Sunday, December 16, 2007

သား လွမ်းပေမဲ့လည်း ဖေဖေ (ဦးထင်ကျော်သို့ သားထံမှ ပေးစာ)


ဖေဖေ
သား နဲ့ မေမေရဲ့ အားထားရာ
အေးမြတဲ့၊ ညောင်ရိပ်သာယာ။

ဖေဖေ
သား ရဲ့ လက်ဦးဆရာ။
ပြသခဲ့တာ၊ ယောက်ျားကောင်းရဲ့ ဂုဏ်သိက္ခာ။

ဖေဖေ
ဆာလောင် ငိုကြွေး၊ အစာငတ်မွတ် ခလေး
ရင်အမျှ ကြေကွဲ၊ ကျွေးစရာမဲ့ မိဘတွေ၊
ကျမျက်ရည် ခြောက်ခမ်း။ အေးမြ ငြိမ်းချမ်းစေဖို့ 
တောင်းဆို ဆန္ဒပြ။
ကုန်ဈေးနှုန်း၊ ကျဆင်းရေးသို့ ။

ဖေဖေ ငယ်စဉ်
စပါးတောင် လိုမောက်။ ဆီကို ရေလိုချိုးသောက်
ဆေးရိုး မီးတောက်လှုံ။ ပြည်စုံ ကြွယ်ဝ
ဘေးမခတဲ့ ပြည်မြန်မာ ။
အခုမှ ကျက်သရေ၊ ဂုဏ်ကင်း
ကမ္ဘာ့အောက်ဆုံး၊ ဆင်းရဲနိုင်ငံစာရင်း။
ဖေဖေ.. ရင်နာဘိလေခြင်း။

နိုင်ငံခြားငွေသာ ပဓါန.
ထွက်ကုန် စီးဆင်းကြ။ တရုပ်ပြည်မဆီ.
စားလို့ ရတာ အကုန်ရောင်း။
ပုဇွန်ခေါင်းသာ၊ မြန်မာစားစရာကျန်
ငါးပိရေကျို.တို့ စရာဘဲကျန်.
ချဉ်သီးပင်အောက်နေသူ၊
ချဉ်သီးတောင်စားဖို့ မချန်။

ဈေးထဲက ဈေးဗန်းတွေ၊ တဖြေးဖြေးကျုံသေး။
အိမ်ရှင်မခြင်း၊ အသားဟင်းလျှာကင်းဝေး။
ဘယ်ဈေးသာ မေးရုံလေး။ မ၀ယ်နိုင်သေး။
စစ်အစိုးရ သာ။ အစိုးရ ဧည့်ခံပွဲ။
တဖြဲ နှစ်ဖြဲ။ အသားကုန်သာ ဟဲ။
ပြည်သူ စားနိုင်တာ၊ ပဲရည် ကြဲကြဲ။
တရားဘဲ၊ တရားပါသလား။

မှန်တာပြောလေ၊ စပါးမွှွေး မျက်စိစူး။
တရားပျက် ဖမ်းဆီး။ နှောင်ကြိုး တဲပြီး၊
ဖေဖေ့ ကိုပို့ ၊ အင်းစိန်ထောင် သို့ ။
လူယုတ်မာ များ၊ တရား မတည်။

ခိုင်ကြည် နှလုံး။ ဘယ်တော့ မယိုင်၊
ရဲရင့် စိတ်ထား၊ ခန့် ညား ကျောက်စိုင်၊
သတ္တိ၊ ဇွဲ မာန်။ မြဲမြတ် ခိုင်ခိုင်
ဖေဖေ ယုံကြည်တယ်။
မှားသူ နိုမ့်ပါး။ အမှန်သာ နောက်ဆုံးတရားနိုင်။

စားဝတ် ဖူလုံ။ ကျန်းမာ ပြည်စုံ။
ကျန်းမာ ပြည်စုံ။ ပျော်ရွှင် ကုံလုံ
ပျော်ရွှင် ကုံလုံ ။ လုပ်အား မာန်စုံ
လုပ်အား မာန်စုံ၊ ပြည် လုံခြုံ၏။
ဒါ တွေကို..စစ်အစိုးရ မသိကြဘူးလား။

ပြည်သူ့ သက်သာချောင်ချိရေး
ဒါ ကို..စစ်အစိုးရ မတွေးဘူးလား။

ပြည်သူ့ ပျော်ရွှင်၊ ကျန်းမာရေး
ဒါ ကို..စစ်အစိုးရ အသားမပေးဘူးလား။

ပြည်သူ့ တိုးတက်မှ၊ တိုင်းပြည်တိုးတက်
တိုင်းပြည်တိုးတက်မှ ၊ နိုင်ငံဂုဏ်တက်တယ်။
ဒီလောက် တရားပျက်အစိုးရ
အဖေဆန္ဒပြတာ အမှန်
သားနဲ့ မေမေတို့  လက်ခံ။

မိသားစုစွန့် ၊ ပြည်သူကို ချစ်ဝံ့သောအဖေ
ဒူးမထောက်၊ လက်မမြောက်၊
ထောင်ထဲမှာ။
သေချင်သေစေ။ ကြေချင်ကြေစေ။
အစာငတ်ခံပွဲ၊ အံခဲတိုက်နေဆဲ။

ဗမာမှာ မွေး၊ ဇာနည် သွေး၊
ဖေဖေ့ ရဲသွေး၊ နီစွေးစွေး
စတေးမှု များ၊ ကဗျည်း ရေးစေ။
လေးစား ဂုဏ်ယူ၊ အဖေတူသား
အောင်ပွဲများသို့ ၊ ဆက်တိုက် သွားမယ်။
မျိုးဆက်ဟောင်း မှ မျိုးဆက်သစ်။
ခေတ် သမိုင်း အဆင့်ဆင့်၊ ဂုဏ်မြင့်ထယ်။
ဖေဖေရယ်.
သေရင်တောင်။ ဘယ်တော့ အားမငယ်။

မသဒ္ဓါ (၁၂။၁၄။၂၀၀၇)
ကိုတင်ကျော်၏ မိသားစုနှင့် ထပ်တူထပ်မျှ မသဒ္ဓါတို့ ကိုထင်ကျော်အတွက်ဂုဏ်ယူလျှက်ရှိပါသည်။ ကိုတင်ကျော်၏ ရဲစွမ်းသတ္တိ အား ထပ်တူထပ်မျှ အမွေရသူ သားငယ်လေး..သတ္တမတန်းကျောင်းသားလေး မောင်ဖုန်းလှိုင်ဦးအားဤကဗျာဖြင့် ဂုဏ်ပြုပါကြောင်း။

No comments:

 
/* EOT ----------------------------------------- */