Wednesday, February 13, 2008

ဦးဂမီ ၻရ၊ တောက်ပတဲ့ မိုးသောက်ကြယ်။


မယ်မယ်.
လူ့ ဘောင်လောက၊ ၀ဋ္ဋ်ဆင်းရဲမှ
လွတ်မြောက်စေငြား။
နိဗ္ဗါန် ရည်စူး၊ ပန်ဆုထူးယူ
သံဃာ သားမောင်
ကျွန်ုပ် နံမည် ဦးဂမ္ဘီ။

မျိုးကောင်းစေ့မှန်၊ အပင်သန်လျှက်
ခမည်းတော်မြတ်၊ ရဲစိတ်ဓါတ်သည်
မိဘကောင်းသား။ စံတင်ရွှေသား..
မပျက်ပြားစေ၊ ဘိုးဘွားအမွေ။

သင်္ကန်းနှစ်စုံ၊ သပိတ်တစ်လုံး
ပရိက္ခရာရှစ်ပါး။ အခြားမရှိ။
ရာဂကင်းစင်။ သူတော်စင်ဘဝ
ရောင့်ရဲ ပါရမီ ဦးဂမ္ဘီ။

ပြည်သူ့ ရဲ့ဆွမ်း၊ ကမ်းလက်ခံဖြန့် 
သံဃာမြတ်သည်၊ ကျပ်တည်းပင်ပန်း
မဂ္ဂလမ်းတွင်။ အူမ မတောင့်
သီလစောင့်ရန်။ ခဲယဉ်းမှန်ကြောင့်
ဤဆွမ်းတနပ်။ ကျေးဇူးမြတ်တွက်
မေတ္တာပို့ သ။ ဆန္ဒပြသည်။
နတ်လူ သာဓုခေါ်စေသောဝ်။

အများ အတွက် ။ ငါ၏အသက်
ခန္ဓာပျက်ကြွေ။ အသက်သေစေ
မမှုပေတည့် ၊ မြတ်သောပြည်ကျိုး
ငါသယ်ပိုးမည်။ ငါ၏အမည် ဦး ဦးဂမ္ဘီ။

အမည်ရင်း ဦးစန္ဒောဘာသ
သံဃာ့တပ်ပေါင်းစု၊ ခေါင်းဆောင်ရဲ့ ဦးဂမ္ဘီရ
ပုဒ်မ ၅(ည) တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအရ
ထိခိုက်ပါတယ်ဆိုတဲ့ ဥပဒေ
ဘယ်လို ပုဒ်မတတ်တတ်..ကျုပ်စိတ်ဓါတ်ကိုသတ်မရ။
ဘယ်လို ညှင်းဆဲသတ်ဖြတ်..ကျုပ်ဝိညာဉ်ကိုသတ်မရ။
အသက်ဆုံးတောင်..
ဥဒါန်းတည်သော…ဒီအမည်။
ကျွန်ုပ် နံမည် ရှင်ဂမ္ဘီ။

အာရုဏ်လာလုနိုး..မှောင်ရီပျိုးနေတဲ့မနက်
နေခြည်မသမ်းစ။ ကြယ်ရောင်ဖြန်းချ။
အလင်းရောင်ပြခဲ့သည်။

နေခြည်အရောက်..ကြယ်တွေမှိန်ပျောက်
ငါဘယ်မကြောက်.. ပျောက်ချင်ပျောက်ပစေ။
မှောင်နေသေးတဲ့ တဒင်္ဂ၊ ခဏလေးအချိန်သာမယ။
အလင်းစပြခဲ့မည်။

အုံမှိုင်းမှောင်ထဲက ဘ၀များ
ငါ့ အရောင်နဲ့ ထိန်ဝင်း.
အလင်းပေးခဲ့ပြီ။.
အာရုဏ်၏ ရှေ့ ပြေး..
ငါသည် မိုးသောက်ကြယ် ဦးဂမ္ဘီ။

မသဒ္ဓါ ( ၂။၁၂။၂၀၀၈) သံဃာ့ အာဇာနည့် ဦးသျှောင်..ဘုန်းဘုန်းဦးဂမ္ဘီရ သို့ လေးစား ဦးတင် အပ်ပါသည်ဘုရား။

No comments:

 
/* EOT ----------------------------------------- */