Monday, February 4, 2008

အဓိပ္ပါယ်မဲ့ ရှင်မလား… အဓိပ္ပါယ်နဲ့ သေမလား…


လူဆိုတာ..
သေရင်တနေ့ ။ မွေးရင်တနေ့ 
ကွေးသောလက်မဆန့် ခင်
ကြံစုတ်ချောင်း၊ အရင်းထိ မရောက်ခင်
မျက်တောင်တမှိတ်။ လျှပ် တရိပ်တခဏ..
သေချင်..သေကြတာမျိုး.

သေချင်ရင်..ဘယ်လောက်ပဲ လုံခြုံအောင်.
မြို့ ရိုးကြီးဘဲ ဆောက်ဆောက်
ငလျှင် တချက် နဲ့ပြို..
မိုးသည်း ရေကြီးရင်ပြို
ဘ၀နေညိုရင်..
ဘုရားတောင် ပရိနှိဗ္ဗါန်စံရ..
လူများ..ဘာသားနဲ့ထုထားသလဲကွယ်.
သေချင်..အချိန်မရွေး..သေနိုင်တယ်။

ဘ၀တိုတို ကလေး..
ပျော်ရွှင်လွတ်လပ် တန်းတူနေရေး။
အမှောင်ထဲမှာ..ထိုင်..
ငိုင်နေမဲ့ အစား.
လှုပ်ရှားစွာ..ကျောက်နှစ်လုံးပွတ်..
မီးကို ဆွတ်ကာယူ..
အမှောင်ထဲမှာ..မနေလိုသူ..
မင်း ကမှ အာဂလူ..

လူဆိုတာစွမ်းအား၊ လူတိုင်းမှာရှိထား..
မီးခဲပြာဖုံး..အညွန့်တွေမတုံးစေနဲ့ သူငယ်ချင်း။
ရုန်းကန်မော်ကြွား..စွမ်းအားပိုင်စေသူငယ်ချင်း။
အများအတွက်သေချင်း..
မင်းနံမည်..မော်ကွန်း.သူငယ်ချင်း။

ယောက်ျားကောင်းတို့ ၏စွမ်းရည်။
မိခင်ကောင်းတို့ ၏ ဂုဏ်ကျက်သရေ။
ယောက်ျားဆို ဒါးသွေး… လက်မနှေးနဲ့ ။
မိန်းဆို သားမွေး..မျိုးဆက်ပေးခဲ့
သားကောင်း၏ အမေ
ကန့် ကူလက်လှည့်..
ဗိုလ်ချုပ် လို..ဥဒေါင်းတစ်သောင်း..
ပြန်တည်ထောင်ရမဲ့ ဗမာပြည်ကောင်း၊

ခွပ်ဒေါင်းအဟုန်..မိုးထိမြင့်တုံ.
အဖေ ခွပ်ဒေါင်းသေလည်း..
သားဒေါင်းများစွာ..
ဒေါင်းမ ၀ပ်ကျင်းထဲမှာ။
အာဇာနည်မျိုး..ဘယ်မသေပါ။

ဒေါင်းမျိုး မှန်ရင်..
အဓိပ္ပါယ်မဲ့  အရှင်မခံ…
အဓိပ္ပါယ်နဲ့ သာ သေရန်
သစ္စာ အသက်နှံတာမို့ 
ဘယ်နေရာဘဲ ရောက်ရောက်..
ဒေါင်းသွေး အနီရောင်မပျောက်
ခွပ်မာန်ဟုန်.လျှမ်းလျှမ်းတောက်
သားငယ်တို့ ၊ ဥကျင်း မှာဖောက်..
ခွပ်ဖို့ လေဆန် ကိုပျံ
ဥဒေါင်းတို့ ဇွဲမာန်..
တိုက်ပွဲသစ်သို့  ပြန်ခေါ်ရန်။

မသဒ္ဓါ ( ၂။၃။၂၀၀၈)
မောင်လေးဒေါင်းများ။ ညီမလေးဒေါင်းများအတွက်

No comments:

 
/* EOT ----------------------------------------- */