Sunday, February 24, 2008

ငါမသေဘူး..ရေကူးတတ်တယ်..


ဖွတ်ထွက်တဲ့ တောင်ပို့ 
ဒါ..ဘုရားငုတ်တို..မဟုတ်။

ကြာကြာပေါင်း ..အကြောင်းသိ..
သစ္စာ မရှိတာ.လူကောင်းမဟုတ်၏။

ငါးစိမ်းမြင်..ငါးကင်ပစ်..
အချစ်မရှိ..ပေသီးနှင့်တွက်ကြည့်
သားသမီးအတွက် မသိ..
အပြင်လူသာ ချစ်၏။

ဘုရားဘုရား လက်ကားကား
ဇာနည် စစ်သား..လေထွားထွား
ဗိုလ်ချုပ်အောင်ဆန်းလို..သတ္တိ
တပြားသားမရှိ။

အသံဘဲရှိ..အဆန်မရှိ..
အကာဘဲရှိ..အနှစ်.နတ္တိ
ပန်းခြွေချင်သည့် လေ..
ခြေဆေးချင် တဲ့ ရေ
ပေါက်ပင်လို ဟိုဒီတိမ်း
ဘယ်ညာ လှည့်ယိမ်း
မျက်လှည့်ပြ..ဒိန်းတပ်တပ်..ပွဲထိမ်း။

အပေါ်ယံ..မတည်မြဲ..
ဖောက်လွဲတဲ့ ပန်းစားဘီလူး။
အလိုလောဘရူး..အာဏာရူး
အစွယ်ပြူးပြူး..သားစားကြူး။

မြှုံးထဲက ရုန်းတိုးထွက်တဲ့ ငါး.
ကြော့ကွင်းက..လွတ်မြောက်လာတဲ့ယုန်..
အမှားကင်းသူ..လောကမှ မရှိ..
တခါအမှား..ဆင်ခြင်တတ်၏။

ဟား ဟား ဟား..
လိမ်လို့ ထပ်ရမလား..
ငါမသေဘူးဟေ့..ရေကူးတတ်ခဲ့ပြီ။
မယုံတော့ဘူးလေ..စာတတ်သွားခဲ့ပြီ။
အဖြူနဲ့  အမည်း..ဘယ်ဟာလည်း..
ငါ..ခွဲတတ် ခဲ့ပြီ။

ယခုအခါ
အသင် .လောက
သစ္စာဖောက်ရင်..သစ္စာစောင့်စရာမလိုတော့။
နာကျင်သွေးကြွေး..ဘယိလိုနည်းနဲ့ဘဲရရ
ဘယ်လိုဘဲစစ
ဒါးဆိုရင် ဒါး
တုတ် ဆိုရင် တုတ်..
သက်ရောက်မှူတိုင်းမှာ.တန်ပြန်သက်ရောက်တဲ့ ညီမျှအလုပ်။
မကောင်းတာလုပ်..မကောင်းတဲ့ရလာဒ်..အဖြေထုတ်။

ရန်ဆိုရင် ပြတ်..မာန် ကိုသတ်
နှောင်ကြိုးစတို့  ငါ့ မရှိတော့။
အတောင်ကျိုးများလည်း..ဒဏ်ရာပျောက်..
နေခြည်ဦးလည်း..အမှောင်တွေ ကိုဖယ်ဖျောက်..
လွတ်မြောက်ခြင်း ရောက်ပြီ..
ဝေဟင်ဆီပြန်မဲ့ လွတ်လပ်ရေးဌက်..
အာရုဏ်အတက်မှာ..
တောင်ပံ တို့ဖြန့် ခါ..
ထက်မိုး..ဝေဟင်ဝဠာ..

မသဒ္ဓါ (၂။၂၃။၂၀၀၈)
မသဒ္ဓါကတော့ မည်းပြီဆို..တူးတူးခါးခါးပါ.. အားလုံးလည်း အဖြူ အမည်း သဲကွဲကြပါစေ။

No comments:

 
/* EOT ----------------------------------------- */