Saturday, February 9, 2008

ဖွင့်ပေးခဲ့ ပါ..အပျော်တံခါး..လူငယ်များအတွက်။


မသဒ္ဓါ တို့ ဆယ်ကျော်သက်
အလွန်ပျော်စရာကောင်းတဲ့ အချိန်တွေ.
ကောင်ကလေးတွေ အိမ်ရှေ့ ရှောက်ပြန်သံပေး
ဂစ်တာလေးနဲ့ လာလာကျု။
အဖေထွက်ဆူရင်..ရှောင်ပြေး
အဖေ ရပ်ကွက် အစည်းဝေးသွားတဲ့ အချိန်
အိမ်ဘေး. ဘန်ဒါပင် လေးနားမှာ။
အို…အရိပ်ကလေး သီချင်းလေးနဲ့ ပိုးတတ်သူ
မှောင်ရိပ်ထဲ က..သူ

အဖေ က ဘဒင်သီချင်းထဲကလို
အသံနက်ကြီး နဲ့ အော်.
" ဟေ့ ငါ့သမီး စာကျက်နေတယ်နော်။"
သုံးယောက်သော အပျို ညီအမ..
တခွိခွိ သဘောကျ..
အဖေ့ မျက်စောင်းဆုဒဏ်ရ။

လူ့ ဘ၀ရဲ့ ခရီးလမ်း..
တဆင့်ဆင့် လှမ်း.
ပထမ အရွယ်..ပညာရှာမယ်..
ပျော်မယ်.စူးစမ်း စအရွယ်။
ဒုတိယ အရွယ်..ဥစ္စာရှာမယ်..
အိမ်ထောင်ကျ..မျိုးဆက်ချတဲ့အရွယ်။
တတိယ အရွယ်..ကုသိုလ် ရှာမယ်..
ကောင်းကျိုး ထမ်းရွက်ရမဲ့ အရွယ်။

အဆင့်ဆင့်လှမ်း..ပုံမှန်ရင့်ကျက်မှု
ဘ၀ ကို အထောက်အကူပြုတယ်။
နောက် မျိုးဆက်တွေအတွက်
အတွေုအကြုံတွေ လက်ဆင့်သယ်.။

ခုတော့ ပထမအရွယ်..
စာသင်ခန်းဝေး ခလေးများ.
ဝမ်းစာရေး.မိဘနဲ့အတူရုန်းကန်စား
ကျပ်တည်းလှတဲ့ဘ၀.လက်လှုပ်ရှားတောင်
ဝမ်းခါးမ၀။
ပလပ်စတိတ် အမှိုက်ကောက်
ဈေးသူခိုးလေးများဘ၀ရောက်.
သူတောင်းစား. ခါးပိုက်နှိုက်ဘ၀ရောက်
ခလေးစစ်တပ်သားများ ဘ၀ရောက်။
အဆင့်ကျော်သွားတဲ့ သူ့ ဘ၀.
ရင့်ကျက်မှုမရ။ စဉ်းစားစရာ ပညာမစုံ
တတ်သည့်ပညာ။ ခိုးတတ်ရုံ၊ လူသတ်ရုံ။
ဘယ်လိုအကျိုးပြုမလဲ..လူတို့ ၏ဘုံ။

ကျောင်းသား ဆယ်ကျော်သက်.
အပြင်ထွက်.ဂစ်တာတီးချင်ရဲ့
ကောင်မလေးတွေမြင်.ရင်ခုန်ချင်ရဲ့

ဘာဖြစ်လည်းကွယ်။
ဒို့ တွေလည်း ငယ်ရာကကြီးလာ..
ခလေးတွေအပေါ် ထားပါ မုဒိတာ။
လူငယ်ဘ၀တို့ ပျော်ရွှင်ရက်များ
ရွှေနဲ့ တောင် မလဲနိုင်အား.
ညဘက် အပြင်ထွက်.
ထောင်ထဲဘဲ ဆွဲထည့်။ ပေါ်တာလည်း ဆွဲရဲ့
တက္ကသိုလ် တက်.တခြားအခန်းရှေ့ မသွားရ
ကော်ရစ်ဒါကနေ မှ ကောင်မလေးတွေ မငန်းရ။
ဘာသာမတူအတန်း။ သော့ခတ် ကဒ်ပြားစစ်။
ဒါ..တက္ကသိုလ်တဲ့လား..
ခလေးတွေ ကိုအာဏာပေး..မတရား။
လူသားချင်းမှ မစာနာ။

ခလေးတွေရဲ့ စိတ်ဖြေရာထွက်ပေါက်..
ဖွင့်ပေးကြပါ…
အရွယ်နဲ့ သူ့ အချိန်
အပျော်.ရကြပါစေ။
လူပျို..အပျို..ချစ်ကြိုက်ညားကွဲ
ကိုယ်လည်း စိတ်ကြိုက်ခံစားခဲ့
သူများအတွက်လည်း အလှည့်ပေးပါဦး။

အနာဂတ်ရဲ့ ပန်းဖူး..
နေခြည်မှာမှ မပွင့်ခဲ့ ရရင်.
မုန်တိုင်းဒဏ်ဘယ်လိုခံနိုင်ရည်ရှိမယ်ပါ့
အပျော်ဆိုတဲ့ ရသ..ခလေးတွေအတွက်မျှခဲ့ပါ.
လူကြီးပီပီ..ရင့်ကျက်ပါကမှ
လူကြီးရဲ့သိက္ခာ..လူကြီးမင်းခေါ်နို်င်စေရာ။

မသဒ္ဓါ (၂။ ၈ ။၂၀၀၈ ) လူကြီးမင်းမဆန်သော လူကြီးမင်းဟန်ဆောင်နေကြသော လူကြီးမင်းများသို့ 

No comments:

 
/* EOT ----------------------------------------- */