comments:

 
/* EOT ----------------------------------------- */