Saturday, February 2, 2008

အမှန် တကယ် အရေးကြီးတာက ဘယ်သူ..?


မိုးရွာမှုအပေါ်တည်..
မိုးအားကိုးစိုက်မဲ့ မိုးကောင်း လယ်စပါး
မိုးမရွာတဲ့နေရာ..ရေသွင်း
ဆည်ရေသောက် စပါးခင်း
အနော်ရထာမင်းလက်ထက်ကတည်းက
ပြည့်ဝမ်းကျီတိုက်တဲ့ လယ်တွင်း ကိုးခရိုင်
မိတ္ထီလာကန် ရေသောက်
ပုဂံရွှေပြည် ..စပါးတောင်လို မောက်။

မိုးမရွာ..မြေခြောက်တာတောင်
လူ့ ဥာဏ်စွမ်း ဖြိုးမောက်က
စိုက်လယ်တွေ..မြစိမ်းရောင်တောက်
စပါးနှံတွေ..အဆန်ပြည့်ဝင်းတောက်
အဓိက ကလူ။
အစ္စရေးလို သဲကန္ထာရ..
ရေမရတောင်..သီးနှံစိုက်ကြ
ကြိုးစားစေတနာထား တိုင်းပြည်ကိုချစ်ခင်
ဂျူး လူမျိုးတို့ ရဲ့ စွမ်းအင်။

တစက်ရမဲ့ရေ..မလေအောင်သုံးတတ်။
သီးနှံပင်ဆိုတာ သက်ရှိအရာဘဲ..
နေ့ တိုင်း ရေလိုတယ်။
မင်းကိုလေ..တနေ့ ထဲ အစာအ၀ကြွေး
ဝနေပြီဘဲ..နောက် ဆယ်ရက်မစားနဲ့ 
လာတလှည့် မလာတလှည့်နဲ့ ဆည်ရေ
စပါးနှံ ဖြစ်နေချိန် ရေမကျ။
သီးကင်း တွေ ကြွေကျ။
စပါးမှည့်ချိန်မှ ရေကရ..
စပါးနှံကောင်းတွေ ကြွေကျ
ကဲ..စစ်ယူနီဖောင်းလဲ..လူကြီးမင်းတို့ ရေ..
လယ်သမားထက်..မင်းတို့ ဖျင်းတယ်
လယ်ဝန်ကြီးနေရာ..မြန်မြန်ဖယ်။

ရေပေး ရေလာ၊ အချိန်မှန်မှ..
မြေလုံးလွှာမပျက်..ထွန်ယက်ရလွယ်။
ရေမလာ..အိုးကြမ်းခဲဂျပ်ပိတ်
မြေပတ်ကြားအက် အလိပ်လိပ်ဖြစ်နေမှ
ဆည်ရေလာပေး..ထွန်ရေးမရ.
လယ်ပျက်ကြတယ်။

ဘယ်လယ်သမားမှ..သူ့ လယ်မပျက်ချင်..
တောင်သူကြီးမင်း..ခွေးသားနို့ စို့ တွဲလွဲ
သခွါးခင်းပစ် ပုဂံမင်းမလုပ်ချင်။

ဒီပုလ္လင်ပေါ်ထိုင်ချင်. ဒီပုလ္လင်နဲ့ တန်အောင်လုပ်
မဟုတ်တရုတ် စစ်တပ်ပြုတ်လူတွေ
ကြက်ဆူနေကြာ..စီမံကိန်း အမျိုးအမျိုး
လက်ညှိုးထိုး..ဘာလုပ်ပါ..ညာလုပ်ပါ..
လယ်သမားတွေ ၀မ်းစာပြုတ်အောင်တော့လာမလုပ်နဲ့ 
စစ်သားမရှိ..တိုင်းပြည်ဘာမှမဖြစ်..
လယ်သမားမရှိရင်..တိုင်းပြည်တိုးတက်ဖို့ မဖြစ်နိုင်။

မသဒ္ဓါ (၂။၁။၂၀၀၈)
http://www.rfa.org/burmese/thadin/2008/02/01/regime_policies_cause_trouble_to_farmers/ ကိုကိုးကားပါသည်။

No comments:

 
/* EOT ----------------------------------------- */