Thursday, February 14, 2008

လူသတ် တရားခံက ဘယ်သူလည်း.။


ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးပိသုကာကြီး
ဗိုလ်ချုပ်အောင်ဆန်း
အသက် (၃၃) အရွယ်ကောင်းစဉ်
လုပ်ကြံခံ ကျဆုံး.
ယခုတိုင် အငြင်းပွါးကြဆဲ
အောင်ဆန်း ကိုသတ်တာဘယ်သူလည်း

ဂဠုန်ဦးစောရဲ့ အကြံဥာဏ်။
တပည့်အပေါင်းအပါများက ကာယကံ။
ဗြိတိသျ အချို့ ရဲ့.အထောက်အပံ့ခံ။
အမှန်မှာ..မနာလိုတဲ့စိတ်။
ဝန်တို..မစ္ဆိရိယ
မင်းသားလို ကိုယ်မှ မကရ..ဖောက်ချင်တဲ့ပတ်မ
ကိုယ်မစားရဘူးဆို..သဲနဲ့ ပက်မယ်ဟ.
လူယုတ်မာတို့ ၏ ညာဉ်။

အိုးမည်းသုတ်ခံရတဲ့ အိမ်ကြက်
ကြက်လည်းမော..ယာလည်းညက်စေ
အမြတ်ထွက်အောင် လုပ်သူနယ်ချဲ့ 
ဒို့ တတွေခံခဲ့ရပြီးပြီ။

ဗိုလ်ချုပ်အောင်ဆန်း..ပြည့်အဖေ
လူသေသော်..သူ့ နံမည်မသေ။
သူ့ ကို ဂုဏ်ပြုတဲ့စာ.
ကျောင်းထဲ ခလေးတွေရွတ်ဆိုကြ သူ့ ကဗျာ
သူဓါတ်ပုံ ရုံးခန်းနံရံပေါ်မှာ
သူနံမည်နဲ့လမ်း။ သူ့ နံမည်နဲ့ မြို့ 
သူနံမည်နဲ့ဈေး။ သူ့ နံမည်နဲ့ ပန်းခြံ
အမြို့ မြို့ အနယ်နယ်..ရှိကြတယ်
သူ့ ရဲ့ ကျောက်ရုပ်. ကြေးရုပ်
သူ့ အိမ်ကိုလည်း…ပြတိုက်လုပ်။

ကျမတို့ ငယ်ငယ်
ငွေအကြွေ…မှန်သမျှ
တပြားစေ့ကနေ ငါးမူးစေ့
ငွေစက္ကူ…မှန်သမျှ
တကျပ်တန်က ၁၀၀တန်.
သူ့မျက်နှာများနဲ့ အဖိုးတန်။
ဘယ်မညှိုးတဲ့.အာဇာနည်လူမှန်။

မဆလ လက်ထက်..
တဖြေးဖြေး..သူငွေစက္ကူတွေဖျက်
သူ့ ရာဇ၀င်တွေ..မှိန်ဖျော့ အရောင်ပျက်စေ။
သူတို့  ဘယ်သို့ ဖျက်ဖျက်။
၆၀.ကျော်..ရ၀ နှစ်များမွေးခဲ့
၈၈၈၈ လူငယ်များရဲ့ နှလုံးသား
အောင်ဆန်းရဲ့စိတ်ဝိညာဉ်အား..
သေမသွားပျောက်မသွား..
စွဲမြဲမြံ အင်အား
လွတ်လပ်ရေးလမ်းကိုသွားမယ်.

အမှန်တကယ်က..
ဦးစောက ဗိုလ်ချုပ် အသက် သတ်ရုံသာသတ်
တကဲ့ အောင်ဆန်း..စိတ်ဓါတ်က မသေ..
ယနေ့ တိုင်..အောင်ဆန်းစိတ်ဓါတ် ကို
မသူတော်များ..ဆက်လက်သတ်နေဆဲ
တကဲ့အမှန်..
အောင်ဆန်းကို..သတ်နေတာ ဘယ်သူလည်း။

မသဒ္ဓါ (၂။၁၃။၂၀၀၇) အလေးပြုပါသည် ချစ်သောအဖေ

No comments:

 
/* EOT ----------------------------------------- */